ချယ်ရီပွှဲတော် နွှဲပျော်ပျော် - ၄

အွန်လိုင်းကနေ reservation မလုပ်ထားတော့ ၄၅ မိနစ်လောက် စောင့်ရတယ် စောင့်ရကျိုး တကယ်နပ်တယ်။ ၂၀၁၂ ဒီဇင်ဘာမှာ ရောက်ခဲ့တာဆိုတော့ ကယ်ပီတယ်ကို မရောက်တာ ၅ နှစ်လောက်ရှိပြီ။ ခု reservation ယူထားတယ် ၉  နာရီ ၂ ယောက်စာ ရောက်တဲ့အချိန်က ၉  နာရီခွဲ ၃ ယောက်။ ဒါပေမဲ့လည်း အဆင်ပြေတယ် သိပ်မစောင့်ရဘူး ၁၅ မိနစ်လောက်ပဲကြာတယ် လေ့လာရေးထွက်လာကြတဲ့ အလယ်တန်းကျောင်းသားတွေ အများကြီး။ ကယ်ပီတယ်အကြောင်း ၁၅ မိနစ် ဗွီဒီယိုကြည့်ရတယ် အာဏာကို တစ်ဦးတစ်ယောက်ဆီမှာ မထားဘဲ ပြည်သူတွေဆီမှာထားတဲ့အကြာင်း၊ ပြည်နယ်ရဲ့လူဦးရေအချိုးအစားအလိုက် ၂ နှစ်သက်တမ်းရှိတဲ့ House representatives ၊ တပြည်နယ် ၂ ဦး ၆ နှစ်သက်တမ်းရှိတဲ့ Senators ၊ ဆီးနိတ်နဲ့ဟောက်စ်ပါဝင်တဲ့ ကွန်ဂရက်၊ သမ္မတလင်ကွန်းက တနေ့နိုင်ငံ ပြည်လည်စည်းလုံးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြည်တွင်းစစ် ဖြစ်နေတုန်းတောင် ကယ်ပီတယ် တည်ဆောက်မူကို မရပ်ခဲ့တဲ့အကြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းသား။ ဘယ်ကျောင်းက ဘယ် lane no ၊ ကိုယ်တို့လို အရပ်သားတွေက lane no.2 ။ တိုးဂိုက်က အသက် ၆၀ ကျော် ဂတုံးဆံပင်နဲ့ ချောချောအန်တီကြီး။ နားကြပ်ကလေးတွေ တပ်ထားတော့ တိုးဂိုက်က အသံကုန်ဟစ်စရာမလိုဘဲ သူဘယ်နားရောက်နေနေ သူပြောနေတာတွေ ကြားရတယ်။ ဒီနေ့က ကွန်ဂရက်မှာ အရမ်းအလုပ်ရှုပ်တဲ့နေ့မို့ လူအရမ်းများတဲ့အကြောင်း၊ သူ့နားမှာနေဖို့၊ လှေကားထစ် ၃၅ ထစ်လောက်ကို တက်ရမှာမို့ သတိထားတက်ဖို့၊ အိမ်သာသွားချင်ရင် ပြောသွားဖို့ မှာကြားပါတယ်။

ပထမဆုံးသွားရောက်တဲ့ နေရာကတော့ ကယ်ပီတယ်ကို ထောက်ထားတဲ့ ထောက်တိုင်တွေရှိတဲ့နေရာပါ။ အုတ်မြစ်ချတဲ့နေရာ၊ ပထမဆုံးပြည်နယ် ၁၃ ခု၊ ဒီလိုကြီးမားလေးလံတဲ့ သဲကျောက်တိုင်တွေကို ဗာဂျီးနီးယားကနေ လူမည်းတွေနဲ့ လုပ်အားနဲ့သယ်ယူခဲ့တယ်။ လွတ်လပ်ရေးရုပ်ထုအတွက် ကျွှန်တွေရဲ့လုပ်အားကို သုံးခဲ့တယ်ဆိုတာ ဝမ်းနည်းကြေကွဲဖွယ် လက်မခံနိုင်စရာပဲတဲ့။ ဒုတိယ သွားရောက်တဲ့နေရာကတော့ ကယ်ပီတယ်အမိုးဝိုင်းအောက်မှာရှိတဲ့  ဆီးနိတ်နဲ့ဟောက်စ်ကြားက rotunda ပါ။ ပန်းချီပန်းပုလက်ရာတွေနဲ့ အင်မတန်လှတဲ့နေရာတခု ပြည်နယ်တိုင်းအတွက် ထင်ရှားတဲ့ ကိုယ်စားပြုပန်းပုရုပ်တွေရှိပြီး အမေရိကန်သမိုင်းကို ဖော်ကျူးထားတဲ့ ပန်းချီကားတွေ ရှိပါတယ်။ ပန်းပုဆရာက အီတလီကဆိုတော့ ရောမအနုပညာလက်ရာတွေကို တွေ့ရမှာပါ။ ပန်းပုဆရာ ၂ ယောက် ထုလုပ်ခဲ့ပြီး နောက်ဆုံးပန်းပုဆရာက အသက် ၆၅ နှစ် အမြင့်ကြီးကနေ ပြုတ်ကျလို့ နံရံကိုလက်နဲ့ခိုနေရတာ ၁၅ မိနစ်ကျော်လောက်ကြာတယ်တဲ့။ ပတ်ပတ်လည်ပန်းချီရုပ်ထုတွေ ပြီးသွားတော့ ၃၃ လက်မ ပိုနေတာကို ပန်းပုပညာရှင်က စပိန်တော်လှန်ရေးသမိုင်းကြောင်း ထွင်းထုဖို့ကို ကွန်ဂရက်ကိုတင်တာ ၁၆ နှစ်ကျော်မှ အတည်ပြုတယ်ဆိုပဲ။ သမ္မတဟောင်း၊ စစ်တပ်ရာထူးမြှင့်တဲ့သူတွေရဲ့ ဈာပနကို ဒီနေရာမှာ ကျင်းပဖို့တောင်းဆိုနိုင်ပါတယ် ခုထိ ၄၆ ယောက်ရှိပြီတဲ့။ သတင်းသမားတွေ၊ ကင်မရာသမားတွေ စောင့်နေတာတွေ့တယ်။ သမ္မတဝင်ပြိုင်ဖူးတဲ့ မျက်စိဆရာဝန် ကန်တက်ကီဆီးနိတ်တာ Rand Paul ရဲ့ရုံးကိုတွေ့ခဲ့တယ်။


ဆီးနိတ်၊ ဟောက်စ်အမတ်တွေ ဖြတ်သန်းသွားလာတတ်တဲ့နေရာမို့ လမ်းမပိတ်စေဖို့ တိုးဂိုက်က သတိပေးပါတယ်။ ကယ်ပီတယ်ကို လာရောက်လည်ပတ်သူ တနေ့၆၀၀ ကျော်ရှိပါသတဲ့။ တိုးဂိုက်ကို နားကြပ်ပြန်အပ်တော့ ဒီနေ့ဗာမွန်ပြည်နယ်က အမတ်ကို တွေ့ချင်ရင် သူ့မှာကဒ်ရှိတော့ reserve လုပ်ပေးနိုင်ပါတယ်တဲ့။ လူ ၂၊ ၃ ယောက်ကို ရုံးဝတ်စုံအပြည့် ဝတ်ထားတဲ့ တိုးဂိုက်ကောင်လေးတွေ ရှင်းပြနေတာ တွေ့ရတော့ ကိုယ်တွေလို public tour တင်မက private tour လည်း ရှိတယ်ထင်ပါရဲ့။ လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ဝင်ပြီး ရေခဲသေတ္တာမှာ ကပ်လို့ရတဲ့ ကယ်ပီတယ်ပုံလေးတွေ ဝယ်တယ် ဈေးကမသေး။ အိမ်သာဝင် ဗိုက်ဆာလာလို့ food court မှာ ဝင်စား taco နဲ့ ဘာဘီကျူးကြက်ကင်၊ ကော်ဖီသောက်ကြတယ်။ အာရှအစားအစားတော့ရှိတယ် စားလို့ကောင်းမဲ့ပုံ မဟုတ်ဘူး။ ကယ်ပီတယ်ကို လာလည်တဲ့အထဲမှာ အာရှနည်းတယ် အစားအသောက်တွေက ဈေးလည်းမဆိုးသလို အရသာလည်း မဆိုးလှဘူး food court မှာလည်း လူအပြည့်။ ၇ ၊ ၈ နှစ်အရွှယ် ကလေး ၃ ယောက်ကို ဆရာမ ၁ ယောက် ထမင်းစားကြတဲ့ အဖွဲ့ ၃ ဖွဲ့တွေ့ခဲ့တယ်။ လေ့လာရေးခရီးထွက်ကြတဲ့ အလယ်တန်းကျောင်းသားတွေ အများကြီး ဆင်တူအင်္ကီျလေးတွေ ဝတ်ထားကြတယ်။ အင်္ကီျမှာ ဘယ်နေ့ဘယ်ရက် ဘယ်နေရာတွေ သွားလည်မယ်ဆိုတာ ရေးထားတယ် ကောင်းလိုက်တဲ့အကြံညဏ်။ ကွန်ဂရက်စာကြည့်တိုက် မြေအောက်ထဲကနေ သွားလို့ရတယ်။

ကောင်တာမှာ အညွှန်းစာရွှက်တောင်းတော့ must see နေရာတွေရဲ့ ဘယ်လိုလည်ပတ်သင့်ကြောင်း ရှင်းပြတယ်။ စာကြည့်တဲ့သူတွေကို မြင်ရတဲ့ observation room ကိုတက်ဖို့ တန်းစီပြီး ၅ မိနစ်လောက်စောင့်ရတယ်။ မဟော်ဂနီရောင် တောက်နေတဲ့ စာကြည့်ခုံတွေနဲ့ ခမ်းနားထည်ဝါလှတဲ့ စာကြည့်ခန်းကို မြင်ရတယ်။ ဖလပ်ရှ်မပါဘဲ ရိုက်ရတယ် စာကြည့်နေတဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့။ ကမ္ဘာပေါ်မှာ အကြီးဆုံးစာကြည့်တိုက်ဖြစ်ပြီး ဘာသာပေါင်း ၄၅၀ ကျော်နဲ့ စာအုပ်စာတမ်းတွေ သန်းချီရှိတဲ့ သုတေသနစာကြည့်တိုက် ဗိသုကာလက်ရာတွေကလည်း ခမ်းနားတယ်။ ပြခန်းတွေ ရှိပေမဲ့ အကုန်အစင် လိုက်ကြည့်ဖို့ဆိုတာ အနည်းဆုံး ၃ နာရီလောက် အချိန်ပေးရမှာမို့ မကြည့်တော့ဘူး။ လမ်းကူးပြီး ကယ်ပီတယ်ရှေ့မှာ ဓာတ်ပုံသွားရိုက်ကြတယ်။ ကျောပိုးအိတ်တွေ ပစ်ချပြီး ဓာတ်ပုံအရိုက်ကောင်းနေလိုက်ကြတာ လုံခြုံရေးအစောင့်က မင်းတို့အိတ်တွေလားလို့ လာမေးတယ်၊ ကင်းလှည့်နေတဲ့ အယ်လ်ဇေးရှင်းခွေးတွေက လာအနံ့ခံတယ်။ ကယ်ပီတယ်ဘေးက ချယ်ရီပင်နားမှာ ဓာတ်ပုံရိုက်နေတုန်း အမေရိကန်မလေးက ၃ ယောက်ဓာတ်ပုံရိုက်ပေးရမလားလို့ မေးလာတယ်။ မခိုင်က အတော်ဝမ်းသာသွားတယ် သူက ၃ ယောက်ပုံ ရိုက်ချင်နေတာ ရိုက်ခိုင်းဖို့ကလည်း ကိုယ်တွေလို  ဓာတ်ပုံအသည်းအသန် ရိုက်နေကြတဲ့သူတွေချည်းဆိုတော့လေ။ Capitol South ဘူတာမှာလည်း စက်လှေကားက အမြင့်ကြီး Metro Center ကနေ အနီရောင်လိုင်း Shady Grove ကိုသွားမဲ့ ရထားစီး။


ရာမားက အနီရောင်လိုင်းအဆုံး Shady Grove နားမှာနေပြီး ကိုယ်က အနီရောင်လိုင်းအစ Glemont မှာနေခဲ့တာ။ အနီရောင်လိုင်း အစအဆုံးဆို ၁ နာရီခွဲလောက် ၂ နာရီလောက်ကြာမယ် ကားနဲ့ဆို မိနစ် ၂၀ လောက်ပဲ မောင်းရတယ်။ ရထား ၁၄ ဘူတာလေးကို မိနစ် ၄၀ ကြာတယ် လမ်းမှာ ၁၀ မိနစ်လောက် ရပ်လိုက်သေးတယ်။ ကားထွက်မှာက ၂ နာရီ ၄၀ ခု ၂ နာရီခွဲနေပြီဆိုတော့ စိတ်ပူနေပြီ ပြေးထွက်ဖို့ကို ရယ်ဒီပြင်ဆင်။ Bethesda ဘူတာက စက်လှေကားက အမြင့်ကြီး ဒက်ဒက်မြည်နေတော့ ရင်တောင်တုန်တယ် ပြိုကျရင်တော့ ဒုက္ခပဲ။ ကိုယ့်ဖုန်းဘက်ထရီက ဒေါင်းနေပြီမို့ မကြီးကို ဂူဂယ်မတ်နဲ့ရှာခိုင်း ကားဂိတ်က ကားပါကင်နားမှာဆိုတော့ တွေ့တဲ့ကားပါကင်ကိုပြေး လူ ၂ ယောက်ကိုမေးတော့ မသိဘူးတဲ့။ ဂူဂယ်မတ်အတိုင်းလိုက် လမ်းဆုံရောက်တော့ သတင်းစာပုံးနားမှာ သတင်းစာယူနေတဲ့ local လို့ထင်ရတဲ့သူကို မေးကြည့်တော့ မျက်နှာချင်းဆိုင် လမ်းတဖက်ခြမ်း ဟိုင်းဝေးလမ်းမကြီးဘေးနားက Do not enter ဆိုတဲ့ ဆိုင်းဘုတ်အနီရောင်ကို မြင်တယ်မလား။ အဲဒီလမ်းကြားလေးထဲမှာ ဘတ်စ်ကားမှတ်တိုင်ရှိတယ် Enjoy your trip လို့ပြောတာကို ကျေးဇူးတင်ပါတယ်လို့ပြော မီးနီနေပေမဲ့ မစောင့်နိုင်တော့ဘူး။ ကိုယ့်ကို မတိုက်ရဲဘူးဆိုတာ သိနေလို့ ရေးကြီးသုတ်ပျာ ကားလမ်းကူး။ အရေးထဲ နေကာမျက်မှန်က လမ်းမပေါ်ပြုတ်ကျ ပြန်ကောက် လမ်းမဆီပြေး နာရီကြည့်လိုက်တော့ ၂ နာရီ ၃၅ မိနစ် ၄၀ ဆို ကားထွက်မှာ လမ်းလျှောက်နေလို့ကတော့ မှီမှာမဟုတ် ပြေးမှပါပဲ ကိုယ်ဘတ်စ်ကားမှီခဲ့ရင် နည်းနည်းစောင့်ခိုင်းလို့ရမယ်ဆိုပြီး အသားကုန်ပြေး Do not enter ဆိုင်းဘုတ်ကိုတွေ့တော့ ညာဖက်ချိုး ဘတ်စ်ကားကို မြင်တော့မှ ဟင်းချနိုင်တော့တယ်။

ကားဘေးနားမှာ ရပ်နေတဲ့ လူ ၂ ယောက်ကို အိမ်သာဘယ်မှလဲလို့မေးတော့ ကားကိုညွှန်ပြတယ် ချက်ကင်အရင်ဝင်ပါတဲ့။ ပရင့်ထုတ်လာတဲ့ စာရွက်မှာ လူ ၂ ယောက် နာမည်ပဲတွေ့လို့ နာမည်ပြောရင် ရှာပေးနိုင်ပါတယ်တဲ့။ နောက်တစ်ယောက်နာမည်က စာရွှက်နောက်မှာ ချက်ကင်ဝင်ပြီးလို့ လမ်းထိပ်ကိုကြည့်လိုက်တော့ မကြီးနဲ့မခိုင်ကို လမ်းထိပ်မှာတွေ့တယ်။ ဝေတဲ့ရေသန့်ဘူးယူ ထိုင်ခုံကြည့်တော့ လူအပြည့်နီးပါး အတူတူထိုင်ဖို့ မဖြစ်နိုင် မကြီးက ကားမူးတတ်တော့ ရှေ့နားထိုင်ခုံတွေမှာ ဝင်ထိုင်။ ကိုယ်တို့ထိုင်ပြီးတာနဲ့ ကားထွက်တော့တာပဲ လက်မတင်ကလေးပဲ ဒီကားမမှီရင် နောက် ၁ နာရီမှာ နောက်တစီးရှိပေမဲ့ ထိုင်ခုံရပါ့မလား။ မောမောနဲ့အိပ်လိုက်တာ အိပ်သာရပ်ပေးတော့မှပဲ နိုးတော့တယ်။ ကိုယ့်ဘေးက အဖြူကောင်က တချိန်လုံး ဖုန်းပြောနေတာ ဒေါ်နယ်ထရန့်အကြောင်း တကမ္ဘာလုံးအကြောင်းကို ကုန်ရောတဲ့ မခိုင်ပြောတာ။ ၁၀ မိနစ် နားပြီး ကားပြန်ထွက်တော့ တလမ်းလုံး အိပ်ငိုက်လာလိုက်တာ နယူးယောက်စကိုင်းလိုင်း မြင်ရတဲ့ ဟော်လန်တန်နယ်ထဲ ဝင်ခါနီးမှ နိုးတော့တယ်။ အဲဒီ ဝီဟောကန်ကနေ မြင်ရတဲ့ မက်ဟန်တန်စကိုင်းလိုင်းက ကိုယ်မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။ တရားစခန်းဝင်တုန်းက သိတဲ့ကောင်လေးတစ်ယောက်ကလည်း ပြောဖူးတယ် ဝီဟောကန်ကနေ  မက်ဟန်တန်စကိုင်းလိုင်းကို မြင်ရတာ အင်မတန်လှတယ်တဲ့။ အင်း သူပြောတာ အမှန်ပဲ ဝီဟောကန်ကို သွားဖြစ်အောင် သွားလိုက်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

tunnel from Capitol Visitor Center to Library of Congress

အိုဘာမားကျန်းမာရေး ဥပဒေကို ပြင်ဆင်ဖို့ကို ကွန်ဂရက်မှာ မဲခွဲဆုံးဖြတ်တာ ရှုံးနိမ့်သွားတယ်တဲ့။ မနက်က ကွန်ဂရက်မှာ မဲခွဲမဆုံးဖြတ်ခင် သတင်းသမားတွေ အဲဒါကို စောင့်နေတာနေမှာ။  ည ၇ နာရီခွဲ နယူးယောက် ပန်စတေရှင်းကိုရောက် ၃၃ လမ်းကနေ path ရထားစီးပြီး အိမ်ပြန် ညစာစားပြီးတာနဲ့ တချိုးတည်းအိပ်။ ကိုယ့်ကင်မရာက Canon EOS 7D မကြီးကင်မရာက Canon EOS 70D မခိုင်ကင်မရာက Nikon ။ ကိုယ့်ကင်မရာက ပရော်ဖက်ရှင်နယ်ကင်မရာ ကိုယ်က အော်တိုနဲ့ပဲ ရိုက်တတ်တယ် photography အကြောင်း စာအုပ်တွေဖတ်ပြီး နားလည်သလိုရှိပေမဲ့ practice မလုပ်ဖြစ်ဘူး။ ကိုယ့်ကင်မရာကိုကြည့်ပြီး ပရော်ဖက်ရှင်နယ်လားလို့ ကိုယ့်ကိုမေးကြရင် ဝိုင်းက သူ့ကင်မရာကသာ ပရော်ဖက်ရှင်နယ် သူက ပရော်ဖက်ရှင်နယ်မဟုတ်ဘူးလို့ ဖြေလေ့ရှိတယ်။ မကြီးကင်မရာက ပေါ့ပေါ့လေးဆိုတော့ သယ်ရလွယ်တယ် ဒါပေမဲ့ lens သေးတော့ ပုံထွက်ကွာတယ်။ မခိုင်ရဲ့ နီကွန်လည်း မဆိုးဘူး ပုံတမျိုးလေးထွက်တယ်။ ကင်မရာ ၃ ခုထဲက လှမယ်ထင်တဲ့ဓာတ်ပုံတွေ ရွှေးပြီးတင်လိုက်ပါတယ်။ ဘလော့ဂါအများစုက လူပုံထက် ရှုခင်းပုံကို တင်လေ့ရှိတယ်။ ကိုယ်ကတော့ ပြောင်းပြန် ရှုခင်းပုံထက် လူပုံများနေလေရဲ့။ အပြေးအလွှား သည်းထိတ်ရင်ဖိုလေးတွေနဲ့ သိပ်ကိုလှပတဲ့ ဝါရှင်တန်ဒီစီ ချယ်ရီပွဲတော်။

