Batam သွား တောလား...



၂၀၁၀ နိုဝင်ဘာ ၃၀၊ ၃၁ ရက်နေ့က စလုံးကနေ ၄၅မိနစ် ဖယ်ရီစီးရင် ရောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ Batam ဆီကို သွားလည်ဖြစ်ပါတယ်။ အင်ဒိုနီးရှားဗီဇာကလည်း ဟောင်ကောင်ဗီဇာလို ဈေးကြီးပါတယ်။ စင်းဒေါ်လာ ၇၀၊ ၈၀ ပေးရပါတယ်။ ဒါတောင် Single Entry တလ ရတာပါ။ Multiple Entry ဆို ၁၄၀လောက် ပေးရတယ်။ သိတဲ့အတိုင်း ရွှေမြန်မာသာ ဗီဇာလိုတာပါ။ အဲ ဒီတခေါက်တော့ အိုင်တီဒါရိုက်တာ ပြင်သစ်ကြီးလည်း ဗီဇာလိုတယ်။ အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်ကတော့ မလိုပေါင်။ အင်ဒိုဗီဇာကတော့ လျှောက်တိုင်း ရပါတယ်။ ဟောင်ကောင်ဗီဇာလောက်တော့ မခက်ပါ။

မလေးဗီဇာကတော့ အေးဂျင့်ဖိုး အပါအဝင် စလုံးဒေါ်လာ ၂၅ ပဲ ပေးရပြီး ဗီဇာတနှစ်ရပါတယ်။ ထိန်ထိန်က အင်ဒိုနီးရှားက Winarto ကို ကြည့်ကာ "မလေးဗီဇာက အင်ဒိုဗီဇာထက် ဈေးလည်းသက်သာ တနှစ်ကြီးများတောင် ကြိုက်သလောက် ဝင်ထွက်" လို့ ခနဲ့ရင် "ဗီဇာဈေးကြီးတော့ နိုင်ငံခြားသားတွေ မဝင်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းတွေ မရောင်းရတော့ နိုင်ငံခြားဝင်ငွေ လျှော့။ ဗီဇာကို သက်သက်သာသာနဲ့ နိုင်ငံခြားသားတွေ အများကြီးဝင်အောင် လုပ်မှ ဟိုတယ်၊စားသောက်ဆိုင်တွေလည်း ရောင်းရ။ နိုင်ငံခြားဝင်ငွေတိုးအောင် လုပ်ရမှာ။ Stupid Government" လို့ Winarto က ကောင်းချီးပေးပါတယ်။

၂၀၀၉ စက်တင်ဘာမှာ  ဖေ၊ မေ၊ မောင်မောင်တို့ စန်းထွန်းဘွဲ့ယူတာကို တက်ရောက်ဖို့ စလုံးကို ရောက်လာကြပါတယ်။ ရောက်တုန်းရောက်ခိုက် မလေးရှားကို သွားလည်ကြပါတယ်။ Student Pass သက်တမ်းကုန်လို့ Social Visit Visa ထုတ်ပေးထားချိန် စလုံးအပြင်ထွက်လို့ ပြန်ဝင်လာရင် ဗီဇာတလပဲ ပေးထားမို့လို့ တလအတွင်း အလုပ်မရရင် ဒွတ်ခ။ မေကလည်း နေသိပ်မကောင်းတာမို့ မေ့ကို အဖေါ်လုပ်ပြီး မလေးကို လိုက်ခွင့် မကြုံလိုက်ပါ။

အမှန်က တလကုန်လို့မှ အလုပ်မရသေးရင် ဗီဇာထပ်တိုးပေးပါတယ်။ နောက်ဆုံး EPEC ဆိုတဲ့ Long Term Visit Pass တနှစ်လျှောက်ပြီး အေးအေးဆေးဆေး အလုပ်လျှောက်လို့ ရတယ်။ Social Visit နဲ့ လာပြီး အလုပ်လျှောက်တဲ့သူတွေကတော့ ၂၊ ၃ လပဲ ဗီဇာရတာပါ။ ကျောင်းတက်တဲ့အတွက် ဗီဇာစတေးအတွက် လုံးဝစိတ်မပူလေနဲ့။ အလုပ်ရအောင် ရှာပြီး loan တွေ ဆပ်ဆိုတဲ့ သဘော။

တခြားတိုင်းပြည်တွေကို သွားလည်၊ ကိုယ့်နိုင်ငံက အချိန်မရွှေး ပြန်လာလို့ ရတယ်လို့ မြှောက်ပေးတဲ့ မေ၊ ရုံးပိတ်ရက်တွေတိုင်း ဖုန်းဆက်ပြီး လှမ်းခေါ်တတ်တဲ့ ဝမ်းကွဲအမကြောင့် သွားလည်ဖို့ ကြိုးစားတိုင်း လက်မှတ်မရတာရယ်၊ စတိတ်ကို သွားမယ်လို့ ဆုံးဖြတ်ပြီးချိန် မြန်မာပြည်ကို ပြန်တာရယ်၊ ရတဲ့ ခွင့်၂ပတ်ထက် ၄ရက် ပိုယူထားတာရယ်ကြောင့် မလေးကို သွားဖို့ လက်လျှော့လိုက်ပါတယ်။ ဒီလိုနဲ့ မလေးရှားသွား တောမလားလိုက်ရပါ။

Vivo City မှာ ဖယ်ရီဂိတ်ကနေ စထွက်ပါတယ်။ ဒီတခေါက်တော့ မိသားစုတွေ ခေါ်ခွင့်ရှိတာမို့ မကြီး ပါတယ်။ ရုံးက အင်ဒိုတွေ Darmawi ၊ Winarto နဲ့ သူ့အမျိုးသမီးက တိုးဂိုက်လုပ်ပါတယ်။ သူတို့နိုင်ငံမှာ ခရီးသွားတာ အဆင်ပြေအောင် အတော်လေး ဂရုစိုက်ကြပါတယ်။



အကျင့်ပါနေလို့ VIP ခန်းထဲ မဝင်ရဲဘူးလေ။ လေက အတော်တိုက်လာလို့ VIP ထဲ ဝင်ပြီး စနည်းနာတော့မှ Jerome တို့ မိသားစုက အခန့်သား နှပ်နေတာ။ လေပန်းကြရင်း ဖား အဲလေ ဖိလစ်ပိုင်တွေအကြောင်း စပ်စုကြည့်တော့

Jerome Family

ဒေါက်တာ ဟိုဆေးရီဇာ (Dr. Jose P. Rizal (စပိန်လို J ကို  h ဟု အသံထွက်သည်) က ဖိလစ်ပိုင်တွေရဲ ့ သူရဲကောင်းပါ။  သူရဲကောင်းဆိုတော့ တို့ဗိုလ်ချုပ်လို အင်္ဂလိပ်ကို လက်နက်ဆွဲကိုင် လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တာများလား။ မဟုတ်ရပါ။ သူတိုက်ပွဲဝင်ပုံက ဖိလစ်ပိုင်တွေ အမျိုးသားစိတ်ဓာတ်နိုးကြားပြီး နှစ်ပေါင်း၃၀၀ကျော် အုပ်ချုပ်နေတဲ့ စပိန်တွေကို တော်လှန်ချင်အောင် စာအုပ်၂အုပ် ရေးပြီး အမျိုးသားသူရဲကောင်း ဖြစ်လာပါတယ်။ Pen is mighter than sword ဆိုတာ ယုံပါပြီ။

Jerome ဆို စလုံးနိုင်ငံသား ခံယူထားလို့ ဖိလစ်ပိုင်ပတ်စ်ပို့မရှိတော့ပါ။ ဒါပေမဲ့ ဖိလစ်ပိုင်ကို ပြန်ရင် ပတ်စ်ပို့ မရှိတော့ပေမဲ့လည်း ဖိလစ်ပိုင်နိုင်ငံသားပါပဲတဲ့။ ဘတ်စကတ်ဘောက ဖားတွေရဲ့ အသည်းစွဲပါ။ အပတ်တိုင်း ဆော့ကြတယ်။ အင်္ဂလိပ်စာက ရုံးသုံးဘာသာ စကားမို့လို့ အီးကောင်းကြပါတယ်။ ခရစ်ယာန်ဘာသာဝင်နိုင်ငံပါ။

