ရုံးမသွားတာ ၂ နှစ်ကျော်ပြီ..ဌာနဆိုင်ရာ လပတ်အစည်းအဝေး Techie Award ဆုပေးပွဲရှိတယ်..တက်ကိုတက်ရမယ်ဆိုတော့ ဆုရနိုင်တဲ့ပရောဂျက်လဲရှိတော့ ဆုများရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတယ်..ဆုမရပေမဲ့ ထိုက်တန်လို့ ရတဲ့သူတွေအတွက် ဝမ်းသာစွာနဲ့ လက်ခုပ်တီးပေးတယ်..စီတီအိုကနေ သန့်ရှင်းရေးဝန်ထမ်း အန်တီကြီးတွေအထိ အကုန်ချစ်ဖို့ကောင်းတယ်..အားလုံးက you look great လို့ပြောလို့ ဝမ်းသာပီတိဖြစ်..ရန်ဖြစ်ထားတဲ့ မန်နေဂျာကြီး၊ ကိုယ့်ကိုလဲ ဘာမှမလုပ်ဘဲနဲ့ သူ့အလိုလို အမြင်ကပ်နေတဲ့သူ၊ အဲ့ဒီ ၂ ယောက်ကိုလဲ စိတ်ထဲဘယ်လိုမှမနေဘဲ အေးချမ်းစွာနဲ့ စကားပြောနိုင်ပြီ..အင်တန်းရှစ်ကျောင်းသားတွေရဲ့ ငယ်ရွယ်နုပျိုမှု၊ သက်တူရွယ်တူ၊ ကိုယ့်ထက်ကြီးတဲ့သူတွေရဲ့ အိုမင်းလာမှုကို မြင်ရတယ်..အငြိမ်းစားယူသွားကြသူတွေ၊ ထွက်သွားသူတွေ၊ အသစ်ဝင်လာသူတွေ၊ ကိုယ်နဲ့အတူတူ အေဂျင်စီကို ဝင်ခဲ့သူတွေနဲ့ ပြန်ဆုံတယ်..
ဟက်ဆန်မြစ်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ လေထဲမှာ ပင်လယ်နံ့ရတယ်..ရေတက်ချိန်မို့ လှိုင်းသံတဝုန်းဝုန်း..ferry တွေရဲ့ ဟွန်းသံ၊ ဟယ်လီကော်ပတာသံ၊ စက်လှေခုတ်မောင်းသံ၊ စင်ယော်ငှက်သံတွေနဲ့ မက်ဟန်တန်စကိုင်းလိုင်း မြင်ရတဲ့ သာယာအေးချမ်းတဲ့ နေရာလေး..Jersey City, New Jersey, July 22, 2025. Tuesday





No comments:
Post a Comment