သမီးစံက သတိတရ တဂ်လာတော့ ဒီပို့စ်လေး ဖြစ်လာပါတယ်။ နွေလရဲ့ ဘလော့ ပျောက်ဆုံးတော့မလို ဖြစ်ရာက ဒီပို့စ်လေး စတင်ဖြစ်ပေါ်လာတယ်လို့ သမီးစံ၊ ကန်ဒီခိုင်တို့ဆီက သတင်းရရှိပါတယ်။ မေးထားတဲ့ မေးခွန်းလေးတွေကတော့..
(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
၂၀၁၀ မေလရဲ့ တခုသော နေ့တရက်မှာ စပြီး ဖြစ်တည်ပါတယ်။ တခုသော နေ့တရက်လို့ ဆိုရတဲ့အကြောင်းက ဘယ်နေ့ဘယ်ရက်ဆိုတာ အတိအကျ မမှတ်တော့လို့ပါ။ မေလ ၁၆ရက်နေ့မှာ ပထမဆုံးပို့စ် တင်တာကို ဘလော့စပေါ့က မှတ်တမ်းတင်ထားပါတယ်။ သေချာတာကတော့ မေ၁၆ ထက်စောပြီး ဘလော့ တည်ဆောက်ခဲ့တယ်ဆိုတာပါပဲ။
ဘယ်လိုတည်ဆောက်လည်းဆိုတော့ ဂူဂယ်မှာ How to make blogspot လို့ ရိုက်ထည့်လိုက်တယ်။ အဲဒီမှာ ဘလော့တည်ဆောက်နည်း ရှင်းပြထားတဲ့ PDF တခုက တော်တော်ကောင်းတယ်။ အဲဒီအတိုင်း တည်ဆောက်လိုက်ပါတယ်။ စစချင်းဆိုတော့ အခက်အခဲတွေ ရှိတာပေါ့။ ဘလော့တွေဆီ သွားလည်ရင်း စီဘောက်၊ လာလည်သူတွေ၊ လာလည်တဲ့နေရာပြတာတွေ ထည့်ရမှန်း သိလာတယ်။ ဘယ်လိုထည့်ရမှန်း ဂူဂယ်ကနေ ရှာပါတယ်။
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
ရည်ရွယ်ချက်ကတော့ ကြီးမားပါပေတယ်။ ဗဟုသုတတွေ ရှယ်ဖို့မဟုတ်။ ကိုယ်ခရီးသွားခဲ့အကြောင်းတွေ မှတ်တမ်းတင်ထားဖို့ ရည်ရွယ်တယ်။ ကိုယ့်ရဲ့ဒိုင်ယာရီမို့လို့ ဘလော့နာမည်ကိုတောင် ဒိုင်ယာရီလို့ ပေးခဲ့တာပါ။ တွေးချင်တာတွေး ရေးချင်တာရေးမှာမို့လို့ Profile မှာတောင်" တွေးချင်တာတွေး၍ ရေးချင်တာရေးသည်။ ဝေဖန်လေကန်နိုင်ပါသည်။"လို့ ရေးထားသေးတယ်။ Profile ဖတ်ရတာနဲ့တင် ပိတ်ကန်ချင်စရာ ကောင်းလှပါဘိ။
ဘလော့ဆိုတာကြီးကို ၂၀၀၉ ဖေဖေါ်ဝါရီလောက်မှာ အင်တန်းအတူတူဆင်းတဲ့ အေးပိုဆီက သိရတာပါ။ နေ့လည်စာပြီးရင် သူက နိုင်းနိုင်စနေ၊ မမ ဘလော့တွေ ဖတ်တယ်။ အဲဒီတုန်းက Kent Ridge Park ကနေ Mount Faber Park အထိ ပန်းခြံလေးခုကို ဖြတ်ကျော်ခရီးနှင်တဲ့အကြောင်းရေးထားတဲ့ ခြေလှမ်းပေါင်းငါးသောင်းဆိုတဲ့ပို့စ်ကို ဖတ်ပြီး အိအိနဲ့ဖလမ်းဖလမ်းထလိုက်သေးတယ်။
မြန်မာစာလည်း မရိုက်တတ် Burglish နဲ့ရိုက်ရတာဆိုတော့ ပို့စ်တပုဒ်ရေးပြီးတိုင်း ပလန်လက်တယ်။ တကယ်ရေးဖြစ်တာက၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်လာတဲ့အချိန်။ မြန်မာဆိုလို့ တယောက်တည်း စကားပြောဖေါ်မရှိ။ ဒီတော့ သူငယ်ချင်းတယောက်ကို ရင်ဖွင့်သလို ဘလော့မှာ ရင်ဖွင့်ဖြစ်တယ်။ ကျောင့်ဖွင့်ချိန်စောင့်ရင်း မြန်မာစာဘာသာပြန်ပေးရင် ဘာသာပြန်ခပေးမယ်ဆိုလို့ မြန်မာစာရိုက်တတ်အောင် လေ့ကျင့်လိုက်တာ တပတ်တောင် မကြာဘူးဗျား။ ဒီတော့ ၂၀၁၁ တနှစ်လုံး ဇော်ဂျီဖောင့်နဲ့ တဖြောင်းဖြောင်းရိုက်ပြီး မျက်စိနောက်အောင် ပို့စ်တွေတင်နိုင်ခဲ့လေတယ်။
(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲဆိုတော့ ရေးချင်တဲ့စိတ်လေးရယ်၊ ရေးချင်တဲ့အတွေးလေးရယ်၊ အချိန်ရယ် ရှိမယ်ဆိုရင်တော့ ရေးဖြစ်နေဦးမှာပါ။ ကိုယ်တိုင်ကိုယ်ကျ ရေလောင်းပေါင်းသင် စိုက်ပျိုးခဲ့ရတဲ့ သစ်ပင်လေးလို၊ ငယ်ငယ်ကလေးတည်းက ကျွှေးမွှေးစောင့်ရှောက်လာခဲ့ရတဲ့ ခွေးလေးတစ်ကောင်လို ကိုယ်တိုင်အချိန်ပေးတည်ဆောက်ခဲ့ရတဲ့ ဘလော့လေးကို မြတ်နိုးတန်ဖိုးထားပါတယ်။ ကိုယ့်ရဲ့ဘေဘီလေး ဖြစ်သလို ဝမ်းနည်းအားငယ်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ အထင်သေးတဲ့မျက်ဝန်းတွေကို ကြံ့ကြံခံ့နေချိန်တွေ၊ နောက်ထပ်ဆိုတာ မရှိတော့အောင် ကြိုးစားရင်း မောလျနေချိန်တွေ ကိုယ်နဲ့အတူ မျှဝေခံစားပေးတယ်။ ဘလော့စာမျက်နှာတိုင်းဟာ ကိုယ့်ဘဝရဲ့ စာမျက်နှာတိုင်းပါပဲ။
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
မပျောက်ဆုံးဖူးဘူး။ ဘလော့က ဂျီမေးလ်အကောက်နဲ့ဖွင့်ရတာဆိုတော့ ဂျီမေးလ်နဲ့ ဆိုင်မယ် ထင်ပါတယ်။ တလတခါလောက် Backup လုပ်ပေမဲ့ External HardDisk ထဲ မသိမ်းဖြစ်တာက အချိန်တိုင်း။
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?
သေချာတာကတော့ Backup မလုပ်ထားမိလေခြင်းလို့ နောင်တကြီးစွာ ရနေမှာ သေချာတယ်။ နောက်တခါ ဒီလိုအဖြစ်မျိုး မဖြစ်စေရဘူးလို့ ကြံ ုးဝါးရင်းနဲ့ပေါ့။ Recover လုပ်လို့ရမဲ့ နည်းလမ်းရှိမယ်လို့ မျှော်လင့်ရင်း
မြတ်နိုးတန်ဖိုးထားရတဲ့ ဘလော့လေးတွေ ဘာအကြောင်းနဲ့မှ ပျောက်ဆုံးမသွားစေချင်မိဘူး။
မတဂ်ရသေးဘူးလို့ ထင်တဲ့ ဘလော့ဂါတွေကု တဂ်လိုက်ပါတယ်။ တဂ်ပြီးသား၊ ရေးပြီးသားဆိုရင်လည်း မမြင်ချင်ယောင် ဆောင်သွားပါနော်။ မရေးရသေးဘူးဆိုရင်လည်း အားရင် ရေးပေးပါဦးနော်။
မွန်မွန်ယိုကို
လွင်ပြင်လှိုင်းငယ်
ဂျက်
မမဝသုန်
မိုးငွေ့
မောင်မျိုး
ကျူတီ
မမီးငယ်
အိန်ဂျယ်လှိုင်
မမအိုင်အိုရာ
ဒီစာရင်းထဲ မပါလည်း ပို့စ်လာဖတ်တဲ့ မတဂ်ရသေးတဲ့ ဘလော့ဂါတွေကို တဂ်ပါတယ်နော်။
အခုလောလောဆယ် နားထောင်ဖြစ်တဲ့ သီချင်းလေးတွေကို အတူတူ နားဆင်သွားပါဦး။
ဖေ့ဘွတ်မှာ ရှယ်တဲ့ ဂျပန်သီချင်းကို ဂျပန်စကားပြော တလတက်ဖူးလို့ အိုဟိုင်းရိုးဂိုဆိုင်းမတ်၊ ခွန်နိချိဝ၊ ခွန်ဘန်းဝ၊ အာရီဂါတို ဂိုဆိုင်းမတ်၊ ဂိုမန်းနဲ့စိုက်၊ ဆာယိုနာရ၊ ဒိုးဆို၊ အိုဂျီးစံ၊ အိုကားစံ၊ အိုအိချိ သာသိတဲ့ စန်းထွန်းတယောက် နားမလည်ဘဲ နားထောင်နေပါတယ်။ သီချင်းလေးထဲက နွေရာသီကတော့ ပူနွေးတဲ့ နေရောင်ခြည်အောက်မှာ ပါတီပွဲတွေနွှဲပြီး အားလပ်ရပ်ကို ကုန်ဆုံးစေပေမဲ့ အပြင်က နွေရာသီကတော့ ၈၅၊ ၉၅ ဖာရင်ဟိုက် ၃၀၊ ၃၅ စဲစီးရပ် အပူချိန်။ ဒီသီချင်းလေးနဲ့ ကုန်ဆုံးတော့မဲ့ နွေရာသီကို နှုတ်ဆက်ပြီး သစ်ရွှက်တွေရောင်စုံခြယ်မဲ့ ဆောင်းဦးကို မျှော်နေမိတယ်။
တလောက ရေဒီယိုမှာ ဟစ်ဖြစ်နေတဲ့ သီချင်းလေးပါ။ Good Life လေး ပိုင်ဆိုင်ပါစေ။
ဒေါက်တာရန်နိုင်ရဲ့ အသစ်သီချင်းထဲက သက်ထား၊
YouTube မှာ မတင်သေးလို့ SoundCloud ကနေ နားဆင်ရအောင် ရှယ်လိုက်ပါတယ်။
ကြယ်ကြွေကောင်းကင်
အိမ်မက်လှေ
ကြယ်ကြွေညတိုင်း ဆုတောင်းမယ်
ပျော်ရွှင်သော နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေ။
စန်းထွန်း
သြဂုတ် ၂၆၊ ၂၀၁၂။
8 comments:
ခင်တဲ.
မွန်မွန်ယိုကို
စန်းထွန်း..
အိုင်အိုရာ
ခုတော့...ရေးမယ်လေ....။
အရှိန်ရနေပြီလေ..ဟဟ...:P
ဘလော့လေးက ချမ်းချမ်လွန် ( ဘလောဂါ ) တယောက်က ကျူတီက လက်ဆောင်ပေးတာပေါ့.....ကိုယ် ကျွှမ်းကျင်တာ ဘာလဲ ကွကိုမေးပြီး ရေလိုက်တာ မီးဖိုချောင်တခုပိုင်ဆိုင်ခွင့်ရလိုက်တယ် ...ဒီထက် ဘာမှ မပိုဖူးထင်တာပဲ ... အစပိုင်းတုန်းကတော့ အိပ်လည်း ဒီစိတ် စားလည်းဒီစိတ် တော်တော် စိတ်နစ်သွားတယ် ... အခုနောက်ပိုင်း စိတ်ဓာတ်က မြေကြီးထဲဝင်လောက်အောင် ကျနေတယ် စန်းထွန်းရေ..... ကိုယ်ကြိုးစားကြည့်ပါဦးမယ် အာမ မခံရဲသလိုဖြစ်နေလို့ :)
မောင်ဘုန်း said...