တိုင်ဖွန်းမုန်တိုင်းတွေက ဝင်မွှေတတ်ပါတယ်။ JoJo ဆိုရင် ဟိုဖက်ကနေ ဒီဖက်ကို ရွှီးကနဲ မုန်တိုင်းနဲ့ ပါသွားတာတဲ့။ Jerome က ဖားသရက်သီးက ယိုးဒယားသရက်သီးထက် ကောင်းတယ်။  ဝက်သား BBQ က အကောင်းဆုံးလို့ ညွှန်းပေးမဲ့ တခါမှ မမြည်းစမ်းဘူးပါ။



ဖယ်ရီဂိတ်မှာ ရှိတဲ့ Beef Ball Noodles က အရမ်းကောင်းတယ်လို့ Darmawi က ပြောပါတယ်။ စင်းဒေါ်လာ ၂၀၀ လောက် လဲလိုက်ရင်ပဲ မယုံမရှိကြပါနဲ့ စန်းထွန်း မီလျှံနာ ဖြစ်သွားပါပြီ  :) ။ ငွေကြေးဖောင်းပွတဲ့ အင်ဒိုနီးရှားမှာ ထမင်းတခါစား လေးသောင်းအထက် ဘာဝယ်ဝယ် သောင်းချီ။ ပေသီးခေါက်လို့ စင်းဒေါ်လာနဲ့ ပြန်တွက်ရင်တော့ အားလုံး သက်သာပါတယ်။

Millionaire Eunic
littel Morrel ၊ little Jerome
ကျွှန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားလို့ တံထားတွေ များပါတယ်။

စင်ဒီကရော့ဖို့ဒ်နဲ့ စန်းထွန်း
Toyota ကားစက်ရုံတွေ တွေ့ခဲ့ပါတယ်။ စီးပွားရေးကတော့ မြန်မာပြည်ထက် သာပေမဲ့ အမှိုက်ပုံတွေ၊ လက်ပွေ့ဂျာနယ်ရောင်းသူတွေ၊ တွန်းလှည်းနဲ့ မုန့်ရောင်းတာ၊ ထင်တိုင်းကြဲ ဆိုင်ကယ်မောင်းကြတာတွေကတော့ မြန်မာပြည်နဲ့ တူတယ်။ Jannet နဲ့ Miria ကလည်း ဖိလစ်ပိုင်ကို ရောက်နေသလိုမျိုးတဲ့။

 

မြန်မာပြည်မှာတုန်းကတော့ အကြီးကြီးတွေဆို အိပ်စပို့လို့ အိပ်မစပို့တဲ့ အသေးလေးတွေ တွယ်ခဲ့ရတာကလား။ ဒီရောက်တော့ ငတ်တာတွေကို အတိုးရော၊ အရင်းပါ ပေါင်းပြီး စားခဲ့တယ်။



စီးပွားရေးကို လက်ဝါးကြီးအုပ်တဲ့ တရုတ်လူမျိုးတွေကို နှိပ်ကွက်တာများ တရုတ်နာမည် ပေးခွင့်မရှိ၊ တရုတ်ယဉ်ကျေးမှုစာပေ ထုတ်ခွင့်မရှိ။ ခုတော့ အများကြီး တော်လာပြီ။ ဘော်နီယို ကျွှန်းမကြီးကနေ Mount Kinabalu ရှိတဲ့ Sabah ပြည်နယ် ပိုင်ဆိုင်ခွင့်ကို အငြင်းပွားရာကနေ ပိုထိန်းသိမ်းနိုင်တဲ့ မလေးရှားလက်ထဲကို ပေးလိုက်ရတာပါ။ မလေးရှားနဲ့ အစာမကြေတာများ ဘောလုံးပွဲမှာ မလေးရှားနဲ့ အင်ဒိုနီးရှား တွေ့ကြရင် ချကြတာပဲတဲ့။ မလေးရှားကလည်း အင်ဒိုကို နိုင်လို့ ဗိုလ်ဆွဲရင် နောက်နေ့ကို ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပြီး အောင်ပွဲခံကြရော။ အင်ဒိုတွေက မလေးမှ ဆော်တာ တို့ရွှေညန်မာများတော့ အင်ဒိုထက်သာတယ်။ ကမ္ဘာ့ဖလားဝင်ပြိုင်ခွင့်ပိတ်၊ ဒဏ်ငွေတပ်ခံရတဲ့အထိ ဆော်တာ။

