14 February 2024

အော်လန်ဒိုသွား တောလား - ၁

၂၀၂၃ ဒီဇင်ဘာ ၆ ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီခွဲ အိမ်ကနေ ဂျက်ဆင်ဟိုက်ကို ဆယ်မိနစ်လမ်းလျှောက်။ Q70 ဘတ်စ်ကိုစောင့်စီး ကားခအလကားဖြစ်သွားပြီ။ LaGuardia လေဆိပ်ကို ၁၅ မိနစ်လောက် စီးရတယ်။ Q70 ဘတ်စ်က Terminal A မရောက်လို့ Terminal B မှာ All Airport Shuttle Bus ကို ပြောင်းစီးရတယ်။ ဖလော်ရီဒါပြည်နယ် အော်လန်မြို့ကို သွားမဲ့ Spirit Airline က ၁၁ နာရီထွက်မှာ။ လေယာဥ်ခက တယောက် ၄၀ လောက်ပဲ ကျတယ် ကျောပိုးအိတ်တအိတ် သယ်လို့ရတယ်။ အဖေတို့က လူကြီးတွေ ကျောပိုးအိတ်အကြီးတွေ မသယ်နိုင်တော့ Hand Curry $40 ပေးပြီး ဝယ်လိုက်တယ်။ ထိုင်ခုံရွေးဦးမလား $36 ၊ WiFi ဝယ်ဦးမလားနဲ့။ TSA Security တန်းစီနေတုန်း သက်လက်ပိုင်းအရွယ် အာဖကန်အမေရိကန်မတယောက် သူ့ Uber ကားတိုက်မှုဖြစ်ပြီး နောက်ကျမှရောက်လာလို့ ကျော်တက်ဖို့ ခွင့်တောင်းတာ လူတယောက်နဲ့ မပေးလို့ ပြသနာဖြစ်။ သူ့သူငယ်ချင်းနဲ့ ဖုန်းပြောတာ စပီကာဖွင့်ပြီး အဲ့လူအကြောင်းပြော။ အတော်ရိုင်းတာပဲ လူတွေက စိတ်မသက်မသာဖြစ်။ ထမင်းကြော်တွေ ထည့်လာပေးမဲ့ မစားဖြစ်ဘူး။ ထိုင်ခုံက ၃၀ နောက်ဆုံးခုံပေမဲ့ Hand Curry ဝယ်ထားလို့ Zone 1 ကတက်ခွင့်ရပြီး Hand Curry နေရာရတယ်။ ဝိုင်းနဲ့ဆို ၄၊ ၅ ရက်ခရီးလည်း ကျောပိုးအိတ်နဲ့သွားတာ။ စျေးသက်သာတာဝယ်တာမို့လို့ zone 4 & 5 လောက်မှ တက်ရတယ်။ ၂၀၂၃ ဇန်နဝါရီ နယူးအော်လင်းကို သွားပြီးကတည်းက ခရီးမသွားတာဆိုတော့ တစ်နှစ်ပြည့်တော့မယ်။ ဇွန်မှာ ဝိုင်းက အီဂျစ်ပြောင်းသွားတော့ အရင်လို ၄ လတခါ ခရီးမသွားဖြစ်တော့ဘူး။ ရှေ့မှာ လေယာဥ် ၁၁ စီး တက်ဖို့ မိနစ် ၅၀ စောင့်ရတယ်။ လေယာဥ်မှူးက အမြန်မောင်းပေးလို့ ၂ နာရီ ကျော်နဲ့ရောက်တယ်ပေမဲ့ နောက်ဆုံးခုံမရောက်ခင် ရှေ့ခုံဆိုတော့ ခါနေတာပဲ။ ထမင်းကြော်ဘူးဖွင့်တာ ငံပြာရည်ကျော်နံ့ထွက်လာလို့ အမြန်ပြန်ပိတ်။ ကိတ်ခြောက်စား ဘက်ဂျက်လေကြောင်းလိုင်းမို့ ရေတောင်မတိုက်ဘူး။ ရေတဘူး ၅ ကျပ်။

