ကျွှန်မ၏မေမေ - ၃
မေ ကိုသက်ကို အရင်လို ချစ်သေးရဲ့လားဟင်...
ကိုသက်ကရော...
ကျွန်မရဲ့ ဆိုင်ကလေးလောက် အချစ်က နေရာမပေးခံရလို့၊ အနေဝေးလို့ သွေးအေးသွားပြီဟု အထင်ကိုယ်စီနှင့် ကျွန်မတို့ကြားက သံယောဇဉ်ကြိုးလေး အနားလေးတွေ ဖွာနေပေမယ့် ခိုင်မြဲနေသေးသည်။
တနှစ်ကြာသောအခါ ရုံးတက်လက်မှတ်ထိုး၊ အိမ်တွင် သူငယ်ချင်းအပေါင်းအသင်းများကို ကျွေးမွှေးရင်း မင်္ဂလာဧည့်ခံပွဲ အကျဉ်းရုံးလေး ကျင်းပခဲ့သည်။ မင်္ဂလာလက်ဖွဲ့ရငွေထဲမှ တချို့ကို နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ မျက်မမြင်ကျောင်း၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်သော မေတ္တာဝါဒီဘုန်းကြီးကျောင်းသို့ လှုဒန်းခဲ့သည်။ မေမေကတော့ မင်္ဂလာပွဲခမ်းခမ်းနားနား ဖြစ်စေချင်သော်လည်း ကျွန်မတို့၏ ရွှေးချယ်မှုကို အလေးထားခဲ့သည်။ ကျွန်မတို့မြို့လေးဆီ ကိုသက် ဆွေပြမျိုးပြ လိုက်လည်ခဲ့သည်။
ရိုးသားပွင့်လင်းသော၊ ဟန်ဆောင်မှုကင်းသော ကျေးလက်ကို မြို့သားကြီး ကိုသက် နှစ်သက်သွားခဲ့သည်။ ဝေးလံခေါင်သီသောဒေသက ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးချင်ခဲ့သည်မှာ သူ့အိမ်မက်ဖြစ်သည်။ တခါတရံတွင် ဆန္ဒများနှင့် လက်တွေ့က ကွာခြားနေတတ်သည်။ သို့သော် အိမ်မက်များ ရှိနေသေးလျှင်တော့ တနေ့နေ့တွင် ထိုအိမ်မက်များကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးများ ပေါ်လာတတ်သည်။
ကျွန်မတို့နယ်သားလုံးလုံးဖြစ်နေသော ကိုအောင်နှင့် ကိုသက် ဆုံတွေ့ခဲ့သည်။ တခါတလေ အတူတူငါးမျှား၊ ယမကာသောက်၊ သောင်ပြင် ဆိုင်ကယ်စီး၊ တောအုပ်ထဲ ကမ့်ထိုးပြီး စကားကောင်းနေတတ်သည်။ ခင်မင်ကြသော သူတို့နှစ်ယောက်ကို မြင်ရတော့ ကျွန်မ စိတ်လက်ပေါ့ပါးသွားသည်။ မေသာ ကိုအောင့်ကို လက်ထပ်ခဲ့ရင် ခုဆို သူဋ္ဌေးမကြီး ဖြစ်နေမှာဟု ကိုသက်က စတတ်သလို ကိုသက်လည်း မေ့ကို လက်မထပ်ခဲ့ရင် ဘိလပ်သားကြီး ဖြစ်နေမှာဟု ကျွန်မကလည်း နောက်ပြောင်တတ်သည်။
ကျွန်မတို့ ဘဝထဲသို့ ကိုယ်ပွားလေး ဝင်ရောက်လာသည်ကို သိရသောနေ့က ခံစားမှုများကို ကျွန်မ ဘယ်တော့မှ မေ့နိုင်တော့မည် မထင်ပါ။ သားလေးလား၊ သမီးလေးလား မသိရသေးခင်ကတည်းကပင် ကျွန်မ၏အတွေးများကို ကလေးကသာ စိုးမိုးထားခဲ့သည်။ ကျွန်မ အရမ်းကြိုက်သော အချဉ်၊ အစပ်များကို ကလေးထိခိုက်မည်စိုး၍ ရှောင်ကြဉ်ခဲ့သည်။ ကိုယ်တိုင်မိဘဖြစ်လာတော့မှ မိဘမေတ္တာ ဘယ်လောက်ထိကြီးမားမှန်း ကျွန်မ နားလည်သွားခဲ့သည်။ ဖေဖေနှင့် မေမေကို ကျွန်မ လက်ဆယ်ဖြာ ဦးထိပ်ထားကာ ရှိခိုးဦးချဖြစ်သည်။