Mount Kinabalu အကြောင်း သိသလောက်လေး လျှာရှည်ရရင် ထိန်ထိန်က Mount Kinabalu က အရှေ့တောင်အာရှအမြင့်ဆုံးတောင်လို့ ဆိုပါတယ်။ ပထဝီသင်တုန်းက မြန်မာပြည်မြောက်ဖျားရှိ ရေခဲလွှမ်းသော ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှ၌ အမြင့်ဆုံးတောင်ဟု စာအံဖူးသော စန်းထွန်းသည် ဂူးဂယ်ကြီးကို သက်သေအရာ၌ထားကာ Mount Kinabalu သည် အမြင့်ဆုံးတောင်မဟုတ် မြန်မာပြည်မှ ခါကာဘိုရာဇီတောင်သည်သာ အရှေ့တောင်အာရှ၌ အမြင့်ဆုံးတောင်ဟု သတ်သေ အဲလေ သက်သေပြလိုက်နိုင်ဘူးသည်။

ခါကာဘိုရာဇီ from Google
ခါကာဘိုရာဇီတောင်ကား တက်ရန် အလွန်ခက်၏။ သို့သော် Mount Kinabalu ကား တက်ရန်မခက်။ ဘာအပင်မှ မပေါက်သော တောင်ဂတုံးကြီး ဖြစ်သည်။ သို့သော် တောင်တက်၊ တောင်ဆင်းချိန် ၂ ရက်ကြာသည်။ တောင်ထိပ်ပေါ်မှ တိမ်တွေဖုံးနေသာ ရူခင်းသည် အရမ်းလှသည် ရူမဝ။ တခေါက်လောက်တော့ ရောက်ဖူးသင့်သည်ဟု ထိန်ထိန်မှ ဆိုသည်။

credit to Win Win Maw
credit to Win Win Maw
credit to Win Win Maw
credit to Win Win Maw
credit to Win Win Maw
credit to Win Win Maw
credit to Win Win Maw
from Google

၂၀၀၂ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ် ပုဂံ၊ ညောင်ဦး၊ ပုပ္ပား ခရီးထွက်စဉ်က ပုပ္ပာတောင်မကြီးသို့ အောင်ကြီးတို့ အုပ်စုပြီးလျှင် အရင်ရောက်သော မိန်းကလေးအုပ်စု (ဝေ၊ အိကေ၊ စန်းထွန်း) တွင် ဖြစ်၍ တောင်မကြီးသို့ အရင်ဆုံးရောက်သောမိန်းကလေးအုပ်စုဟု လက်မထောင်ကာ လေကျယ်လေ့ရှိသော စန်းထွန်းသည် Mount Kinabalu တက်မည်ဟု ကြုံးဝါးသည်။ တမြန်နေ့က ဂူအောင်းနေသည်မှာ ကြာပြီဖြစ်၍ HyBee သို့ ၁နာရီခန့်အညောင်းပြေအညာပြေ လမ်းလျှောက်သော စန်းထွန်းသည် ပြန်ရောက်သောအခါ၌ကား ပက်လန်လက်လေသည်။ တောင်၂ရက်တက်ဖို့ကား ဝေးစွ။ ၂နာရီပင် လမ်းမလျှောက်နိုင်။ ငါ၏ ဒူးသည် ငါ့ကို သစ္စာဖောက်လေပြီတကား။

