13 January 2013

ဒီစီသွား တောလား - ၂



ဒီဇင်ဘာ ၂၇၊ ၂၀၁၂ ကြာသပတေးနေ့။

၇ နာရီခွဲ  နှိုးစက်သံကြောင့် အိပ်ယာထကာ ခရီးစဉ်အတွက် ပြင်ဆင်ပြီး  ၁၀ မိနစ်ခန့်လျှောက်ရသော ဘတ်စ်ကားဂိတ်သို့ ရာမားက လိုက်ပို့သည်။ လေထန်သည်မှာ မျက်နှာတပြင်လုံး အေးစက်လာသည်မို့ နားရွက်များပါ နွေးစေသော ဦးထုပ် ပြန်ယူရသည်။ ဒီစီ၏ သယ်ယူပို့ဆောင်ရေးစနစ်သည် မြန်ဆန်၍ ၁၀ မိနစ်ထက် ပိုမစောင့်ရ။

ရှယ်ဒီဂရုဘူတာရုံ ရောက်ပါသလား..ရောက်တယ်..ဘယ်လောက် ကျပါသလဲ..၁ ကျပ် ၈၀..၁ ကျပ်တန် ၂ ရွက် ထည့်တော့ အမ်းဖို့ အကြွေမရှိဘူး..ဘူတာရုံရောက်ရင် သတိပေးပါနော်..ဂိတ်ဆုံးပဲ..

၉ ကျပ်တန် ရထားလက်မှတ်ဝယ်တော့ ခရစ်ဒစ်ကဒ်ကို မဖတ်။ ပြောင်းပြန်များ မှားထည့်လို့လား။ သုံးကြိမ်တိတိ ကြိုးစားပြီးသောအခါ လက်လျှော့လိုက်သည်။ နောက်စက်ပြောင်းတော့ အဆင်ပြေလေသည်။ ဒူးပွိုင့်စာကယ် ဘူတာရုံတွင် ဆင်းသည်နှင့် N2 N3 N5 ဘတ်စ်ကားဂိတ် မှတ်တိုင်တွေ့သော်လည်း ကိုယ်သွားမည့်နေရာ ရောက်မည်လား  မသေချာ၍ စက်ဘီးစီးသည့် အန်ကယ်ကြီးအား မေးသောအခါ မသိ။ တဖက်ကမ်းက ကားဂိတ်မှတ်တိုင် သွားကြည့်တော့ တရုတ်နှစ်ယောက် ကိုယ့်လို အူကြောင်ကြောင်လေးတွေ။



ဘတ်စ်ကားလာမှ ဒရိုင်ဘာကို မေးတာ အသေချာဆုံးဟုတွေးကာ အနီးမှာရှိသည့် ဆိုင်တွင် မနက်စာ စားသောက်လေသည်။ ဈေးကြီးသော်ငြား  အတော်စားကောင်းလေသည်။ ဆန်းဝှစ် တဝက်ကို ဗိုက်ထဲထည့်ပြီး တဝက်ကို ကျောပိုးအိတ်ထဲ ထည့်လေသည်။ ဘတ်စ်ကားစောင့်နေတုန်း အဖြူစုံတွဲက ဒီဘတ်စ်ကားက သူတို့သွားမည့်နေရာ ရောက်သလားဟု မေးလာသည်။ ကျွှန်ုပ်လည်း ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ဒရိုင်ဘာကို မေးကြည့်တော့ အဝိုင်းကြီးကျော်ပြီးမှ စီးရမည်ဟု ညွှန်သည်။

မှတ်တိုင်တွင် ရပ်စောင့်ရင်း ဒီစီသားများဟု ထင်သည့်သူများကို သွားမေးတော့လည်း မသိ။ သဘောကောင်းသည့် အိန္ဒိယအန်တီကြီးကို မေးကြည့်တော့ ဒီမှတ်တိုင်ကနေ ဘုရားကျောင်း ရောက်တယ်..ဘတ်စ်ကား လာနေပြီ။ ဘယ်စီးစီး ၁ ကျပ် ၈၀။ တလမ်းလုံး သံရုံးတော်တော်များများ ရှိသည်။ ဟော ဒီမှာ ဘုရားကျောင်း... ရှေ့မှတ်တိုင်မှာ ဆင်း။ အဘွားကြီးက ဘုရားကျောင်းက တော်တော်ကြီးတယ်။ ဘယ်က လာတာလဲဟု မေးသည်။ ကန်တက်ကီက ဆိုသောအခါ တန်နက်စီလား..တန်နက်စီ အပေါ်က ကန်တက်ကီ။



ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်၊ အမေရိကန်တွင် ဒုတိယအကြီးဆုံးဖြစ်သော ဝါရှင်တန်နေရှင်နယ်ကသီဒရယ်ကို  ၁၈၉၃ ဇန်နဝါရီတွင် အမေရိကန်လွှတ်တော်မှ ခွင့်ပြုခဲ့ပြီး ၁၉၀၇ စက်တင်ဘာတွင် သမ္မတ သီရိုဒိုရုစဗဲ့မှ ဖောင်ဒေးရှင်း ကျောက်တုံးချပေးကာ စတင်ခဲ့သည်။ ၈၃ နှစ်အကြာ ၁၉၉၀ တွင် သမ္မတ ဂျော့ရှ်ဒဘလူဘုရှ်မှ ဖွင့်လှစ်ပေးခဲ့သည်။ အမေရိကန်များ၏ ယုံကြည်မှု၊ ဗိသုကာလက်ရာများကို ဖော်ကျူးသည်။ အထူးခြားဆုံးမှာ ပြတင်းပေါက်များ ဖြစ်သည်။ ဒီစီရောက်လျှင် မဖြစ်မနေရောက်သင့်သည့် နေရာဖြစ်သည်။

"This cathedral is never completed...for there is always something to be done here, as it is a living place a work in progress, and the heart of this place is found not in the magnificent soaring arches or beautiful glass but in you."

-the Rev. Peter J. Gomes


အသွားတုန်းက လမ်းညွှန်လိုက်သည့် ဒရိုင်ဘာအန်ကယ်ကြီးနှင့် ပြန်ဆုံသည်။ ဘယ်စီးစီး ၁ ကျပ် ၈၀ ဖြစ်သည်။ ဒီစီမှာ ဘယ်လောက်ကြာကြာနေဦးမှာလဲ..နောက်၂ရက်..စမတ်ကဒ်ဝယ်ရင် သက်သာတယ်..ရထားပဲစီးစီး၊ ကားပဲစီးစီး၊ ဘတ်စ်ကားပြောင်းရင်လည်း ထပ်ပေးစရာမလိုတော့။ ဘူတာရုံရှိသည့်ဖက်ကို လမ်းညွှန်လိုက်သေးသည်။

ဘူတာရုံလက်မှတ်ဖြတ်တော့ ဖြတ်လို့မရ။ အသစ်ကဒ် ထပ်ဝယ်ပါ ညွှန်သည်။ တနေ့လုံးကြိုက်သလောက်စီးလို့ရသည့် ဝမ်းဒေးပတ်စ် ၁၄ ကျပ် ဝယ်သည်။ ကယ်ပီတယ်ကို သွားချင်လို့ ဘယ်ဘူတာက အနီးဆုံးလဲ ယူနီရီစင်တာ..အမ် မြေပုံမှာတော့ ကယ်ပီတယ်ဆောက်တဲ့..I said Union Center ဟု အသံခပ်မာမာ မျက်နှာထိမျက်နှာထားဖြင့် ပြောသောအခါ အိုကေ..ကျေးဖူးတင်ပါတယ်ဆိုကာ တချိုးတည်း လစ်ရတော့သည်။ ဒီငနဲက မယုံကြည်ရဘူးထင်ကာ မတ်ထရိုဘူတာတွင် သွားမေးတော့ တနင်္ဂနွေနေ့တုန်းက အိမ်ဖြူတော်ကို လမ်းညွှန်သည့် ဘူတာဝန်ထမ်းနှင့် ပြန်ဆုံသည်။ ယူနီယမ်စင်တာဟုပင် ညွှန်သည်။



လေတဟူးဟူး တိုက်နေသည်မို့ လမ်းဘေးထိုင်ခုံတွင် ထိုင်ကာ မစားချင်။ လမ်းလျှောက်ရင်းဖြင့်ပင် ဆန်းဒစ်၊ ပန်းသီးကိုက်လေသည်။ ၁၅ မိနစ်ခန့်လျှောက်ပြီးသောအခါ ခန့်ညားလှပသော ကယ်ပီတယ်အဆောက်အဦးကို တွေ့ရသည်။ အဆောက်အဦးပေါ်တွင် လက်နက်ကိုင်စောင့်နေသော စစ်သားများကို တွေ့သည်။ ထိုင်စောင့်နေသည့် အန်ကယ်ကြီးကို ဓာတ်ပုံရိုက်ပေးဖို့ အကူအညီတောင်းရသည်။ ကျွှန်ုပ်ကိုသေးသေးလေး အဆောက်အဦးတခုလုံးကို အကြီးကြီး ရိုက်ပေးပါဆိုသောအခါ သဘောပေါက်သည်။ အောက်ကိုဆင်းသည့် လှေကားနားတွင် တန်းစီနေသော လူတန်းကို တွေ့သောအခါ ကယ်ပီတယ်ထဲ ဝင်လည်ဦးမှဟု ဝင်တန်းစီလေသည်။

လုံခြုံရေး အတော်တင်းကြပ်သည်။ ရေ၊ အစားအသောက် သယ်ခွင့်မပြု။ ရေညှိထုပ်နှစ်ထုပ်၊ ရေဘူးနှစ်ဘူး ပစ်လိုက်ရလေသည်။ ခါးပတ်၊ ဖုန်း၊ ကင်မရာ အကုန်စစ်သည်။ အထဲရောက်တော့လည်း လူတန်းကြီးက အရှည်ကြီး။ ၁၅ မိနစ်၊ ၂၀ မိနစ်ခန့် တန်းစီရလေသည်။ အွန်လိုင်းတွင် မှတ်ပုံတင်လုပ်ထားလျှင်တော့ မြန်သည်။ ကယ်ပီတယ်အကြာင်း ၁၅ မိနစ် ဗီဒီယိုတွင် ကွန်ကရက် အလုပ်လုပ်ပုံ၊ ခန့်ညားလှပသော အဆောက်အဦး တည်ဆောက်ကြပုံ၊ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ကြပုံတို့ကို တင်ဆက်သွားသည်။ တိုးဂိုက်မှ နားကြပ်လေးများ ပေးကာ အုပ်စုလိုက် ဦးဆောင်ပြီး ရှင်းပြသည်။ ပန်းချီ၊ ပန်းပုလက်ရာများမှာ ရှုမငြီးဖြစ်သည်။



ကယ်ပီတယ်သည် ကမ္ဘာပေါ်တွင် လူအများဆုံးမှတ်မိသည့် ဒီမိုကရေစီအစိုးရ၏ အမှတ်အသားဖြစ်သည်။ လွှတ်တော်မှ ဥပဒေများ ရေးသားခြင်း၊ သမ္မတခန့်အပ်ခြင်း၊ ပြည်ထောင်စုမိန့်ခွန်းများ ထုတ်ပြန်သည့်နေရာသည် ကပ်ပီတယ်ဖြစ်သည်။ ရာစုနှစ်ခုကျော်အတွင်း ပြည်ထောင်စုထဲသို့ ပြည်နယ်များတိုးလာသလို ဆီးနိတ်လွှတ်တော်အမတ် အရေအတွက်လည်း တိုးလာသည်။ အမိုးတွင် သမိုင်းဝင်ရုပ်ပုံများ၊ ခန်းမတွင် သမိုင်းတွင်သည့် အဖြစ်များကို ဖော်ကျူးထားသည့် ပန်းချီကားများ၊ သမိုင်းဝင်လူများ၏ ရုပ်ထုများနှင့် ဆင်ယင်ထားသည်။

ဒေါက်တာ ဝီလီယမ် တော့တွန်မှ ဒီဇိုင်းရေးဆွဲပြီး ၁၇၉၃ စက်တင်ဘာ ၁၈တွင် သမ္မတ ဂျော့ဝါရှင်တန်မှ အုတ်မြစ်ချပေးခဲ့သည်။ အမေရိကန် - ဗြိတိန် ဒုတိယစစ်ပွဲတွင် အတွင်းဖက်အားလုံးနီးပါး ပျက်စီးခဲ့ပြီး အပြင်ခွံသာ ကျန်ခဲ့သည်။ ၁၈၁၉ တွင် ဘေးတောင်ပံအဆောက်အဦးများ တည်ဆောက်သည်။  ၁၈၂၆ တွင် မိန်းအဆောက်အဦးနှင့် တောင်ပံအဆောက်အဦးများ ချိတ်ဆက်ပြီး ကော့ပါးအမိုးကို ဝေါင်းတန်နာဖြင့် အနားသတ်ခဲ့သည်။ ပြည်နယ်တခုချင်းစီမှ ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်နှစ်ဦး၏ ရုပ်ထုများ ထည့်ဝင်ဖို့ ကွန်ဂရက်မှ ဖိတ်ခေါ်ခဲ့သည်။ ၁၈၆၃ ဒီဇင်ဘာတွင် အမေရိကန်အနုပညာရှင် သောမတ်ခရောဖို့ဒ် ထုလုပ်သည့် လွတ်လပ်မှုရုပ်ထုကို ကယ်ပီတယ်အမိုးဝိုင်းတွင် ထားရှိသည်။

The Statue of Freedom tops the dome
credit to Google

ရော့တန်နာသည် ကယ်ပီတယ်၏ အလယ်ဗဟိုနှလုံးသားဖြစ်သည်။ သမ္မတ အေဘရာဟမ်လင်ကွန်း၊ ကွန်ဂရက်အမတ်၊ စစ်သူရဲကောင်းများ၊ ဂုဏ်ပြုထိုက်သည့်နိုင်ငံသားများ၏ နိုင်ငံတော်အဆင့် ဈာပန ကျင်းပရာ နေရာဖြစ်သည်။ အီတလီဖွား အမေရိကန် အနုပညာရှင် ကွန်စတန်တီနို ဘရူမီဒီသည် ကယ်ပီတယ်၏ ပန်းချီလက်ရာများ၏ ဖန်တီးရှင်ဖြစ်သည်။ ကယ်ပီတယ်ခေါင်းမိုးဝိုင်း၏ မျက်လုံးဖြစ်သော အပိုသီရိုစစ်သည် ဘရူမီဒီ ကြိုးစားအားအထုတ်ဆုံး လက်ရာဖြစ်သည်။ ပြည်တွင်းစစ်ပြီးဆုံး၍ အမိုးသစ်ပြီးဆုံးချိန် ၁၁လကြာ ရေးဆွဲခဲ့သည်။

ဝါရှင်တန်၏ ဘေးတဖက်တချက်တွင်ရှိသော အမျိုးသမီးနှစ်ဦးသည် လွတ်လပ်မှု၊ အာဏာ၊ အောင်မြင်မှု၊ ကျော်ကြားမှုကို ကိုယ်စားပြုသည်။ လွင့်နေသည့်ဝတ်ရုံ ဝတ်ထားသည် မိန်းကလေးသည် မူလ ၁၃ ပြည်နယ်ကို ကိုယ်စားပြုသည်။ E Pluribus Unum သည် လက်တင်ဘာသာဖြင့် out of many,one ဟု အဓိပ္ပာယ်ရသည်။

credit to Google

ရိုတန်နာအား ဝန်းရံထားသော ၁၉ ခန်းပါ ပန်းချီကားသည် အနောက်ဖက်တံခါးမှ နာရီလက်တံအတိုင်း စတင်ကာ ထူးခြားသော အမေရိကန်သမိုင်းဖြစ်စဉ်များကို ဖေါ်ပြသည်။ ၁၈၅၉ တွင် ဘရူမီဒီသည် ကိုလံဘတ် အမေရိကားတိုက်ပေါ် ခြေချခြင်းမှ ကယ်လီဖိုးနီးယားတွင် ရွှေ တွေ့ရှိခြင်း အခန်းထိ ရေးဆွဲသည်။ ၁၈၇၈ အသက် ၇၈ နှစ် ဝီလီယမ်ပန်နှင့် အင်ဒီးယမ်း အခန်းကို ရေးဆွဲနေစဉ် ခြေချော်ပြ ုတ်ကျသည်။ ၁၈၈၀ ဖေဖေါ်ဝါရီ မကွယ်လွန်မှီအထိ ကျန်ရှိနေသော အခန်းများကို ရေးဆွဲသွားသည်။

ဖိလစ်ပီ ကော့စကပ်ဂီနီသည် ဘရူမီဒီ မပြီးပြတ်သော လက်ရာများကို ၁၈၈၉တွင် ရေးဆွဲပြီးသွားသော်လည်း တွက်ချက်မှားမှုကြောင့် ၃၁ပေ လွတ်နေသည်။ သူ ကွယ်လွန်သည့် ၁၉၀၄ မတိုင်ခင်အထိ သူ့ကိုယ်ပိုင်၃ခန်း ရေးဆွဲခွင့် အတည်မပြုခဲ့။ ၁၉၅၁ တွင် အဲလန်ကောက်မှ အပြီးသတ်သည်။ ရှင်းလင်းလက်စသတ်ပြီး ၁၉၅၃ တွင်မှ ပြီးစီးခဲ့သည်။



လွှတ်တော်တွင် ဆီးနိတ်နှင့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်အမတ်များသည် ဥပဒေအဆို တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ မဲခွဲ ဆုံးဖြတ်ကြသည်။ ၁၉၈၆ မှစတင်ကာ ဆီးနိတ်နေ့စဉ် လုပ်ဆောင်ချက်များကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည်။ ဆီးနိတ်တွင် အဖွဲ့ဝင် ၁၀၀ ရှိပြီး ပြည်နယ်တခုတွင်  ဆီးနိတ်တာ ၂ ယောက် တူညီစွာ ကိုယ်စားပြုသည်။ ဆီးနိတ်တာသည် အသက် ၃၀ ရှိရပြီး ပြည်နယ်တွင် နေထိုင်သူ အမေရိကန်နိုင်ငံသားအဖြစ် ၉ နှစ် ရှိရမည်။ ဆီးနိတ်တာ၏ သက်တမ်းမှာ ၆နှစ် ဖြစ်သည်။



အိမ်လွှတ်တော်တွင် မဲပေးနိုင်သော ၄၃၅ ကိုယ်စားလှယ်ရှိသည်။ ၁၀နှစ်ကြာတိုင်း ပြည်နယ်၏ လူဦးရေပေါ် မူတည်ကာ ကိုယ်စားလှယ် အရေအတွက် ဆုံးဖြတ်သည်။ ပြည်နယ်တစ်ခုစီတွင် အနည်းဆုံး ကိုယ်စားလှယ်တယောက် မရှိမဖြစ် ရှိရသည်။ ကိုယ်စားလှယ် သေဆုံးခဲ့လျှင် အထူးရွေးချယ်ခြင်းဖြင့် အစားထိုးသည်။ သို့သော် အမေရိကန် ဆမိုအာ၊ ဒီစီ၊ ဂွမ်၊ ဗာဂျင်းအိုင်လန်၊ မြောက်ပိုင်းမေရီယာနာပြည်နယ်မှ မဲပေးခွင့် မရှိ။ ပွာရိုတိုရီကိုအား ဒေသခံကိုယ်စားလှယ်မှ ကိုယ်စားပြုသည်။ လွှတ်တော်ကိုယ်စားလှယ်သည် အသက် ၂၅ ရှိပြီး ဒေသတွင် နေထိုင်သူ အမေရိကန်နိုင်ငံသား ၇နှစ် ရှိရမည်။ ကိုယ်စားလှယ်သက်တမ်းမှာ ၂ နှစ် ဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုအာဏာကို ဆီးနိတ်နှင့် အိမ်တော် နှစ်ရပ်လုံးအား မျှဝေပေးထားသည်။ အခြေခံဥပဒေအရ ဆီးနိတ်နှင့် အိမ်တော် နှစ်ရပ်လုံး စစ်ပွဲကြေငြာခြင်း၊ လက်နက်ကိုင်တပ် ထိန်းချုပ်ခြင်း၊ အခွန်ထိန်းညှိခြင်း၊ ချေးငွေ၊ ဒင်္ဂါးထုတ်ဝေခြင်း၊ စီးပွားရေး ညှိခြင်း၊ ဥပဒေ ပြဋ္ဌာန်းခြင်းများကို တာဝန်ယူရသည်။




ဆီးနိတ်မှသာ နိုင်ငံတကာစာချုပ်များအား အကြံညဏ်ပေးခြင်း၊ လက်မှတ်ရေးထိုးခြင်း အခွင့်အာဏာရှိသည်။ အီလက်ထရိုကောလိပ်မှ ဆုံးဖြတ်ချက်မှားနေလျှင် အိမ်တော်မှ သမ္မတရွေးကောက်ပွဲ အနိုင်ရသူကို ဆုံးဖြတ်နိုင်သည်။ အိမ်တော်သည် သမ္မတ၊ ပြည်ထောင်စုအမတ်များများ၏ မတရားမှုများ အဆိုတင်သွင်းနိုင်သည့် အာဏာရှိပြီး ဆီးနိတ်သည် ထိုမတရားမှုများကို သုံးသပ်ကာ ဆက်လက်လုပ်ဆောင်သင့်၊ ဖယ်ရှားခွင့် ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။ စစ်တပ်သည် တိုင်းပြည်အုပ်ချုပ်ရေးတွင် လုံးဝမပါဝင်ဘဲ  ပြည်သူများ ရွေးခြယ်ထားသည့် သမ္မတ၊ အမတ်များဖြင့် ဖွဲ့စည်းထားသည် လွှတ်တော်၏ အမိန့်ကို နာခံရသည်။

လွှတ်တော်တွင် ဆွေးနွေးနေသည်ကို မြင်လိုလျှင်၊ လွှတ်တော်အမတ်များနှင့် တွေ့လိုလျှင် နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်ရပြီး ၄ နာရီထိုးလုပြီမို့ အိမ်ပြန်ရန်  ဘူတာရုံဆီ ချီတက်ရလေသည်။ မည်သည့်အထိမ်းအမှတ်မှန်း ကျွှန်ုပ် မသိသော်လည်း  ယူနီယံစင်တာဘူတာရုံရှေ့တွင်ရှိသော ရုပ်တုဖြစ်သည်။ ဒီစီသည် ရှေးဟောင်းလက်ရာများနှင့် ခန့်ညားသည့် မြို့တော်ဖြစ်သည်။


THE CAPITOL

The United States Capitol is the most widely recognized symbol of democratic government in the world. It has housed Congress since 1800. The Capitol is where Congress meets to write the laws of this nation and where presidents are inaugurated and deliver their State of the Union messages. For more than two centuries, the Capitol has grown along with the nation, adding new wings to accommodate the increasing number of senators and representatives as new states entered the Union. Its ceilings are decorated with historic images, and it halls are lined with statues and paintings representing great events and people from the nation's history.

The original Capitol was designed by Dr. William Thornton, and the cornerstone was laid by President George Washington on September 18, 1793.

This view shows the Capitol in 1800 with only the north wing completed.
credit to Google



The first known photograph of the Capitol was taken in 1846
credit to Google

Construction of the new cast-iron dome was well under way in 1861.
credit to Google
Inauguration of President Kennedy on east portico of U.S. Capitol, 20 January 1961.
credit to Google
THE ROTUNDA
The Rotunda is the heart and center of the Capitol. Although it serves no legislative function, it is a ceremonial space where state funerals have been held since the time of Abraham Lincoln, for presidents, members of Congress, military heroes and eminent citizen. Hanging in the Rotunda are four giant canvases painted by four other artists depict events associated with the exploration and settlement of the United States. The Apotheosis of Washington painted by Italian-American artist Constantino Brumidi shows George Washington surrounded by symbols of American democracy and technological progress.

THE CONGRESS
The United States Congress is composed of two legislative bodies, the Senate and the House of Representatives, which meet in separate chambers in the two wings of the Capitol. Here members introduce legislation; speak out on the issues, and case votes on bills, resolution, nominations, and treaties. Since 1986, the Senate's daily proceedings  have been televised.

THE SENATE
 
The Senate has 100 members, with each state equally represented by two senators. A senator must be thirty years of age, a resident of the state, and a citizen of the United States for at least nine years. Senators are elected for six-year, overlapping terms, with one-third of the Senate being elected every two years.

Originally senators were chosen by sate legislators, but in 1913 the Seventeenth Amendment provided for direct election of senators by the people. If a vacancy occurs, the governor of most states may appoint a replacement . The vice president is the "president of the Senate", but on a daily basis the presiding officer's chair is usually held by the president pro tempore (the senior member of the majority party) or a designee. The vice president votes only to break a tie.

THE HOUSE OF REPRESENTATIVES
Since the early 20th century, the House's membership has been set at 435 voting representatives. Every 10 years, after the census, states are assigned a number of representatives based on their population and may be redistricted. Each state is entitled to at least one representative.

If a representative dies or leaves office in midterm, a special election is held to choose a replacement. In addition, non-voting delegates present American Samoa, the District of Columbia, Guam, the Virgin Islands, and the Northern Mariana Islands; Puerto Rico is represented by a resident commissioner.

A representative must be twenty-five years of age, a resident of the state, and the citizen of the United States for at least seven years. Members of the House of Representatives serve two-year terms. The presiding officer of the House is the Speaker. The Speaker is next in line after the vice president to succeed to the presidency.

SPECIAL POWERS
Under the constitutional system of checks and balances, federal powers are both shared and divided among the legislative, executive, and judicial branches of government, as well as between the two houses of Congress.

The Constitution gives both the Senate and House responsibility for declaring war, maintaining the armed forces, assessing taxes, borrowing money, minting currency, regulation commerce, and making all laws necessary for the operation of the government.

The Senate alone offers advice and consent on treaties and nominations. In the event of an indecisive Electoral College vote, the House determines the winner of a presidential election - as it did in the elections of 1800 and 1824. The House has the sole power to initiate impeachment proceeding (an indictment of the president or other federal officer), and the Senate has sole power to try an impeached officer and decides whether or not to remove the individual from office.

