11 May 2024

နွေဦးတော်လှန်ရေး - ၃၈

PRF မန်ဘာ ၂ နှစ်ဆက်တိုက် ထောက်ပို့ခဲ့တဲ့အတွက် ကိုပေါ်ရဲ့ပန်းချီကားလေးကို MOD ကပို့ပေးလာပါတယ်။ ၂၀၂၄ မတ် ၁၆ စနေနေ့ စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာလုပ်တဲ့ စျေးရောင်းပွဲတော်မှာ PRF အတွက် ထောက်ပို့ငွေသွားကောက်တယ်။ ၂၀၂၄ ဧပြီ ၁၄ တနင်္ဂနွေနေ့ အွတ်ပီကအကိုကြီးလာလို့ ကွင်းကယိုးဒယားဆိုင်မှာ စားသောက်စကားပြောလိုက်ကြတာ ဆိုင်ပိတ်မှပဲ ပြန်တော့တယ်။ ၂၀၂၄ ဧပြီ ၂၇ စနေနေ့ တိုင်းစကွဲမှာ ဆန္ဒပြပွဲလုပ်တယ်။ အဲ့ဒီမှာလူတွေဆုံကြပြီး နယူးဂျာစီကအကိုအိမ်မှာ စားသောက်စကားပြောကြတာ မနက်၁နာရီမှ အိမ်ပြန်ရောက်တယ်။ အပြင်မှာတခါမှ မဆုံဘူးပေမဲ့ ယုံကြည်ချက်၊ ရည်မှန်းချက်တူတဲ့သူတွေမို့လို စိတ်ထဲရင်းရင်းနှီးနှီးပဲ။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

မေ ၁၁၊ ၂၀၂၄။

08 May 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၈

၂၀၂၄ ဧပြီ ၁၄ တနင်္ဂနွေနေ့ မန်ဟက်တန်နဲ့ ကွင်းကြားက Roosevelt Island ဆီသွားလည်တယ်။ ကွင်းကနေ F ရထားစီး Roosevelt Island မှတ်တိုင်မှာစီး။ ချယ်ရီပင်တချို့က ကြွေနေပြီ တချိူ့ချယ်ရီပင်မျိုးတွေက ခုမှဖူးနေတုန်း။ လမ်းလျှောက်နေရင်း မိုးရွာလာလို့ ကေဘယ်ကားဆီးပြီး မက်ဟန်တန်စီသွားတယ်။ ကေဘယ်ကားတစီး လူ ၃၀- ၄၀ လောက်ဆန့်တယ်။ ကျွှန်းဆီပြန်သွားမလားမေးတော့ ပိုက်ဆံထပ်ကုန်မယ်။ ဒီနားမှာပဲ လမ်းလျှောက်မယ်ဆိုပြီး ရှာကြည့်လိုက်တော့ အနီးအနားမှာ Central Park ရှိတယ်။ Central Park မသွားဘူး Roosevelt Island သွားမယ်ဆိုပြီး Central Park ပြန်ရောက်သွားမယ်။ မနေ့က လမ်းလျှောက်ထားတာ ပင်ပန်းနေတယ် လမ်းသိပ်မလျှောက်ဘူးနော်ဆိုပြီး အိမ်သာရှာရင်းနဲ့ ၄ မိုင်လောက် လျှောက်ဖြစ်သွားတယ်။ Long Island က Greek Catholic School ကျောင်းသားတွေ ဂရိအလံလေးတွေကိုင်ပြီး ချီတက်ပွဲလုပ်ဖို့ ပြင်နေကြတယ်။ ပန်းရောင်စုံဖူးပွင့်တဲ့ နွေဦးဟာ သိပ်လှတယ်။

စန်းထွန်း

မေ ၈၊ ၂၀၂၄။

04 May 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၇

၂၀၂၄ ဧပြီ ၇ တနင်္ဂနွေ Central Park မှာ ချယ်ရီပင်တွေ သွားကြည့်တယ်။ မနှစ်က ဝိုင်းနဲ့သွားကြည့်ခဲ့တာလို့ အဖေနဲ့အမေက သတိတရပြောနေကြတယ်။

စန်းထွန်း

မေ ၄၊ ၂၀၂၄။

01 May 2024

၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၆

၂၀၂၄ မတ် ၃၁ တနင်္ဂနွေ အိမ်နားကပန်းခြံမှာ ဓာတ်ပုံသွားရိုက်တယ်။ နွေဦးဆိုတော့ ပန်းပွင့်တွေပွင့်နေတာ သိပ်လှတာပဲ။

စန်းထွန်း

မေ ၁၊ ၂၀၂၄။