တဂ်ပိုစ့် လေးအားပေးရင်း ..... သီချင်းတွေ အကုန်ကြိုက်လို့ အကုန် ဒေါင်းသွားပြီနော် .... ။
August 26, 2012 at 12:59 AM
မွန်မွန်ယိုကို said...
sunshine girl စပေါ်ကာစကတည်းက အဲသီချင်းလေးကို သိပ်ကြိုက်တာ။ နားမထောင်ဖြစ်တာတောင်ကြာပီ စန်းထွန်းရေ။
ခုမှ အဲသီချင်းလေးကို သတိရသွားတယ်။ ဂျပန်မှာလေခုချိန်နွေရာသီကုန်တော.မှာ။ ဆောင်ဦးက သိပ်ကြည်နုူးဖို.ကောင်းတယ်။အေးမြမြလေးနဲ.။စန်းထွန်းတို.နဲ.ရာသီဥတုသိပ်မကွာဘူးနဲ.တူတယ်နော်။
အွန်လိုင်းပေါ်ကနေခင်တဲ. သူလေးဆိုတော. တဂ်ထားတာလေး ရေးပေးပါ.မယ်နော်။ လောလောဆယ် တစ်လလောက်တော. အကြွေးထူပါရစေ။ဆက်ဆက်ရေးပါ.မယ်နော်။
ခင်တဲ.
မွန်မွန်ယိုကို
August 26, 2012 at 1:44 AM
Anonymous said...
စန်းထွန်း..
သီချင်းတွေနားထောင်ရင်းနဲ့
တခြားသီချင်းဟောင်းတွေဆက်တိုက်နားထောင်မိသွားတယ် ယူကျုကနေလေ။ အိမ်ကိုလည်းလွမ်းလိုက်တာ။
ရေးနိုင်ဘို့ကြိုးစားမယ်နော်။ မရေးဖြစ်ရင်စိတ်မဆိုးပါနဲ့နော်။
အိုင်အိုရာ
August 26, 2012 at 5:12 AM
မီးမီးငယ် said...
သီချင်းလေးတွေနားထောင်သွားပါတယ်။
အင်းးးးးးတဂ်..ဆိုလို့ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက၊
မဒမ်အိုးလေး..တခါတဂ်ဖူးတယ်။
အဲတုံးကတော့ ရွှာပြန်နေတော့၊
သာသာလေးငြိမ်နေလိုက်တယ်။
ခုတော့...ရေးမယ်လေ....။
ရေးချင်သလိုကိုဖြစ်နေတာ...:))))
အရှိန်ရနေပြီလေ..ဟဟ...:P
August 26, 2012 at 5:17 PM
Q-te said...
ဘလော့လေးက ချမ်းချမ်လွန် ( ဘလောဂါ ) တယောက်က ကျူတီက လက်ဆောင်ပေးတာပေ့ါ.....ကိုယ် ကျွှမ်းကျင်တာ ဘာလဲ ကွကိုမေးပြီး ရေလိုက်တာ မီးဖိုချောင်တခုပိုင်ဆိုင်ခွင့်ရလိုက်တယ် ...ဒီထက် ဘာမှ မပိုဖူးထင်တာပဲ ... အစပိုင်းတုန်းကတော့ အိပ်လည်း ဒီစိတ် စားလည်းဒီစိတ် တော်တော် စိတ်နစ်သွားတယ် ... အခုနောက်ပိုင်း စိတ်ဓာတ်က မြေကြီးထဲဝင်လောက်အောင် ကျနေတယ် စန်းထွန်းရေ..... ကိုယ်ကြိုးစားကြည့်ပါဦးမယ် အာမ မခံရဲသလိုဖြစ်နေလို့ :)
August 26, 2012 at 11:21 PM
ဘုန်း၂တောက် said...
တဂ်ပိုစ်လေး ဖတ်လို့ကောင်းလိုက်တာ။ ဥပမာ၊ ဥပမေယျလေးတွေနဲ့။ သစ်ပင်လေးလို၊ ငယ်ကတည်းက ကျွေးမွေးစောင့်ရှောက်လာခဲ့ရတဲ့ ခွေးလေးတစ်ကောင်လို...
August 26, 2012 at 11:48 PM
Angelhlaing(May everybody be happy and healthy! said...
စန်းထွန်းရေ... ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်နေလို့ မသိလိုက်ဘူး...:))) နောက်တစ်ခါ မရောက်အောင် ကြိုးစားပါ့မယ်နော်... ခွင့်လွတ်... စိတ်မဆိုးကြေး..:)
September 1, 2012 at 4:03 AM
Post a Comment