ကျွန်မကတော့ ရိုးသားတည်ကြည်သော ကိုသက်ကိုယ်ပွားလေး လိုချင်သည်။ ကိုသက်ကတော့ ကျွန်မမေမေနှင့်တူသော ကိုယ်ပွားလေး လိုချင်သည်။ သမီးလေးမွေးသည့်နေ့က ပျော်ရွှင်ကြည်နူးမှုနှင့် အတူ စိုးရိမ်ပူပန်မှုများ လွန်ဆွဲနေခဲ့သည်။ အင်္ဂလုမာလသုတ်ကို ကပြောင်းကပြန်ရွတ်နေသော ကိုသက့်ကို မြင်ရတော့ နာကျင်မှုကြားက ကျွန်မပြုံးမိသေးသည်။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုသည့်အတိုင်း အသက်ကို အပေါင်ထားပြီးမှ သမီးလေးကို ပိုင်ဆိုင်ခဲ့ရသည်။ ရှုမငြီးသည့် သမီးလေးကို ကြည့်မဝဖြစ်နေသည့် အသစ်စက်စက်ဖခင်လောင်း ကိုသက်ကပင် သက်နဒီမေဆိုသော နာမည်ပေးခဲ့သည်။
သမီးလေး ကျွန်မတို့ဘဝထဲ ဝင်ရောက်လာသည့်အချိန်ကပင်စ၍ ကျွန်မဘဝ အဓိပ္ပာယ်၊ အားအင်များ
ပိုရှိလာခဲ့သည်။ အနီရောင်သွေးက မေတ္တာကြောင့် အရောင်ပြောင်းကာ နို့ချိုအဖြစ် တိုက်ကျွေးနေချိန်များသည် မိခင်ဘဝအဖြစ် ကျေနပ်ရသောအချိန်များဖြစ်သည်။ မျက်စိရှေ့မှာတင် သမီးလေး လေးဖက်သွား၊ မတ်တပ်ရပ် ကြီးပြင်းလာခဲ့သည်။
တနေ့ ဖေဖေ၊ မေမေနှင့် မောင်လေး ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသောအခါ ကျွန်မအံ့သြသွားရသည်။ ဖေဖေ့မျက်နှာအရိပ်အကဲကိုကြည့်၍ အခြေအနေမကောင်းဟု ထင်မိသည်။ ဖေဖေ၊ မေမေတို့ကို တိုးတိုးတိတ်တိတ် မေးကြည့်သောအခါမှ မောင်လေးက မြို့က ကောင်မလေးတယောက်နှင့် ချိတ်တိတ်တိတ်ဖြစ်သည်။ ကောင်မလေးက သူဋ္ဌေးတယောက်၏တူမ။ သဘောမတူရသည့်အကြောင်းကို မေမေ့က ခုလို ရှင်းပြသည်။ သမီးသိတဲ့အတိုင်း မေမေတို့က ဆင်းရဲတာ၊ ချမ်းသာတာထက် အကျင့်စာရိတ္တကို ပိုတန်ဖိုးထားတယ်။ ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ ကြိုးစားအားထုတ်မှု၊ ရှေးအတိတ်ကံ၊ ပါးနပ်လိမ္မာမှုနဲ့ ဆိုင်တယ်။ ဟိုလူ့ဆိုင်ကယ်နဲ့လိုက်၊ ဒီလူ့ဆိုင်ကယ်နဲ့လိုက်၊ ဟိုလူနဲ့ချိတ်တိတ်တိတ်၊ ဒီလူနဲ့ ချိတ်တိတ်တိတ်။ ဒီလိုအကျင့်စာရိတ္တရှိတဲ့ မိန်းကလေးနဲ့ဆိုရင်တော့ သူဋ္ဌေးသမီးဆိုဦးတော့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။
ကြာရင် ညည်းမောင်ကို သုတ်ပြေးသွားမှာစိုးလို့ ရန်ကုန်ကိုမလာတာ။ နယ်ကိုလုံးဝမပြန်ခိုင်းနဲ့။ မောင်လေး စွတ်မိုက်မည်လားဟု ကျွန်မစိတ်ပူမိသေးသည်။ မေမေ စိတ်မချမ်းသာအောင် မလုပ်ပါဟု မောင်လေးက မေမေ့ကို ကတိပေးခဲ့သည်။ မေမေ၏စကားကို ကျွန်မတို့ မောင်နှမတွေ နာခံသည်ကတော့ မေမေ၏ အရည်အချင်းဖြစ်သည်။ မေမေ့ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု စောဒကမတက်ဘဲ ကျွန်မတို့တတွေ တညီတညွတ်တည်း လက်ခံနိုင်လောက်အောင် မေမေသည် ထက်မြက်ပြတ်သားသည်။
