ကျွှန်မ၏ မေမေ - ၄


မျက်စိမမြင်သောသူသည် မမြင်သော်ငြား  အသံကြား၍ စကားပြောနိုင်သည်။ စကားမပြောတတ်သော ကလေးသည် အသံကြားရ၍ ဝူးဝူးဝါးဝါး အသံများဖြင့် ဆက်သွယ်နိုင်သည်။ အကြားအာရုံ ချို့တဲ့သောသူမှာကား မကြားရ၍ စကားလည်း မပြောနိုင်။ ဆေးရုံတွင် စမ်းသပ်စစ်ဆေးပြီး သမီးလေး နားမကြားသည်ကို အတည်ပြုပေး လိုက်သောအခါတွင်ကား ကျွန်မရော၊ ကိုသက်ပါ ဆောက်တည်ရာမဲ့သွားခဲ့သည်။ မျက်ရည်ကာတာတံတိုင်း ကျိုးပေါက်သွားသည်။ ဝမ်းနည်းပူဆွေးရသည်မှာကား ဆိုဖွယ်ရာ မရှိတော့။

မေမေ နှစ်သက်သော စာသားလေး  ပါးထားသည့် စာလေးတစောင် ကျွန်မရရှိခဲ့သည်။ ဘုရားသခင်ဟာ အမေတို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ချင်လို့ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ အမေတို့ဆီ ပို့ပေးလိုက်တာ သားရဲ့၊ ဒါပေမဲ့  တစ်ဖက်ကလဲ ဒါတွေရင်ဆိုင်ဖို့ လက်နက်တွေ အမေတို့မှာ တပ်ဆင်ပေးထားသေးတယ်။ မျှော်လင့်ချက်တို့၊ ယုံကြည်ချက်တို့၊ စိတ်ကူးအိမ်မက်တို့ဆိုတာတွေပေါ့။ အဲဒါတွေ ရှိနေသမျှ ဘာမှကြောက်စရာမလိုဘူး။ အဲဒါတွေကို စွန့်ပစ်လိုက်ပြီဆိုတော့မှသာ အရာရာ ဆုံးရှုံးတာ။  အမေ့သား မှတ်ထား၊ သားဘဝတစ်လျှောက် သားရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ သားရဲ့ စိတ်ကူးအိမ်မက်တွေကို ဘယ်အရာ ဘယ်ကိစ္စကြောင့်မှ မပျောက်ပျက် မဆုံးရှုံးစေနဲ့သား။

အောင်မြင်ရေးအတွက် အဓိကသော့ချက်ဟာ ဆုံးဖြတ်ချက်တွေကို အလျင်စလို မချမိအောင် ထိန်းနိုင်ခြင်းပဲ သား။ ပြသနာတခုကြုံရင် ပထမဆုံး သေသေချာချာ စဉ်းစား၊ ပြီးတော့မှ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ဆုံးဖြတ်ချက်ချ။ မေမေ့ဆီမှ စိတ်ဓာတ်ခွန်အားများကို စာလေးထံမှတဆင့် ကျွန်မရရှိခဲ့သည်။ ကိုသက့်ဆရာများ၊ မိတ်သင်္ဂဟများထံမှ ရရှိသော သတင်းများကြောင့် အားတက်ရသည်။  ခေတ်မှီစမ်းသပ်ကိရိယာများနှင့်  နားကြားကိရိယာတပ်၍ ရ၊ မရကို ဘန်ကောက်တွင် စမ်းသပ်နိုင်သည်ဟု ဆိုသည်။ စမ်းသပ်စစ်ဆေးပြီး နားကြားကိရိယာ ထည့်၍ ရသည့်အခါတွင်တော့ ညီမလေးရှိသော စင်္ကာပူကို ကျွန်မတို့ ရွေးချယ်ခဲ့သည်။

ငယ်သေး၍ နောင်၃လလောက်မှ ခွဲစိတ်သင့်သည်ဟု ဆရာဝန်အကြံပေးချက်အရ  နောက်၃လ ကြာသောအခါ တခေါက် ထပ်ရောက်ခဲ့ပြန်သည်။ နားကြားစက်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရပုံကို မိဘများကိုပါ သင်တန်းပေးသည်။ ကလေး၏ နားကြီးထွားနှုန်း၊ အသံဖမ်းစက်ကို မူတည်ပြီး လိုအပ်သလို ခွဲစိတ်ရသည်။