လက်ကမ်းစာစောင်ထဲက ကယ်ပီတယ်အကြောင်း ကျွှန်ုပ်၏ဘာသာပြန်မှုထက် မူရင်းအင်္ဂလိပ်လို ဖတ်ရခြင်းက ပိုရှင်းလင်းမည် ထင်သောကြောင့် ကူးတင်ပေးလိုက်သည်။ အမေရိကန်နိုင်ငံ၏ မဲပေးစနစ်အကြောင်းကို ရေးပါဦးဟု ဆိုလာသည့် မြန်မာပြည်က ကိုကျော်သူရ ဒီပို့စ်လေးနှင့် ကျေနပ်မည် ထင်ပါသည်။

Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၁၃၊ ၂၀၁၃။

06 January 2013

ဒီစီသွား တောလား - ၁



ဒီဇင်ဘာ ၂၁၊ ၂၀၁၂ သောကြာနေ့။

ခရစ်တော်မပေါ်မှီ နှစ်ပေါင်းများစွာကတည်းက သိပ္ပံ၊ သချာၤဘာသာရပ်များ ကျွှမ်းကျင်ပိုင်နိုင်ကာ ယဉ်ကျေးမှုအဆင့်မြင့်မားသည့် မာယာလူမျိုးစု၏ ပြက္ခဒိန်သည် ၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးသတ်သည်မို့ ကမ္ဘာပျက်လိမ့်မည်ဟု ကောလဟာလထွက်နေသည့် ထိုနေ့တွင် ကျွှန်ုပ်မှာကား အလုပ်ရှုပ်နေလေသည်။ အလုပ်တွင် CAD ဌာန၏ Line List Processor module အား အပြတ်ဖြတ်နေရသလို အိမ်ရောက်သည့်အခါတွင်ကား ၁၁ ရက်ကြာမည့် ခရီးအတွက် အထုပ်ပြင်၊ အဝတ်ဟောင်း လျှော်၊ လွှင့်ပစ်ရမည့် အစားအသောက်တွေကို လွှင့်ပစ်၊ အိပ်ခန်း၊ ရေချိုးခန်း သန့်ရှင်းရေးလုပ်ရသည်နှင့် ကမ္ဘာပျက်သွားလျှင်တောင် သိလိုက်မည် မထင်။

ပိတ်ရက်တွင် ဝါရှင်တန် သွားလည်မည်လို့ ဆိုလိုက်လျှင် ဘယ်ဝါရှင်တန်တုန်း ...အနောက်ဖက်ကမ်းခြေ စီရေတယ်မြို့ရှိတယ့် ဝါရှင်တန်ပြည်နယ်လား ၊ အရှေ့ဖက်ကမ်းခြေ နယူးယောက်နားက ဝါရှင်တန်မြို့လားဟု  မေးကြသည်။ District of Columbia ပြည်နယ်တွင် ရှိသော အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့ကို ကွဲပြားအောင် ဝါရှင်တန်ဒီစီဟု ခေါ်ကြသည်။

ခရစ်မမတ်အကြို၊ ခရစ်စမတ်၊ နယူးရီးယားအကြို၊ နယူးရီးယားအထိ စနေ၊ တနင်္ဂနွေ ပိတ်ရက်များ ပေါင်းလိုက်လျှင် ခွင့်၃ရက်ယူရုံနှင့် အားလပ်ရက် ၁၁ ရက် ရသည်မို့ ခရစ်စမတ်၊ နယူးရီးယားတွင် တစ်ယောက်တည်း ငေါင်နေမည့်အစား သူတို့ဆီ လာလည်ပါလားဟု ဆူနမ်နှင့်ရာမား ဖိတ်ခေါ်သည်နှင့် ချက်ချင်း လေယာဉ်ဘွတ်တော့သည်။ သိပ်မသွားချင်ရှာဘေ။ အလည်ခေါ်သော်ငြား ခြွင်းချက်ရှိသည်။ နယူးယောက်သွားလည်ချင်သည်၊ ဘယ်သွားချင်သည်၊ ညာသွားချင်သည်ဟု ပူဆာခွင့်မရှိ။ ရာသီဥတုအေးသည်မို့ သူတို့လည်း ဘယ်မှ မသွား။ အတူတူ အိမ်တွင်းအောင်းမည်ဆိုလျှင် လာလည်နိုင်သည်။ မန်နေဂျာထံ ခွင့်သွားပန်တော့ သူလည်း အဲဒီအချိန် ခရီးထွက်မည်။  တော်တော်များများလည်း အဲဒီအချိန် ခွင့်ယူကြမည်မို့ ဟတ်ပီးဟောလီးဒေး..။

လမ်းမကြီးက ပြောသော သမိုင်း..
လှုဒါန်းပစ္စည်းများကို ဈေးသက်သက်သာသာဖြင့် ရောင်းချသော ဂွတ်‌ဝေလ်ဆိုင် တည်ထောင်သူ..
ေကျာင်းတက်တုန်းက ကျွှန်ုပ်သည် ဂွတ်‌ဝေလ်လ်ေဖာက်သည်တယောက်ြဖစ်ြပီး
အမ်ဘီေအမှ ဂျူနီယာကမေ္ဘာဒီးယားမလေးများကို ဂွတ်ေဝလ်သို့ ေခါ်ဆောင်ေပးခဲ့ဖူးသည်။
ဒီဇင်ဘာ ၂၂၊ ၂၀၁၂ စနေနေ့

လေဆိပ်သို့ လေယာဉ်ထွက်ချိန်ထက် ၂ နာရီ စောရောက်ရမည်မို့ မနက် ၈ နာရီ ကတည်းက အိမ်က ထွက်သည်။  ဒီတစ်ခေါက်တော့ ကားပါကင်ကို လွယ်လွယ်ကူကူ ရှာတွေ့သည်။ သို့ပါသော်ငြား ကားတွေက ဒင်းကြမ်းပြည့်နေသည်မို့ နေရာမရှိ ပြန်ထွက်။ ၂ဒေါ်လာပိုဈေးကြီးသည့်  ဂယောင်းပါကင်ကို သွားပါဟု ညွန်သည်။ ကံကောင်းချင်သောအခါ အရှေ ့ဖက်ခြမ်းပါကင်တွင် နေရာရသည်။ ရှယ်တယ်လေးက လေဆိပ်ဆီ ခေါ်သွားသည်။ ရှယ်တယ်ဒရိုင်ဘာမှ အလိုက်သိစွာ ပါကင်နေရာစာရွက်လေး ပေးသည်။ ဟုတ်ပါ့ ဘယ်နေရာမှာ ပါကင်းခဲ့မှန်း မသိ။

ဒီတခေါက်တော့ ၂၅ ကျပ်ပေးပြီး ဟမ်းကယ်ရီအိတ်ကို ချက်ကင် မဝင်တော့။ ဟမ်းပဲ ကယ်ရီတော့သည်။ ၃.၄ အောင်စထက်ကျော်သည့်လိုရှင်းဘူးတွေဆိုလျှင် လွှင့်ပစ်သောကြောင့် မျက်နှာသစ်ဆပ်ပြာရည်၊ လိုရှင်း၊ ဘီဘီခရင်မိတ်ကပ်ရည်၊ ဆေးများကို ပလပ်စတစ်အိတ်အကြည်ထဲ ထည့်။ ခရီးသွားရာသီမို့ လေဆိပ်တွင် ကြိတ်ကြိတ်တိုးနေသည်။ စတိတ်လေဆိပ်ထုံးစံအတိုင်း ကွန်ပျူတာ၊ ကင်မရာ၊ ဖုန်း၊ ခါးပတ်၊ မုန့်၊ ရေဘူး၊ အနွေးထည်၊ ပုဝါ၊ ဖိနပ်တွေကို ဗန်းထဲထည့်ကာ စကန်ဖတ်သည်။ လူဝီဗီလ်လေဆိပ်တွင်တော့ လက်တွေကို ပြရပြီး ဒီစီလေဆိပ်မှာတော့ ဆံပင်တွေသပ်ကာ စစ်သည်။

၁၁ နာရီတွင် လူဝီဗီလ်မှ ထွက်ခွာခဲ့ပြီး ၁ နာရီခွဲ ကြာသောအခါ ဝါရှင်တန်လေဆိပ်ကို ဆင်းသက်သည်။ လေထန်နေသည်မို့ လေယာဉ်တခုလုံး တုန်ခါနေပြီး နိမ့်သွားလိုက်၊ မြင့်သွားလိုက်နဲ့ ရိုလာကိုစတာစီးရသည်နှင့် တူသည်။ အမြင့်ကနေ အောက်ကို ပြုတ်ကျသွားသလို အသည်းထဲ အေးသွားသလို ခံစားလိုက်ရသည့်အခါ ဘုရားတကြသည်။ ကလေးများက အလန့်တကြား အော်ငိုကြကာ ကြွက်ကြွက်ညံသွားသည်။ လေယာဉ်ဘီး  မြေပြင်သို့ အောင်အောင်မြင်မြင် ချနိုင်သည့်အခါ လေယာဉ်မယ်၊ ခရီးသည်များ လက်ခုပ်တီးကာ လေယာဉ်မှုးကို ကောင်းချီးပေးကြသည်။

လမ်းမကြီးမှ ပြောသော သမိုင်း..
နာမည်ကြီး စာရေးဆရာ..ဘတ်စ်ကားစီးရင် ..
သူ ့နာမည် ဂုဏ်ပြုထားသည့် လမ်းတချို ့ေတွ ့ခဲ့သည်။

စုပေါင်းစပ်ပေါင်းစီးမည့် ရှယ်တယ်ကို ဆယ့်ငါးမိနစ်လောက်စောင့်ပြီး အုပ်တောင့်သည့် အာရပ်မိသားစု၊ လူဝီဗီလ်ကနေ လေယာဉ်တစီးတည်း စီးလာသည့် အန်ကယ်ကြီးတို့ စုံတွဲများကို သက်ဆိုင်ရာ ဟိုတယ်ဆီ ပို့ပြီး နောက်ဆုံးတွင် ၄၅ မိနစ်ဝေးသော ကျွန်ုပ်၏ခရီးအား စတင်သည် ဒရိုင်ဘာအန်တီကြီးက ဖော်ရွေပြီး ပျော်ရွှင်တက်ကြွနေသည်။ ဘယ်ကလာတာလဲ..လူဝီဗီလ် ကန်တက်ကီက ဆိုတော့ ဟိုင်းဖိုက် လုပ်သည်။ သူ လူဝီဗီလ်ကို ၂ ပတ်လောက် လာလည်ဖူးသည်။ သာယာလှပတယ့် နေရာလေးဟု ဆိုသည်။ ကားဝင်ပေါက်က တံခါးသေးလေးတွင် သူတို့ ခန္ဓာကိုယ်ကြီးတွေနှင့် ဝင်ရခက်သောအခါ လူဝီဗီလ်က အန်တီကြီးက မျက်နှာရှစ်ခေါက်ချိုးသည်။