ကလေးချစ်တတ်သော မောင်လေးသည် ဒီဒီ၏ အချစ်ဆုံးဦးလေး ဖြစ်လာသည်။ ညီမလေး ဘွဲ့နှင်းတက်ရောက်ရန် မေမေ၊ ဖေဖေ၊ မောင်လေးတို့ နိုင်ငံခြားသွားရောက်ခဲ့သည်။ ပြန်လာသောအခါ မေမေက သမီးကြီးလည်း အခြေအနေပေးရင် နိုင်ငံခြားရောက်ဖူးအောင် လုပ်ဦး။ ဒါမှ သူများနိုင်ငံတိုးတက်တာ၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတာ နမူနာယူရမယ်။ နွားခြေရာခွက်ထဲက ဖားက ခြေရာခွက်ထဲက ရေကိုပဲ ပင်လယ်လို့ ထင်နေတာ။ တကယ့်ပင်လယ်ကို မြင်ဖူးတာ မဟုတ်ဘူး။ မေမေတို့လည်း သူများနိုင်ငံတိုးတက်နေတယ်ဆိုတာ စလောင်းမှာ မြင်ဖူးနေတာပဲ။ ဒါပေမယ့် ကိုယ်တိုင်ရောက်တော့မှ ဘယ်လိုကွားခြားတယ်ဆိုတာ သိတယ်။ မေမေ့စကားအတိုင်း တချိန်တွင် နိုင်ငံခြားကို ကျွန်မ ရောက်ဖူးခဲ့လေသည်။
ဒီဒီ သွားလေးတွေပေါက်၊ သွားဖုံးလေးတွေ ယားလျှင် သူ့သွားသေးသေးလေးတွေနှင့်ကိုက်။ ဒီဒီဆီမှ မေမေဟု ခေါ်မည့်အသံကို ကျွန်မ မျှော်လင့်စောင့်စားနေခဲ့သည်။ မေမေဟု အရင်ခေါ်မည်လား၊ ဖေဖေဟု အရင်ခေါ်မည်လားဟု ကျွန်မနှင့် ကိုသက် သိချင်နေခဲ့သည်။ ထမင်းစားခန်းထဲ ကြွေပန်းကန်ပြား မတော်တဆ ကျကွဲသည့်နေ့က ကျွန်မ၏ သံသယစိုးထိတ်မှုများကို တိကျသေချာသွားစေခဲ့သည်။ ကြွေပန်းကန်ပြား ကျကွဲသောအခါ ဒီဒီလန့်သွားမည်လားဟု စိုးရိမ်တကြီး လှည့်အကြည့် ဘာမှမဖြစ်သလို အဆော့မပျက်သည့် ဒီဒီ့ကို မြင်ရသည့်အခါ
ကို..ကို..ကိုသက်..ဒီ..ဒီဒီ မကြားဘူးနဲ့ တူတယ်..
ထိတ်လန့်ကြောက်ရွံ့မှုနှင့်အတူ မတ်တပ်ရပ်၍မရနိုင်အောင် ကျွန်မ တုန်ယင်သွားခဲ့သည်။
ဆက်ပါဦးမည်
စန်းထွန်း
မတ်လ ၉၊ ၂၀၁၂။
Subscribe to:
Post Comments (Atom)
15 comments:
အားပေးနေလျက်
ချစ်တဲ့ sis jasmine
အဟင့် ..
ချစ်ခင်လျှက်
မိစံ
ဘီ....:P
ချစ်တဲ့
ဝသုန်
ခင်မင်လျက်
နေ၀သန်
ချစ်တဲ့
ဒိုးကန်
အိုင်အိုရာ
လွင်ပြင်လှိုင်းငယ် said...
ဆက်ပါဦးမည် ဆိုတော့ မျှော်ရအုံးမှာပေါ့
အားပေးနေလျက်
March 10, 2012 at 12:14 AM
စံပယ်ချို said...
တစ်ကယ်ပဲ ဆိုမှ တစ်ကယ်ပါပဲတော်ရေ
အဲလိုကောင်းရင်အဲလိုဖြတ်တယ်ပေါ့နော်
ဆက်ရန်လေးကိုမျော်လင့်နေသူ
ချစ်တဲ့ sis jasmine
March 10, 2012 at 6:53 AM
Anonymous said...
အဟင့် ..
ကောင်းခန်းရောက်မှ.ဖြတ်ပစ်တယ်။
ဒါကြောင့်ရုပ်ချောတာ :P
အရမ်းကောင်းတယ်မကြီးစန်း
နောက်ဆက်တွဲလေးစောင့်နေမယ်နော်..။
ချစ်ခင်လျှက်
မိစံ
March 10, 2012 at 8:00 AM
ညိမ်းနိုင် said...