အော်လန်ဒိုလေဆိပ်ကနေ ဟိုတယ်ကို နာရီဝက်လောက် မောင်းရတယ်။ ဆီအုန်းပင်၊ အုန်းပင်တွေနဲ့ စိမ်းစိုနေပြီး နယူးယောက်နဲ့ မတူကွဲပြားတယ်။ နေရာတိုင်းမှာ ရေကန်ရှိတယ်။ အော်လန်ဒိုမြို့မှာ ဒစ်စနေ၊ ယူနီဗာဆယ်စတူဒီယိုကို သွားကြတာများတယ်။ အဲ့ဒီမှာတည်းတဲ့သူတွေဆို လေဆိပ်မှာကြို့ဖို့ ကားကြီးတွေ စောင့်နေတယ်။ ဆူနမ်တို့ ဒစ်စနေမှာ ၅ ရက်လောက်လည်တာ လည်လို့မနှံ့ဘူးတဲ့။ ကိုယ်က ကနေဒီအာကာသစခန်းကိုပဲ သွားလည်မှာ။ တိုးတွေက ကြိုတဲ့နေရာ ၃ ခုရှိတယ် အော်လန်ဒိုမြို့ထဲမှာ လာမကြိုဘူး။ Starflyer နားက Fairfield Inn & Suites By Marriott Orlando ကိုရွေးလိုက်တယ်။ လာကြိုမယ့်နေရာနဲ့ လမ်းလျှောက်ရင် ၁၀ မိနစ်လောက်ပဲ ဝေးတယ်။ ပါလာတဲ့ ထမင်းကြော်တွေကို နေ့လည်စာနဲ့ ညနေစာအဖြစ်ပေါင်းစား ပြီးတော့နား။ မနက် ၇ ၄၅ လာကြိုမှာဆိုတော့ ၇ နာရီခွဲ ဟိုတယ်ကထွက်  စုရပ်မှာစောင့်ပြီး အေးလာလို့ ဟိုတယ်ပြန်ပြီး ဒေါင်းဂျက်ကဒ်တွေပြန်ယူ။ တိုးကားက ရောက်နေပြီ ကိုယ်တို့မိသားစုနဲ့ လင်မယားစုံတွဲတတွဲ။ ကနေဒီအာကာသစခန်းကို တနာရီလောက် မောင်းရတယ်။ တိုးဂိုက်က ဘယ်နေရာတွေ လည်သင့်လဲ သေချာရှင်းပြတယ် ညနေ ၄ - ၄ ခွဲကြား လာခေါ်မယ်တဲ့။ အဝမှာ ဓာတ်ပုံရိုက်နေတုန်း လူတွေအများကြီး ရောက်လာကြတယ်။ ဒါတောင် ကြားရက်မို့လို့ လူနည်းတာ။ မနက် ၉ နာရီ နိုင်ငံတော်သီချင်းနဲ့ ဖွင့်တယ်။ ဒုံးကျည်တွေနဲ့ ဓာတ်ပုံရိုက်။ မိနစ် ၂၀ လောက် ride စီးတာ ခေါင်းမူးသွားကြတယ်။ Atlantis ထဲဝင်လည်တယ်။ သမိုင်းကြောင်းကို ရှင်းပြတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီစီက အာကသပြတိုက်လည်း ကောင်းပါတယ်။ ဒါပေမယ့် ကနေဒီအာကာသစခန်း ပိုကြိုက်တယ်။ စတိုးဆိုင်က ဝယ်တဲ့ပစ္စည်းတွေကို နေ့လည် ၁၂ - ၁၂ : ၄၅ ကြားမှာ အာကသယာဥ်မှူးက လက်မှတ်ထိုးပေးတဲ့ အစီအစဥ်ရှိတယ်။ တိုးဂိုက်ပြောသလို ဒင်္ဂါးပြားဝယ်ပြီး အာကသယာဥ်မှူးကို လက်မှတ်ထိုးခိုင်း ဓာတ်ပုံတွဲရိုက်တယ်။ အာကသယာဥ်မှူးက Ken Cameron တဲ့။

