No Air...

enjoying the beauty of nature from this chair.
ညသန်းခေါင်ယံ ရုတ်တရတ် လန့်နိုးလာခဲ့သည်။ အိမ်မက်ဆိုးမက်သောကြောင့် မဟုတ် အသက်ရှုမဝသောကြောင့် ဖြစ်သည်။ မြေအောက်ထပ်အလုံပိတ်အခန်းမို့လို့ လေတွေ ကုန်ခမ်းသွားတာလား။ နှာခေါင်းဝ လက်ကလေးတေ့တော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် နွေးနေသော လေငွေ့ငွေ့လေးကို ခံစားမိသည်။ သို့သော် ရင်ထဲအသက်ရှုမဝ မွန်းကြပ်နေသည်။ လေဝင်ပေါက်များ ပိတ်ထား၍သလား။ လေဝင်ပေါက်ကို သွားစစ်ကြည့်တော့ တဟူးဟူး လေတိုးဝင်နေသံကြားရုံမက အေးစိမ့်သွားသည်။ ပြတင်းပေါက်များ ပိတ်ထား၍သလား။ ပြတင်းပေါက်ကို သွားဖွင့်တော့ လေနုအေးလေးကို တိုးဝှေ့သွားသည်။ ဒါဆို အဲဒီလေတွေ ဘယ်ရောက်သွားပါလိမ့်။

လေ..လေ..လေ..
အသည်းအသန်လိုအပ်နေသည်။ အသက်ရှုမဝလို့ သေသွားရင်..။  တကယ်ကြောက်မိသွားသည်။ ကိုယ့်ရည်မှန်းချက်တွေ၊ အိမ်မက်တွေ၊ မျှော်လင့်ချက်တွေ မပီပြင်သေးဘူး။ ကိုယ်တွေ့ချင်တဲ့သူတွေ၊ ကိုယ်ပြောချင်တဲ့စကားတွေ၊ ကိုယ်လုပ်ချင်တွေအရာတွေ..။ ဘုရားရေ...။


လေယာဉ်ပျံသံတွေ နားမခံနိုင်သည့်အဆုံး ပြတင်းပေါက်ပိတ်လိုက်သည်။ သေခြင်းတရားဆိုတာ ရှောင်လွဲလို့မှ မရတဲ့အတူ ရင်ဆိုင်လိုက်မည်။ နွေးထွေးစေတဲ့ ဆေးတွေလိမ်း နွေးနွေးထွေးထွေးဝတ် အိပ်ပျော်အောင် ကြိုးစားရင်း အိပ်ပျော်သွားသည်။ မနက်မိုးလင်းတော့ အိပ်ရေးဝလို့ လန်းဆန်းတက်ကြွနေသည်။ အခန်းထဲက လေသည် အရင်အတိုင်းဖြစ်သည်။ အရင်အတိုင်းမဖြစ်သည်က ကိုယ့်ရဲ့စိတ်။

အလုပ်ဝင်ကာစ မသိနည်းပညာတဲ့ဝေါဟာရတွေ၊ မရင်းနှီးသေးတဲ့ သူတွေ၊ မကျွှမ်းဝင်သေးတဲ့ အလုပ်တွေကို နားလည်သဘောပေါက်အောင် ကြိုးစားနေရချိန်။ ကိုယ့်ရှေ့ကတယောက်ကို တလနဲ့ ဖြုတ်ထားတယ်လို့ ကြားသိတဲ့အချိန်။ နေရာသစ်၊ အလုပ်သစ်၊ လူသစ်ဆိုတော့ စိတ်ဖိစီးတယ်နဲ့ တူပါရဲ့။

so called Lavendar...

ခန္ဓာကိုယ်ကျန်းမာအောင်စား၊ ကျန်းမာအောင်နေဖို့လိုသလို စိတ်ကျန်းမာဖို့လဲ လိုအပ်သည်။ ကဲ ဒါဆို စိတ်ကျန်းမာအောင် ဘယ်လိုနေရမလဲ။ အလုပ်မှာ ပျော်ရွှင်ဖို့ကလည်း အရေးကြီးသည်။ ကိုယ်တွေရဲ့ အချိန်တော်တော်များများသည် အလုပ်၌ ကုန်ဆုံးသည်။ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေ လုပ်ရတာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုတိုးသည်။ အလုပ်ပင်ပန်းလျှင် တွေးလိုက်ပါ အလုပ်သာ မရှိဘူးဆိုရင် တော်တော်ပျင်းဖို့ ကောင်းနေမှာလို့။

အီလက်ထရောနစ်ခေတ်ကြီးမှာ ကွန်ပျူတာနဲ့မျက်နှာချင်းဆိုင်ရသည့်အချိန်က များလေသည်။ ဒါ့ကြောင့်လဲ စိတ်ဖိစီးမှုများတယ် ထင်ပါ့။ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးတာ၊ စာအုပ်ဖတ်တာ၊ လမ်းလျှောက်တာ၊ အားကစားလေ့ကျင့်တာ၊ မိသားစု၊ သူငယ်ချင်း၊ ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်ပေးတာ၊ သီချင်းနားထောင်တာ၊ တရားထိုင်တာတွေက စိတ်ဖိစီးမှု လျှော့ကျစေပါတယ်။ နာနာ မနာနာ ပရိတ်တရားဖွင့်ထားခြင်း၊ ပရိတ်တရားဖွင့်ရင်း အိပ်ခြင်းသည် ကိုယ့်အတွက်တော့ လုံခြုံစိတ်ချမှုပေးသည်။


မလေး နေ့လည်ထမင်းစားပြီးလျှင် လမ်းလျှောက်သည်ကို အားကျ၍ ကိုယ်လည်း နေ့လည်ထမင်းစားပြီးချိန်နဲ့ ရုံးဆင်းချိန် ရုံးကို တပတ်ပတ် လမ်းလျှောက်လေသည်။ ကိုယ်တို့ရုံးနားမှာတော့ စမ်းချောင်းလေး မရှိ။ ဘဲမကြီးနောက် မလိုက်သည့် ဘဲကလေးတွေကို စိတ်ပူစရာ မလိုဘေ ..:P။ လာဗင်ဒါဟု ကိုယ်နာမည်ပေးထားတဲ့ အလေ့ကျပေါက်ပင်တွေ၊ နီနီရဲရဲပွင့်အာနေတဲ့ နှင်းဆီးပန်းတွေ၊ ဆီးသီးနဲ့တူတဲ့ အသီးတွေ၊ ဆောင်းဦးကို ကြိုလင့်နေတဲ့ မြက်ရိုင်းတွေနဲ့။ မျက်နှာ ကွန်ပျူတာမှ ခွာလိုက်သောအခါ လှပသော သြကာသလောကကြီးကို တွေ့လိုက်ရလေသည်။

ကိုယ်တော့ အလုပ်မှာ ဘယ်လိုဖြေရှင်းမရတဲ့ အခက်အခဲတွေကြုံရင် မျက်စိလေးမှိတ်ပြီး လေဝင်လေထွက် မှတ်ရင်း စိတ်ကို ခဏအနားပေးလေ့ရှိသည်။ သူငယ်ချင်းတွေမောင်းသည့်ကားကို စီးရသည့်အခါ  လက်ကလေးကို လေတိုးဝှေ့သွားသည်ကို နှစ်သက်သဘောကျသည်။ မှန်အလုံပိတ်ကာ လေအေးပေးစက်ဖွင့်ရသည်ကို မနှစ်သက်ဘဲ ကားမှန်အကုန်ချကာ မောင်းလျှင် ကိုယ့်သူငယ်ချင်းများက ကောင်းချီးသြဘာပေးကြလေသည်။ ဆံနွယ်တွေ လေမှာဝေ့ကာ ခပ်ဖွဖွလေး အပြေးလေ့ကျင့်ရသည်ကို နှစ်သက်သဘောကျသလို စက်ဘီးစီးရင်း လေနဲ့အတူ  ရွှက်လွှင့်ရသည်ကို နှစ်သက်သဘောကျသည် ။

sweet fragrance with bees...
humble grass..but beautiful in my eyes...
ကန်ရေပြင်မြေညီနား ရပ်ရင်း ညင်သာစွာ တိုက်ခတ်နေသော လေနုအေးကို မျက်စိလေးမှိတ်ကာ ခံစားရင်း သိမ်မွေ့လွန်းသောအရာတခုကို ဖမ်းဆုပ်မိဖို့ ကြိုးစားနေခဲ့ဖူးသည်။ မျက်စိလေးမှိတ်ကာ အသက်ခပ်ပြင်းပြင်း ရှုပြီး လေနွေးနွေးလေး နှုတ်ဆက်ထွက်ခါသွားသည်ကို တခါတုန်းက ကိုယ်တကယ် ပျော်ရွှင်ခဲ့ဖူးသည်။

စန်းထွန်း
သြဂုတ် ၂၀၊ ၂၀၁၂။

9 comments:

Anonymous said...

စန္းထြန္း..
ဖတ္လိုု ့ေကာင္းတယ္။ သေဘာက်တယ္။
ဒါနဲ ့ဟီတာဖြင့္ထားျပီးအိပ္ရင္ေတာ့ေလမလံုုေအာင္သတိထားေနာ္။ ဒီဘက္မွာ တံခါးေတြလံုုေအာင္ပိတ္ျပီးဟီတာဖြင့္အိပ္ၾကလိုု ့မိသားစုုလုုိက္ဒုုကၡေရာက္သြားၾကတာေတြခဏခဏၾကည့္ရတယ္။ ကုုိယ္လည္းတခါတေလတံခါးလံုုသြားရင္ မူးျပီးႏိုုးလာတတ္တယ္။ အိပ္ေမာက်ေနရာကႏုုိးလာတယ္ဆုုိတာအေၾကာင္းတခုုခုုေၾကာင့္ဘဲဆိုုတာကိုုယ္ေတြ ့မိုု ့လိုု ့အေၾကာင္းရွိရမယ္လိုု ့အျမဲေတြးမိတယ္။
ေပ်ာ္ရႊင္ပါေစ...
အိုုင္အိုုရာ

ဘုန္း၂ေတာက္ said...

စန္းထြန္းက အေလ့က်ေပါက္ပင္ကို လာဗင္ဒါဆုိလုိ႔ စကၤာပူက lavender ကို သြားအမွတ္ရေနေသးတယ္။ ခ်မ္းေျမ႕ပါေစ

Unknown said...

အဆိုးေတြ အျမန္ဆံုး လြန္ေျမာက္ပါေစ။ ဆက္ေရးပါဦး

Cameron said...

စဖတ္ဖတ္ျခင္း အသက္ရွဴက်ပ္သြားတယ္..အဲံလ္ိုခံစားမႈမ်ိဳး မၾကာခနခံစားဖူးတယ္...။ စိတ္ဖိစီးမႈေၾကာင့္လို႔ထင္ပါတယ္...။ လမ္းေလွ်ာက္အပင္ေတြၾကည့္ေလသန္႔ေတြရွဴေပးတာေကာင္းပါတယ္..။

မီးမီးငယ် said...

စန္းထြန္းေလးေရ..
ကိုယ့္အမ်ဳိးသားစိတ္ဖိစီးမွဳ ့ျဖစ္လို ့၊
ဆရာဝန္ဆီေရာက္ေတာ့သူကေရကိုခပ္မ်ားမ်ားေသာက္ခိုင္းတယ္။ေသာက္နုိင္သေလာက္မ်ားမ်ားသာေသာက္ပါတဲ့။
ကြန္ျပဴတာေရွ ့မွာေတာက္ေရွာက္မထိုင္နဲ ့ေပါ့။
ေသာက္ေလာက္၊ေပါက္လိုက္နဲ ့အလွည့္က်ေလးလုပ္ေပးလိုက္ေလ..အဟဲ။
နဲနဲလွ်ာရွည္ၾကည့္တာပါ...။

mstint said...

ဆန္းက်ယ္တဲ့စိတ္ေစတသိက္ရဲ႕ ေကာင္းစိတ္ ဆိုးစိတ္ကို ကိုယ္တိုင္ပဲ ဖန္တီးလို႔ရတယ္ စန္းစန္းေရ။ စိတ္ဖိစီးမႈကို လြန္ေျမာက္ဘို႔ရာ စိတ္ေပ်ာ္ရႊင္မႈကို ကိုယ့္အနီးအနားမွာ ရွာေဖြေတြ႔ရွိႏိုင္ပါတယ္။ Fighting !!!
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

ညီလင္းသစ္ said...

ခ်စ္စရာေကာင္းတဲ့ ေရာင္စံုၾသကာသ ေလာကႀကီး အေၾကာင္း၊ ဝင္သက္ထြက္သက္ ေလေတြအေၾကာင္း သိေနတာကပဲ စိတ္ဖိစီးမႈကေန တဝက္ လြတ္ေျမာက္ၿပီးေန ပါၿပီ၊ တခ်ိန္လံုး ၿငိမ္ၿငိမ္ေလးထိုင္ၿပီး အလုပ္လုပ္ရသူေတြ အဖို႔ 'ဟန္ခ်က္' ပ်က္မသြား ေစဖို႔ပါပဲ ညီမစန္းထြန္းေရ..။

ညိမ္းႏိုင္ said...