ဟယ်......ဖတ်လာတာ.....ဖတ်လာတာ.....နောက်ဆုံးစာ
ကြောင်းလဲရောက်ရော.......ဟယ်ကနဲဖြစ်ရော....။အလှည့်
လေးက ကြောက်စရာကောင်းအောင် လှတယ် စန်းထွန်း
ရယ်...၊အကိုလည်း တူပေါက်စလေးကို တစ်ခုခုချို့ယွင်း
နေမှာကို စိုးရိမ်မိနေတဲ့ ဦးလေးအသစ်စက်စက်ဆိုတော့
ဟတ်လာထိတယ်....၊ကောင်းခန်းမှဖြတ်ထားပေမယ့်
အဲ့လိုဖြတ်ထားတာလေးကိုက ဆွဲဆောင်မှုအပြည့်ပဲ...၊
ပြီး စန်းထွန်း ရပ်ကွက်ထဲမှာဗျာတွေရေးသလို ပုံစံမဟုတ်
ပဲ...သွက်၂လက်၂ မဟုတ်ပဲ၊တည်ငြိမ်တဲ့အရေးအသား
လေးကလည်း ဇာတ်နဲ့လိုက်တယ်...၊ဆက်ရန်မျော့နေ
ဘီ....:P
March 10, 2012 at 10:31 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
စိတ်ဝင်စားအောင် အရှိန်ကိုမြင့်လာပြီးမှ ဖြတ်ပစ်လိုက်တာ တော်လိုက်တဲ့ စန်းထွန်း
ဒီမှာတော့ ဆန့်ငင်ငင်ဖြစ်သွားရော း)
ဒီတော့ နောက်အပိုဒ်ကို စောင့်ရဦးတော့မှာပေါ့
March 11, 2012 at 6:45 AM
ဟန်ကြည် said...
အဆုံးသတ်ခါနီးမှာ ဇာတ်ရှိန်ကို မြှင့်ပစ်လိုက်တယ်...နောက်တစ်ပိုင်းကျရင်တော့ ကိုယ်မှန်းထားတာနဲ့ စန်းထွန်းရေးတာ တူမတူ တိုက်ကြည့်ရတော့မှာပဲ...
March 11, 2012 at 11:25 PM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
ကောင်းခန်းရောက်မှဆက်ရန်ဆိုရင်ကြမ်းပိုးကိုက်တတ်တယ်နော်... :D:D
ချစ်တဲ့
ဝသုန်
March 12, 2012 at 12:00 AM
နေဝသန် said...
အင်း... စိတ်ဝင်စားနေပါတယ်ချိုမှ.. ဆက်ရန်တဲ့.. စောင့်ရဦးမပေါ့... း)
ခင်မင်လျက်
နေဝသန်
March 12, 2012 at 1:46 AM
မဒမ်ကိုး said...
ဆက်ရန်ကိုမျှော်နေတယ်နော် ကိုစိန်ထွန်း း)))
တကယ်ကိုဘဲအရေးအသားကဆွဲဆောင်လွန်းတယ်
ချစ်တဲ့
ဒိုးကန်
March 12, 2012 at 2:09 AM
Anonymous said...
စောင့်ရမှာကိုယ့်တာဝန်...
အိုင်အိုရာ
March 12, 2012 at 9:42 AM
ဟန်ကြည် said...
အဆုံးသတ်ခါနီးမှာ ဇာတ်ရှိန်ကို မြှင့်ပစ်လိုက်တယ်...နောက်တစ်ပိုင်းကျရင်တော့ ကိုယ်မှန်းထားတာနဲ့ စန်းထွန်းရေးတာ တူမတူ တိုက်ကြည့်ရတော့မှာပဲ...
March 12, 2012 at 9:13 PM
ညီရဲ said...
ဆက်ပြန်ပြီ နောက်တခါ ဆိုတော့ စောင့်ရပြန်ပြီ နောက်တခေါက်ပေါ့...
March 12, 2012 at 9:31 PM
...အလင်းစက်များ said...
မျှော်ရဦးမယ့် ဇတ်လမ်းပါပဲ။ စိတ်ကို အတော်လေး ဆွဲခေါ်သွားပါတယ်။ ကလေးလေး နားမကြားဖြစ်နေလေမလား။ ဟင်း။ မျှော်ရပြီပေါ့ .... ကိုဆန်းထူးရယ် :D
March 13, 2012 at 6:36 AM
ပန်းချီ said...
ဇွဲမလျှော့ဘူး ပြီးလုပြီ..ကြိုးစားဖတ်ပါမည် း)) ဒုတိပိုင်းကနေလွတ်သွားလို့ အမီလိုက်ဖတ်နေပါတယ် ညီမရေ း)
March 16, 2012 at 11:18 AM
Post a Comment