ဘယ်လောက်ဝေးဝေးကြီး သွားရဦးမယ်ဆိုတာ မစဉ်းစားနဲ့။ ရှေ့တမိုင်အတွက်ပဲ စဉ်းစား။ အဲဒါဆို သမီးတို့ ရောက်လမ့်မယ်လို့ မေမေ ယုံကြည်တယ်။  သမီးလေး ကျန်းမာဖို့၊ နားကြားစက် ကောင်းမွန်စွာ အလုပ်လုပ်ဖို့၊ သမီးလေး စကားတခွန်း တတ်မြောက်ဖို့။ ဒါပဲ ကျွန်မတို့ ခေါင်းထဲ ထည့်ထားသည်။ သည်လိုဖြင့် သူများကလေးတွေထက် နောက်ကျသော်ငြား မေမေဟု ခေါ်လာသည့် သမီးလေး၏ အသံလေးကို ကြည်နူးဝမ်းမြောက်စွာ နားထောင်ရင်း နောက်ဆုံးခရီးမိုင် ကျွန်မတို့ ကျော်လွှားအောင်မြင်ခဲ့ကြသည်။

သမီးလေး၏ စကားသံသည် ကျွန်မတို့အတွက်တော့ ဆည်းလည်းသံလေး ဖြစ်သည်။ စကားလုံးတွေ သင်ယူသည့်အရွယ်မှ သဘာဝပတ်ဝန်းကျင်ကို လေ့လာစူးစမ်းကာ မေးခွန်းလေးတွေ မေးလာသည်။ တခါတရံ ဖြေရခက်သော မေးခွန်းများ မေးလျှင်တော့ သမီးလေး ဆံပင်ကို ချစ်စနိုးဖွပြီး ကျွန်မ ရယ်မောခဲ့ရဖူးသည်။

သီတင်းကျွှတ်၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် မေမေ့တို့ဆီ ကျွန်မတို့မိသားစု သွားလည်လေ့ရှိသည်။ ကျွန်မမေမေ တံမြက်စည်းလှည်းနေတုန်း သမီးလေးက ဘေးကနေကြည့်နေခဲ့သည်။ မေမေက ရုတ်တရက် တံမြက်စည်းထိုးပေးလိုက်သောအခါ

ဒီဒီ မလုပ်တတ်ဘူးဟု ငြင်းသည်။ မေမေက သမီးလေးကို တချက်စိုက်ကြည့်သည်။ ပြီးတော့မှ ဘယ်ဟုတ်မလဲ ကလေးရ၊ လှည်းကြည့်စမ်းပါ၊ တော်ကြာ ကလေးကျွှမ်းသွားမှာ။ ကိုယ်တကယ် မလုပ်ကြည့်သေးဘဲနဲ့လုပ်မရဘူးလို့ဘယ်တော့မှ မပြောနဲ့ကွ။

တယောတီးသင်သောအခါ ဒီဒီသည် ညဏ်ကောင်းသော်လည်း အားနည်းချက်ရှိသည်။ ပျင်းရိခြင်း။ တတ်ပြီးသား သီချင်းတပုဒ်ကိုသာ တီးခတ်နေတတ်သည်။ အသစ်လေ့ကျင့်ရမှာကို ပျင်းလေသည်။ ဘွားအေဖြစ်သူ သိသောအခါ ဂီတတခုတည်းမှ မဟုတ်ဘူး။ လုပ်ငန်းမှန်သမျှ ဒီအတိုင်းပဲ။ တချို့အပိုင်းတွေက လွယ်တယ်။ တချို့အပိုင်းတွေက ခက်တယ်။ ဘယ်လုပ်ငန်းမှာမဆို တကယ်တမ်း အောင်မြင်ချင်ရင် ခက်တဲ့အပိုင်းတွေလည်း မလွှဲမရှောင်သာ လေ့ကျင့်ရလိမ့်မယ်ဟု ဆုံးမခဲ့သည်။