တောင်ထိပ်ပေါ်တွင် ဝေ၊ မြတ်မွန်၊ စန်းထွန်း၊ အိကေ
လာဘ်စားတာက နေရာတိုင်းမှာ။ လူဦးရေများတဲ့ မြို့တော် ဂျာကာတာမှာ ဟိုတယ်မှာ ဗုံးဖောက်ပြီး အကြမ်းဖက်တာကို အစိုးရက ဘယ်လိုမှ မထိန်းနိုင်ပါဘူးတဲ့။ လုပ်အားခ သက်သာလို့ စီးကရက်စက်ရုံတွေ များပါတယ်။ တလောက ၂၊ ၃ နှစ် ကလေးလေးတယောက် ဆေးလိပ်မသောက်ရရင် မအိပ်ဘူးဆိုတဲ့ Youtube ပြန့်သွားလို့ အုတ်အုတ်ကျက်ကျက် ဖြစ်လိုက်သေးတယ်။ အဲဒီဗွီဒီယိုက အင်ဒိုနီးရှားရဲ့ စီးကရက်ပြသနာကို မီးမောင်းထိုးပြလိုက်ပါတယ်။

အင်ဒိုတွေက ပညာရေး လိုက်စားပါတယ်။ ရုံးက အင်ဒို၃ယောက်မှာ ၂ယောက်က မာစတာတက်တယ်။ NUS တုန်းကလည်း အင်ဒို၃ယောက်။ ဖားတွေ ကျောင်းတက်တာ မတွေ့ပါဘူး။ ဖားတွေက နည်းနည်းပျင်းတယ်။ အင်ဒိုတွေကတော့ အလုပ်ကြိုးစားတယ်။ ကိုယ်နဲ့ ကြုံဖူးတဲ့ ဖား၊ အင်ဒို၊ မလေး၊ တရုတ်တွေကတော့ ဆင်းရဲတဲ့ တိုင်းပြည်က လာတာတူတော့ စိတ်ရင်းကောင်းတယ်။ အိန္ဒိယတွေကတော့ နည်းနည်းညစ်တယ်။

နဂါးမောက်သီးခြံကို သွားလည်ကြတယ်။ ခုမှ အပင်ကို မြင်ဖူးတာ။ နေ့လည်စာကို စားပြီး ငါးတွေကို ပင်လယ်ရေမှာ ပိုက်ကွန်နဲ့ လှောင်ထားပြီး မွေးတာကို ကြည့်ပါတယ်။ မထူးဆန်းပါဘူး ဒီက ဟိုင်းကြီးကျွှန်းသူ။ လေကလည်း လတ်ဆတ်ပြီး ပင်လယ်နံ့ရတယ်။

                                                            နဂါးမောက်ပင်တွေကြား
နဂါးေမာက္သီး
အလကားမြည်းလို့ရတာ အကုန်မြည်းပါတယ် :) ။ လက်ဆောင်မုန့်တွေ ဝယ်ပါတယ်။ ငှက်ပျောသီးကြော်၊ ပိန္နဲသီးခြောက်၊ ငါးမုန့် အကုန်ကောင်းတယ်။



ဟိုတယ်ကတော့ ကြယ်လေးပွင့်အဆင့်ရှိ သင်္ဘောကြီးသဏ္ဍန်ဆောက်ထားတဲ့ Pacific Palace Hotel ပါ။ မတ်ဆာ့က ဈေးသက်သာပါတယ်။ ဟိုတယ်တွေက ဈေးနည်းနည်းကြီး ပိုကောင်းပါတယ်။ ဂိုက်အညွှန်ကောင်းမှုနဲ့ မတ်ဆာ့ကြပါတယ်။ အစကတော့ သက်သာပြီး နေလို့ကောင်းပေမဲ့ နောက်နေ့ကျတော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပါပဲ။

