နွေဦးတော်လှန်‌ရေး - ၁၇

၂၀၂၂ မတ် ၆ စနေနေ့  MAHAA အဖွဲ့ရဲ့လေးကြိမ်မြောက် စျေးရောင်းပွဲတော်ကို  ကွင်းက St. James Church မှာ မနက် ၁၁ နာရီကနေ နေ့လည် ၃ ခွဲအထိ ကျင်းပပါတယ်။ မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ နယူးဂျာစီပြည်နယ် ဂျာစီစီးတီးမှာ အိမ် ၈ အိမ်သွားကြည့်ပြီးမှ ပွဲကို နေ့လည် ၂ နာရီလောက်မှ ရောက်တယ်။ နောက်ကျလို့ ဘာစားစရာမှ မရှိတော့ဘူး။ နောက်ကျလည်း သွားအားပေးတယ် မသွားရင် တာဝန်မကျေသလိုပဲ။ လှုငွေထည့် လင်းနစ်သီချင်းဆိုတာ နားထောင်။ ဒီဇင်ဘာညသီချင်းကိုပဲသိပြီး အဆိုတော်ကို မသိကြဘူးတဲ့ အသက် ၂၀ ကျော်အရွယ်ကလေးတွေ။ ကိုယ်ကတော့ လင်းနစ်သီချင်းတွေ သဘောကျတယ်။ ကိုယ်တိုင်ရေးတွေ SoundCloud မှာ follow ထားတယ်။ လင်းနစ်က ဆန္ဒပြတုန်းကလည်း တက်တက်ကြွကြွ သူ live လွှင့်ရင် နားထောင်တယ်။ စတိတ်ရောက်လာတော့ ပိုအားပေးရတာပေါ့။ ဗော်လန်တီယာအကိုကြီးတယောက်ကို ဘာရောင်းလဲလို့ တယောက်ကမေးတော့ လူရောင်းတယ်လို့ ပြောလို့ ပြုံးမိသေးတယ်။

အရေးတော်ပုံ အောင်ရမည်!

စန်းထွန်း

သြဂုတ် ၈၊ ၂၀၂၂။ 

၃၄ နှစ်ပြည့် ၈၈၈၈

April 5, 2022. Bryant Park
၂၀၂၁ ဒီဇင်ဘာလလယ် Anthony Nose တောင်တက်ပြီးကတည်းက ဝိုင်းနဲ့မတွေ့တာ ၃ လကျော်ကြာမှ ကိစရှိလို့ တွေ့တယ်...
အိမ်ရှာ‌ ဗော်လန်တီယာနဲ့ မအားသလို ရာသီဥတုကလည်းအေးလို့ အပြင်မထွက်ဖြစ်ကြ။

No comments: