17 January 2026

ပြန်တော်ပြန်..

April 24, 2025. Thursday. JFK airport. ၃ နာရီတခါ လာကျွှေးတဲ့ အမေနဲ့ မနက်တိုင်း green smoothie ဖျော်ပေးတဲ့ အဖေတို့ ပြန်သွားတော့ ငတ်ပြီပေါ့ကွယ်..New York->Doha->Bankok->Yangon ၂၁ နာရီ လေယာဉ်စီးပြီးတော့ ရန်ကုန်ကို အဆင်ပြေစွာနဲ့ ရောက်ပါပြီ..ဖုန်းဆက်ပြီး နှုတ်ဆက်ကြသူတွေ၊ လူကိုယ်တိုင်လာတွေ့တဲ့သူတွေ၊ ကန်တော့ကြတဲ့သူတွေ၊ လက်ဆောင်ပေးတဲ့သူတွေ အားလုံးပဲ ကျေးဇူးပါနော်

🥰🥰

စန်းထွန်း

ဇန်နဝါရီ ၁၇၊ ၂၀၂၆။

14 January 2026

Easter Sunday at Central Park

Easter Sunday at Central Park on April 20, 2025.

စန်းထွန်း

ဇန်နဝါရီ ၁၄၊ ၂၀၂၆။

10 January 2026

ဧပြီ ၂၀၂၅ နေ့စွဲများ..

၂၀၂၅ ဧပြီ ၁၆ မေရီလန်းပြည်နယ် မနက် ၄ နာရီအထိ စကားတွေပြော အူနို၊ မာကျောက်ဆော့။ ပါးစပ်မစိ ပါးတွေညောင်းအောင် ရယ်ရ..

စန်းထွန်း

ဇန်နဝါရီ ၂၀၊ ၂၀၂၆။

07 January 2026

မတ်လ ၂၀၂၅ နေ့စွဲများ ..

မတ် ၁၊ ၂၀၂၅။ နယူးဂျာစီ

မတ် ၁၈၊ ၂၀၂၅။ ကွင်း

မတ် ၂၂၊ ၂၀၂၅။ Ai Ki Ya Japanese Restaurant, Korean town, Manhattan

စန်းထွန်း

ဇန်နဝါရီ ၇၊ ၂၀၂၆။

03 January 2026

နှင်းဝေတဲ့ဆောင်း - ၁

January 11, 20, 2025 နှင်းတွေကျရင် ဓာတ်ပုံထွက်ရိုက်တယ်..ရိုက်ပေးမဲ့သူမရှိရင် တယောက်တလှည့် ရိုက်ကြတယ်..ချမ်းတတ်တဲ့တယောက်ကတော့ အေးလို့အလာဂျီကြောင့် နှာရည်ကျလို့ ဂူအောင်းပြီ..မချမ်းတတ်တဲ့တယောက်ကတော့ အိမ်မကပ်ဆဲ..သမီးဖြစ်သူက ဘာမှမချက် မိတ်ဆွေသိပ်မရှိ..သူတို့နှစ်ယောက်ကတော့ သူ့မိတ်ဆွေတွေကို မုန့်တီချက်ကျွှေး ဘောလုံးပွဲကြည့် စကားတွေပြောကြ ဖုန်းဆက်ကြ လက်ဆောင်ပေးကြ လက်ဆောင်ယူကြနဲ့ မိတ်ဆွေများ ပွဲတွေများပြီး အိမ်မကပ် အင်မတန်ဘီးစီးတဲ့နှစ်ယောက်..

😍😍

စန်းထွန်း

ဇန်နဝါရီ ၃၊ ၂၀၂၆။