from Google
from Google


နာဂိုယာ ရှော့ပင်းမောကို သွားပါတယ်။ နာဂိုယာဆိုတာ ဂျပန်ပြည်တောင်ပိုင်းက မြို့နာမည်ပါ။ တခြားမောလ်တွေက မလုံခြုံလို့ မသွားပါနဲ့တဲ့။ တက္ကစီကို ဟိုတယ်ဆိုရင် ဟိုတယ်ဂိတ်၊ လျှော့ပင်းမောလ်ဆိုရင် လျှော့ပင်းမောလ်ဂိတ်က ငှားမှ စိတ်ချရပါတယ်။ မစီးခင် ဈေးဆစ်ရပါတယ်။ တက္ကစီတွေမှာ မီတာမရှိပါ။ ဈေးကလည်း ပိုတောင်းတာမို့ ကျသင့်ငွေကို စုံစမ်းထားသင့်ပါတယ်။




ညနေစာကို ဟိုတယ်ဘေးနားက ဆိုင်တွေမှာပဲ စားဖြစ်ပါတယ်။ ပင်လယ်စာတွေ တကယ်ကောင်းတယ်။ Louis Vilton တွေက ပေါလိုက်တာ။ ကိုရီးယားမိတ်ဆိုရင် ဈေးကြီးပြီး တကယ်အစစ်အတိုင်းပါပဲတဲ့။ ချည်ထိုးဘေးလွယ်အိတ် ဝယ်ပါတယ်။ မြန်မာပြည်မှာတုန်းက အဲဒီလိုမျိုးဆို လှည့်တောင်မကြည့်။ နိုင်ငံခြားဖြစ်မှ။ ခုတော့ ဟမ်းမိတ်ကလေးတွေ ပိုကြိ ုက်နေတယ်။

credit to Wynn Zayar

credit to Wynn Zayar

credit to Wynn Zayar
credit to Wynn Zayar
credit to Win Win Maw
အင်ဒိုနီးရှားက ဘာလီကျွှန်းကတော့ နာမည်ကြီးပါတယ်။

from Google

ဟိန္ဒူယဉ်ကျေးမူအမွေအနှစ်လက်ရာအဆောက်အဦးတွေ တွေ့ရပါမယ်။မဟာယနဗုဒ္ဓသာသနာထွန်းကားခဲ့တဲ့ ပြယုဂ်ဖြစ်တဲ့ ဂျာဗားကျွှန်းက Borobudur ကတော့ UNESCO  ရဲ့World Heritage Site ဆိုဒ်မှာ ပါဝင်ပါတယ်။

from Google
Batam ကတော့ လည်ပတ်စရာ မရှိလှပါဘူး။ ပင်လယ်စာကောင်းကောင်း ရနိုင်ပါတယ်။ နာမည်ကြီး အင်ဒိုနီးရှားပါတိတ်ဝယ်ဖို့ ဈေးမေးကြည့်တာ စလုံးထက် ဈေးများနေလို့ စလုံးကနေပဲဝယ်ပြီး အင်ဒိုပြန်လက်ဆောင် လုပ်လိုက်တော့မယ်။

Bintam က အပန်းဖြေ Resort ကျွှန်းပါ။ ဒေသခံတိုင်းရင်းသားတွေ ဝင်လို့မရပါဘူး။ တကယ့်ကို အပန်းပြေစေမဲ့ နေရာလေးပါ။

credit to Ng Thieng Thieng

အမှတ်တရ ခရီးလေးတွေ ပိုင်ဆိုင်ကြပါစေ။

စန်းထွန်း
ဒီဇင်ဘာ ၁၀၊ ၂၀၁၁။

11 comments:

Anonymous said...

လှသားတော့်း))
wall paperတွေ
ဒါနဲ့စကားမစပ်
ဖွတ်လား..ပဒတ်လားဟင်

ချမ်းမြေ့ပါစေကွယ်

San San Htun said...

ညက်မှန်က အမြဲတပ်တာ..လှတယ်ပြောလို့  အင်ဒိုမုန့် တွေ ကျွှေးလိုက်မယ်..အားမနာနဲ့ ...အဝစား..
ရင်းရင်းနှီးနှီး မြင်ဖူးနေမှာပေါ့..ကိုယ့်အမျိုးကိုယ် မမှတ်မိတော့ဘူးလား...:P



San San Htun said...


မဒမ်ကိုး said...




San San Htun said...


Iora said...

အိုင်အိုရာ

Anonymous said...


San San Htun said...


San San Htun said...

Anonymous said...
ဒီတစ်ခါတော့..ညက်မှန်လေးနဲ့
လှသားတော့် း))
နက်ထဲမှာတွေ့တွေ့ဖူးတဲ့
wall paperတွေ
ခုမှဘယ်နိုင်ငံမှာရှိတယ်သိရတယ်။
ဒူးကိုသစ္စာမဖောက်ခိုင်းပါနဲ့အုံး
သွားရမယ့်ခရီး..မိုင်နဲ့ချီ.ရှိနေသေးတယ်လေ း)
ဒါနဲ့စကားမစပ်
အပေါ်က..ပထမဆုံးတိရိစ္ဆာန်ပုံက
ဖွတ်လား..ပဒတ်လားဟင်
ရင်းရင်းနှီးနှီးမြင်ဖူးနေလို့ပါ :)

ချမ်းမြေ့ပါစေကွယ်
December 10, 2011 at 8:52 PM
San San Htun said...
ညက်မှန်က အမြဲတပ်တာ..လှတယ်ပြောလို့ အင်ဒိုမုန့်တွေ ကွျှေးလိုက်မယ်..အားမနာနဲ့...အဝစား..
ရင်းရင်းနှီးနှီး မြင်ဖူးနေမှာပေါ့..ကိုယ့်အမျိူးကိုယ် မမှတ်မိတော့ဘူးလား...:P
December 10, 2011 at 9:24 PM
Angelhlaing(May everybody be happy and healthy! said...
ပျော်စရာကြီးပဲ ..အားကျတယ် စန်းထွန်းရေ..:)
December 12, 2011 at 4:26 PM
San San Htun said...
ပျောက်ချက်သား ကောင်းနေတာကနေ အိန်ဂျယ်လှိုင် လာလည်တယ်ဝေ့..warmingly welcome !
December 12, 2011 at 5:37 PM
မဒမ်ကိုး said...
ဟားး ဒီပိုစ့်ကိုဘာလို့မတွေ့ပါလိမ့်နော်
ဟင်းးဟင်းးသွားရေတွေတမျှားမျှားကျတယ်တော်
ကဲ စန်းထွန်းရေ ပိုစ့်တွေဖတ်ပြီးအားတွေကကျ .မဒိုးကန်ကနဂိုကမှခြေထောက်ဗွေပါတယ်နော်
လျှောက်သွားဖို့ကိုရင့်ကိုနားပူတိုက်မိမှဖြင့် း)
December 13, 2011 at 4:43 AM
ကိုအောင်(ပျူနိုင်ငံ) said...
ခရီးသွားလို့ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင် ... း)
December 13, 2011 at 6:32 AM
San San Htun said...
မဒိုးကန် တူများနဲ့ ဆိုင်ဘူးနော်..:P
ကိုအောင် လာလည်တာ ဝဲတွေ ကမ်း အဲလေ welcome..ဟိ..ဟိ..
December 13, 2011 at 6:38 PM
Iora said...
ဘာလို့ဒီပို့စ်မတွေ့မိတာပါလိမ့်။ ကိုယ့်စီမှာ မတက်ဘူးလားမသိ။ ဖတ်လို့ကောင်းလွန်း လို့ဆက်ဖတ်ချင်နေတုန်း။
အိုင်အိုရာ
December 15, 2011 at 4:10 AM
Anonymous said...
Now Myanmar citizen do not require Indo visa. We just came back from Bintan.
December 19, 2011 at 3:45 AM
San San Htun said...
အိမ်း ကောင်းလေစွ..ကောင်းလေစွ..ဗီဇာဖိုး သက်သာသွားတာပေါ့
December 24, 2011 at 10:04 PM