သိပ္လွတဲ့ အက္ေဆးေလးပဲဗ်.....သိလား....၊အဲ့လိုေလး
ေရးတတ္ခ်င္တယ္...။

San San Htun said...

Anonymous said...
စန်းထွန်း..
ဖတ်လို့ကောင်းတယ်။ သဘောကျတယ်။
ဒါနဲ့ဟီတာဖွင့်ထားပြီးအိပ်ရင်တော့လေမလုံအောင်သတိထားနော်။ ဒီဘက်မှာ တံခါးတွေလုံအောင်ပိတ်ပြီးဟီတာဖွင့်အိပ်ကြလို့မိသားစုလိုက်ဒုက္ခရောက်သွားကြတာတွေခဏခဏကြည့်ရတယ်။ ကိုယ်လည်းတခါတလေတံခါးလုံသွားရင် မူးပြီးနိုးလာတတ်တယ်။ အိပ်မောကျနေရာကနိုးလာတယ်ဆိုတာအကြောင်းတခုခုကြောင့်ဘဲဆိုတာကိုယ်တွေ့မို့လို့အကြောင်းရှိရမယ်လို့အမြဲတွေးမိတယ်။
ပျော်ရွှင်ပါစေ...
အိုင်အိုရာ
August 20, 2012 at 11:06 PM
ဘုန်း၂တောက် said...
စန်းထွန်းက အလေ့ကျပေါက်ပင်ကို လာဗင်ဒါဆိုလို့ စင်္ကာပူက lavender ကို သွားအမှတ်ရနေသေးတယ်။ ချမ်းမြေ့ပါစေ
August 21, 2012 at 2:32 AM
Unknown said...
အဆိုးတွေ အမြန်ဆုံး လွန်မြောက်ပါစေ။ ဆက်ရေးပါဦး
August 21, 2012 at 3:52 AM
Cameron said...
စဖတ်ဖတ်ခြင်း အသက်ရှူကျပ်သွားတယ်..အဲံလိုခံစားမှုမျိုး မကြာခနခံစားဖူးတယ်...။ စိတ်ဖိစီးမှုကြောင့်လို့ထင်ပါတယ်...။ လမ်းလျှောက်အပင်တွေကြည့်လေသန့်တွေရှူပေးတာကောင်းပါတယ်..။
August 21, 2012 at 10:04 AM
မီးမီးငယ် said...
စန်းထွန်းလေးရေ..
ကိုယ့်အမျိုးသားစိတ်ဖိစီးမှု့ဖြစ်လို့၊
ဆရာဝန်ဆီရောက်တော့သူကရေကိုခပ်များများသောက်ခိုင်းတယ်။သောက်နိုင်သလောက်များများသာသောက်ပါတဲ့။
ကွန်ပြူတာရှေ့မှာတောက်ရှောက်မထိုင်နဲ့ပေါ့။
သောက်လောက်၊ပေါက်လိုက်နဲ့အလှည့်ကျလေးလုပ်ပေးလိုက်လေ..အဟဲ။
နဲနဲလျှာရှည်ကြည့်တာပါ...။
August 21, 2012 at 8:04 PM
mstint said...
ဆန်းကျယ်တဲ့စိတ်စေတသိက်ရဲ့ ကောင်းစိတ် ဆိုးစိတ်ကို ကိုယ်တိုင်ပဲ ဖန်တီးလို့ရတယ် စန်းစန်းရေ။ စိတ်ဖိစီးမှုကို လွန်မြောက်ဘို့ရာ စိတ်ပျော်ရွှင်မှုကို ကိုယ့်အနီးအနားမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ Fighting !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
August 21, 2012 at 10:24 PM
ညီလင်းသစ် said...
ချစ်စရာကောင်းတဲ့ ရောင်စုံသြကာသ လောကကြီး အကြောင်း၊ ဝင်သက်ထွက်သက် လေတွေအကြောင်း သိနေတာကပဲ စိတ်ဖိစီးမှုကနေ တဝက် လွတ်မြောက်ပြီးနေ ပါပြီ၊ တချိန်လုံး ငြိမ်ငြိမ်လေးထိုင်ပြီး အလုပ်လုပ်ရသူတွေ အဖို့ 'ဟန်ချက်' ပျက်မသွား စေဖို့ပါပဲ ညီမစန်းထွန်းရေ..။
August 23, 2012 at 4:11 PM
ညိမ်းနိုင် said...
သိပ်လှတဲ့ အက်ဆေးလေးပဲဗျ.....သိလား....၊အဲ့လိုလေး
ရေးတတ်ချင်တယ်...။
August 26, 2012 at 7:33 AM