ဒရိုင်ဘာအန်တီကြီးမှာ  တံခါးပေါက်သေးသည်ကို သူဘာမှ မလုပ်ပေးနိုင်သော်ငြား သူလုပ်ပေးနိုင်သော ဝန်ဆောင်မူကို အကောင်းဆုံး လုပ်ဆောင်သွားသည်။ ခရီးသည်က မျက်နှာမကောင်းသောအခါ သူ စိတ်မကောင်း။ ဈေးသက်သာချင်လျှင် ဒီလိုဒုက္ခခံရပြီး ဒီလိုဒုက္ခမခံချင်လျှင် ဈေးကြီးသည့် တက္ကစီ စီးသင့်သည်ဟု ကျွန်ုပ်က ဆိုသောအခါ ဒရိုင်ဘာအန်တီကြီးက နားလည်ပေးတာ ကျေးဇူးတင်သည်။ နောင် တက္ကစီပဲ စီးမယ်ဟု အန်တီကြီးက အန်ကယ်ကြီးကို ရာဇသံပေးသံ  ကြားလိုက်ရသည်။ ဒီဟာက မိုးနှုမတ်၊ ကက်ပီတယ်၊ အိမ်ဖြူတော်၊ ဂျက်ဖာဆန်မိုးနှုမတ် ဆိုပြီး ဒရိုင်ဘာအန်တီကြီးက အခမဲ့ တိုးဂိုက်လုပ်သည်။

အိမ်ဖြူတော်နား မရောက်ခင်..ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနဲ့ ဆင်သည်..

ဗိုက်ဆာတယ်ဟ ဆိုသောအခါ ကျွှန်ုပ် ရောက်သည်နှင့် စားသောက်ဆိုင်တွင် သွားတီးမည်ဟု  စီစဉ်ထားသော်လည်း ကျွှန်ုပ် ရောက်တာ နောက်ကျ ဗိုက်ဆာလွန်းလို့ မစောင့်နိုင်တော့ဘူး  ဆိုကာ ဝါးတီးပြီးနှင့်ပြီ။ ထုံးစံအတိုင်း ကိုရီးယားခါက်ဆွဲပြုတ်နှင့် နှစ်ပါးသွားရပေတော့သည်။ ပင်လယ်စာမကြိုက်၊ မဆလာနှင့် အာလူးပါမှ စားဝင်သော ဆူနမ်တို့နှင့်သွားလျှင် အိန္ဒိယစားသောက်ဆိုင်များတွင် စားသောက်ရသည်။ မဆာလာ၊ ပဲ ၊ ဟင်းခတ် အမွှေးအကြိုင်ပါသည့် အိန္ဒိယလက်ဖက်ရည် မကြိုက်သည့် ကျွှန်ုပ် မှာကား စားလို့ရသည်များကို ရွေးချယ်စားသောက်ရလေသည်။ အိန္ဒိယစားသောက်ဆိုင်ရောက်လျှင်  ကျွှန်ုပ် မပျက်မကွက် နှစ်သက်စွာ မှာယူသည့်အရာကတော့ မန်းဂိုးလက်ဆီဖြစ်သည် ။

စားသောက်နေတုန်း ဟင်းပွဲတွေ လာမည်ဖြစ်၍ စားနေသည့်ပန်းကန်ကို အတင်းသိမ်းမည့်ပုံရသော သိပ်မကျွှမ်းကျင်၊ အသစ်ဝင်ခါစဖြစ်ဟန်တူသော မိန်းကလေး၏ ဝန်ဆောင်မှုကို မကွန်ပလိမ်းတတ်သော ဆူနမ်တယောက် လေသံတိုးတိုးလေးနှင့် ကွန်ပလိမ်းသည်။

ဒီနေ့ရှယ်တယ်ပေါ်ကနေ အားလုံးမြင်ခဲ့ပြီးပြီဆိုတော့ ဒီစီ သွားလည်ဖို့ မလိုတော့ဘူးပေါ့..
ဘယ်သူပြောတုန်း..


ဒီဇင်ဘာ ၂၃၊ ၂၀၁၂ တနင်္ဂနွေ။

အောင်မလေး ပင်ပန်းလို့ တကိုယ်လုံး ကိုက်ခဲနေတာပဲ..ဒီနေ့ ဘယ်သွားမှာလဲ..
မနေ့က နင် အိပ်ပျော်နေတုန်း ငါနဲ့ ရာမား ဒီစီကို ဘယ်လိုသွားမလဲ ရှာဖွေနေတာ..အဆိုင်းမင့်တင်ပြီးရင် သွားမယ်..

နေ့လည် ၂ နာရီတွင် နာရီဝက်အဝေးတွင် ရှိသော ဘူတာရုံဆီ ချီတက်ကြသည်။ ရထားဘူတာနားက ဖရီးကားပါးကင်တွင် ပါကင်ထိုးပြီး လက်မှတ်ဝယ်သည်။ အိမ်ဖြူတော်ဆီ သွားလည်ချင်လို့ လက်မှတ်ဘယ်လို ဝယ်ရမှာလဲ ကောင်တာမှာ သွားမေးသောအခါ  ၉ ကျပ်ဖိုးဝယ်ပြီး မတ်တရိုစင်တာဘူတာမှာ ဆင်းဟု ညွှန်သည်။ ရထားနှစ်စီးရပ်ထားလို့ ဘယ်အစီးက မြို့ထဲသွားမှာလည်း မေးတော့ ဒီနေရာက ဂိတ်ဆုံး... ရထားတွေအားလုံး မြို့ထဲသွားမှာ..ဒီအစီးကတော့ အရင်ထွက်မှာ..တက်..တက်..

ရထားထွက်မှပင် ကိုယ်စီးသည့် ဘူတာနာမည် သိသည် ရှယ်ဒီဂရု..။ မင်ထရိုစင်တာအင်တာချိန်းမှာ ဆင်းပြီး အိမ်ဖြူတော်ကို ဘယ်လိုသွားရမလဲ ရထားကောင်တာတွင် သွားမေးတော့ သုံးဘလောက်လျှောက် ဘယ်ချိုး ညာချိုး။ မြေအောက်က တက်တည်နှင့် အား..အေးလိုက်တာဟု အော်ကာ သံချပ်ကာလက်နက်များဖြစ်သည့် ဦးထုပ်၊ လက်အိတ်၊ ပုဝါတွေ ထုတ်ကာ အအေးဒဏ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြသည်။

နား..နား..ြပီး လည်

တိုင်းပြည်၏ အရေးကြီးသော ဥပဒေ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာ ခန့်ညားလှပသည့် ကပ်ပီတယ် အဆောက်အဦး၊ အထိမ်းအမှတ်ကျောက်တိုင်ကို နေရာတိုင်းက မြင်နိုင်သည်။ ဗြိတိသျှလက်ရာအဆောက်အဦးများနှင့် ဒီစီမြို့တော်ကြီးက ခန့်ညားလှသည်။ အေးလျှင် ခြေထောက်တွင် အနီရောင်ကွက်ပေါ်လာကာ  ယားလာသည့် အလာဂျီရှိသော ရာမားကြောင့် ထိုင်ထိုင်နားရပြီး ချီတက်ရသည်။ ခြံစည်းရိုးနားမှာ လူတွေကြိတ်ကြိတ်တိုးနေတာ ဘာလဲဟ.. အဲဒါ အိမ်ဖြူတော်..ဟေ....အဲဒါဆို ငါလည်း သွားတိုးလိုက်ဦးမယ်။ ရှေ့တင်လေးပေမည့် ကာထားသည်များကို  ကွေ့ပတ်လျှောက်ကာ အမေရိကန်သမ္မတများ အစဉ်အဆက်နေထိုင်ရာ အိမ်ဖြူတော်ကို ခြံစည်းရိုးသံဇကာကြားကနေ ဓာတ်ပုံရိုက်သည်။ ကွင်းပြင်ကြီးထဲတွင် ပြည်နယ်ပေါင်းစုံက ခရစ်စမတ်သစ်ပင်မျိုးစုံတွေ ပြထားသည်ကိုတော့ ဝင်မတိုးတော့ပါ။

ဟိုးအဝေးက အိမ်ဖြူတော်ကို ခြံစည်းရိုးကြားထဲက ရိုက်သည်..
အိမ်ဖြူတော်ကို ဓာတ်ပုံရိုက်နေသော ကျွှန်ုပ်အား စောင့်နေဆိုင်နေသော ဆူနမ်နှင့် ရာမား..
အိမ်ဖြူတော်ရှေ့ကွင်းပြင်ထဲမှာ ပြည်နယ်ပေါင်းစုံက ခရစ်စမတ်သစ်ပင်အလှပြပွဲမှာ ကြိတ်ကြိတ်တိုးနေကြသည်။
ခေတ်မှီ အဆောက်အဦးထက် ခုလို ရှေးဟောင်းအဆောက်အဦးများကို သဘောကျသည်။

အိမ်ဖြူတော်လည်း ငါ မကြိုက်ဘူး၊ ကယ်ပီတယ်လည်း ငါမကြိုက်ဘူး..ဒီစီမှာ ငါအကြိုက်ဆုံး နေရာတခု ငါပြမယ်..

