တောင်ကိုရီးသွား တောလား - ၁

၂၀၂၅ ဧပြီ မမျှော်လင့်ဘဲ တောင်ကိုရီးယားသွားဖို့ ဖန်လာတယ်။ ၂၀၂၄ ကနေဒါသွားတဲ့အဖွဲ့က ဂျပန်သွားမယ်လိုက်မလားမေးတော့ လိုက်မယ် လိုက်မယ်။ ရုံးကို ခွင့်တင်တော့ တလလောက်ပဲကြိုတင်တော့ မန်နေဂျာက နောက်ဆို ၂ လကြိုတင်ပါတဲ့။ ငါလည်းတင်ချင်ပါတယ် မိသားစုကိစ္စရှိလို့ပါလို့ ပြောလိုက်တော့ ဘာမှမပြောတော့ဘူး။ လုပ်နေတဲ့ပရောဂျက် ၂ ခုကို တတ်နိုင်သလောက်ပြီးအောင် လုပ်ပေးပါတဲ့။ မတ်လ ၃၀ လာဂွာရီးယားလေဆိပ်ကနေ မနက် ၅ နာရီထွက် Atlanta လေဆိပ်မှာ အင်ချန်သွားမဲ့လေယာဥ်ဆီ အသည်းအသန်ပြေး။ အင်ချွှန်မှာ ဆိုက်ရောက်ဗီဇာယူ။ ဖုန်းကဒ်ဝယ်တော့ ရထားကဒ်လက်ဆောင်ရတယ်။ ဆိုးလ်မြို့ထဲကို အမြန်ရထားစီး ဟိုတယ်က union station လိုမျိုး ဘူတာနားမှာ။ ဟိုတယ်ကိုလိုက်ရှာ လက်ကေ့အိတ်ထား ပိုက်ဆံလဲ မြေအောက်ရထားစီးပြီး မြောင်ဒုန်းမှာ ဆံပင်ညှပ် ဆေးဆိုးနေတဲ့ အစ်မတွေဆီကိုသွား။ ကိုယ်ရောက်တော့ ဆိုင်ပိတ်တော့မယ်ဆိုတော့ ဆံပင်မညှပ်လိုက်ရဘူး။ မြောင်ဒုန်းအတော်စည်။ နောက်နေ့ Gyeongbokgung နန်းတော်ဆီသွားပြီး ကိုရီးယားဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကြိုက်တဲ့ဝတ်စုံလိုက်ရတာ နာရီဝက်လောက်ကြာတယ်။ တောက်တောက်ပပ ဘလင်းဘလင်းတွေမကြိုက် ရိုးရှင်းတာပဲကြိုက်တာဆိုတော့။ ဝတ်စုံက ၂ နာရီရတာ ၂ နာရီမကြာပါဘူး တနာရီလောက်နဲ့တင်ပြီးမှာ။ ဓာတ်ပုံလှည့်ပတ်ရတာ ၂ နာရီကျော်ကြာတယ်။

Happy Traveling!

စန်းထွန်း

မတ် ၂၈၊ ၂၀၂၆။

No comments: