ဆရာမကြီးကြည်အေးစာအုပ်ဖတ်ချင်လို့ အဖေနဲ့အမေ့ကို Queens စာကြည့်တိုက်ကနေ ငှားခိုင်းလိုက်တယ်။ ဖတ်ရတာ အင်မတန်ကောင်းတာပဲ တထိုင်တည်းနဲ့ အပြီးဖတ်လိုက်တယ်။
Happy Reading!
စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၂၅။
ဆရာမကြီးကြည်အေးစာအုပ်ဖတ်ချင်လို့ အဖေနဲ့အမေ့ကို Queens စာကြည့်တိုက်ကနေ ငှားခိုင်းလိုက်တယ်။ ဖတ်ရတာ အင်မတန်ကောင်းတာပဲ တထိုင်တည်းနဲ့ အပြီးဖတ်လိုက်တယ်။
Happy Reading!
စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၂၅။
၂၀၂၄ အောက်တိုဘာ ၂၈ မဲသွားပေးတယ် ပထမဆုံးအကြိမ် မဲပေးခြင်းပါ။ မဲပေးဖို့ vote.org မှာ အရင်စာရင်းသွင်းရပါတယ်။ အိမ်နားက စာကြည့်တိုက်မှာ မနက် ၈ နာရီကနေ ည ၈ နာရီအထိ မဲပေးလို့ရတယ်။ ည ၅ နာရီအလုပ်ပြီးတာနဲ့ ၁၃ မိနစ်ဝေးတဲ့ စာကြည့်တိုက်ဆီသွားတယ်။ မြေအောက်ထပ်မှာ မဲပေးရတာ။ နာမည်ပြော အိုင်ဒီပြလိုက်တာနဲ့ စာရွက်နှစ်ရွက်ထုတ်ပေးတယ်။ တလိုင်းမှာ တခုပဲရွေးရတယ်။ စက်ထဲစာရွက်ထည့်တော့ လက်မခံဘူး။ အဝိုင်းကို ဖြည့်ပေးရမဲ့အစား အမှန်ခြစ်ထားလို့။ တိုဖယ်ဖြေရသလိုပဲ အဝိုင်းလေးကို ခြစ်ရတာ။ အဲ့တော့မှ စက်ကလက်ခံတယ်။ ဝန်ထမ်းမလေးက နီပေါလား နင့်ဦးထုပ်လေးလှတယ် နင်လုပ်တာကောင်းတာ ကွန်ဂရက်ကျူလေးရှင်းလုပ်တယ်။ ကမလာကိုမဲပေးခဲ့တယ် ထရန့်ကိုလုံးဝမကြိုက် သောက်ညင်ကိုကပ်တာ။ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အမျိုးသမီးသမ္မတမရှိ။ ခုတော့ ပထမဆုံးအာဖကန်နွယ်ဖွား တောင်အာရှနွယ်ဖွား အမျိုးသမီးသမ္မတဖြစ်ရင် သိပ်ကောင်းတယ်။ ညီမလေးအိဝေနဲ့ နိုင်ငံရေးအကြောင်းတွေပြော။ သူက အောက်တိုဘာ ၂၉ ကမလာရဲ့ ဒီစီပွဲသွားတဲ့အကြောင်းတွေပြောပြ။ မဲပေးရတာ အင်မတန်လွယ်ပါတယ်။ မဲပေးပြီးတော့ ဘယ်လိုခံစားရလဲဆိုတော့ ငါ့တာဝန်ကျေပြီ၊ ငါလုပ်နိုင်တာ လုပ်ခဲ့ပြီ၊ နှမ်းတစေ့ပါဝင်ခဲ့ပြီလို့ ခံစားရတယ်။
စန်းထွန်း
ဇန်နဝါရီ ၄၊ ၂၀၂၅။
၂၀၂၄ အောက်တိုဘာ ၂၇ တနင်္ဂနွေနေ့ Cold Spring သွားလည်တယ်။ ဂရမ်းစင်ထရယ်ဘူတာကနေ မနက် ၈ နာရီ ၅၀ ရထားနဲ့ တနာရီကျော်စီးရတယ်။ မနက်ဖက်နည်းနည်းစောနေသေးလို့ လူသိပ်မရှိဘူး။ နာရီဝက်လောက်လမ်းလျှောက်ပြီး Little Stony Point ကနေ ရှုခင်းတွေထိုင်ကြည့်တယ်။ အမေက ဒူးနားလို့ တွဲခေါ်ရတယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ လှလိုက်တာနဲ့ သဘောကျနေကျတယ်။ မနှစ်ကနွေရာသီတုန်းက တအားပူလို့ အဖေက လမ်းမလျှောက်နိုင်ဘူး။ ခုတော့အေးဆေးပဲ ကမ်းခြေလေးလိုဖြစ်နေတဲ့ နေရာလေးကို သွားလည်တယ်။ အဲ့ဒီတုန်းက ဟိုနေရာမှာအိပ်ခဲ့တာလို့ ပြောနေသေးတယ်။ မြစ်ဘေးဖက်ကနေ လမ်းလျှောက်ပြီး နေရောင်ခံရင်းနဲ့ နေ့လည်စာစားတယ်။ အပြန်လမ်းမှာ ဘုန်းကြီးကျောင်းက အသိမိတ်ဆွေတွေနဲ့တွေ့တယ်။ တံတားလေးမှာ လူတော်တော်များနေပြီ။ ဓာတ်ပုံအပုံရိုက်နေတဲ့ မြန်မာတအုပ်တွေ့ခဲ့တယ်။ အဖေတို့ညောင်းနေပြီဆိုတော့ ၂ နာရီ ၂၀ ရထားနဲ့ပြန်ခဲ့တယ်။ မနှစ်တုန်းက ရထားပေါ်မှာ ကျပ်ပိတ်ညှပ် မြန်မာပြည်က ဘတ်စ်ကားကျနေတာပဲ။ အဲ့ဒီတုန်းက ကိုယ်တို့က poughkeepsie ဂိတ်စကနေစီးလို့ နေရာရတာ။ အကြောင်းတုန်းသိလို့ စောစောရထားနဲ့ပြန်တယ်။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
၂၀၂၄ အောက်တိုဘာ ၂၀ တနင်္ဂနွေနေ့ ဝက်ဝံတောင်သွားတက်တယ်။ Port Authority Bus Terminal ကနေ တနာရီကျော်လောက်စီးရတယ်။ တက်နေကျနေရာမဟုတ်ဘဲ တခြားနေရာကတက်တယ်။ ဒီတခါတော့ hiking pole လေးနဲ့ဆိုတော့ သက်သာတယ်။ အမက အရင်တုန်းက ဖုန်ကန်တောင်ကို တက်နိုင်ခဲ့ပေမဲ့ ခုတော့ တောင်တက်နေကျမဟုတ်တော့ မတက်နိုင်ဘူး။ တောင်ထိပ်နားရောက်ခါနီးမှ ဒူးနာမှာစိုးလို့ကျန်ခဲ့တယ်။ ရေကန်လေးနည်းနည်းလောက်ပတ်ပြီး လူရှင်းတဲ့နေရာ၊ နေရောင်ဖြာလင်းတဲ့နေရာ ဖျာလေးခင်းပြီး အနားယူကြတယ်။ ညနေ ၅ နာရီ ၂၀ ဘတ်စ်ကားနဲ့ ပြန်တယ်။ သစ်ရွက်တွေ အရောင်ပြောင်းနေတာ အရမ်းလှတယ် ဝိုင်းကိုသတိရလို့ မတ်ဆေ့တောင် ပို့လိုက်သေးတယ်။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
၂၀၂၄ အောက်တိုဘာ ၅ စနေနေ့ ဂျော့ဝါရှင်တန်တံတားကိုဖြတ်ပြီး နယူးဂျာစီပြည်နယ် Palisades trail မှာ လမ်းသွားလျှောက်မယ်။ မနက် ၁၀ နာရီ ဂျော့ဝါရှင်တန်တံတားရောက်တော့ လူသွားလမ်းကို ပိတ်ထားပြီး ရဲတယောက်စောင့်နေတယ်တယ်။ တနင်္ဂနွေနေ့မှ ပြန်ဖွင့်မယ်တဲ့ တောင်ဖက်ဂိတ်ကိုလည်း ပိတ်ထားတယ်။ ဂိတ်မှာ စက်ဘီးစီးတဲ့သူတွေ၊ ကိုယ်တို့လို့ လမ်းလျှောက်မယ့်သူတွေ စုပြုံနေတယ်။ အဲ့ဒါဆို တံတားအောက်ဖက်ကနေ ဟက်ဆန်မြစ်အတိုင်း လျှောက်မလား၊ ဘယ်သွားချင်လဲလို့ အမကိုမေးတော့ Cold Spring သွားချင်တယ်တဲ့။ ဂရမ်းစင်ထရယ်ဘူတာကနေ တနာရီ ၁၅ မိနစ်လောက် ရထားစီးရတယ်။ Cold Spring က သာယာလှပပြီး လူတွေနဲ့ စည်ကားတယ်။ Little Stony Point ကနေမြင်ရတဲ့ ရှုခင်းက အင်မတန်လှတယ်။ ဘာမှမလုပ်ဘဲ ရှုခင်းကြည့်နေရတာလေးကို ကြိုက်လိုက်တာ။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၇၊ ၂၀၂၄။