လွတ်မြောက်မှုကို အမျိုးသမီးရုပ်ပုံဖြင့် ကိုယ်စားပြုသည်။
နေဝင်ချိန် တိမ်တောက်သောအခါ
လက်ရှိနေထိုင်သော ပြည်နယ်
ကျောင်းပြီး၍ အလုပ်ရှာဖို့ မိုင်း၊ ဆူနမ်တို့နှင့် တလနေခဲ့ဖူးသော ပြည်နယ်
ကျောင်းဖွင့်ချိန်စောင့်ရင်း နှစ်လနေခဲ့ဖူးသော ပြည်နယ်
စတိတ် အလယ်ဗဟိုတွင်ရှိသော ကျွန်ုပ်၏ ဇာတိ ပြည်နယ်
ရေပန်း၊ ရေကန်နှင့် လှပသည့် ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်နေရာလေး။ ပြည်နယ်အကုန်ရှိတယ်..ကန်တက်ကီကို သွားရှာ...။ ကန်တက်ကီပြည်နယ် ရှာပုံတော်ထွက်သော ကျွှန်ုပ် တယောက် နောက် ၁၅ မိနစ်အကြာတွင်မှ ရေကန်တပတ် ပတ်ပြီးပတ်ကာ  ပြန်ရောက်လာလေသည်။

တဖက်ကမ်းတွင်ရှိသော ဂျက်ဖာဆန် အထိမ်းအမှတ် အဆောက်အအုံ..

ကန်ပီတယ်ဆီ သွားချင်တယ်...ကြည့်တော့တာ နီးတာ အဝေးကြီးဟ..နင်တို့ မတ်ထရိုစင်တာဘူတာမှာ စောင့်နေလေ..ငါ ပြန်လာခဲ့မယ်..နင်တယောက်တည်း မှောင်နေပြီ စမတ်ဖုန်းလည်း မရှိ လမ်းပျောက်သွားရင် ဘယ်လို လုပ်မတုန်း..ဒီစီက စိတ်ချရတာ မဟုတ်ဘူး..တားမရသော ကျွှန်ုပ် သွားရာနောက်သို့ နားလိုက် လျှောက်လိုက်နှင့် နာရီဝက်လောက် လျှောက်ပြီးသောအခါမှ ရောက်လေသည်။ ကဲ နင်ရဲ့ ကယ်ပီတယ်ဆီ ရာက်ပြီ ...ဒီအဆောက်အအုံနဲ့ ဓာတ်ပုံရိုက်ချင်တယ်..မှောင်မည်းနေ၍ ဘာမှ မမြင်ရ။

ကယ်ပီတယ်၏ ညအလှ
ဘူတာရုံအား ရှာဖွေသောအခါ မတွေ့။ ခြေကုန်လက်ပန်း ကျနေပြီ။ ဂူဂယ်ကနေ ဘူတာရုံ ရှာဖွေနေတုန်း ဆူနမ်နှင့်ရာမားတို့၏ အိုင်ဖုန်း ဘတ်ထရီ ဒေါင်းသွားသည်။ ဖြတ်သွားဖြတ်လာများကို မေးကြည့်သောအခါ သုံးဘလောက်လျှောက်ဟု ညွှန်သည်။ သုံးဘလောက်လျှောက်သော်ငြား အမ်ဟုရေးထားသော ဘူတာရုံနှင့်တူသည်ကိုပင် မတွေ့ရ။ လမ်းပျောက်နေလေပြီ။ ဖြတ်သွားဖြတ်လာ တယောက်မျှ မတွေ့ရ။ ဖြတ်သွားဖြတ်လာများတွေ့ရသည့် လမ်းမဖက်ဆီ ဦးတည်ကြသည်။ ကပ်ပီတယ်အဆောက်အဦးနား ပတ်ချာလည်ရိုက်နေသည်။ တရုတ်အုပ်စုကို မေးမြန်းဖို့ အလှည့်ကျသူက ကျွှန်ုပ်။  အနီးဆုံး ဘူတာရုံက ကျွှန်ုပ်တို့ လျှောက်နေသည့်အရပ်နှင့် ဆန့်ကျင်ဖက်အရပ် ၁၅ မိနစ်အဝေးမှာ။ တိန်..ခြေထောက်လည်းတို နေလည်းညှိပြီ..ငါ့ကို အိမ်ပြန်ပို့ကြပါတော့..။

မတ်ထရိုဘူတာကိုတော့ မတွေ့ မတ်ထရိုဘတ်စ်တော့ တွေ့သည်။ မှတ်တိုင်တွင် ရပ်လာသည့် ဘတ်စ်ကားကို အနီးဆုံးဘူတာရုံများ ရောက်မလားမေးတော့ တက်..တက်။ ကားပေါ်တွင် လူတစ်ယောက်မှ မရှိ။ ဘတ်စ်ကားခ ဘယ်လောက်ကျလဲဟင်..။ လက်ကာပြသည်။ သုံးယောက်သား တယောက်မျက်နှာတယောက်ကြည့်ကာ မျက်စိကိုဖွင့် နားကိုစွင့်..။ သေနတ်ထောက်တောင်း၍ ပိုက်ဆံမပေးလျှင် အန္တရာယ်ပေးသောကြောင့် ပိုက်ဆံဆောင်ထားဟု ဆိုကြသော ဒီစီမြို့တော်ကို ပထမဆုံးအကြိမ် ကြောက်စိတ်ဝင်မိသည်။ ကားခပေးဖို့ ဆူနမ်တို့တွေ ငါးကျပ်ထုတ်တာ တွေ့သည်။ ဘူတာရုံကို လမ်းညွှန်ပေးရုံမက ဘတ်စ်ကားခပေးသော်လည်းမယူ တစ်ဖ်ဟုဆိုကာ အတင်းပေးသော်လည်း မယူသော အနှီဒရိုင်ဘာကို ကျွှန်ုပ်တို့မှာ  အံ့အားတသင့်ဖြစ်ကြလေသည်။ မျက်စိလည်လမ်းပျောက်နေသော အိန်ကျယ်လေးများကို လမ်းပြကူညီသော အမည်မသိ၊ ရုပ်လည်းမမှတ်မိသော အနှီဒရိုင်ဘာ၏ ကူညီမူကိုကား လမ်းပျောက်ပြီး ဘတ်စ်ကားစီးရတိုင်း ကျွှန်ုပ်တို့ အမြဲအမှတ်ရနေမည်ထင်သည်။

လမ်းပျောက်နေ၊ ညောင်းလွန်းပေမယ့်လည်း မီးတွေ ဆင်ထားတာ လှလွန်းလို့ ရိုက်တယ်..
နောက်မှ သိတယ် အဲဒါ ဝါရှင်တန်ဘော်တနစ် အင်ဒိုး ဂါးဒန်း...
နာကျင်နေသော ခြေထောက်၊ အေးစက်နေသော ခန္ဓာကိုယ်၊ တကျုတ်ကျုတ်မြည်နေသော ဝမ်းကိုဖြည့်ဖို့ ရှာဖွေသောအခါ စတားဘတ်ကော်ဖီဆိုင် တွေ့လေသည်။ နောင်ဆယ်မိနစ်ကြာလျှင် ပိတ်မည်ဟု ဆိုသည်။ ၆နာရီကျော်ပဲ ရှိသေးသည်။ ရထားတွင် အစားအသောက်ခွင့်မပြုသောကြောင့် ဆိုင်အပြင်ဖက် ထိုင်ခုံတွင် ထိုင်ကာ ဝမ်းဖြည့်ကြလေသည်။ အဝါရောင်လိုင်း Archives ဘူတာကနေ တမှတ်တိုင်းစီးပြီး ရထားပြောင်းဖို့ Gallery Place ဘူတာတွင် ဆင်းရသည်။ အပေါ်တက် အနီရောင်လိုင်းပြောင်းချိန် Shady Grove ဆီသွားမည့် အနီရောင် ရထားလာနေသောကြောင့် ပြေးကြလေသည်။