https://realfloridaadventures.com/tour/kennedy-space-center-tour

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၄။



10 February 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၄

၂၀၂၃ ဒီဇင်ဘာ ၂ စနေနေ့ မက်ဟက်တန် ၃၄ လမ်းကနေ ၅၂ လမ်းအထိ Fifth Avenue လမ်းတလျှောက် ခရစ်စမတ်အလှဆင်ထားတာတွေ လိုက်ကြည့်တယ။ ၃၆ လမ်းက နယူးယောက်မှာ ပထမဆုံးအလုပ်ရုံး၊ ၄၂ လမ်း Bryant Park မှာ စကိတ်စီးတာ၊ ခရစ်စမတ်စျေးတန်း။ လမ်း ၅၀ Rockefeller XMas tree ၊ Saks Fifth Avenue ဆိုင်က lighting show ကြည့်ဖို့ လူတွေကြိတ်ကြိတ်တိုး မနည်းတိုး၊ အမေပျောက်သွားမှာစိုးလို့ လက်တွဲထားရတယ်။ ဒီနှစ် lighting show ကအတော်လှတယ် ကြည့်ဖူးသမျှထဲမှာ အလှဆုံးပဲ။ လမ်းလျှောက်တာ မမောဘဲ လူတိုးရတာ အတော်မောသွားတယ်။ အဖေ့အတွက် iPhone 15 Pro ဝယ်တာ sim card ထည့်စရာမလိုတဲ့ e-sim card ဖြစ်နေလို့ iPhone 13 ပြန်လဲရတယ်။ iPhone 14 ကနေစပြီး e-sim card တွေဖြစ်ကုန်ပြီတဲ့။ e-sim card နဲ့က မြန်မာပြည်မှာ သုံးလို့ရမှာမဟုတ်ဘူး။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၄။

Rockerfeller XMas tree
Saks Fifth Avenue
Macy Store 34th Street
Bryant Park 42th Street
Queens Mall

07 February 2024

တူတော်မောင် - ၁၂

PE & Sports တခုပဲ D..ကျန်တာ အကုန် A+, A ရတဲ့ တူတော်မောင်.. Congratulations ! I am so proud of you !

Kyi kyi I got A+ in all subjects without maths. I got A. I got D in sports. I don't think I am not good at sports.

၄ နှစ်အရွယ် တီချယ်ဂျက်ကျောင်း တက်ခိုင်းတုန်းက ကြီးကြီးခင်စန်းကို မုန်းတယ်။ ကြီးကြီးကြောင့် ကျောင်းတက်ရတာလို့ ပြောတဲ့သူက ခုတော့ ဘိုလိုချည်း မှုတ်နေတော့တာ။

စန်းထွန်း

ဖေဖေါ်ဝါရီ ၇၊ ၂၀၂၄။

03 February 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂၃

၂၀၂၃ နိုဝင်ဘာ ၂၃ ကြသပတေးနေ့ ကျေးဇူးတော်နေ့ပိတ်ရက် ဘရွှတ်ကလင်းက Prospect Park မှာ သွားလမ်းလျှောက်တယ်။ Prospect Park ကို ပထမဆုံးအကြိမ်ရောက်ဖူးတာ။ ဝိုင်းနဲ့ ဆောင်းဦးပေါက်ချိန်သွားမယ်လို့ ပြောဖြစ်ပေမဲ့ တခါမှမသွားဖြစ်ဘူး။ ပန်းခြံက အကျယ်ကြီးပဲ သစ်ပင်တွေလည်း အများကြီးပဲ။ လမ်းလျှောက်တဲ့သူ၊ စက်ဘီးစီးတဲ့လူတွေနဲ့ စည်ကားပေမဲ့ စင်ထရယ်ပါ့ခ်လောက် ကြိတ်ကြိတ်တိုးမနေဘူး။ ကြိုက်လို့ နွေရာသီပြန်လာဦးမယ်။ တောတောင်ရေမြေတွေ မြင်ရရင် ပျော်နေတာ။

Happy Traveling!

စန်းထွန်း

ဖေဖေါ်ဝါရီ ၃၊ ၂၀၂၄။