သမီးလေးကို အကောင်းဆုံး ကျွန်မတို့ မျှော်လင့်ခဲ့ကြသော်လည်း သူ့စွမ်းဆောင်ရည်ထက် ပိုမမျှော်လင့်မိအောင် ကျွန်မတို့ ကြိုးပမ်းရသည်။ သမီးလေး၏ ညဏ်ရည်၊ လေ့လာအားထုတ်မှု၊ ဝါသနာကို မူတည်ကာ သူဖြစ်ချင်သည်ကိုသာ ကျွန်မတို့ ထိန်းကျောင်းပေးခဲ့ရသည်။ ကျွန်မမေမေ ရန်ကုန်ရောက်တုန်းရောက်ခိုက် ဆယ်တန်းစာမေးပွဲ ဖြေဆိုခါနီး စိတ်လှုပ်ရှားနေသော သမီးလေးကို လူ့ဘဝမှာ အရေးအကြီးဆုံးက ကလေး တကယ်လေ့လာတယ်၊ ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ခဲ့တယ်လို့ ကိုယ့်ဘာသာ လက်ခံဖို့ပဲ။ အဲဒါဆိုရင် ကိစ္စတခုပြီးမြောက်အောင် စွမ်းဆောင်နိုင်ပြီဆိုတဲ့သဘော။ အဲဒါဟာ အရေးကြီးတယ်။ အောင်မြင်တယ်လို့ ပြောကြတာ၊ သူတပါးတွေ ကိုယ့်ကို ချီးကျူးကြတာ၊ ဒါတွေလဲ ကောင်းပါတယ်။ အရသာရှိပါတယ်။ ဒါပေမဲ့ ကိစ္စတခုပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက် တန်ဖိုးမရှိဘူး။ ကျေနပ်အားရစရာလဲ မကောင်းဘူး။ အဲဒီတော့ အောင်မြင်တယ် မအောင်မြင်တယ်ဆိုတာတွေ အသာဘေးဖယ်ထား၊ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားဟု ပြောခဲ့သည်။

သမီးလေးကို ညီမလေးတို့ဆီမှာ ကျောင်းဆက်တက်ရန် စီစဉ်သောအခါ သူခင်တွယ်သော မိသားစု၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်မှ ခွဲရမည်စိုး၍ မေမေ ရက်စက်တယ်ဟု ငိုယိုခဲ့သည်။ သမီးလေး ဖေဖေ ဖျောင်းဖျပြောဆိုလျှင် သမီးလက်ခံမှာ မေမေ သိနေပါတယ် သမီးရယ်။ မေမေလည်း သိပ်ချစ်ရတဲ့သမီးလေးနှင့် မခွဲချင်ပါဘူး။ သမီးလေး နေထိုင်မကောင်းဖြစ်မှာ၊ စိတ်ပင်ပန်းမှာ၊ သူစိမ်းတွေအလယ်မှာ ကိုယ့်အားကိုယ်ကိုး ရုန်းကန်ရမှာ မေမေ စိတ်ပူမိပါတယ်။ ဒါပေမယ့် သမီးဘဝတိုးတက်ဖို့အတွက် မေမေ အားလုံးစတေးနိုင်ပါတယ်။

မေမေ့ဆီ ရောက်လျှင်တော့ ကျွန်မတို့ မောင်နှမတွေ မြို့မှာ ကျောင်းတက်ကြတော့ မေမေရဲ့ပူပင်သောကတွေကို မေးရင်း သမီးလေးအတွက် ကျွန်မ၏ စိုးရိမ်စိတ်၊ ပူပင်သောကတွေကို မေမေ့ကို ပြောပြဖြစ်မှာတော့ အသေအချာဖြစ်သည်။

ပြီးပါပြီ

(ဆရာဖေမြင့်၏ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဘဝ ဒသန ရသစာများ၊  မည်သို့ပင်ဖြစ်စေ စာအုပ်များမှ နှစ်သက်သော စာသားများကို ယူသုံးထားပါသည်။)

စန်းထွန်း
မတ် ၁၇၊ ၂၀၁၂။

13 comments:

Anonymous said...

အိုုးအိုု..
ျပီးပါျပီဆိုုေတာ့မေစာင့္ရေတာ့ဘူးေပါ့။ း))
ေကာင္းပါတယ္စန္းထြန္းေရ။ ဆက္ၾကိဳးစားပါ။
အိုုင္အိုုရာ

ညိမ္းႏိုင္ said...

ေတာ္ေသးတာေပါ့ နားၾကားကိရိယာတပ္လို႕ရလို႕....။
ၿပီးသြားၿပီလား....၊နဲနဲခ်ဳံလိုက္သလိုပဲ....၊ေနာက္ထပ္
၂ပိုင္း၊၃ပိုင္းေလာက္ေတာ့ဆက္ဖတ္ခ်င္ေနေသးတာက
လား.....၊

စံပယ္ခ်ိဳ said...

စန္းထြန္းေရ ျမန္ျမန္ျပီးလုိက္သလားလုိ႔
ဆက္မာ္ဆုိရင္ဆက္ရေသးတယ္ေနာ္
ခ်စ္တဲ႔ sis jasmine

San San Htun said...

မအိုင္အိုရာ မေစာင့္ရေတာ့ဘူး းD
ကိုညိမ္းႏိုင္၊ ဂ်က္ အစကေတာ့ ၂ပိုင္းပဲ ေရးမယ္ဆိုၿပီး ေရးရင္း ေရးရင္း ၄ပိုင္း ေရာက္လာတာ..ဒီဒီ့အခ်စ္ဇာတ္လမ္းေတြ ထပ္ထည့္ရင္ အပိုင္းေတြ ထပ္မ်ားေနမွာမို ့

မဒမ္ကိုး said...

အြန္ ျပီးသြားျပီလား

တကယ္ကိုဘဲဖတ္လို႕ေကာင္းတဲ႕ဆြဲေဆာင္မႈ႕အျပည္႕ရွိတဲ႕ပိုစ္ေကာင္းတခုပါ စန္းထြန္းေရ

အားေပးေနတယ္

ခ်စ္တဲ႕

ဒိုးကန္

ဟန္ၾကည္ said...

ဒီပို႔စ္ထဲမွာ ... ျဖစ္ႏိုင္တာထက္ ပိုၿပီး ေမွ်ာ္လင့္ခ်က္မထားဘူးဆိုတဲ့ စိတ္ဓာတ္ကို သေဘာက်တယ္...ဒီမွာက ျဖစ္ခ်င္တာပဲ ဦးစားေပးတဲ့ မိဘေတြနဲ႔ မျဖစ္ႏို္င္ေသးတဲ့ ကေလးေတြကို ရင္ၾကားေစ့ေပးေနရလြန္းလို႔...

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

စန္းထြန္းေရ စာေရးေကာင္းလိုက္တာ
ဖတ္လို႕ေကာင္းေနတုန္း ျပီးသြားတယ္လို႕ထင္မိတယ္။
စိတ္ဝင္စားေအာင္ ေရးတတ္တယ္ေနာ္။
ေနာက္လဲဒီလိုဝတၳဳေလးေတြ ဖတ္ခ်င္ပါေသးတယ္
ေရးပါဦးလို႔ေနာ္။

ညီရဲ said...

စိတ္ဝင္တစား ေစာင့္ဖတ္လာခဲ့ရတာ ခုေတာ့ ဇာတ္သိမ္းခန္းကို ေရာက္ျပီေပါ့... စိတ္ဝင္စားဖြယ္ ဗဟုသုတလဲ ရျပီး ဖတ္လို ့လဲေကာင္းတဲ့ ဝတၳဳေလး တစ္ပုဒ္ကို ဖတ္ခြင့္ရခဲ့လုိ ့ေက်းဇူးပါ...

ညီလင္းသစ္ said...

အခုမွ လာျဖစ္တယ္ ညီမစန္းထြန္းေရ..၊ လာလည္း လာေရာ.. ဇတ္သိမ္းပိုင္းနဲ႔ တိုးေနတယ္၊ ဝတၳဳစာအုပ္ အသစ္ဝယ္ၿပီး ျပန္အလာ ေလခပ္ျပင္ျပင္း တိုက္ေတာ့ ေနာက္ဆံုး စာမ်က္ႏွာက ကိုယ့္မ်က္စိေ႐ွ႕မွာ ပြင့္သြား တာမ်ိဳးေပါ့..၊ း) ဒါလည္း ဖတ္လို႔ ေကာင္းတယ္..။ း))

ေ၀မုိးႏုိင္ said...

ကိုစန္းထြန္းေရ.
ေရာက္ခဲ႔တယ္ဗ်ာ။ ကၽြန္မ၏ေမေမေလး ဖတ္သြားတယ္။ မေရာက္ၿဖစ္တာႀကာသြားၿပီ။ ကၽြန္မ၏ေမေမကို အစအဆုံး ၿပန္ဖတ္သြားတယ္။ ႀကိဳက္တယ္ဗ်ာ။ ဆက္ေရးပါ။ အားေပးေနပါတယ္။

San San Htun said...

မဒိုးကန္၊ ဆရာဟန္၊ မေခ်ာ၊ ညီရဲ၊ ေဝမိုးႏိုင္(မံုရြာ) တကူးတက ေစာင့္ဖတ္ေပးၾကတာ ေက်းဇူးပါ ခင္ဗ်ား
ကိုညီလင္းသစ္ ဘယ္ရမလဲ ဝထၳဳေရွ ့စာမ်က္ႏွာပြင့္ေအာင္ ေလခပ္ၿပင္းၿပင္း တိုက္လိုက္စမ္းမယ္.. :P

ေန၀သန္ said...

ခရီးသြားေနတုန္း.. ဒါေလးလြတ္သြားတယ္.. း)... ၀တၳဳေကာင္းေလးပါ.. ဒါေလးကို ခ်ဲ႕ေရးလိုက္ရင္ လံုးခ်င္းတစ္ပုဒ္ျဖစ္ႏိုင္တယ္.. း))

ခင္မင္လ်က္
ေန၀သန္

San San Htun said...

Anonymous said...
အိုးအို..
ပြီးပါပြီဆိုတော့မစောင့်ရတော့ဘူးပေါ့။ း))
ကောင်းပါတယ်စန်းထွန်းရေ။ ဆက်ကြိုးစားပါ။
အိုင်အိုရာ
March 18, 2012 at 2:43 AM
ညိမ်းနိုင် said...
တော်သေးတာပေါ့ နားကြားကိရိယာတပ်လို့ရလို့....။
ပြီးသွားပြီလား....၊နဲနဲချုံလိုက်သလိုပဲ....၊နောက်ထပ်
၂ပိုင်း၊၃ပိုင်းလောက်တော့ဆက်ဖတ်ချင်နေသေးတာက
လား.....၊
March 18, 2012 at 6:22 AM
စံပယ်ချို said...
စန်းထွန်းရေ မြန်မြန်ပြီးလိုက်သလားလို့
ဆက်မာ်ဆိုရင်ဆက်ရသေးတယ်နော်
ချစ်တဲ့ sis jasmine
March 18, 2012 at 9:46 AM
San San Htun said...
မအိုင်အိုရာ မစောင့်ရတော့ဘူး းD
ကိုညိမ်းနိုင်၊ ဂျက် အစကတော့ ၂ပိုင်းပဲ ရေးမယ်ဆိုပြီး ရေးရင်း ရေးရင်း ၄ပိုင်း ရောက်လာတာ..ဒီဒီ့အချစ်ဇာတ်လမ်းတွေ ထပ်ထည့်ရင် အပိုင်းတွေ ထပ်များနေမှာမို့
March 18, 2012 at 10:36 AM
မဒမ်ကိုး said...
အွန် ပြီးသွားပြီလား

တကယ်ကိုဘဲဖတ်လို့ကောင်းတဲ့ဆွဲဆောင်မှု့အပြည့်ရှိတဲ့ပိုစ်ကောင်းတခုပါ စန်းထွန်းရေ

အားပေးနေတယ်

ချစ်တဲ့

ဒိုးကန်
March 19, 2012 at 3:59 AM
ဟန်ကြည် said...
ဒီပို့စ်ထဲမှာ ... ဖြစ်နိုင်တာထက် ပိုပြီး မျှော်လင့်ချက်မထားဘူးဆိုတဲ့ စိတ်ဓာတ်ကို သဘောကျတယ်...ဒီမှာက ဖြစ်ချင်တာပဲ ဦးစားပေးတဲ့ မိဘတွေနဲ့ မဖြစ်နိုင်သေးတဲ့ ကလေးတွေကို ရင်ကြားစေ့ပေးနေရလွန်းလို့...
March 19, 2012 at 7:35 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ စာရေးကောင်းလိုက်တာ
ဖတ်လို့ကောင်းနေတုန်း ပြီးသွားတယ်လို့ထင်မိတယ်။
စိတ်ဝင်စားအောင် ရေးတတ်တယ်နော်။
နောက်လဲဒီလိုဝတ္ထုလေးတွေ ဖတ်ချင်ပါသေးတယ်
ရေးပါဦးလို့နော်။
March 20, 2012 at 5:56 PM
ညီရဲ said...
စိတ်ဝင်တစား စောင့်ဖတ်လာခဲ့ရတာ ခုတော့ ဇာတ်သိမ်းခန်းကို ရောက်ပြီပေါ့... စိတ်ဝင်စားဖွယ် ဗဟုသုတလဲ ရပြီး ဖတ်လို့လဲကောင်းတဲ့ ဝတ္ထုလေး တစ်ပုဒ်ကို ဖတ်ခွင့်ရခဲ့လို့ကျေးဇူးပါ...
March 20, 2012 at 10:19 PM
ညီလင်းသစ် said...
အခုမှ လာဖြစ်တယ် ညီမစန်းထွန်းရေ..၊ လာလည်း လာရော.. ဇတ်သိမ်းပိုင်းနဲ့ တိုးနေတယ်၊ ဝတ္ထုစာအုပ် အသစ်ဝယ်ပြီး ပြန်အလာ လေခပ်ပြင်ပြင်း တိုက်တော့ နောက်ဆုံး စာမျက်နှာက ကိုယ့်မျက်စိရှေ့မှာ ပွင့်သွား တာမျိုးပေါ့..၊ း) ဒါလည်း ဖတ်လို့ ကောင်းတယ်..။ း))
March 23, 2012 at 12:44 PM
ဝေမိုးနိုင် said...
ကိုစန်းထွန်းရေ.
ရောက်ခဲ့တယ်ဗျာ။ ကျွန်မ၏မေမေလေး ဖတ်သွားတယ်။ မရောက်ဖြစ်တာကြာသွားပြီ။ ကျွန်မ၏မေမေကို အစအဆုံး ပြန်ဖတ်သွားတယ်။ ကြိုက်တယ်ဗျာ။ ဆက်ရေးပါ။ အားပေးနေပါတယ်။
March 24, 2012 at 1:54 AM
San San Htun said...
မဒိုးကန်၊ ဆရာဟန်၊ မချော၊ ညီရဲ၊ ဝေမိုးနိုင်(မုံရွာ) တကူးတက စောင့်ဖတ်ပေးကြတာ ကျေးဇူးပါ ခင်ဗျား
ကိုညီလင်းသစ် ဘယ်ရမလဲ ဝထ္ထုရှေ့စာမျက်နှာပွင့်အောင် လေခပ်ပြင်းပြင်း တိုက်လိုက်စမ်းမယ်.. :P
March 24, 2012 at 4:30 PM
နေဝသန် said...
ခရီးသွားနေတုန်း.. ဒါလေးလွတ်သွားတယ်.. း)... ဝတ္ထုကောင်းလေးပါ.. ဒါလေးကို ချဲ့ရေးလိုက်ရင် လုံးချင်းတစ်ပုဒ်ဖြစ်နိုင်တယ်.. း))

ခင်မင်လျက်
နေဝသန်
March 25, 2012 at 7:33 AM