အင်တာချိန်းဖြစ်သောကြောင့် လူတက်လူဆင်း များသည်။ လူရှင်းသော တံခါးပေါက်ဆီ ပြေးချိန် တံခါးပိတ်သွားလေသည်။ နောက်တစ်ကြိမ် တံခါးပြန်ဖွင့်သောအခါ အပြေးဝင်လိုက်မည် ပြင်သော်လည်း ဖျပ်ခနဲဖွင့်လာသော တံခါးသည် ဖျပ်ခနဲ ပြန်ပိတ်ကာ Step Back..Door is closing ဆိုကာ မောင်းထွက်သွားလေသည်။ ကျွှန်ုပ်တို့ သုံးယောက်သား ရှက်ရှက်နှင့် ရယ်လိုက်ကြသည်မှာ တော်တော်နဲ့ မရပ်။ အဘယ့်ကြောင့်ဆိုသော် ရထားနှင့် ထုပ်ဆီးထိုးကြသူမှာ တဘူတာလုံးတွင် ကျွှန်ုပ်တို့ သုံးယောက်သာရှိပြီး ကျွှန်ုပ် တို့ဖြစ်အင်ကို စိတ်ဝင်တစား ကြည့်နေသော ရထားထဲမှ မျက်လုံးများကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဂိတ်ဆုံးထိ စီးရမည်ဖြစ်သောကြောင့် ဘူတာမှားဆင်းမည်ကို  စိုးရိမ်စိတ်မရှိတော့ဘဲ စိတ်ချလက်ချ ငိုက်လာလေသည်။ ပင်ပန်းလွန်းသောကြောင့် မချက်ပြုတ်ချင် စားသောက်ဆိုင်တွင် သွားစားမည်ကို ကန့်ကွက်မှုမရှိ တညီတညွှတ်တည်း ထောက်ခံကြလေသည်။ ထိုနေ့က ဝန်ဆောင်မှုကောင်းသလို အစားအသောက်များလည်း တကယ်ကောင်းလေသည်။ မြန်မာပြည်တွင် စမူဆာကြိုက်သော ကျွှန်ုပ်သည် စတိတ်အိန္ဒိယစားသောက်ဆိုင်မှ စမူဆာများကို လုံးဝစားမဝင်။

ထိုနေ့က ပင်ပန်းလိုက်သည်မှာကား ဆိုဖွယ်မရှိတော့။ ကျွှန်ုပ်ကြောင့် ပင်ပန်းဒုက္ခရောက်သော်လည်း အပြစ်တင် စကားတခွန်းမှ မဆိုသော ကျွှန်ုပ်သူငယ်ချင်းများအား သနားမိလေသည်။ နောင် ဘယ်တော့မှ ကျွှန်ုပ်ကြောင့် ဒုက္ခမရောက်စေရ။

ဆည်းဆာချိန် အလှ
ဒီဇင်ဘာ ၂၄၊ ၂၀၁၂။ တနင်္လာနေ့။

အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ အိမ်ပါကင်းဝင်းတွင် ရပ်ထားရင်း ဝင်တိုက်ခံရသော ဆူနမ့်ကားကို ပြင်ဖို့ ၁ နာရီ အဝေးက  မေရီလန်းပြည်နယ် ဘာတီမိုးမြို့ကို မနက် ၈ နာရီ တွင် ခရီးစတင်လေသည်။ မြို့ထဲတွင် ကားမောင်းဖို့ ကြောက်လှသော ဆူနမ်တယောက် ဒီစီမြို့ထဲကို ဖြတ်ကျော်မောင်းနှင်ရလေသည်။ မနေ့က လမ်းကြောင်းကြည့်တုန်းက ဒီစီမြို့ထဲကို မဖြတ်ရပါဘူး..ဂျီပီအက်စ်များ မှားညွန်လေသလားဆိုပြီး ရာမားရဲ့ ဂျီပီအက်စ်ကို လမ်းညွှန်ခိုင်းတော့လည်း အတူတူ။ De Tour ရှိပုံရသည်။ ဒီစီပြည်နယ်၊ မေရီလန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်များကို ပိုတိုမတ်မြစ်ဖြင့် ပိုင်းခြားထားသည်။ ပိုတိုမတ်မြစ်ကြောင့်ပင် ဒီစီသည် အအေးပိုသည်။ တိန်.တိန် မြည်နေလို့ ဘာတုန်းဟ ဆိုတော့ ရှေ့မှာ အရှိန်စောင့်ကြည့်တယ့် ကင်မရာရှိလို့ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းဖို့ ဂျီပီအက်စ်က တတိန်တိန်နဲ့ အသံပေးနေတာတယ့်။ တလမ်းလုံးလည်း တတိန်တိန်တွေ များသား။ ဒီပြည်နယ်တွေမှာ စောင့်ကြည့်ကင်မရာ များတာမို့ သက်မှတ်ထားတာထက် ပိုမောင်းလို့ကတော့ လာထား တစ်ကဒ်။

ဘာတီမိုးမြို့ဆိုရင် ဘယ်ရဲဝန်ထမ်းမှ တာဝန်မထမ်းဆောင်ချင်ပါ။ သူ့ကားပြင်နေချိန်မှာ သုံးဖို့ ကားတိုက်တယ့်သူရဲ့ အာမခံကုမ္ပဏီဆီက ကားတစီး ပေးပါတယ်။ ၂၀၁၃ တိုရိုတာ ဘလူးတုလည်း ပါတယ်။ တိုရိုတာရဲ့ ဝန်ဆောင်မှုကောင်းပုံကတော့ ဘယ်သူမှ လာမပေး၊ ၉ နာရီချိန်းထားတာ နောက်ကျလို့ အပြစ်တင်ချင်သေး။

နီပေါကနေ လူကြံကြုံပါးလိုက်သောပစ္စည်းယူဖို့ ရာမားအမျိုးရှိရာ မြို့ဆီ ချီတက်ကြပြန်သည်။ လက်အုပ်လေးချီကာ နမတ်စတေးဟု သူတို့နှုတ်ခွန်းဆက်သလို လိုက်လုပ်သည်။ ဟင်းခတ်အမွှေးအကြိုင်ထည့်သော နီပေါတီး တိုက်သောအခါ သူက ဂရင်းတီးပဲသောက်တာဆိုပြီး ငြင်းလေသည်။ အလ္လာဘသလ္ထာဘ စကားဆိုရင်း နင်တို့ဆီမှာ ဘာစားလဲ မေးတော့ ခေါက်ဆွဲလို့ ပြောလိုက်သည်နှင့် ခေါက်ဆွဲပြုတ် ကျွှေးတော့သည်။ မဆာလာမကြိုက်သော ကျွှန်ုပ်အတွက် မဆလာမထည့်။ မစားနိုင်သော်လည်း အိမ်ရှင်ကျေနပ်အောင် ကျွှန်ုပ်တို့သုံးယောက်သား ပြောင်အာင် တီးခဲ့လေသည်။

မနက်ဖြန် ခရစ်စမတ်ကို ဆင်နွှဲဖို့ ဝိုင်ဝယ်ရန် ဝေါမတ်ဆီ ရောက်ကာမှ ရာမားအိတ် ကျန်ခဲ့မှန်း သိလေသည်။ နှင်းတဖွဲဖွဲကနေ ထူထူထဲထဲ ကျလာသည်။ ၄၅ မိနစ်ဝေးသော ရာမားအဒေါ်အိမ် ချီတက်ကြပြန်သည်။ ကားမောင်းလိုင်စင်၊ အိမ်သော့ အားလုံးက အိတ်ထဲမှာ။ ဝေါမတ်တွင် ခရစ်စမတ်အကြိုနေ့မို့ စည်ကားလှသည်။ ဝိုင်ရှာဖွေသော်ငြား မတွေ့သောကြောင့် မေးကြည့်သောအခါ ဒီဝေါမတ်တွင် ဝိုင်မရောင်းပါ။ မေကြီး ဘယ်ရောက်နေလဲ ဆိုသော မြန်မာစကား ကြားလိုက်သည်။

ဆူနမ်တကောင် ဘာလို့ဒီလောက်ကြာအောင် ရိုက်နေတာပါလိမ်..
.ဒီမှာ မော်ဒယ်တွေ ချမ်းလို့ ဂစ်ဂစ် ဖြစ်နေပြီ..
ဒီဇင်ဘာ ၂၅၊ ၂၀၁၂ အင်္ဂါနေ့။

နှင်းဖြူဖြူလေးတွေ တဖွဲဖွဲ ကျနေသော ခရစ်မတ်နေ့လေးသည် ချစ်စရာကောင်းလှသည်။  လည်ပတ်စရာများက မြို့လယ်ကောင်တွင် ရှိပြီး  တနေရာနှင့် တနေရာ တပြသာသာ ဝေးကာ ခရီးသွားတွေအများကြီး၊ တစ်ကြိမ်လည်း ရောက်ဖူးပြီမို့ ကျွှန်ုပ်တစ်ယောက်တည်း တိုးရစ်မည်ကို ဆူနမ်တို့က ခွင့်ပြုလေသည်။ သို့သော် မမှောင်ခင် အိမ်အရောက်ပြန်ရမည်ဟု ဆိုသည်။ အိမ်နားမှ ဘတ်စ်ကားစီးပြီး ဘူတာရုံသွား၊ မြို့ထဲသွားလည်ဖို့ လမ်းကြောင်းသိသွားသော ကျွှန်ုပ်တစ်ယောက် ဂူဂယ်ရင်း ဘယ်နေရာကို လည်ပတ်လျှင် ကောင်းမလဲဟု ကြံစည်နေတော့သည်။

Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၆၊ ၂၀၁၃။

26 December 2012

Sayōnara 2012 (Tag)



2012 White House Xmas card by Iowa Artist
Features Bo ( President Obama's dog) and No Christmas Tree
credit to www.whitehouse.gov



