ဒီစီသွား တောလား - ၆

၂၀၂၄ မတ်လ ၂၅ တနင်္လာနေ့ မနက် ၉နာရီခွဲ ဟိုတယ်ကနေ check out လုပ်။ ဟိုတယ်ရှေ့ကနေ Washington National Cathedral ဆီ ဘတ်စ်ကားစီးသွားတယ်။ မိနစ် ၂၅ မိနစ်လောက်ပဲ စီးရတယ်။ ၂၀၁၇ နှစ်တုန်းက ဝယ်ထားတဲ့ Smart Trip Card တွေခုထိ သုံးလို့ရသေးတယ်။ အသိမိတ်ဆွေ ညီမတယောက်နဲ့ တွေ့ပြီး နေ့လည်စာစားဖို့ ချိန်းထားတယ်။ သူက မနေ့ညကမှ ခရီးဝေးကပြန်ရောက်ပြီး တကိုယ်လုံးနာမထနိုင်လို့ မတွေ့ဖြစ်တော့ဘူး။ သူနယူးယောက်မှာနေတုန်းက တွေ့ဖို့ချိန်းတော့ သူကခရီးတွေသွားနေလို့မအား။ ဆူနမ်နဲ့သူ့သူငယ်ချင်း နယူးယောက်လာလည်လို့ လိုက်ပို့ပြီးလို့ တွေ့ဖို့ချိန်းလိုက်တော့ သူကဒီစီကိုပြောင်းတော့မယ်။ ပစ္စည်းတွေသိမ်းနေတာ မအားလို့မတွေ့ဖြစ် ဒီစီမှာတွေ့ဖို့စီစဥ်တာလည်း မတွေ့ဖြစ်။ မိုင်းဖန်နဲ့ မတွေ့တာဆို ၁၂ နှစ်ရှိပြီ ဒီစီရောက်တုန်း တွေ့ကြမယ်ဆိုပြီး မတွေ့ဖြစ်ဘူး။ စီစဥ်ထားပေမဲ့လည်း မဖြစ်လာတာ လက်ခံရတာပါပဲ။ လက်မခံလို့လည်း မရဘူးလေ။ ကားလမ်းတလျှောက် သံရုံးတွေကြီးပဲ အလံလေးတွေကြည့်ပြီး ဒါကတော့ ဘယ်သံရုံး။ မနက် ၁၀ နာရီမထိုးသေးတော့ ဘုရားကျောင်းက မဖွင့်သေးဘူး။ အေးလွန်းလို့ ခုန်နေရတယ်။ သမ္မတတွေ ကျမ်းသစ္စာကျိမ်ဆိုပြီးရင် ဒီဘုရားကျောင်းမှာ လာဝတ်ပြုတယ်။ ၂၀၁၂ တုန်းက ရောက်ဖူးတယ်။ လာတိုင်း ငြိမ်းချမ်းအေးမြခြင်းတွေ ခံစားရတယ်။ ဘုရားကျောင်းနံရံက မှန်ပြတင်းပေါက်တွေ အင်မတန်လှတယ်။ အပေါ်ထပ်ကို ဓာတ်လှေကားနဲ့တက်ပြီး တပတ်ပတ်ကြည့်တယ်။ လာလမ်းအတိုင်း ဘတ်စ်ကားစီးပြီပြန် ဟိုတယ်နားမှာ ဂိတ်ဆုံးတယ်။ ယိုးဒယားဆိုင်စားမယ်ဆိုပြီး နာရီဝက်လမ်းလေလျှာက်တာ ဆိုင်ပိတ်ထားတယ်။ နောက်တဆိုင်က မိနစ် ၂၀ ဝေးတယ် အရသာတော်တော်ကောင်းတယ်။ ညနေစာအတွက် ထမင်းကြော်ဝယ်လိုက်တယ်။

နာရီဝက်လောက် လမ်းလျှောက်ပြီး အိမ်ဖြူတော်နားက ပန်းခြံမှာသွားထိုင်နေတယ်။ အဖေက အိမ်သာသွားချင်လို့ အိမ်ဖြူတော်ဟိုးဖက်ခြမ်းက အိမ်သာဆီသွားတယ်။ အိမ်ဖြူတော်ဘေးနားနဲ့ လမ်းမပေါ်ကလူတွေကို ပန်းခြံထဲနှင်ထုတ်တယ်။ မကြာပါဘူး ပန်းခြံထဲကပါ မောင်းထုတ်ပြီး မဝင်ရတဲ့ yellow tape ကပ်လိုက်တယ်။ ဟိုဖက်ပါပိတ်လိုက်ရင် အဖေပြန်လာလို့မရတော့ဘူး လမ်းပျောက်နေဦးမယ်ဆိုပြီး အဖေ့ဆီကိုပြေး။ အဖေ့ဖုန်းကခေါ်လို့မရ လူတွေကလည်း ကြိတ်ကြိတ်တိုး ယောက်ယက်ခတ်နေတယ်။ နောက်ဆုံးဖုန်းခေါ်လို့ရတော့ အိမ်သာပိတ်ထားလို့ အဝမှာစောင့်နေတဲ့ရဲကို သွားမေးတော့ နိုးလို့ပြောလိုက်လို့ ဝင်လို့ရမလား စောင့်ကြည့်နေတာတဲ့။ လမ်းတွေပိတ်သွားရင် ဘယ်လိုပြန်မလဲမေးတော့ ဟိုဖက်ကနေ ပတ်ပြန်မှာပေါ့။ အရင်နေ့တွေကလည်း အဲ့ဒီလမ်းတွေကနေ ဟိုတယ်ဆီကို ပြန်နေတာတဲ့။ အဲ့ဒီလိုလမ်းတော့ တော်တော်မှတ်မိတယ်။ ခဏနေပြီး ဟိုတယ်ဆီပြန် luggage တွေယူပြီး မြေအောက်ရထားစီးပြီး Union Station သွားတယ်။ စောနေသေးလို့ gate number မပေါ်သေးဘူး။ ညနေ ၅ နာရီလောက် ညနေစာစား ၅ နာရီ ၅၀ (မိနစ် ၂၀) အလိုမှာ ဂိတ်နံပါတ်ပေါ်တယ်။ ခုံတွေပြောင်းပြန်ဖြစ်တာ မသိမထားမိဘူး။ အဖေက ခုံက သွားရာလမ်းကိုပြောင်းပြန်ဖြစ်နေတယ် ခေါင်းမူးတယ်ဆိုပြီး လွတ်တဲ့နေရာသွားထိုင်တယ်။ ရထားထွက်တော့မှ ခုံကပြောင်းပြန်ဖြစ်နေတယ်။ ဘတ်စ်ကားနဲ့ဆို ၄ နာရီခွဲလောက် စီးရတယ်။ ရထားနဲ့ကတော့ ၃ နာရီခွဲလောက်ပဲ စီးရတယ်။ ည ၉ နာရီခွဲ New York Penn Station ရောက်တယ်။ ကွင်းကို နာရီဝက် မြေအောက်ရထားထပ်စီးရတယ်။ နောက်နေ့မနက် ၁ နာရီခွဲ ဘာတီမိုးတံတား ပြိုကြတော့တာပဲ။

Happy Traveling!

စန်းထွန်း

ဧပြီ ၂၇၊ ၂၀၂၄။

ဒီစီသွား တောလား - ၅

၂၀၂၄ မတ် ၂၅ တနင်္ဂနွေနေ့ နေ့လည်ဖက် ကျောက်တိုင်ဘေးနား World War II Memorial ကိုဖြတ်ကျော်ပြီး Lincoln Memorial ဆီလမ်းလျှောက်ကြတယ်။ တနင်္ဂနွေနေ့ လည်းဖြစ် ရာသီဥတုကလည်း သာယာတော့ လူတွေအများကြီးပဲ။ ဒီစီလာဖူးသမျှ ဒီတခါလူအများဆုံးပဲ။ World War II Memorial ကတော့ ဆူနမ်အကြိုက်ဆုံးနေရာ။ World War II Memorial ကို အဖေက မှတ်မိတယ် တိုးကားက ဟိုးနားမှာရပ်ထားတာတဲ့။ Korean War Veterans Memorial မှာ ထိုင်နားပြီး အမောဖြေကြတယ်။ Martin Luther King Jr. Memorial နားကနေဖြတ်ပြီး Tidal Basin တလျှောက်လမ်းလျှောက်တယ်။ အဝေးက Jefferson Memorial ကိုမြင်ရတယ်။ နာမည်ကြီးတဲ့ Stumpy ချယ်ရီပင်ဆီထိ သွားကြည့်ချင်ပေမဲ့ အဖေတို့က လမ်းမလျှောက်နိုင်တော့ဘူး။ အသစ်ဆောက်လုပ်မဲ့ ရေထိန်းဘောင်ကြောင့် Stumpy ချယ်ရီပင်ကို နေရာရွှေ့တော့မှာမို့ အဲ့ဒီချယ်ရီနာမည်ကြီးနေတယ်။ သက်တမ်းကြာပြီမို့လို့ ခုတ်ပစ်တော့မယ် ချယ်ရီတွေကို ဂျပန်သံရုံးက လာနှုတ်ဆက်တယ်။ ချယ်ရီတွေပေးလို့ ဂျပန်ကို ကျေးဇူးတင်သလို ဂျပန်တွေကလည်း ချယ်ရီတွေကို ဂရုတစိုက်စောင့်ရှောက်ပေးလို့ National Park Service ကို ကျေးဇူးတင်တယ်။ gratitude ကို မြင်ရတာ ကြည်နူးစရာ။ မြန်မာနိုင်ငံမှာလည် ပိတောက်ပန်းတွေပွင့်တဲ့အခါ မခူးကြမချိုးကြဘဲ ချယ်ရီပန်းတွေလိုပဲ အလှကြည့်ကြရင် သိပ်ကောင်းမှာပဲ။

Happy Traveling!

စန်းထွန်း

ဧပြီ ၂၄၊ ၂၀၂၄။

ဒီစီသွား တောလား - ၄

၂၄ မတ် ၂၀၂၄ တနင်္ဂနွေနေ့ မနေ့က မိုးတနေကုန်ရွာထားတော့ ကောင်းကင်က တိမ်ကင်းစင်ကာ ကြည်လင်ပြာလဲ့နေတယ်။ နေရောင်ခြည်လင်းလက်ပြီး သြကာသတခုလုံး သာယာလှပနေတယ်။ အိမ်ဖြူတော်နဲ့ တလမ်းပဲခြားတော့ ဒီနေ့နေသာလှတယ်ဆိုပြီး ဓာတ်ပုံသွားရိုက်တယ်။ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်နဲ့အမေက ကိုယ်တို့ကို ဓာတ်ပုံရိုက်ပေးရမလား မေးလာပြီးရိုက်ပေးတယ်။ ချယ်ရီပန်းနားမှာ ဓာတ်ပုံရိုက်နေတော့လည်း သူတို့ဖြတ်သွားတာနဲ့ကြုံလို့ ဓာတ်ပုံရိုက်ပေးသွားတယ်။ ပြီးတော့ ကားပေါ်ကနေ လက်ပြသွားသေးတယ်။ အမေရိကန်တွေက အဲ့ဒီလိုဖော်ရွေတယ်။ ဘိလပ်သွားတုန်းက ဘိလပ်သားတွေက စကားလာမပြောကြဘူး။ ဥရောပသားတွေက အဲ့လိုပဲတဲ့။ မနက် ၉ နာရီလောက် မြေအောက်ရထားစီးပြီး ၁၀ မိနစ်အကြာ Capitol South ဘူတာမှာဆင်းတယ်။ ဒီစီရထားတွေက သန့်ရှင်းနေတာပဲ နယူးယောက်က ရထားတွေနဲ့ တခြားစီ။ အဖေတို့က ဒီစီရထား ပထမဆုံးစီးဖူးတာဆိုတော့ အမှတ်တရဓာတ်ပုံရိုက်ပေးတယ်။ Library of Congress ကပိတ်တယ် Capitol tour ကဖွင့်ပေမဲ့ ၂၀၁၇ က ရောက်ဖူးတယ်။ အဖေတို့ကို မေးကြည့်တော့ မှတ်မိကြတယ်။ နေပူနေပေမဲ့ အေးလိုက်တာ ဆောင်းတွင်းကျနေတာပဲ။ ကယ်ပီတယ်နားမှာ ချယ်ရီပန်းတွေ ပွင့်နေတာ သိပ်လှတာပဲ။ ဒီနေရာက သမ္မတတွေ ကျမ်းသစ္စာကြိမ်ဆိုတဲ့နေရာ၊ ကျောက်တိုင်၊ ပြတိုက်တွေနဲ့ National Mall ကိုတမျှော်တခေါ်ကြီး မြင်ရတယ်။ ကိုယ်အရင်ရုံးက ကယ်ပီတယ်နားမှာ သောကြာနေ့ညနေဆိုရင် ကယ်ပီမောလ်တလျှောက် လမ်းလျှောက်ပြီးမှ အိမ်ပြန်တယ်။ ပိတ်ရက်ဆို ဒီစီကိုလာ ပြတိုက်မှာ တနေကုန်လည်။ တကိုယ်ရေ လွှင့်မျောခြင်းနေ့ရက်များ။ နေ့လည် ၁၂ နာရီလောက် ရထားစီးပြီး ဟိုတယ်ပြန် နေ့လည်စား။ ညနေစောင်း Tidal Basin ဖက်မှာ ချယ်ရီပန်းသွားကြည့်တဲ့ အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!

စန်းထွန်း

ဧပြီ ၂၀၊ ၂၀၂၄။