Life


When I saw this picture on the Facebook, I really adored it. It's name is "I am programmer, I have no life". It reveals our employee's life. So I just want to share it.

San Htun
January 30,2012.

စန်းထွန်း တောင်တက်နေသည် - ၃

စန်းထွန်းတယောက် ပျောက်ချက်သား ကောင်းနေတော ဘယ်တွေရောက်လို့ ဘာတွေပေါက်။ အရှုပ်တွေ လုပ်၊ ကွန်ပျူတာကလည်း Vista ကနေ Windows 7 ပြောင်းလိုက်တာ crash ဖြစ်ပြီး IT Department မှာ ၃ရက်လောက် အနားသွားယူပါတယ်။ စန်းထွန်းခမျာ ကျောင်းက ကွန်ပျူတာကြီးနဲ့ နှစ်ပါးသွားနေရတာပေါ့။ ကျောင်းက ကွန်ပျူတာတွေက မြန်မာစာဖောင့်သွင်းခွင့် မရှိတော့ ဘလော့ကြီးနဲ့ အဆက်အသွယ် ခဏပြတ်သွားတယ်။ ည ၉နာရီခွဲ Lab Monitor တံခါးလာပိတ်တဲ့အချိန် အဆောင်ပြန်။ အဆောင်ရောက်ရင် ဘာမှလုပ်စရာ မရှိလို့ စာဖတ်ရင်း အိပ်ပျော်သွား။ ကွန်ပျူတာ မရှိတာ သူငယ်ချင်း၊ အပေါင်းအသင်း မဲ့သွားသလိုပဲ :) ။

ကွန်ပျူတာ ရရချင်း ဘာလုပ်တယ် ထင်သလဲ။ နောက်ဆုံးတောင်လေးကို ပြေးတက်လိုက်ဦးမှ။ ဖေ့ဘွတ်မှာ တွေ့တဲ့တောင်ကို မတွေ့ရလို့၊ ISS တောင်ကုန်းသာသာ တောင်လေးကို တက်ရလို့ မကျေမချမ်း ဖြစ်နေကြတဲ့ စန်းထွန်းနဲ့ အိအိ အဲဒီတောင်ကို တွေ့အောင်ရှာမယ်လို့ ကြုံးဝါးကြပါတယ်။ ET တို့ တက်ခဲ့ကြတာ Bukit Timah တောင်။ စန်းထွန်းတို့ သွားခဲ့တာက Bukit Batok တောင်။ ဟဲ..ဟဲ Bukit ခြင်းတော့ တူတယ် :P ။

နောက်၂ပတ်အကြာမှာ  Bukit Timah ဆီ မကြေပွဲ နွှဲကြပြန်တယ်။ ဆုံရပ်က Bukit Batok MRT ၊ အချိန်က ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၀ ရက် စနေနေ့ မနက် ၁၀နာရီလောက်။ ကားစီး၊ တောင်တွေ မြင်ရပြီး တာဝါတိုင်မြင်တာနဲ့ ဆင်း၊ လမ်းလျှောက်။ တောင်ခြေရောက်ရင်ပဲ တော်တော်ဟိုက်နေပြီ။ ဒီတခါတော့ ကိုယ့်လို ဖလမ်းဖလမ်းထသူတွေ အများသား။ ကျောင်းသားတွေ၊ အငြိမ်းစားကြီးတွေ အုပ်စုလိုက်။

မျောက်တွေ ဆွဲမှာစိုးလို့ မုန့်ထုပ်တွေ အိတ်ထဲထည့်ဖို့ တာဝန်ရှိသူက လာပြောပါတယ်။ မျက်စိနောက်ရင် လိုက်ဆွဲတတ်တဲ့ ပုပ္ပားက မျောက်တွေလိုပါပဲလား။ တက်ရမဲ့ လမ်းကြောင်းကို အနီ၊အပြာ၊အဝါ၊အစိမ်း ကြာချိန်၊ လွယ်တဲ့လမ်း၊ ခက်တဲ့လမ်း အသေအချာ ညွှန်ပေးထားပါတယ်။ အခက်ဆုံး၊ အဝေးဆုံးလမ်းကို ရွေးလိုက်ကြတယ်။ ဘာအရောင်လဲတော့ မမှတ်မိ။