အရှုပ်တွေလုပ်ရင်း ဘလော့နဲ့ကင်းကွာနေတာ တစ်လကျော်နေပါပြီ။ နှစ်သစ်ဆုတောင်းပို့စ်လေး ရေးဖို့ကြံစည်နေတုန်း ပစ်ပစ်က သတိတရ တဂ်လာတော့ အတော်ဖြစ်သွားတယ်။ တစ်နှစ်ဆိုတာလည်း ခဏလေး..အချိန်ကုန်တာ မြန်လိုက်တာ။ ၂၀၁၂ မှာ သူငယ်ချင်းတွေ၊ ဆရာတွေရဲ့ ချစ်ခင်ရင်းနှီးမှုတွေ၊ ကူညီစောင့်ရှောက်မှုတွေနဲ့ လုံခြုံနွေးထွေးတယ့် မြို့ငယ်လေးကနေ ခွဲခွာခဲ့ဖူးတယ်။ သူစိမ်းသက်သက် မြို့လေးနဲ့ ရင်းနှီးကျွှမ်းဝင်အောင် ကြိုးစားရင်း နေရာအသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ နေသားကျကာ အဲဒီမြို့လေးကို နှစ်သက်နေပြန်တယ်။

အင်ဂျင်နီယာတွေ သုံးတယ့် VBA ဆိုတယ့် Excel Programming ၊ HRSG ( Heat Recovery Steam Generator) ရဲ့ Steam ၊ Drum ၊ Valve ၊ Pipe ဆိုတယ့် အသုံးအနှုန်းတွေနဲ့ လုပ်ငန်းသဘောကို နားလည်အောင် ကြိုးစားရင်း ကွန်ပျူတာပရိုဂရမ်မာ၊ ဆော့ဝဲလ်အင်ဂျင်နီယာမဟုတ်တယ့် Thermal  ၊Structural အင်ဂျင်နီယာတွေ ရေးချင်သလို ရေးထားတယ့် ဆော့ဝဲလ်တွေရဲ့အမှား (bug) တွေကို သပွတ်အူ ဖြေရသလို ရှင်းရတာ စိတ်ညစ်ဖို့လည်းကောင်း၊ ဖြေရှင်းနိုင်ရင် ပါးစပ်နားရွက် ချိတ်နေပြန်ရော။ အဲဒီအကြောင်း အမှောင်ခွင်းကြသူများ ဆိုတယ့် ပို့စ်လေးတစ်ပုဒ် ရေးခဲ့ဖူးတယ်။
credit to http://www.huffingtonpost.com

ဒီနိုင်ငံရဲ့ လေယူလေသိမ်း၊ ဓလေ့ထုံးစံတွေကို သင်ယူလေ့လာနေရဆဲ။ တော်နေဒိုးသတိပေးချက် Live ကို ကြည့်ရင် ကောင်တီဆိုတယ့် အသံ အမြဲကြားရပါတယ်။ လေးလပတ် ကုမ္ပဏီအစည်းအဝေးမှာ စီအီးအို Steve က ဘယောင်းကောင်တီလို့ ပြောသွားတာ ကြားရပြန်တော့ စီနီယာ ဝီလီယမ်ဂရင်းကို မေးရပြန်တယ်။ ကန်တက်ကီ ပြည်နယ်မှာ  ကောင်တီတွေ အများကြီးရှိပြီး လူဝီဗီလ်မြို့က ဂျက်ဖာဆန်ကောင်တီ ( County ) မှာ ပါဝင်ပါသတယ့်။ ကောင်တီဆိုတာ မြို့နယ်နဲ့ ဆင်တယ်။ ၁၀၀ ဒေါ်လာဆိုရင်  100 bucks လို့ ပြောပါတယ်။ ခုတော့ စန်းထွန်းတယောက် Ok lah ၊  Never mind lah ၊ Faster lah ၊  Don't play play ၊ အားရို ၊ Can or Can not ၊ What lao ၊ အလားမ စလုံးလေသံကနေ Oh My Gosh ၊  How are you doing today ၊ How are you ၊ I appreciate your help ၊ Appreciated ၊ Oh yeah ၊ It sounds good ၊ Have a great day ၊ Have a good night လို့ နှုတ်ဆက်တတ်နေပါပြီ။

ချိုလွန်း၊ ငန်လွန်းတယ့် အမေရိကန်စာတွေကို မစားနိုင်လို့ ချက်ပြုတ်ရင်း အရင်ကထက် အချက်အပြုတ် နည်းနည်း တိုးတက်လာတယ်။ ကန်တက်ရဲ့ ကားကို ပွတ်မိသွားတာ လျော်ကြေးတော်တော်ပေးလိုက်ရလို့  အရင်ကထက် ကားမောင်းတာ သတိထားလာတယ်။ ဂျူလိုင်လမှာ ဘော့စတွန် (မက်ဆာချူးဆက်ပြည်နယ်) ၊  စက်တင်ဘာလမှာ အမေစု ကြိုဆိုဖို့ ဖို့ဝိန်း (အင်ဒီယားနားပြည်နယ်)၊ တလတခေါက် စင်စင်နာတီ (အိုဟိုင်းရိုးပြည်နယ်) နဲ့ ဒီနှစ်အတွင်း ခရီးတွေ ထွက်ဖြစ်ပါတယ်။ အပတ်စဉ် တင်ရတယ့် အဆိုင်းမန့်တွေရယ်၊ တစ်လခွဲ တစ်ကြိမ် ဖြေရတယ့် စာမေးပွဲတွေမှာ အောင်တာလည်း ရှိသလို ကျတာတွေလည်း ရှိရဲ့။ နောက်ဘာသာတွေမှာ အမှတ်ကောင်းအောင်လုပ်မယ်လို့ ကြုံးဝါးပေမယ့်လည်း ဒုံးရင်းက ဒုံးရင်း ပတ်ချာလည် လိုက်နေတာပါပဲ။

နိုဝင်ဘာလအကုန်မှာ နှလုံးသွေးကြောကျဉ်းလို့ အဖေ ရန်ကုန်ဆေးရုံကြီး တက်ရပါတယ်။ လူနာအတွက်တောင် အိပ်စရာမရှိလို့ ခုံတွေကို ဆက်ပြီး အိပ်ရပါတယ်။ နှလုံးသွေးကြောကျဉ်းတာ စစ်တယ့်စက်က ရန်ကုန်ဆေးရုံကြီးရယ်၊ ပန်းလှိုင်ဆေးရုံမှာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်ဖို့ ဆိုရင် တလလောက် စောင့်ရမှာရယ်၊ လူနာအတွက် ခုတင်တောင် မရှိတယ့် ရန်ကုန်ဆေးရုံကြီးကို စိတ်ကုန်၊ တနေ့သွားပြတာ တစ်သိန်းကုန်တယ့် ဈေးကြီးတယ့် ပန်းလှိုင်ဆေးရုံကြီးထက် သက်သာတယ့် ဘန်ကောက်မှာ သွားခွဲပါတယ်။

credit to www.huffingtonpost.com

မြန်မာတွေ တော်တော်များများ ဆေးလာကုကြပါတယ်။ ပုံမှန်ဆို နှစ်နာရီကြာပေမယ့် သွေးကြောလေးချောင်းက ဆိုးဆိုးဝါးဝါး ပိတ်နေလို့ လေးနာရီကြာအောင် ခက်ခက်ခဲခဲ ခွဲစိတ်အောင်မြင်ခဲ့ပါတယ်။ ဆေးရုံက ဝန်ဆောင်မှုက ကောင်းပေမယ့် ဘီလ်တွေကို သေသေချာချာ စစ်ဖို့လိုပါတယ်။ စင်္ကာပူက မကြီးတို့စုံတွဲလည်း လာရောက်တာမို့ စန်းထွန်းကလွဲရင်  မိသားစုတွေ့ဆုံပွဲလေးပေါ့။ တညီတညွှတ်တည်း ပြောကြတာက ဘန်ကောက်က အစားအသောက်တွေ သိပ်ကောင်းဆိုပဲ။

၂၀၁၂ မှာ အချစ်ရေးက လွဲရင် အလုပ်၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစု၊ သူငယ်ချင်း သင့်တင့်တယ့် နှစ်လေးပါပဲ။  ခရစ်စမတ်နဲ့နှစ်သစ်ကူးမှာ ဆူနမ်၊ ရာမားရှိရာ ဝါရှင်တန်ဒီစီမှာ ရှိနေပါမယ်။ ပို့စ်အတွက် နာမည်စဉ်းစားတာ ဂွတ်ဘိုင် ၂၀၁၂  ကို ကိုညီလင်းသစ်က အရင်ဦးသွားတယ်။ ၂၀၀၁ ဂျပန်စာ တစ်လသင်တန်း တက်တုန်းက ပြန်မတွေ့ဖြစ်တော့ရင် ဆာယိုနာရလို့နှုတ်ဆက်ကြတယ်လို့ သင်ခဲ့ဖူးပါတယ်။ ကုန်ဆုံးသွားတယ့် နှစ်ဟောင်းကို ဆာယိုနာရ ၂၀၁၂ လို့ နှုတ်ဆက်ပြီး  မျှော်လင့်ခြင်းတွေ၊ ရည်မှန်းချက်တွေနဲ့  နှစ်သစ်ကို ကြိ ုဆိုလိုက်ရအောင်။

ဘလော့ကို အမြဲလာရောက်သူတွေ၊ ရံဖန်ရံခါမှ လာရောက်သူတွေ၊ သူငယ်ချင်းတွေကို မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း

ဆာယိုနာရ ၂၀၁၂

စန်းထွန်း
ဒီဇင်ဘာ ၂၆၊ ၂၀၁၂။