 ဒီတခါတော့ ISS ကုန်းသာသာ မဟုတ်ဘူးဗျား။ မတ်မတ်ကြီး ဟိုက်နေအောင် တက်ရတယ်။ သစ်ပင်တွေက နေပြောက်မထိုးအောင်ပါပဲ။ လမ်းမှားမှာလဲ မပူရပါဘူး။ လမ်းတလျှောက် အနီရောင်၊ အပြာရောင်လိုင်းဆိုရင် ဒီဘက်၊ အဝါရောင် ဒီကနေ လမ်းခွဲ။

credit to ET

 တောင်ထိပ် ရောက်ပါပြီ ခင်ည။


ငှက်ကြည့်နေသူတွေကို တွေ့တယ်။ ဒီဓာတ်ပုံကို မမအိုင်အိုရာ မြင်ရင် ဒန့်ဒန့်ဒန့် ဖြစ်သွားမယ်။ ငှက်ကြည့်ချင်စိတ် ပေါက်သွားမယ်ကို ပြောတာပါ ဟိ..ဟိ။
ငှက်ြကည့်ြကသူများ credit to Ei Ei

ပြန်ဆင်းတော့ တော်တောင်ကြီး ဆင်းယူရတယ်။ မတ်လွန်း၊ ခက်လွန်းလို့။ လူလည်း နည်းတယ်။ ကိုယ်တွေက အဆင်းမို့ တော်သေးတယ်။ တက်တဲ့သူများကတော့ ဟိုက်နေအောင် တက်ယူရမယ်။


ရေတံခွန်လေးတွေ့တယ်။

စီးကြဦးမလား‌ဟေ့ မြနန်းနွယ်ဒန်း

၁နာရီလောက်ကြာလို့ ရှာနေတဲ့ တောင်ကို မတွေ့လို့ ရေကန်ဆီ တွေ့မလား ချီတက်ကြပြန်တယ်။ မြေပုံမှာသာ ဝေးတာ၊ လျှောက်တော့လည်း နီးသား။ မိုးကလည်း တဖြောက်ဖြောက်။


မတွေ့ပြန်ဘူး။ စိတ်ကြီးတဲ့ အိအိ  တာဝန်ရှိသူတွေကို သူ့ပန်းသီးကြီးနဲ့ ဓာတ်ပုံပြပြီး မေးတော့မှ Dairy Farm Route ဖက်မှာ ရှိတယ်။ တော်တော်ဝေးတယ်လို့ ဆိုပါတယ်။

အဲဒီတောင်ကို မတွေ့မချင်း တွေ့အောင် ရှာမယ်လို့ ဇွဲနပန်း ခတ်သော်ငြားလည်း စတိတ်ကို သွားမယ်လို့ ဆုံးဖြတ်ပြီး ဒီဇင်ဘာမှာ ရန်ကုန်ပြန်တာရော၊ အိအိကလည်း မအားတာနဲ့ အဲဒီတောင်ကို တွေ့အောင် မရှာလိုက်ရပါဘူး။ အဲဒီတောင် ဘာများထူးခြားလို့လဲလို့ ထင်မိမယ်။ ဘာမှ မထူးခြားပါဘူး။ ရိုးရိုးသာမာန်တောင်လေးနဲ့ မြက်ခင်းစိမ်းစိမ်းပြန့်ပြန့်လေးပါ။

တရားခံက ဒီတောင်တာင် credit to ET
အဲဒီလို အုပ်တောင့်တောင့်နဲ့ တောင်တက်ချင်တာ..အားကျပါဘိ..
ခုတော့ အိအိနဲ့ နှစ်ဗွေတည်း ဒိုးရရှာသည်..
တဗွေတည်း ဒိုးတဲ့ ကိုညိမ်းထက်တော့ သာသေးတာပ..:P....
ခွင့်မတောင်းဘဲ တင်လိုက်ပါတယ်..မကျေနပ်ရင် စီဘောက်မှာ လာအော်..ဒါဗြဲ
credit to ET
credit to ET
credit to ET
အဓိကတော့ ET၊ မယဉ်စု၊ အဲအဲတို့လို တောင်ကို နောက်ခံထားပြီး မြက်ခင်းစိမ်းစိမ်းလေးနဲ့ ဓာတ်ပုံရိုက်ချင်တာပါ။ နို့မို့ ခြင်္သေ့ကျွှန်းမှာ စန်းထွန်း မတက်ဘူးတဲ့တောင် မရှိဘူးလို့ ကြုံးဝါးလို့ရတယ်။ ခုတော့ ကြုံးဝါးခွင့် မကြုံလိုက်ဘူး။

တောင်တွေ တက်နိုင်ကြပါစေ..ခွိ..ခွိ..

စန်းထွန်း
ဇန်နဝါရီ ၂၈၊ ၂၀၁၂။

ရပ်ကွက်ထဲမှာတော့ဗျာ - ၈

ဒီတခေါက်  2 weeks seminar course က ကျောင်းသားများလို့ ၃ဘာသာ သင်ပါတယ်။ ပရော်ဖက်ဆာ Seifu က Project Management ၊ ပရောက်ဖက်ဆာ Steve Nolle က Enterprise Application ၊ ပရော်ဖက်ဆာ Michael (မိခဲ ဟု အသံထွက်သည်) က Spring & Hibernate ။ Spring & Hibernate  က အရမ်းကောင်းပေမဲ့  မိုင်း၊ ဆူနမ်တို့တွေ မနက် ၁၀ နာရီကနေ နေ့လည် ၁နာရီခွဲတဲ့ အထိ နေ့လည်စာလွတ်ကာ ကြိ ုးစားပမ်းစားဖြေပေမဲ့ အဖြေမထွက်တဲ့ စာမေးပွဲပါ။ အဲဒီအကြောင်း Before & After ဆိုပြီး ပို့စ်တောင်ရေးဖူးသေးတယ်။ မိုင်းက Spring & Hibernate  ကို နိုး..နိုး။ Steve Nolle ရဲ့ Enterprise Application ယူဆိုပေမဲ့ June Entry ကျောင်းသားအားလုံး Spring & Hibernate  ယူရမယ်လို့ ကျောင်းက ဗီတိုအာဏာသုံးကာ တချက်လွှတ် အမိန့်ချလိုက်တော့ Spring & Hibernate ယူရပါတယ်။

ဒီဇင်ဘာ seminar course တုန်းက Project Management နဲ့ System Design course ၂ခုရှိပေမဲ့ System Design ကို ဖြ ုတ်ပြီး Project Management ပဲသင်တဲ့အခါ သင်တဲ့ဆရာကလည်း မကောင်းတော့ ကျောင်းသားတွေ Useless လို့ ကွန်ပလိမ်းကြသေးတယ်။ စန်းထွန်းတို့အလှည့် seminar course ကတော့ ကောင်းတယ်။ Spring & Hibernate  seminar course က တကယ့်ကို ဘီးစီးပါတယ်။ သင်ရတဲ့ ၂ပတ်က ၂လလောက်နဲ့ ညီတယ်။

ပရော်ဖက်ဆာ  Michael က မိုင်း၊ ဆူနမ်တို့လို  စာမေးပွဲကို never never do it again လို့ ဆိုလာပါတယ်။ သင်တဲ့စတိုင် ပြောင်းလိုက်တယ်။ ပထမတပတ် Spring ကို ရေးဖြေရော၊ ကွန်ပျူတာနဲ့ ဖြေရတယ်။ ဒုတိယ အပတ်ကို Hibernate သင်ပြီး ရေးဖြေ ဖြေရတယ်။ ပြီးရင် Spring နဲ့ Hibernate ပေါင်းတယ်။  တယောက်မှ စာမေးပွဲ မကျဘူး။ ဒီနည်းက ထိရောက်တယ်။


ပရော်ဖက်ဆာ Michael က နယ်သာလန်ကို ခွင့်ယူကာ ပြန်တာကြောင့် ပရောဂျက်ကို ပရော်ဖက်ဆာ Najeeb နဲ့ ဆက်လုပ်ရပါတယ်။ ပရောက်ဖက်ဆာ Michael က Console နဲ့ သင်သွားပေမဲ့ ပရော်ဖက်ဆာ Najeeb က web application လိုချင်တယ်ဆိုလို့ ကျောင်းသားတွေခမျာ ယက်ကန်ယက်ကန် ရေကူးကြရသေးတယ်။ စန်းထွန်းတောင် အိပ်မပျော်၊ စားမဝင် Stress လိုက်သေးတယ်။

Individual ပြီးလို့ အုပ်စုထဲက ပြီးတဲ့၊ ကောင်းတဲ့သူတွေရဲ့ project ကို enhance လုပ်တော့ စန်းထွန်းတို့ အုပ်စုက Security ၊ Benjamin တို့ အုပ်စုက Cloud ၊ Daniel တို့အုပ်စုက  Mobile ၊ Adbul တို့အုပ်စုက Log ၊ Xiao Bai တို့အုပ်စုက Social Network ၊ Yanzi တို့ အုပ်စုက Ajax လုပ်ရပါတယ်။ ပရော်ဂျက်ပြီးလို့ presentation လုပ်ချိန်မှာ ရှင်းပြတော့ သိသွားတာပေါ့။ ပင်ပန်းရကျိုးနပ်တဲ့ course လေးပါ။

ကားမောင်းလိုင်စင်ကို လိုက်ပေးမဲ့သူ မရှိဘဲ တယောက်တည်း သွားဖြေတာ ၂ပတ် ဘမ်းလိုက်တယ်။ parallel parking မကွျှမ်းတာလဲ ပါတယ်။ ဒီတော့ Spring & Hibernate course ကို ပိုအာရုံစိုက်ဖြစ်တာပေါ့။
အခု Career Strategies course တက်နေရပါတယ်။ အင်တာဗျူးတာတွေ ဘယ်လိုဖြေရမလဲ အလုပ်မဝင်ခင် သိသင့်တာတွေ လေ့ကျင့်သင်ကြားပေးတဲ့ course ပါ။ မပင်ပန်းပေမဲ့ အလုပ်မရမှာ စိတ်ပူပြီး စိတ်ဖိစီးတယ်။


မနေ့ကပဲ စီဗွီကို job search ဆိုဒ်မှာ တင်တာ ဒီနေ့ ဖုန်းတွေ၊ အီးမေးလ်တွေ လာပြီ။ စလုံးနဲ့ကွာပါ။ စလုံးမှာဆို တလလောက်မှ ခေါ်တာကလား။ စတိတ်က recruiter တွေ သောက်ကျိုးနည်း တယ်အလုပ်လုပ်သကိုး။ သူတို့အလုပ်အရမ်းလုပ်တာ ကောင်းပေမဲ့ ကိုယ်တွေမှာတော့ စားနေတုန်း ဖုန်းလာပြန်ပြီ။ စားကောင်းခြင်း မစားရ၊ အိပ်ရာကတောင် မနှိုးသေးဘူး ဖုန်းလာပြန်ပြီ အိပ်ကောင်းခြင်း မအိပ်ရ။ မျက်လုံးမဖွင့်ဘဲ အင်တာဗျူးဖြေလိုက်သေးတယ်။ ဟိုဖက်ကတော့ အနံ့တွေများ ရမလား မသိ။ မကိုင်ရင်လည်း အခွင့်အရေးတွေ လွှတ်သွားမို့လို့နဲ့။ ဖုန်းပြောရမှာတောင် ကြောက်တယ်။ ဒါကြောင့် စီနီယာတွေက ပြောပါတယ် After you submit your resume at job search site, your life will be miserable တဲ့။

အလုပ်လျှောက်တာကလည်း ပင်ပန်းတကိုး။ ကိုယ်နဲ့ကိုက်တယ်ထင်ရင် စီဗွီတွေ ပစ်တင်၊ အင်တာဗျူးဖို့အတွက် စာတွေဖတ်၊ ကိုယ့် knowledge ကို update လုပ်နဲ့။ အလုပ်မရသေးတဲ့ စီနီယာတွေကို ကြည့်ကာ စိတ်ပူ၊ အလုပ်ရသွားတဲ့ သူငယ်ချင်းတွေကိုလည်း အားကျ။ တော်ပြီး အလုပ်မရသေးတဲ့သူတွေ၊ မတော်ပေမဲ့ အလုပ်ကောင်းရသွားတဲ့သူတွေ တွေ့ရတော့ ဆူနမ်ပြောသလို depends on luck ။



စီးပွားပျက်ကပ်ဖြစ်လို့ DBS ဘဏ်ကနေ IT Professionals ၉၀၀ကျော် ဖြ ုတ်တဲ့နှစ်မှာ စလုံးရောက်ပေမဲ့ ကျောင်းပြီးတဲ့အချိန် စီးပွားရေးပြန်ကောင်းလာတော့ ကျောင်းပြီးလို့ တလကျော်အတွင်း ကျောင်းသားအားလုံးနီးပါး အလုပ်ရပါတယ်။ NUS ကလည်း ကမ္ဘာ့မှာ ၂၄ ကိုး။ အလုပ်ရှာတုန်းကများဆို စန်းထွန်းတယောက် စားလိုက်၊ သောက်လိုက်၊ ကိုရီးယားကြည့်လိုက်၊ အလုပ်လျှောက်လိုက်၊ အင်တာဗျူးသွားလိုက်နဲ့ သိပ်စိတ်ဖိစီးရှာတယ်ထင်ပါ့ ဝဖီးလာတယ်။ ကပ်စားစရာ မကြီးတယောက်လုံး အနားမှာ ရှိနေတာကိုး။

 အမျိုးတွေရှိတဲ့သူက အမျိုးတွေမှာ သွားနေပြီး အလုပ်ရှာ၊ ခင်ပွန်း၊ ချစ်သူရှိတဲ့သူတွေကလည်း သူတို့ချစ်ချစ်ဆီသွားပေါ့။ အမျိုးလည်းမရှိ၊ ချစ်ချစ်လည်း မရှိတဲ့ စန်းထွန်းခမျာ ဘယ်ဆီဘယ်ဝယ် သွားရမယ် မသိလို့ ယောင်ချာချာ။ တချို့တွေကတော့ New York မှ New York ။ Ohio က Offer ကမ်းရင်တောင် မယူတဲ့  New York crazy။ တချို့ကတော့ California မှ California ။ စန်းထွန်းကတော့ cali မှ မ cali ၊ New York crazy လည်း မဟုတ်။ ကပ်စားရအောင် မကြီးကလည်း မရှိတော့ တော်တော် စိတ်ပိန်တယ်။ လူပါ ပိန်သွားရင် ကောင်းမယ်။

ဆူနမ်၊ ရာမား၊ မိုင်းတို့ကလည်း ကားမောင်းလိုင်စင် အရေးကြီးတယ်။ လိုင်စင်ရအောင် လုပ်ဆိုတော့ တပူပေါ် နှစ်ပူဆင့်။ စနေနေ့ အတန်းပြီးချိန်ဆို ဘလော့တွေဖတ်လိုက်၊ ရုပ်ရှင်ကြည့်နဲ့ အေးအေးဆေးဆေး နှပ်ပေမဲ့ ခုတော့ စာပင်ပန်းတာလည်း မရှိဘဲ မအေးဆေးဘူးဗျား။ ပူနေတယ်။ ရုပ်ရှင်လည်း ကောင်းကောင်းမကြည့်နိုင်၊ ဘလော့ဂင်းတာလည်း စိတ်မဖြောင့်။

စလုံးမှာတုန်းကတော့ တော်တော်ပျော်တာဗျို့။ မကြီးက အရာရာစီစဉ်ပေး၊ ဘိုင်ပြတ်ရင် မကြီးဆီက တောင်းသုံး။ ကျောင်းမှာလည်း မြန်မာတွေက အများကြီး၊ အစားအသာက်ကလည်း အဆင်ပြေ၊ အလုပ်ကလည်း အဆင်ပြေဆိုတော့ ဘာအခက်အခဲမှကို မရှိခဲ့တာ။ စင်္ကာပူဆိုတာ မေ့ပြီး ရန်ကုန်လို့တောင် ထင်နေတာ။


သေချင်တဲ့ကျား တောပြောင်းတာလား မသိ။ ဒီကျောင်းရလို့ စတိတ်ကို ထွက်လာကတည်းက မပျော်တော့တာ ဘာလိုလိုနဲ့၁နှစ်တောင် ရှိပြီ။ မြန်မာဆိုလို့ တယောက်တည်း အမကျန် အဲလေ အထီးကျန်။ အစားအသောက်ကလည်း ကမ္ဘာပေါ်မှာ အဆိုးဆုံးအစားအစာကို ပြပါဆိုရင် ဒီကျောင်းက အစားအသောက်ကို ပြရမယ်။ ဘယ်သူမှ မစားနိုင်တဲ့ စန်းထွန်းလက်စွမ်းပြထားတဲ့ ဟင်းတောင် သူ့ထက် သာတယ်။ တကယ်ပြောတာ အဟုတ်။  သံပုရာသီးညှစ်၊ ဆားဖြ ူး modify လုပ်ပြီးမှ စားလို့ဝင်တယ်။ ဘယ်တော့မှ၊ ဘယ်လိုမှ မပိန်တဲ့ စန်းထွန်း ၄ပေါင်ကျတာကြည့်တော့။ အရင်တုန်းကတော့ ဆူနမ်တို့ ချက်ပြ ုတ်ရင် လိုက်ချက်ပေမဲ့ အခုတော့ တယောက်တည်းဖြစ်လို့ ပျင်းတာရော၊ မီးဖိုချောင်ကလည်း ပိတ်ထားတာ များလို့ ခေါက်ဆွဲပြ ုတ်နဲ့ပဲ နှစ်ပါးသွားဖြစ်တယ်။



ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နဲ့ ယှဉ်ရင် ဒီကျောင်းက ကောင်းပါတယ်။ NUS နဲ့ယှဉ်ပြီး ဒီကျောင်းကို မကြိ ုက်ရေးချ လုံးဝမကြိ ုက်။ စလုံးမှာ နေလို့ ကွန်ပလိမ်းတတ်သွားတဲ့ စန်းထွန်း ကွန်ပလိမ်းရင် မကြိ ုက်တဲ့ မျက်နှာပေးတွေ မြင်ရတော့ စလုံးမှာပဲ ကွန်ပလိမ်းလို့ရမှန်း သိသွားတယ်။ အဓိပ္ပာယ် အကျိုးမရှိ၊ အရေးမပါတာတွေ သင်ရတယ်လို့ တွေးမိတဲ့အခါ၊ ကိုယ်ရွေးချယ်တာကို ဗီတိုအာဏာသုံးတဲ့အခါ အစာမကြေတာတွေ ကျိတ်မှိတ်မျိုချတတ်၊ မကြိ ုက်သော်လည်း ကြိ ုက်ချင်ယောင်ဆောင်။ စန်းထွန်းတယောက် မြိ ုချတတ်၊ ဟန်ဆောင်တတ်နေပြီ။

ရှုံးနိမ့်မှုဆိုတာကို ကြံ ုရတဲ့အခါ ကြံ့ကြံ့ခံတတ်အောင်၊ မတ်တပ်ရပ်နိုင်အောင် သင်ယူခဲ့တယ်။ တယောက်တည်း ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူခဲ့တယ်။ တခါတလေ တွေးမိတယ် ငါ့နှယ်နော် စလုံးမှာ နေမိတာ ကောင်းသား။ ဒုက္ခနဲ့ လှလှ အဲလေ စန်းထွန်း တွေ့ချင်လို့ စတိတ်ကို လာမိတာပါလားလို့ နောင်တရမိတယ်။

ပုသိမ်မှာ ကျောင်းတက်တုန်းက ထမင်းမဝဘူး မေကြီးရေလို့ ပြောလိုက်တာနဲ့ ဖေကြီးနဲ့ မေကြီးခမျာ ရွှေရင်ဆို့ကာ အိပ်တောင် မပျော်ဖြစ်တယ်။ သမီးတွေ ပညာတတ်စေချင်လို့ မြိ ု့မှာ ပညာသင်ခိုင်းမိတာ မှားပြီးလားပေါ့။ တောမှာ တဝတပြဲတီးခဲ့သူတွေ စကေးနဲ့စားတဲ့ မြိ ု့ရောက်တော့ Culture gap ဖြစ်သွားတာကိုး။ အခုလည်း အစားအသောက်မကောင်းဘူး ဖေကြီးရေ၊ မပျော်ဘူး မေကြီးရေ ဆိုတော့ မိဘတွေခမျာလည်း စိတ်ပူကြရှာတယ်။ အလိမ္မာတုံးလေး မိစန်းထွန်းကလည်း အဆင်ပြေတယ်လို့ မညာဘူးဗျား။

အခုလည်း ဘယ်ဆီဘယ်ဝယ်လွင့်မယ်ဆိုတာ မသိတဲ့ ရော်ရွှက်ဝါလိုပါပဲ။ ရှေ့ဘာဆက်ဖြစ်မလဲ မသိဘူး။ မှုန်ဝါးဝါးနဲ့ လမ်းပျောက်နေတယ်။ မသေချာဘူး၊ မရေရာဘူး၊ မပြီးဆုံးသေးဘူး။

ဒီမြိ ု့ကလူတွေက ရင်းနှီးဖော်ရွေကူညီတတ်၊ ဆူနမ်၊ ရားမား၊ မိုင်းတို့လို  သူငယ်ချင်းတွေ ရလို့ တော်သေးတယ်။ မနေ့က ရာမားက အလုပ်ရတဲ့ အထိမ်းအမှတ်ဆိုပြီး ဆူနမ် Pizza Hut က ပီဇာရယ်၊ ကြက်ကြော်ရယ်ကို အွန်လိုင်းကနေ မှာပြီး ကွျှေးပါတယ်။ မိုင်းအလုပ်ရတုန်းကလည်း PizzaRanch မှာ တပျော်တပါး စားခဲ့ကြတယ်။ စတိတ်မှာ လက်ချိူးရေမှ စုစုပေါင်း ၃ယောက်သာရှိတဲ့ ၊ မိုင်ထောင်ချီအဝေးမှာရှိတဲ့ သူငယ်ချင်းက ခုလို သတိတရ၊ တကူးတက စားစေချင်လို့ မုန့်လှမ်းပို့ပေးတာ စန်းထွန်းတယောက် ဝမ်းသာလို့ မျက်ရည်ကျတယ်။



ပန်ဒါ Yanzi လေးကို အတူစားဖို့ သွားခေါ်ပေမဲ့ အပြင်ထွက်စားမို့လို့တဲ့။ ပီဇာလေးက အဖိုးမတန် ဈေးမကြီးပါဘူး။ ၁၁ကျပ်ပဲ ကျတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မေတ္တာကတော့ တန်ဖိုးကြီးတယ်။ အပြင်မှာ နှင်းဖွေးဖွေး၊ အေးစက်စက် ကြက်သားတုံးကို တယောက်တည်း စားရတဲ့အခါ မိသားစုတွေ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေ စကားတပြောပြော လုစားခဲ့ကြတာ သတိရမိတယ်။ Discount Cupon လေးနဲ့Toa Payoh Pizza Hut ကနေ ပီဇာသေးသေးလေးဝယ်၊ ပန်းခြံလေးမှာ ထိုင်စားကာ ညီအမနှစ်ယောက် ခွျှေတာခြိ ုးခြံခဲ့ကြတဲ့အချိန်တွေကို သတိရမိတယ်။

ကိုနေဘုန်းလတ်က ထောင်ထဲမှာ နေရတုန်းက နံရံပေါ်မှာ ပေါ်လာတဲ့ လက်တဖက်လေးက သူတယောက်တည်း မဟုတ်ဘူး၊ အဖေါ်တွေ ရှိတယ်လို့ အားတက်စေခဲ့ပါတယ်တဲ့။ ပီဇာသေးသေးကလည်း တယောက်တည်း မဟုတ်ဘူး၊ သူငယ်ချင်းတွေ ရှိတယ်လို့ အားတက်စေပါတယ်။ သူငယ်ချင်းတွေရဲ ့ နွေးထွေးမှုလေးကို ခံစားရလို့ မျက်ရည်ကျကာ ပြံ ုးနေတဲ့ စန်းထွန်းကို မြင်ရရင် ရူးများသွားပြီလားလို့ ထင်မိမယ်။

စန်းထွန်းတယောက် ဒုက္ခအထူကြီးနဲ့ ရူးနေခဲ့ဖူးတယ်။ (မဒိုးကန် CopyRight နဲ့ တရားမစွဲကြေး)

စန်းထွန်း
ဇန်နဝါရီ ၁၉၊ ၂၀၁၂။

စန်းထွန်း တောင်တက်နေသည် - ၂

Spring & Hibernate course နဲ့ဘီးစီးနေတာ ပရောဂျက်ပြီးလို့ အားတုန်းလေး တောင်ပြေးတက်လိုက်ဦးမှ။

ဒီတခေါက် တောင်တက်ချင်ရတဲ့ အကြောင်းကတော့ ISS (Institute Of System Science) က ဘော်ဒါတွေဖြစ်တဲ့ အီးတီ၊ မယဉ်စု၊ အဲအဲတို့ တောင်တက်ကာ ဖလမ်းဖလမ်းထကြတဲ့ ဓာတ်ပုံတွေ ဖေ့ဘွတ်တင်တော့ ကိုယ်လည်း သူတို့လို ဖလမ်းဖလမ်းထချင်ကြရော။ နေရာက Bukit Batok တဲ့။ ၂၀၁၀ နိုဝင်ဘာလရဲ့ တခုသော စနေနေ့မနက်ခင်းမှာ အိအိနဲ့ ချီတက်ကြပြန်တယ်။ ဆုံရပ်က အနီရောင် မီးရထားလိုင်း Bukit Batok MRT ။ ကားစီးပြီး ဆင်းရမဲ့ နေရာရောက်လို့ ဆင်းလိုက်တော့ တောင်နဲ့တူတာဆိုလို့ တခုမှ မတွေ့ဘူးဗျား။

ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက် လမ်းသလားလိုက်။ အိအိကလည်း အရင်တက်ခဲ့တဲ့ သူငယ်ချင်းတွေကို ဖုန်းနဲ့ လှမ်းမေး။ ရေရေရာရာ တယောက်မှ မသိဘူးဗျား။ သူတို့လည်း ဦးဆောင်တဲ့သူက ဆင်းဆို ဆင်းလိုက်၊ တက်ဆို တက်လိုက်။ ဘယ်သူက သေချာမှတ်မိမှာလဲနော့။ ဒါတောင် မြေပုံလမ်းညွှန်၊ သတင်းအတိအကျတွေကို အင်တာနက်ကနေ ကူးလာတာ။


အိအိရဲ ့ အိုင်ဖုန်းလမ်းညွှန်တဲ့အတိုင်းလျှောက်လို့ နည်းနည်းလေး ကြာတော့မှ ဆိုင်းဘုတ်တွေ့ရတယ်။ တောင်ကုန်းမတ်မတ်လေးကို တက်လိုက်တော့ တာဝါတိုင်မြင့်မြင့်ကြီး ရှိတယ်။


လှေကားထစ်တွေ တွေ့လို့ တက်တော့ အဆုံးမှာ Bukit Batok Memorial ဆိုတဲ့ စာအုပ်ကြီးပဲ တွေ့ရတယ်။

လူသွားလမ်းလေးက ဝါးပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တကယ့်ကို တောတောင်ထဲ သွားရသလို ခံစားရပါတယ်။

နားနားပြီးဖူး (တီတင့်) အဲလေ ယောင်လို့... နားနားပြီးမူး (ကန်ဒီ)
အဲ.. နားနားပြီးပြ ူး(တဂျင်းမီး) ...နားနားပြီးတူး အဲလေ နားနားပြီးတက် :P မော..ဟော..ဟော :D


ကျေးငှက်ကလေးတွေ စိုးစီစိုးစံသံတွေ ကြားရတယ်။ ကြည်သာစိမ်းလဲ့နေတဲ့ ရေအိုင်လေးကို သစ်ပင်တွေကြားက လှမ်းမြင်ရတာနဲ့ အမောတွေ ပြေသွားတယ်။

ခက်သွက်သွက်လေး ဆင်းလိုက်တော့ တွေ့ပါပြီ။ မိသားစုလိုက် အပန်းဖြေလာကြတာ၊ ဓာတ်ပုံရိုက်နေသူတွေနဲ့ စည်ကားပါတယ်။  မြေပြန့်ဆိုတော့ ခြေခင်းလက်ခင်းသာသာ ခြေဆန့်နိုင်တာပေါ့။ နောက်တော့ သစ်ပင်ကြီးတွေ၊ တာဝါတိုင်တွေပဲ ရှိတော့ ပြန်လှည့်တယ်။


အိအိက မကျေမနပ်ဖြစ်လို့။ ဖေ့ဘွတ်ထဲက တောင်ကို မတွေ့လို့တဲ့။ ဒါနဲ့ လမ်းအခွဲလေးကို တွေ့လို့ တောင်အရှာထွက်ကြပြန်တယ်။ Media Crop အဆာက်အဦးတွေ့တယ်။ လုံးချင်းအိမ်တွေပဲ တွေ့တယ်။ တောင်နဲ့တူတာ မတွေ့။ ဟင် တောင်ကလည်း ISS  ကုန်းသာသာ လောက်သာ ရှိပါလားလို့ မကျေမချမ်း ပြောလိုက်ကြသေးတယ်။


Clementi ကနေ ၁၈၃၊ Bona Vista ကနေ ၂၀၀ ကားစီးလို့ Heng Mui Keng Terrace ရောက်ရင် ဆင်း။ NUS Business School ကို ကျော်လို့ နှေးနှေးလျှောက်ရင် ၁၅ မိနစ်၊ မြန်မြန်လျှောက်ရင် ၁၀မိနစ်လောက် လျှောက်ပြီး တောင်ကုန်းပေါ်မှာရှိတဲ့ ISS ကျောင်းတော်ကြီးဆီ ရောက်ပါတယ်။ ကျောင်းတက်ခါနီး အပြေးအလွှား ကျောပိုးအိတ်၊ ထမင်းဘူးကတဖက် Laptopကတဖက်နဲ့ ISS တောင်ကုန်းကို ပြေးတက်ခဲ့တဲ့သူတွေမလား။ ဒီတောင်လောက်တော့ စန်းထွန်းတို့က စာရင်းထဲတောင် မထည့်ဘူး။



ကိုင်း ဘလော့ကြွလာတဲ့ မိတ်ဆွေများလည်း စန်းထွန်းရဲ့ ဟိုရိုက်၊ ဒီရိုက်လက်ရာများကို အားပေးသွားကြပါဦးနော်။ အပင်တွေနာမည်ကတော့ သိဝူး။


စန်းထွန်း
ဇန်နဝါရီ ၁၆၊ ၂၀၁၂။