စန်းထွန်း
ဧပြီ ၂၈၊ ၂၀၁၇။

Library of Congress

ချယ်ရီပွဲတော် နွှဲပျော်ပျော် - ၃

 မာတင်လူသာကင်း မန်မိုရီယမ်နားဖက်က ချယ်ရီတွေက ပိုလှတယ်။ ဂျက်ဖာဆန် မန်မိုရီယမ်ကို လှမ်းမြင်ရတယ် ငန်းရုပ်ကလေးပါတဲ့ ဘုတ်သင်္ဘောလေးကို လူနှစ်ယောက် ခြေထောက်နဲ့နင်းပြီး စီးနေကြတာတွေ့တယ် ပျော်စရာကြီး။ မကြီးက သယ်လာတဲ့ဘွတ်ဖိနပ်စီးပြီး  ဓာတ်ပုံရိုက်တယ်။ ဘွတ်ဖိနပ်နဲ့ ငါးမိနစ်လောက် ဓာတ်ပုံရိုက်ဖို့အရေး မိုင် ၂၀၀ အဝေးကနေသယ် တချိန်လုံး ကျောပိုးအိတ်ထဲ အလေးခံသယ် သြော် လှချင်တာများ ပြောပါတယ်။ နင် ဝယ်ထည့်ပေးတာလေ မစီးရင်ဘာလုပ်မှာလဲလို့ ရန်ထောင်လိုက်သေးတယ်။ ကိုယ်လည်း ဒေါက်မြင့်ဖိနပ် အရင်ကကြိုက်ပါတယ် ၁ လက်မကနေ ၃ လက်မလောက်အထိ စီးတယ်။ ကန်တက်ကီ၊ မေရီလန်းမှာက လမ်းသိပ်မလျှောက်ရဘူး ကားပဲစီးနေရတော့ ဒေါက်မြင့်ဖိနပ် စီးနိုင်သေးတယ်။ နယူးယောက်ရောက်ပြီးကတည်းက ဒေါက်မြင့်ဖိနပ် မစီးနိုင်တော့ဘူး။ ကိုယ့်ခြေထောက်ကလည်း မိန်းမခြေထောက်လို သေးသေးသွယ်သွယ်မဟုတ်ဘူး။ ခြေထောက် ဗျက်ကျယ်ပြီး ခြေမဖိုးမြင့်တော့ width ကျယ်တဲ့ C အီးယူဆိုဒ် ၃၇၊ အမေရိကန်ဆိုဒ်ဆို ၇ ခွဲ ဝတ်ရတော့ ဖိနပ်ရှာရတာ အတော်ခက်တယ်။ ၂၀၁၀ မတ်လ မကာအိုကို သွားလည်တော့ ၃ လက်မမြင့်တဲ့ ဒေါက်ဖိနပ် တဂွတ်ဂွတ်နဲ့။ နင် ဒီဖိနပ်နဲ့ လည်မှာလားလို့ ထိန်ထိန်ရဲ့ သူငယ်ချင်းက မေးတော့ အင်းဆိုတော့ ဟယ်ဆိုပြီး မျက်နှာရှုံ့မဲ့ပြတယ်။ လမ်းအများကြီး လျှောက်ရတဲ့အခါ ဒေါက်ဖိနပ် မစီးနိုင်တော့ဘူး ကျောပိုးအိတ်ထဲ အပိုသယ်လာတဲ့ အားကစားဖိနပ်နဲ့ လဲစီးရတော့တယ်။ ခရီးသွားတဲ့အခါ ဓာတ်ပုံထဲမှာ လှဖို့ထက် သက်တောင့်သက်သာ ရှိဖို့ပဲ စဉ်းစားတော့တယ်။ စီးလာတဲ့ဖိနပ်က Cole Hann Hiker boot ဆောင်းတွင်းစီးဖို့ဆိုပြီး ဈေးချတုန်းက ဝယ်ထားတာ ဆောင်းသာကုန်သွားရော နှင်းတအားမကျလို့ မစီးလိုက်ရဘူး။

ပထမဆုံးအကြိမ်အဖြစ် ခရီးသွားတဲ့အချိန်မှာ စီးတာဆိုတော့ စိတ်နည်းနည်းတော့ပူသား။ ဖိနပ်တွေက ပထမဆုံးအကြိမ်စီးရင် ဖိနပ်ပေါက်တတ်လို့လေ။ ဖိနပ်က မနာမကျင်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ စီးလို့ကောင်းတယ်။ Cole Hann တံဆိပ်ကို မိတ်ဆက်ပေးတာက အရင်အိမ်ရှင် ဂျပန်မ။ ဖိနပ်ဆိုရင် Skechers ၊ Tory Buch ၊  Ralph Lauren ၊Tommy Hilifiger ၊ Cole Hann ၊  JCrew ၊ Nike ၊ Timberland စီးဖူးတယ်။ ခု လောလောဆယ်မှာတော့ Cole Hann ကြိ ုက်နေတယ်။ ဂျပန်အိမ်ရှင်မရဲ့ ဖိနပ်စင်မှာတော့ ၃ လက်မလောက် မြင့်တဲ့ Aldo ဘွတ်ဖိနပ်တွေ တွေ့ဖူးတယ်။ ဒီစီကို ရောက်တာနဲ့ ဟိုတယ်ကို စောစောချက်ကင် ဝင်လို့ရပေမဲ့ ဟိုတယ်ကို အသွားအပြန်က ၁ နာရီခွဲလောက် ကြာမှာဆိုတော့ အချိန်ကုန်သက်သာအောင် ချက်ကင်မဝင်တော့ဘူး။ အဝတ်အစား၊ အသုံးအဆောင်တွေကို ကျောပိုးအိတ်ထဲထည့် တနေ့လုံး လွယ်ပိုးထားပြီး ည ၈ နာရီလောက်မှ ဟိုတယ်ကို ချက်ကင်ဝင်မှာဆိုတော့ ပစ္စည်းတွေ နည်းနိုင်သမျှနည်းအောင် သယ်ရတယ်။ အင်္ကီျ ၂ ထည်၊ ဂျင်းဘောင်းဘီ ၁ ထည်၊ ညဝတ်အင်္ကီျ ၊ အတွင်းခံ၊ မာဖလာ၊ ဦးထုပ်၊ အနွှေးထည်၊ မုန့်၊ ရေဘူး၊ အလှပြင်ပစ္စည်း၊ ဦးဘိုကြီး ရှူဘူး။ အစာကြေဆေး၊ ပလာစတာ။ မျက်နှာသစ်ဆပ်ပြာ၊ သွားတိုက်ဆေး ဘူးသေးနဲ့ သယ်တယ်။ မကြီးက သူကြိုက်တဲ့ THEFACESHOP က Rice Water Bright Cleasing Milk ကို ဘူးလိုက်သယ်လာတယ် လက်နဲ့ဖိရင် အရည်ထွက်လာတဲ့ အမျိုးအစားဆိုတော့ အရည်တွေ ထွက်လာလို့တဲ့။ ဘူးသေးသေးနဲ့ ဘာလို့မသယ်လာတာလဲလို့မေးတော့ ဘာမှပြန်မပြောဘူး။ အရင်တုန်းက Body shop ကနေ ခရီးသွားရင်သုံးဖို့ ဘူးသေးလေးတွေကို ပလပ်စတစ်အကြည်အိတ်ထဲ ထည့်ထားတဲ့ Travel toilerty bag ဝယ်ဖူးတယ်။ အိမ်တွေပြောင်းတုန်းက လွှင့်ပစ်လိုက်ပြီနဲ့တူတယ် လိုအပ်ရင် မရှိတော့ဘူး။

ဂျက်ဖာဆန် မန်မိုရီယမ်

မာတင်လူသာကင်း မန်မိုရီယမ်မှာလည်း လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားတွေနဲ့ အုန်းအုန်းကျွှပ်။ ည ၆ နာရီ ကျော်ပြီ ရေကန်၊ မြစ်ဘေးနားမို့ နေစောင်းတာနဲ့ အေးစိမ့်လာတယ်။ ချယ်ရီတွေနဲ့ ဓာတ်ပုံ တော်တော်များများလည်း ရိုက်ပြီးပြီ ပင်ပန်းနေပြီ နားချင်နေတာနဲ့ တိုင်တယ်ဘေဇင်ရေကန်ကို တပတ်မပတ်နိုင်တော့ဘူး။ တိုင်တယ်ဘေဇင်ကနေ World War II Memorial ကို ၁၅ မိနစ်လောက်ဝေးတယ်။ World War II Memorial က ဒီစီမှာ ဆူနမ် အကြိုက်ဆုံးနေရာ ပြည်နယ် ၅၁ ခု ကျောက်တိုင်တွေရှိပြီး ဘဲဥပုံသဏ္ဍန် ရေပန်းလေးနဲ့ အေးချမ်းတဲ့နေရာတစ်ခု။ နောက်ဖက်မှာ လင်ကွန်းမန်မိုရီယမ် Reflection pool ရေကန်၊ ပတ်တိုးမြစ်ဘေးနားမှာ လင်ကွန်းမန်မိုရီယမ် ရှိပါတယ်။ ၁၉၆၃ နိုင်ငံသားအခွင့်အရေး ချီတက်ပွဲတုန်းက မာတင်လူသာကင်းက သမိုင်းဝင် I have a dream မိန့်ခွန်း ပြောကြားခဲ့တဲ့နေရာပါ။ လင်ကွန်းမန်မိုရီယမ်ရှေ့က လှေကားထစ်အစမှာ I have a dream မိန့်ခွန်းအကြောင်း ရေးထိုးထားတဲ့ ကျောက်ပြားလေး ရှိပါတယ်။ လင်ကွန်းမန်မိုရီယမ်ကို ရောက်ခဲ့ရင် အဲဒီကျောက်ပြားလေးကို ရှာကြည့်ပါ ကိုယ့်ခြေဖဝါးအောက် ရောက်နေတာ ဖြစ်ချင်ဖြစ်နေဦးမှာ။ World War II မန်မိုရီယမ်ရှေ့က ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင် ယိုင်နေတာကို ပြင်တာ တော်တော်ကြာတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ပြီးသွားလို့ ကျောက်တိုင်ထိပ်ဆုံးကို တက်ဖို့တန်းစီနေကြတာ တွေ့ခဲ့ဖူးတယ်။ ကျောက်တိုင်ကနေ ဘယ်ဖက်ကွင်းပြင်ကိုကြည့်ရင် အိမ်ဖြ ူတော်ကို လှမ်းတွေ့နိုင်ပါတယ်။ သစ်ပင်တွေနဲ့ကွယ်နေလို့ အိမ်ဖြူတော်ကို လှမ်းမမြင်ရဘူး။ ၁၅ မိနစ်လောက် လျှောက်ပြီးတဲ့အခါ ကားလမ်းပိတ်ထားပြီး ရဲကားတွေ အများကြီးရှိတဲ့လမ်းဆို သေချာပြီ အိမ်ဖြူတော်ရှိတဲ့နေရာ။ အိမ်ဖြူတော်ရှေ့မှာ ဓာတ်ပုံဝင်ရိုက် သုံးဘလောက်အဝေးက ဟိုတယ်ကိုသွားတာ့ မောလိုက်တာ ကုန်းတက်ကြီးကိုး။

ဟိုတယ်က အတော်လေးလှတယ် လော်ဘီက စတားဘာ့ခ်မှာ ဟိုတယ်အခန်းသော့ကီးလ်ကို ပြလိုက်တာနဲ့၁၅ ရာခိုင်နှုန်း ဒစ်စကောင့်ရမယ်တဲ့။ မနက်မှပဲ သောက်တော့မယ် ခဏနားပြီး ဗိုက်ဆာနေပြီမို့ ညနေစာစားဖို့ ရှာတော့ မကြီးက ယိုးဒယားစာ စားချင်တယ်တဲ့။ တရုတ်တန်းက မိနစ် ၂၀ လမ်းလျှောက်ရမယ်ဆိုတော့ လမ်းမလျှောက်နိုင်ကြတော့ဘူး တဘလောက်အဝေးမှာက စားသောက်ဆိုင်တွေ ရှိတယ် ယိုးဒယားဆိုင်ပဲ ရွှေးလိုက်တယ်။ ထမင်းကြော်၊ drunked noodles ၊ တုံယမ်းဟင်းချို မှာစားတယ် ဗိုက်စားနေလို့လား ဆိုင်ကပဲကောင်းနေလို့လားမသိ တော်တော်စားကောင်းတယ်။ မနက်စာအတွက် ထမင်းကြော်တပွဲမှာ ရေနွှေးကြမ်းမှသောက်တော့ သောက်လို့ကောင်းလိုက်တာ ၂ ကျပ်တောင် ပေးရတယ်။ ရေနွှေးတွေ ထပ်ထည့်ပြီး ထပ်သောက် ဆားဗစ်ပေးတဲ့ ယိုးဒယားကောင်လေးက တဆိုင်လုံးကို သူတစ်ယောက်တည်း လုပ်ရ လူများတော့ ချက်ချင်းခေါ်လို့မရပေမဲ့ ဆားဗစ်ကောင်းကောင်းပေးတယ်။ အရက်ရောင်းတဲ့ဆိုင်မှာ ရေသန့်ဘူးကြီး ၂ ဘူးဝယ် ပါဝါဘော၊ ဒီစီလော်ထရီထီ တယောက် ၃ ကျပ်ဖိုး ထိုးကြတယ်။ ထီပေါက်လို့ကတော့ ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ်နဲ့ စိတ်ကူးတွေ ယဉ်လိုက်သေးတယ်။ ရေမိုးချိုးပြီးတာနဲ့ တန်းအိပ်တော့တာပဲ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲဆိုပြီး လမ်းလျှောက်ခိုင်းတာ ၅ မိုင်လောက် လျှောက်ခဲ့ရပြီဆိုတော့ ခြေထောက်တွေကို ညောင်းနေတာပဲ။ မနက် ၉  နာရီ ကယ်ပီတယ်ကို ဝင်လည်မှာဆိုတော့ ဟိုတယ်ကနေ လမ်းလျှောက်ရင် မိနစ် ၄၀ လောက် လျှောက်ရမယ်။ ရထားစီးသွားရင် နာရီဝက်လောက်နဲ့ ရပေမဲ့ လမ်းလျှောက်သွားရင် ဒီစီကို ပိုလည်ရသလိုဖြစ်တော့ မနက် ၇ နာရီလောက်ထ မနက်စာစားသောက် ၈ နာရီလောက်ဆို ဟိုတယ်ကနေထွက် ၉  နာရီ ကယ်ပီတယ်ရောက်။ မနက် ၆ နာရီခွဲ နိုးစက်ပေးထားလို့ နိုးပေမဲ့ မထချင်ဘူး အိပ်ချင်နေတယ်။ အစ်မတွေက အိပ်ယာကထ ကော်ဖီတွေဖျော်ပြီးမှ ကိုယ်က အိပ်ယာထ။ ဟိုတယ်က ကော်ဖီတွေက ပြင်းတော့ ဂရင်းတီးပဲ သောက်တော့တယ်။ ပစ္စည်းသိမ်းတော့ ကိုယ့်ဦးထုပ် ရှာမတွေ့တော့ဘူး အခန်းထဲ သေသေချာချာ လိုက်ရှာတော့လည်း မတွေ့ဘူး။

သမ္မတကတော်က အဲဒီမီးအိမ်ကို မီးထွန်းပြီး ချယ်ရီပွဲတော်ကို စတင်ပါတယ်

ဟိုတယ်အထိ ပါသေးတယ် ယိုးဒယားဆိုင် သွားစားတော့ ညနေမှောင်နေပြီဆိုတော့  ဦးထုပ်မယူသွားတာ သေချာတယ်။ ဟိုတယ်မှာ မေးကြည့်ဦးမှဆိုပြီး ချက်ကောက်လုပ်တဲ့အချိန် မေးကြည့်တော့ ဦးထုပ်တစ်လုံး တွေ့လို့သိမ်းထားတယ်တဲ့။ အညိုရောင် သက္ကလပ် Ralph Lauren တံဆိပ်လို့ပြောတော့ ဦးထုပ်ထုတ်ပြတယ်။ ဟုတ်ပါတယ် အသေအချာပဲ ကိုယ့်ဦးထုပ်ဆိုတာ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ အဲဒီနေ့က နေပူတော့ suncreen တွေ လိမ်းပေမဲ့ ဦးထုပ်မပါရင် မလွယ်ဘူး butterfly rash ထပ်ဖြစ်မှာ စိတ်ပူတာ။ အစ်မတွေမှာ ဦးထုပ်ပါပေမဲ့ cap ဦးထုပ်တွေဆိုတော့ မျက်နှာတစ်ခုလုံး မလုံဘူး။ ဟိုတယ်မှာ ချက်ကောက်လုပ်ပြီး အထုပ်တွေကို အပ်ထားခဲ့လို့ရတယ်။ ဟိုတယ်ကို ပြန်လာပြီး အထုပ်ယူဖို့က ၁ နာရီလောက် အချိန်ပေးရမယ် အထုပ်တွေကလည်း ကျောပိုးအိတ် သယ်နိုင်တယ်ဆိုတော့ ဟိုတယ်မှာ မအပ်ခဲ့တော့ဘူး။ ဒီစီက မက်ထရိုက စက်လှေကားတွေက အမြင့်ကြီးတွေ။ ကောင်တာမှာ ကိုယ့် smart trip ကဒ်ကို activate လုပ်ပေးဖို့ပြောတော့ machine မှာ ကိုယ့်ဘာသာသွားလုပ်တဲ့။ ကိုယ့်ဘာသာသွားလုပ်တော့ ဟိုနှိပ်ဒီနှိပ် သုံးယောက်ခေါင်းချင်းဆိုင်ပြီး လုပ်နေကြတော့ အဲဒီကောင်တာက လူကြီးက လာကြည့်ပေးတယ်။ smart trip ကဒ်က ၂ ကျပ် အများကြီး သက်သာသွားတယ် ၂၀၁၃ ကိုယ် ဒီစီမှာ အလုပ်လုပ်တုန်းက smart trip ကဒ်က ၅ ကျပ်ကျော် ပေးရတယ်ထင်တယ်။ smart trip ကဒ်နဲ့ မက်ထရိုရထား၊ ဘတ်စ်ကား၊ ကားပါကင်ခ ပေးလို့ရတယ်။ ၂ မှတ်တိုင်လောက် ကျော်လာတော့မှ ရထားမှားစီးနေမှန်းသိတော့ ရထားကနေ ပြန်ခုန်ထွက်ပြီး မြို့ထဲသွားတဲ့ရထားကိုပြန်စီး။ နယူးယောက်မှာ subway က ဘယ်စီးစီး ၂.၇၅ အဝင်ပဲ ဖြတ်ရတယ် metro card က ၁ ကျပ်ကျတယ်။ ဒီစီမက်ထရိုကတော့ စီးတဲ့ဘူတာအလိုက် ကျသင့်ငွေ ပေးရတယ် ကဒ်ကိုလည်း အဝင်၊ အထွက် ဖြတ်ရတယ်။ ဒီစီမှာနေတုန်းက silver spring ဘူတာကနေ မြို့ထဲက အသွားတကြောင်း ၅ ကျပ်လောက်ကျတယ်။ ဘူတာရုံက ကားပါးကင်မှာ ပါကင်ခက တနေ့ ၅ ကျပ် ပိတ်ရက်တွေတော့ ဖရီး။

ဒီစီမှာတုန်းက ဆီဖိုး၊ ကားအာမခံဖိုး၊ ကားပြုပြင်ခ မပါသေးဘဲ ရထားခ၊ ကားခ တလ ၃၅၀ လောက်ကုန်တော့ နယူးယောက်ရောက်တော့ metro unlimited card က ၁၁၃ ကျပ်ပဲကျတော့ သက်သာလိုက်တာဟဆိုပြီး ဝမ်းတွေသာ။ ဒီစီက နယူးယောက်လို လူမရှုပ်ဘူး အေးအေးဆေးဆေး သန့်သန့်ရှင်းရှင်း လူတွေကလည်း ရုံးဝတ်စုံတွေနဲ့ သန့်သန့်ပြန့်ပြန့်။ Capitol South ဘူတာမှဆင်းပြီး ကယ်ပီတယ်ဆီ ၅ မိနစ်လောက် လမ်းလျှောက် မကြီးက ဗိုက်ဆာလာလို့ ကယ်ပီတယ်ဘေးနားက ထိုင်ခုံမှာထိုင်ပြီး ယိုးဒယားထမင်းကြော်စား။ ကယ်ပီတယ်ရှေ့ ဓာတ်ပုံရိုက် ကယ်ပီတယ်ထဲဝင်ဖို့ တန်းစီ မနေ့ညက ဝယ်လာတဲ့ ရေဘူးတွေ၊ ယိုးဒယားဆိုင်က ဝယ်လာတဲ့ ထမင်းကြော်၊ ထွက်ခါနီး ဟိုတယ်လော်ဘီကနေ ယူလာတဲ့ ပန်းသီး၊ ဖောက်ထားတဲ့ ဘီစကစ်တွေ လွှင့်ပစ်၊ ဖုန်း၊ ကွန်ပျူတာ၊ အိုင်ပတ်၊ ကင်မရာ၊ ခါးပတ်၊ ပိုက်ဆံအိတ်ကို ဗန်းထဲထည့် စကန်ဖတ်စစ် လူကလည်း စကန်ကိုဖြတ် လုံခြုံရေးတင်းကျပ်တယ် လေဆိပ်မှာလိုစစ်တယ်။ မကြီးကျောပိုးအိတ်က တီတီမြည်နေလို့ တခုချင်းဖြေစစ်။ ဝန်ထမ်းတွေကို လက်မှတ်ပြပြီးမေးတော့ အောက်ထပ်က visitor center မှာ reservation လိုင်းမှာ တန်းသွားစီပါတဲ့။ ရာမားက ဘော်စတွန်ကနေ မေရီလန်းကို ပြောင်းလာတော့ ဆူနမ်က လာလည်ပါလားလို့ ဖိတ်ခေါ်တာနဲ့ ခွင့် ၃ ရက် ယူရုံနဲ့ ခရစ်စမတ်၊ နယူးရီးယားပိတ်ရက်တွေနဲ့ ခွင့် ၁၀ ရတာမို့ဒီစီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ၂၀၁၂ ဒီဇင်ဘာ။ ခရစ်စမတ်အကြိုနေ့ ဆူနမ်၊ ရာမားတို့နဲ့ ဒီစီကို သွားလည်ပြီး နှင်းကျတဲ့နေ့၊ ဆူနမ်တို့နဲ့ သွားရမဲ့နေ့လောက်ပဲနေပြီး ဒီစီကို ၄ ရက်လောက် သွားလည်ဖြစ်တယ်။ ရာမားက ရုံးမသွားခင် ဘူတာရုံလိုက်ပို့ ဒီစီမှာတနေကုန်လည်ပတ် ညနေစောင်းမှအိမ်ပြန်။ အဲဒီတုန်းက ကယ်ပီတယ်ကို သွားလည်လို့ရမှန်းတောင် မသိဘူး ကယ်ပီတယ်ရှေ့မှာ ဓာတ်ပုံရိုက်နေတုန်း လူတွေတန်းစီနေတာနဲ့ ဝင်တန်းစီတာ။

ဆက်ပါဦးမယ် ...
စန်းထွန်း
ဧပြီ ၂၂၊ ၂၀၁၇။

မာတင်လူသာကင်း မန်မိုရီယမ်
တိုင်ဒယ်ဘေဇင်ကနေ မြင်ရတဲ့ မိုးနှုမတ်ကျောက်တိုင်
World War II Memorial
ဒုတိယကမ္ဘစစ် မန်မိုရီယမ်ကနေ မြင်ရတဲ့ မိုးနှုးမတ်ကျောက်တိုင်
အိမ်ဖြူတော်

ချယ်ရီပွဲတော် နွှဲပျော်ပျော် - ၂

ပန်းရောင်စုံ ဖူးပွင့်ကြတဲ့ နွှေဦးရာသီနဲ့ သစ်ပင်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးရာသီကို အနှစ်သက်ဆုံးပါ။ နွှေဦးပွဲတော်တွေထဲမှာ အထင်ရှားဆုံးက ဝါရှင်တန်ဒီစီက ချယ်ရီပွဲတော်ပါ။ ချယ်ရီပွဲတော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာက ၂၀၁၃ မှာ။ ဆူနမ်တို့တွေနဲ့ အုပ်စုလိုက် သွားကြတာ ချယ်ရီအဖူးပဲ တွေ့ခဲ့ရတယ်။ ၂၀၁၄၊ ၂၀၁၅ မှာတော့ ချယ်ရီတွေ အစွမ်းကုန် ပွင့်တဲ့အချိန်မှာ သွားတော့ အင်မတန်လှတယ်။  ဓာတ်ပုံရိုက်လိုက် ထိုင်နားလိုက် ချယ်ရီပင်တွေကြည့်လိုက်နဲ့ တိုင်ဒယ်ဘေဇင်ရေကန်ကို တပတ်ပတ်တယ်။ တိုင်ဒယ်ဘေဇင်ရေကန် တပတ်ဆို ၂ မိုင်ကျော်လောက် လျှောက်ရမယ်ထင်တယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်း သွားတာဆိုတော့ ရှုခင်းပုံများပြီး ကိုယ့်ပုံက တပုံလောက်ပဲရှိတယ်။ ဒီတခေါက်တော့ ပြောင်းပြန် အစ်မနှစ်ယောက်နဲ့သွားတာဆိုတော့ ကိုယ့်ဓာတ်ပုံတွေများပြီး ရှုခင်းပုံက တပုံလောက်ပဲရှိတယ်။ ချယ်ရီပွဲတော်က မတ်လ ၁၅ ကနေ ဧပြီ ၁၅ အထိ ကျင်းပပြီး ချယ်ရီတွေက ဧပြီ ၁၅ လောက်မှ အစွမ်းကုန်ပွင့်တာပါ။ ချယ်ရီတွေ ဘယ်လောက်ပွင့်နေပြီ ဆိုတာကို ဝက်ဆိုဒ်ကနေ ကြည့်လို့ရတယ်။ ဧပြီလလယ်လောက်မှ သွားဖို့စဉ်းစားထားတာ ရာသီဥတုပူလို့  ဒီနှစ်ချယ်ရီတွေ စောစောပွင့်တယ်ဟလို့ ဆူနမ်သတိပေးလို့ အင်တာနက်မှာ ကြည့်လိုက်တော့ မတ် ၁၂ - ၁၅ မှာ အစွမ်းကုန်ပွင့်မယ်တဲ့။ ချယ်ရီပွဲတော်မှ မတ် ၁၅ မှစမှာ မကြီးအားတဲ့ မတ် ၁၆၊ ၁၇ တညအိပ်နှစ်ရက်ခရီး သွားမယ်ဆိုပြီးလို့ စဉ်းစားတာကို ဆူနမ်က မတ် ၁၉  ထိ မေရီလန်းမှာ သူရှိနေမှာ သူငယ်ချင်းတွေ မတွေ့တာကြာပြီ တွေ့ရအောင်လေ။ ရာမားက ဗာဂျီးနီးယားမှာ town house အိမ်ဝယ်ထားတယ် သူ့အိမ်မှာလာတည်း မတ် ၁၉  တနင်္ဂနွှေမနက် ဆူနမ်က အိုဟိုင်းရိုးပြည်နယ်ကိုပြန် ကိုယ်က နယူးယောက်ကိုပြန်။

ရာမားက grill အသားကင်စက် ဝယ်ထားတယ် ဘာဘီကျူး ကင်စားရအောင်လို့ ပြောတာနဲ့ မကြီးက မတ် ၁၆ ပြန် ကိုယ်က မတ် ၁၉  ပြန်။ Amtrak ရထားကိုဘွတ်တော့ အသက်သာဆုံးက ဝါရှင်တန်ဒီစီအသွားကို ၁၀၀၊ နယူးယောက်အပြန်ကျတော့ ၁၅၀။ ရထားက ၂ နာရီလောက်ပဲ စီးရတယ် ဘတ်စ်ကားက မိုင် ၂၄၀ ကို ၄ နာရီခွဲလောက် မောင်းရတယ် ဒါတောင် ကားလမ်းမပိတ်မှ။ ကိုယ်က ဈေးပေါတဲ့ ဘတ်စ်ကားနဲ့ သွားနေကျ နယူးယောက်ကနေ မနက်စောစောထွက်ပြီး ဒီစီကနေ ညနေစောင်းထွက်တဲ့ ဘတ်စ်ကားစီး နယူးယောက်ကို ည ၁၁ နာရီလောက်ရောက်။ သွားဖူးတဲ့ ၂ ခါစလုံး ဒီစီကနေ ည ၇ နာရီမှာ ထွက်ရမဲ့ ဘတ်စ်ကားက ဘယ်တော့မှ ည ၇ နာရီမထွက်ဘူး။ ကားလမ်းတွေပိတ်လို့နဲ့ ည ၆ နာရီလောက်ကတည်းက တန်းစီရတာ ည ၁၀ လောက်မှထွက်တယ်။ နယူးယောက်ကို မနက် ၄ နာရီလောက်မှရောက် အိမ်ကိုရောက်တော့ မနက် ၅ နာရီ ၂ နာရီလောက်ပဲအိပ်ပြီး မနက် ၇ နာရီဆို ရုံးသွားဖို့ အိမ်ကနေ ထွက်ရပြီ။ မကြီးကိုမေးကြည့်တော့ အကြာကြီးစီးရပစေ သက်သာရင်ပြီးရောဆိုတော့ ရထားလက်မှတ် ဘွတ်ကင်းကို cancel ပြန်လုပ်။ နယူးယောက်ပန်စတေရှင်းကနေ ဒီစီကိုထွက်တဲ့ ဘတ်စ်ကားတွေ အများကြီး ရှိပေမဲ့ မနက်အစောကြီးလည်း မထရ နယူးဂျာဆီ အိမ်နားကနေ မနက် ၈ နာရီ ၁၅ မိနစ်စီး ဒီစီကို နေ့လည် ၁၂ ခွဲရောက်မဲ့  Bolt Bus ဘတ်စ်ကားလက်မှတ် ဝယ်လိုက်တယ်။ တယောက် ၁၇ ကျပ်ကို တက်စ်တွေဘာတွေနဲ့ ၁၉ ၊ ၂၀ လောက် သွားကျတယ်။ ဂျုးလူမျိုးတွေပိုင်တဲ့ Vamoose ဆိုတဲ့ ဘတ်စ်ကားက မေရီလန်းပြည်နယ် Bethesda ကနေထွက်တော့ ဒီစီယူနီယမ်စတေရှင်းလို ကားသိပ်မရှုပ်တော့ အချိန်မှန်တယ်ဆိုတာနဲ့ စမ်းကြည့်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

Union Station
ယူနီယမ်စတေရှင်ကနေ မြင်ရတဲ့ ကယ်ပီတယ် 
ယူနီယမ်စတေရှင်းရှေ့

ဘတ်စ်ကားခက ၃၀၊ ၄၀ ပေးရတယ် နည်းနည်းတော့ ဈေးကြီးတယ်။ ရာသီဥတုက အရမ်းအေးလို့ တချို့ချယ်ရီပွင့်တွေ ရေခဲရိုက်လို့ ညှိုးကုန်ပြီး ချယ်ရီပွင့်တာ တပတ်နောက်ဆုတ်တယ်လို့ ကြေငြာတော့ စီစဉ်ထားတဲ့အတိုင်း သွားမလား ချယ်ရီတွေ အစွမ်းကုန်ပွင့်တဲ့ အချိန်မှသွားမလား စဉ်းစားရတယ်။ နောက်ဆုံးတော့ တပတ်နောက်ဆုတ်ပြီး ချယ်ရီတွေ အစွမ်းကုန်မှာက မတ် ၂၂ - ၂၅ ကိုယ်တို့သွားမှာက မတ် ၂၃ - ၂၄ ကားလက်မှတ်တွေ ပြန်ချိန်း။ လူအများနဲ့ ရှယ်နေရမဲ့ Hostel ၊ Airbnb ၊ ဟိုတယ်ဆိုဒ် တော်တော်များများကို ရှာကြည့်ပြီးတဲ့ အခါမှာတော့ ဈေးအသက်သာဆုံးက အိမ်ဖြ ူတော်နဲ့ ၃ ဘလောက်ပဲဝေးတဲ့၊ McPerson ရထားဘူတာနဲ့နီး၊ တရုတ်တန်းနဲ့ မိနစ် ၂၀ လောက်ပဲဝေးတဲ့ ကြယ်လေးပွင့်အဆင့်ရှိတဲ့ Hamilton crowne plaza က ဈေးအသက်သာဆုံးဆိုတာ သိလိုက်ရတယ်။ တည ၃၀၀ ကျော်ကို ၁၀၀ ပဲ ပေးရတယ် ရုံးတက်ရက်မို့လို့နဲ့တူတယ်။ ဒီစီချယ်ရီပွဲတော် သွားမဲ့အကြောင်း ပင်ဆန်ဗေးနီးယားပြည်နယ်က မခိုင်ကို ပြောပြတော့ လိုက်ချင်တယ်တဲ့။ ကားလက်မှတ်တွေ အမြန်ဘွတ် ဟိုတယ်ကို မေးကြည့်တော့ extra bed မယူဘူးဆိုတော့ အိုကေတယ်တဲ့။ မတ် ၂၂ ညမှာ မခိုင်က ကိုယ်တို့အိမ်မှာ ညလာအိပ် မနက်ကျတော့ အိမ်နားတဘူတာ အဝေးက Newark Penn Station မှာ ဘတ်စ်ကားစောင့်။ ၈ နာရီ ၁၅ ဘတ်စ်ကားက ၈ နာရီကတည်းက ရောက်နေတယ် ၈ နာရီ ၁၅ မိနစ်မှာ ခရီးသည်တစ်ယောက် အူယားဖားယား ပြေးလာတယ် တော်သေးတယ် လက်မတင်လေး မှီတယ်ဆိုရုံလေး။ ကားပေါ်မှာ နေမပူတဲ့ဖက် ရွေးထိုင် ညကလည်း ကောင်းကောင်းအိပ်မပျော် မနက်ကလည်း အစောကြီး ၆ နာရီထရ ကားစီးရင် မူးတတ်တဲ့ မကြီးက နေလို့မကောင်းဘူး နောက်ခုံမှာ သွားအိပ်ရတယ်။ ကိုယ်နဲ့မခိုင်ကတော့ စကားတွေပြောလိုက်၊ မုန့်စားလိုက်၊ အိပ်ငိုက်လိုက်။

ကားလမ်းပိတ်နေလို့ ၁၅ မိနစ်လောက် လမ်းမှာစောင့်ရသေးတယ်။ ခရီးသည်တချို့က ဘာတီမိုးမှာ ဆင်းသွားကြတယ် ဘာတီမိုးကို အကြိမ်ကြိမ် ဖြတ်သွားဖူးပေမဲ့ တခါမှဝင်မလည်ဖူးဘူး။ မေရီလန်းပြည်နယ် ဘာတီမိုးမြို့က တန်နက်ဆီပြည်နယ်က မန်းဖစ်၊ အီလီနွိုက်ပြည်နယ်က ချီကာဂို၊ နယူးဂျာဆီပြည်နယ်က Newark တို့လို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့မြို့တွေ။ အမ်းထရူးက မန်းဖစ်မှာ နေဖူးတယ် ည ၉ နာရီကျော်ရင် အပြင်ကို တယောက်တည်း မသွားရဲဘူးတဲ့။ အမည်းတွေနဲ့ မက်ဆီကန်တွေက တွေ့ရင် ပစ်ကြခတ်ကြတော့ မက်ဆီကန်မှန်း အေးရှန်းမှန်းမသိ ပစ်ထည့်လိုက်မှာ စိုးရိမ်ရလို့တဲ့။ ဘာတီမိုးကျော်လာတာနဲ့ ကိုလံဘီယာ၊ Silver Springs က ကိုယ်နေခဲ့ဖူးတဲ့မြို့၊ ကိုယ်ဖြတ်သန်းသွားလာ ခဲ့ဖူးတဲ့မြို့တွေဆိုတော့ လမ်းတွေကို မှတ်မိနေတယ်။ Silver Springs မြို့ထဲလို့ ထင်နေတာ မခိုင်က စင်အန်အန်တာဝါတိုင်ကို ပြတော့မှ ဒီစီမြို့ထဲက ယူနီယမ်စတေးရှင်းနား ရောက်နေတာ။ မရောက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတယ် ဝါးတားတားနဲ့ မမှတ်မိဘူး ဒီတခါတော့ မှတ်ညဏ်ကောင်းတဲ့ ငါကွလို့ လက်ခမောင်း မခတ်နိုင်တော့ဘူး။ ကား ၁၅ မိနစ် ပိတ်တာရယ်၊ ဘာတီမိုးထဲ ခရီးသည်တွေ ဝင်ချရလို့ ၁၂ ခွဲ ရောက်ရမဲ့ ဘတ်စ်ကားက ၁ နာရီမှရောက်တယ်။ အိမ်သာဝင်၊ ယူနီယမ်စတေရှင်းအောက်က food court မှာ တရုတ်စား။ နွှေရာသီ လေ့လာရေး ခရီးထွက်ကြတဲ့ အင်္ကီျဆင်တူဝတ်ထားကြတဲ့ အလယ်တန်းကျောင်းသားလေးတွေ တွေ့တယ်။ ကိုယ်အလယ်တန်းကျောင်းသားတုန်းက ဟိုင်းကြီးတောင်ပေါ်က ရေကန်၊ လူကြီးတွေလာရင် နေတဲ့ဟိုတယ်၊ ကပ္ဗလီပင်လယ်ဖက်ခြမ်းက အငူအထိ ပင်လယ်ကမ်းခြေတလျှောက် ရှားရှားပါးပါး လေ့လာရေးခရီး ထွက်တာတွေရှိတယ်။ အဲဒီအခါမျိုးမှာ နေမကောင်းဖြစ်နေတာနဲ့ ကြုံရလို့ မလိုက်ခဲ့ရပါဘူး။ ယူနီယမ်စတေးရှင် နှစ်ပေါင်းတရာကျော်ပြီဖြစ်တဲ့ ရထားဘူတာ တစ်နှစ်ကို ခရီးသည် ငါးသန်းကျော် အသုံးပြုတယ်။ ဈေးကြီးတဲ့ upscale စားသောက်ဆိုင်တွေ ရှိသလို ဈေးပေါတဲ့ foot court လည်းရှိတယ်။

ကယ်ပီတယ်ဘေး အရင်ရုံးဟောင်းဆီ သွားတဲ့လမ်း
သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေရာ
ဝါရှင်တန် မိုးနူးမတ်ကျောက်တိုင်၊ နေရှင်နယ်မောလ်

ဗိသုကာလက်ရာက လှပခမ်းနားသလို လျှော့ပင်းထွက်လို့လည်း ကောင်းတယ်။ ယူနီယမ်စတေးရှင်ရှေ့က စီးနိတ်နဲ့ ဟောက်စ်ရှိတဲ့ ယူအက်စ်ကယ်ပီတယ်။ ဒီစီမှာ ကိုယ်အနှစ်သက်ဆုံး အဆောက်အဦးက ကယ်ပီတယ် ဘယ်အချိန်ကြည့်ကြည့် ခမ်းနားလှပတယ်။ ကယ်ပီတယ်ဘေးနားက ချယ်ရီပင်တွေလည်း ပင်လုံးညွှတ်နေကြပြီ။ အရင်ဒီစီရုံးက ကယ်ပီတယ်ဘေးနားမှာ တခါတလေ နေ့လည်စာကို ကယ်ပီတယ်ဘေး ပန်းခြံထဲက ခုံလေးတွေမှာ ထိုင်စားကြတယ်။ ဝါရှင်တန်မိုးနူးမတ်ကျောင်းတိုင်ဖက်၊ ကယ်ပီတယ်မောလ်ကို မျက်နှာမူထားတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုတဲ့နေရာရှိတဲ့ ကယ်ပီတယ်ဖက်ခြမ်းက ပိုလှတယ်လို့ထင်တယ်။ ကယ်ပီတယ်ရှေ့ကနေ ပတ်တိုးမတ်မြစ်ဘေးနား လင်ကွန်းမယ်မိုရီယ်အထိ စတုရန်းပုံသဏ္ဍန် မြက်ခင်းပြင်ကို နေရှင်နယ်မောလ်လို့ ခေါ်ပါတယ်။ နေရှင်နယ်မောလ် ဘေးတဖက်တချက်မှာ ပြတိုက်တွေရှိပြီး ဝင်ကြေးအခမဲ့ပါ။ ၅ နာရီလောက် အချိန်ပေးမှ ပြတိုက်တခုလုံး နှံ့မှာပါ။ အာကာသပြတိုက် ၊ History Museum ၊ National Gallery of Art ၊ Smithsonian Museum ၊ Botanic Garden က ကိုယ့်အကြိုက်ဆုံး ပြတိုက်တွေပါ။ အမေရိကန်အာကာသယဉ်မူးတွေ လကို သွားရောက်ခဲ့တုန်းက ဝတ်ဆင်ခဲ့တဲ့ အဝတ်အစား၊ အသုံးအဆောင်တွေ၊ လပေါ်ကို ဆင်းသက်နိုင်မို့ ကြိ ုးစားတုန်းက Discovery အာကာသယဉ် ပေါက်ကွဲပျက်စီးတာတွေ၊ Wright ညီနောင် စတင်တီထွင်ခဲ့တဲ့ လေယာဉ်ကနေ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်းက သုံးခဲ့တဲ့လေယာဉ်တွေနဲ့ ကိုယ်ကပဲ အာကသကို စိတ်ဝင်စားတဲ့သူမို့လို့လားမသိ အာကာသပြတိုက်ကို တကယ်သဘောကျတယ်။ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့နားက ကနေဒီ Space Center က ကိုယ်သွားလည်ချင်တဲ့ နေရာတစ်ခု။

National Gallery of Art ပြတိုက်က ပန်းပုပန်းချီလက်ရာတွေဟာ အင်မတန် လက်ရာမြောက်တယ်။ ဆီဆေး၊ ရေဆေး မခွဲခြားတတ်ပေမဲ့ ပန်းချီတွေ လက်ရာပြောင်မြောက်မှန်းတော့ သိတယ်။ ပုံတူပန်းချီကားတွေဆိုရင် လက်ရာပြောင်မြောက်လွန်းလို့ လူရှေ့ ရောက်နေသလို ခံစားရတယ်။ ဒါကြောင့် ပန်းချီကားတွေ တန်ကြေးမြင့်တာကိုး မြင့်လောက်ပါပေတယ်။ စမစ်ဆိုးနီးယမ်းပြတိုက်ဘေးနားက magnolia ပင်လုံးပွင့်ရင် အတော်လှလို့ ပွင့်ပြီလားလို့ ချောင်းကြည့်လိုက်တာ မပွင့်သေးတာနဲ့ မဝင်ခဲ့တော့ဘူး။ စမစ်ဆိုးနီးယမ်းပြတိုက်ဘေးက ဥယျာဉ်လေးမှာ ပန်းပင်လေးတွေ စိုက်ပျိုးထားတာ လှလိုက်တာ။ ဝါရှင်တန်မိုးနူးမတ်ကျောက်တိုင် ပတ်ပတ်လည်မှာ ချယ်ရီပင်တွေ ပွင့်နေတာလှတယ်။ မကြီးက ဓာတ်ပုံသွားရိုက်ချင်တာ မရိုက်ခိုင်းတော့ဘူး။ သွားရိုက်ရင် ကြာနေဦးမှာ တိုင်တယ်ဘေဇင်ရေကန်ဘေးနား ရောက်တော့မှာ မဟုတ်တော့ဘူး ခုတောင် ညနေ ၃ နာရီ ထိုးနေပြီ။ ချယ်ရီတွေ ပွင့်နေတာ နေရာတိုင်းမှာလှတော့ နေရာတိုင်းမှာ ဓာတ်ပုံရိုက်ချင်တယ်။ ပိတ်ရက်မဟုတ်တော့ လူရှင်းတယ် လူရှင်းတာကိုစောင့်ပြီး ဓာတ်ပုံရိုက်။ အနွှေးထည်ချွှတ်ပြီး ဓာတ်ပုံရိုက် ဓာတ်ပုံရိုက်ပြီးတာနဲ့ အနွှေးထည်ကို ချက်ချင်းပြန်ဝတ်ရတယ် ချမ်းလို့။ အိုင်းရစ်ကလေးမတွေက အိုင်းရစ်ရိုးရာအကကို အိုင်းရစ်ရိုးရာသီချင်းတွေနဲ့ကပြတာ အတော်ကြည့်လို့ကောင်းတာပဲ။ ရှေ့မှာထိုင်တဲ့ အဘွားကြီးနှစ်ယောက်က ပန်းရောင်သားမွှေးအင်္ကီျနဲ့ မိတ်ကပ်လိမ်းပြီး ကျော့မော့နေတာများ ကိုယ်တွေ သူ့အရွှယ်လောက်ဆို ကျော့မော့ဖို့နေနေသာသာ တုတ်ကောက်နဲ့ အိပ်ယာထဲ လဲနေရမလားမသိ။ ပါလာတဲ့မုန့်ကလေးတွေ ထုတ်စား ရေသောက် အနားယူ။

Capitol Reflection Pool
Tidal Basin ဘေးနားက ဂျပန်ပြည်ရဲ့ ချစ်ကြည်ရေးလက်ဆောင်
Yoshino ချယ်ရီပင်တွေ
ဂျက်ဖာတန် မန်မိုရီယမ်
မြ ူးကြွတဲ့ အိုင်းရစ်ရိုးရာ ဂီတနဲ့အက
ဆက်ပါဦးမယ် ...

စန်းထွန်း
ဧပြီ ၁၆၊ ၂၀၁၇။

Living with Lupus - 4

လုပက်စ်လို့ အတိုကောက်ခေါ်ကြတဲ့ SLE - Systemic Lupus Erythematosus က autoimmune disorder disease ကိုယ့်ကိုအကျိုးပြုတဲ့ဟာလား အဆိုးပြ ုတဲ့ဟာလားလို့ မခွဲခြားနိုင်တော့ပဲ ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ် ပြန်တိုက်တဲ့ ရောဂါပါ။ အသည်းရောင်အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါတွေလို မကူးစက်တတ်ဘူး။ ဘာကြောင့်ဖြစ်ရတာလဲလို့ မသိသလို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးလည်း မရှိသေးဘူး။ genetic မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ နေထိုင်မှု life stlye ကြောင့် ဖြစ်ရတယ်လို့ ယူဆပြီး ဆေးနဲ့ထိန်းပြီး သာမာန်လူလို အိမ်ထောင်သားမွေးပြု လူ့သက်တမ်းစေ့ နေသွားနိုင်ပါတယ်။ အသက်ငယ်တဲ့လူတွေမှာ အဖြစ်များပြီး ယောကျ်ားထက် မိန်းမမှာ အဖြစ်များတယ်။ ကော့ကေးရှန်း အဖြူတွေထက် အာရှ၊ အမည်း၊ လက်တင်အမေရိက လူမျိုးတွေမှာ အဖြစ်များတယ်တဲ့။ ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်း အဆိုတော်နဲ့ သရုပ်ဆောင် ဆလီနာဂိုမတ်၊ အဆိုတော် မက်ရီရာကာရေးရဲ့ ခင်ပွန်းဟောင်း America got talent အစီအစဉ် တင်ဆက်သူ နစ်ကန်နွန်မှာ လုပက်စ်ရှိတယ်။ လုပက်စ်က လေးဖက်နာနဲ့ ရောဂါလက္ခဏာ ဆင်တူတော့ လေးဖက်နာလို့ ထင်တတ်ကြတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ လုပက်စ်ရောဂါ ရှိနေတာကို သိလိုက်ရပြီး ဒေါက်တာချန်နဲ့ ပြနေတာ ၂၀၁၅ မှာ ပိုဆိုးလာပါတယ်။ ၂၀၁၅ ဇွန်မှာ ကိုယ့်ဘွဲ့နှင်းတက်ဖို့ လာကြတဲ့ အဖေ၊ အမေတို့ကို အမေရိကန် အရှေ့ဖက်ခြမ်း၊ အနောက်ဖက်ခြမ်းတခွင် လိုက်ပို့တော့ ခြေထောက်၊ ဒူးနာလို့ လမ်းမလျှောက်နိုင်၊ ခံတွင်းပျက်လို့ ဘာဆိုဘာမှ စားမဝင်တဲ့ ကိုယ်ကိုကြည့်ပြီး အဖေက မျက်ရည်ကျတယ်။

မနက် ၉  နာရီ နေပူပြင်းတဲ့အချိန် နာရီဝက်လောက် ဘော်စတွန်ဟာဘား ခရူသင်္ဘောစီးဖို့ တန်းစီစောင့်။ ခရူသင်္ဘောပေါ်မှာလည်း အမိုးအကာမပါတဲ့ အပေါ်ဆုံးထပ်ကနေစီး။ sunscreen နည်းနည်းပဲလိမ်းတော့ မျက်နှာတခုလုံး နီရဲယောင်ကိုင်း butterfly rash ဖြစ်ပြီး မည်းကျန်ခဲ့တာ တစ်နှစ်လောက် ကုယူရတယ်။ ဒေါက်တာချန်ကိုပြတော့ လူးပက်စ်ကြောင့်ဖြစ်တာ မဟုတ်ဘူး အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ အရေပြားဆရာဝန် ဒေါက်တာခုန်းကို သွားပြတော့ လုပက်စ်ကြောင့် ဖြစ်တာ ပရက်နိုဆုန်းလိုတယ်တဲ့။ အဲဒီတုန်းက ဒေါက်တာချန်က ပရက်နိုဆုန်း မတိုက်သေးဘူး ဒေါက်တာခုန်းက ပရက်နိုဆုန်းတိုက်တယ်။ လုပက်စ်နဲ့ပတ်သက်တဲ့ စာတွေဖက်ထားတော့ ဒီလိုဖြစ်တာ butterfly rash လုပက်စ်ကြောင့် ဖြစ်တယ်ဆိုတာကို ကိုယ်ကသိနေတာကို လုပက်စ်ကြောင့် မဟုတ်ဘူးလို့ပြောတော့ စိတ်တိုလိုက်တာ။ ကိုယ်လက်ကိုက်ခဲတာတွေ တော်တော်လေး ဆိုးလာတော့မှ ပရက်နိုဆုန်းတိုက်တယ်။ ဒေါက်တာချန်က ငယ်သေးတော့ ပရက်နိုဆုန်း မတိုက်ချင်ဘူးတဲ့။ ကိုယ်လက်အမြဲကိုက်ခဲ ပင်ပန်းနွမ်းနယ်ပြီး ပိတ်ရက်ဆို ဘယ်မှမသွားချင် ကုတင်ပေါ်မှာပဲ လှဲအနားယူနေတော့တယ်။ အရင်တုန်းက ၁၁၆ ပေါင် ရှိနေတာကနေ တဖြည်းဖြည်း ပိန်လာတာ ၉၆ ပေါင်ပဲ ရှိတော့တယ်။ လူက တကယ့်ကို ယဲ့ယဲ့လေး လေတိုက်ရင် လဲတော့မယ် စကားကို အကြာကြီး မပြောနိုင်ဘူး။ ရထားဘူတာရုံက လှေကားထစ်တွေကို တက်ပြီးရင် ရေသောက်ရတယ် မောလို့။ ဘောင်းဘီတွေ ချောင်ကျလာလို့ ဆိုက်ဇီးရိုး ဝယ်ရတယ်။


ပိန်တာများ တကယ့်ကို ပြားချပ်ချပ် အားမရှိဘူး  လမ်း ၁ မိုင်တောင် မလျှောက်နိုင်ဘူး။ စနစ်တကျ ဝိတ်ချတာမဟုတ်ဘဲ တဖြည်းဖြည်း ပိန်လာတယ်ဆိုတာ ကျန်းမာတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ခြေကျင်းဝတ်၊ ခြေဖမိုးတွေယောင်လို့ ဒေါက်ဖိနပ်တွေ၊ မာတဲ့ဖိနပ်တွေ မစီးနိုင်ဘူး။ ခြေထောက်နာတဲ့လူတွေအတွက် သီးသန့်ဖိနပ်ရောင်းတဲ့ဆိုင်မှာ ကိုယ့်ခြေထောက်ကိုတိုင်းပြီး လာချပေးတဲ့ဖိနပ်တွေထဲက သားရေအပျော့စားဖိနပ်ကို ဝယ်စီးရတယ်။ ဈေးကြီးပြီး မလှပေမဲ့ အတော့်ကိုစီးလို့ကောင်းတဲ့ဖိနပ် သားရေအပျော့စားဆိုတော့ ခြေကျင်းဝတ်၊ ခြေဖမိုးတွေ ယောင်နေလည်း စီးလို့ရတယ်။ ဦးထိပ်ကဖွာ ခွာပါးနေပေမဲ့လည်း အဲဒီဖိနပ်တရံပဲ စီးလို့ရတယ်။ မက်ထရိုဖလိပ် ကီမိုသရိုဖီဆေးတွေ သောက်ရလို့ ဆံပင်ကျွှတ်တယ်။ အဲဒီဆေးတွေ သောက်ချိန်မှာ ကိုယ်ဝန်ဆောင်လို့ မရပါဘူးတဲ့။ မက်ထရိုဖလိပ် သောက်နေတာ အခြေအနေ မတိုးတက်လာတော့ ဒေါက်တာချန်က ဆေးအသစ် ပြောင်းတိုက်ချင်တယ်။ ဆေးအသစ်က FDA က အတည်ပြုချက် မရသေးဘူး အာမခံကလည်း ကာဗာမဖြစ် ၂သောင်းလောက် ကုန်မယ်တဲ့။ အဲဒီဆေးကိုသောက်လို့ သောက်သာမှာလားလို့ ဒေါက်တာချန်ကိုမေးတော့ သူ့လူနာတော်တော်များများ သက်သာလာတယ်တဲ့။ ကျောက်ကပ်ကို မထိသေးတော့ ဆေးအသစ်ဖိုးကို အာမခံက မပေးနိုင်ဘူးတဲ့။ ဆေးအသစ်ကတော့ finanical aid တွေ ပေးပါမယ် installment လစဉ်ပေးပြီး ဆပ်လို့ရပါတယ်လို့ စာတွေလာတယ်။ ရောဂါသက်သာလာမယ်ဆိုရင် ပိုက်ဆံကုန်ရင်ကုန်ပါစေ သောက်မယ်လို့ စဉ်းစားထားတယ်။

မက်ထရိုဖလိပ် ကီမိုသရပီဆေးတွေကပြင်းတော့ တချိန်လုံး အိပ်ချင်နေတယ် ခေါင်းမထောင်နိုင်ဘူး တနေကုန် အိပ်ထားတော့ ည ၂ နာရီလောက်ဆို အိပ်လို့မရတော့ဘူး အတင်းဇွှတ်မှိတ်အိပ်တော့ ခေါင်းတွေမူးပြီးအန်။ မနက် ၆ နာရီ အိမ်အနီးအနားတဝိုက်မှာ မိနစ် ၃၀ လောက်လမ်းလျှောက် အိမ်ပြန်ရောက်ရင် ပြန်အိပ်။ ညဖက်ဆို ပက်လက်ပဲ အိပ်လို့ရတယ် ဘယ်ဖက်၊ ညာဖက်စောင်းအိပ်ရင် ကျောကုန်းနာတယ် အောင့်တယ်။ ဒေါက်တာချန်ကိုပြတော့ လုပက်စ်က အဆုတ်ကို တိုက်နေပြီထင်တယ်တဲ့။ ဆေးခန်းက ပြန်လာပြီးကတည်းက စောင်းအိပ်လို့မရဘူး ကုတင်ဘေးမှာ ထိုင်လျက်လေး အိပ်ရတယ်။ နေမကောင်းလို့ ခွင့် ၄ ရက် ယူတယ် စားစရာမရှိလို့ အိမ်ရှင်ရဲ့နွားနို့၊ ပေါင်မုန့်တွေ ယူစားရတယ်။ မကြီးဖုန်းဆက်လိုက်လို့ ကိုယ့်မွေးစားအမေ၊ သူ့သူငယ်ချင်းက လာပြီး အစားအသောက်တွေပေး၊ ဂရုစိုက်တော့မှ နည်းနည်းနေကောင်းလာတယ်။ အဆုတ်ဆရာဝန်နဲ့သွားပြ စီတီစကန်ရိုက်ကြည့်တော့ အဆုတ်မှာ အနာလေးတွေ တွေ့တယ်တဲ့။ လုပက်စ်ကြောင့် အဆုတ်ကျုံ့တာဖြစ်နိုင်သလို၊ မက်ထရိုဖလိတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်တယ်ဆိုပြီး မက်ထရိုဖလိတ်ဆေး ဖြတ်လိုက်တယ်။ လုပက်စ်အတွက် FDA အတည်ပြုထားတဲ့ တခုတည်းသောဆေးက hydroxychloroquine 200 mg ဆေးပါ။ အရင်တုန်းက အဲဒီဆေးကို ငှက်ဖျားရောဂါအတွက် သုံးခဲ့ကြတယ်။ အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေလို့ တစ်နှစ်နှစ်ခါ မျက်စိဆရာဝန်နဲ့ စစ်ဆေးရတယ်။ မွေးစားအမေရဲ့ သမီးငယ်လေးကလည်း လုပက်စ်ဖြစ်နေတာ။ သူ့ဆရာဝန်က တော်တယ် ဆရာဝန်မက ပါကစ္စတန်သူ ဒေါက်တာချန်က သူ့တပည့် တော်တယ်တဲ့။



တီဗွီရှိလားစစ်တယ် မရှိဘူးဆိုတော့မှ prednisone 60 mg တိုက်ပြီး immune system supress လုပ်တယ်။ supress လုပ်တယ်ဆိုတာက ကိုယ်ခံအားကို နည်းစေတဲ့ဆေးတွေတိုက်ပြီး ကိုယ့်ခန္ဓာကို ကိုယ်ပြန်တိုက်နေတဲ့ လုပက်စ်ကို အားနည်းအောင်လုပ်တာ။ ကိုယ်ခံအားနည်းတော့ အအေးမိ၊ singles ဝင်နိုင်တယ်။ မနက်တိုင်း သံပုယိုသီးနဲ့ ပျားရည်ပါဝင်တဲ့ citron tea သောက်၊ ရေချိုးပြီးတာနဲ့ bath robes ဝတ်၊ ညဖက်ဆိုရေမချိုး၊ လက်ကို ဂရုတစိုက်ဆေးတော့ အအေးတော့ မမိဘူး singles တော့ဖြစ်တယ်။ singles ဆိုတာ မီးလောင်ဖုလိုမျိုး အစကတော့ တဖုနှစ်ဖုတည်း တဖြည်းဖြည်း ပြန့်တာအရမ်းမြန်တယ်။ မီးလောင်ဖုတဖုနှစ်ဖုတွေ့တာနဲ့ singles ဖြစ်မှန်းသိတော့ မနှစ်က singles ဖြစ်တုန်းက အရေပြားဆရာဝန်မ ပေးထားတဲ့ ဆေးလိမ်းနေတာ မသက်သာဘူး။ မိသားစုဆရာဝန်ဆီပြတော့ ဆေးလိမ်း ဆေးသောက်ခိုင်းတယ်။ တင်ပါးမှာဖြစ်တော့ မထိုင်နိုင်ဘူး တခြမ်းစောင်း ထိုင်ရတယ်။ မီးလောင်ဖုတွေဆိုတော့ တဖြည်းဖြည်းပိန်သွားရင် သက်သာတယ် အရေကြည်ဖုတွေ ပေါက်သွားလို့ကတော့ အတော်နာတယ်။ ရုံးမတက်နိုင်ဘူး ခွင့် ၂ ရက် ယူရတယ် ဘေးမှာထိုင်တဲ့ ဟောင်ကောင်တရုတ်က ဘာဖြစ်တာလဲမေးလို့ singles ၊ chickenpox ဖြစ်တာဆိုတော့ chickenpox ဆိုတာ ကလေး၊ လူကြီးတွေဖြစ်တာ နင့်အရွှယ်မှာဖြစ်တယ် ဟုတ်လားလို့ ပြောလာတော့ ရှင်းမပြတော့ဘူး။ flu ကာကွယ်ဆေးလို singles ကာကွယ်ဆေး ထိုးလို့ရတယ်။ ဒါပေမဲ့ singles ဖြစ်နေချိန်မှာ ကာကွယ်ဆေး ထိုးလို့ကတော့ တကိုယ်လုံး ပြန့်ကုန်မှာ။ singles ကာကွယ်ဆေးဆိုတာ flu ကာကွယ်ဆေးလိုမျိုး singles bacteria ကို ခန္ဓာကိုယ်ထဲ ထည့်လိုက်တာနေမှာ။ ဒေါက်တာဟူစိန်ကို singles ဖြစ်တယ်လို့ပြောတော့ လက်အိတ်နဲ့စမ်းသပ်တယ်။

၂၀၁၂ ကန်တက်ကီရုံးမှာ flu shot ထိုးဖူးတယ် လက်မောင်းတခုလုံးနာပြီး ၃ ရက်လောက် လက်မြှောက်လို့မရဘူး။ ပီအေရုံးကမန်နေဂျာ flu shot ထိုးပြီးမှ flu ဖြစ်တယ်လို့ ကြားတုန်းက ရယ်လိုက်ကြတာ။ flu shot က ထိုးပြီး ၃ ရက်မှထိရောက်တာဆိုတော့ ၃ ရက်မတိုင်ခင် flu ဝင်တာ ဖြစ်ပါလိမ့်မယ်။ ကိုယ်ခံအားနည်းနေတော့ နမိုးနီးယားဝင်မှာစိုးလို့ နမိုးနီးယားကာကွယ်ဆေး ထိုးရတယ်။ နေ့တိုင်း daposone 100mg နမိုးနီးယားကာကွယ်ဆေး စားရတယ်။ အဲဒီဆေးသောက်နေချိန်မှာ နေရောင်တအားခံလို့မရဘူး should avoid prolonged or excessive exposure to direct and/or artificial sunlight တဲ့။ daposone က အစာမကြေတာတွေ ဖြစ်တတ်တော့ မနက်မိုးလင်းတာနဲ့ omeprazaloe 20mg သောက်ပြီး အစာအိမ်ရှင်းရတယ်။ ၂ လတခါ ဒေါက်တာဟူစိန်နဲ့တွေ့ ဆီးသွေးစစ်၊ ဆေးတွေပြောင်းတိုက်။ သွေးအဖြေထဲမှာ ANCA vasculities positive ပြနေလို့ နားနှာခေါင်းဆရာဝန်နဲ့ ထပ်စစ်ပေးပါတဲ့။ နှာခေါင်းဆရာဝန်က နှာခေါင်းကနေ ပိုက်ထည့်စစ်ပြီး ANCA မရှိပါဘူးလို့ အတည်ပြ ုတယ်။ ANCA က လုပက်စ်လို autoimmune disorder disease သွေးကြောတွေ ယောင်ယမ်းတာ။ အဲဒီရောဂါတွေ့ရှိတဲ့ ဂျာမန်ဆရာဝန် Wegener ကိုအစွဲပြုပြီး  Wegener's granulomatosis လို့ နာမည်ပေးထားတာ ခုတော့ ANCA လို့နာမည်ပြောင်းထားတယ်။ ANCA ရှိတယ်လို့ကြားဖူးတယ် အဲဒီရောဂါက ကြောက်စရာကြီးတဲ့ မိသားစုဆရာဝန်ပြောတာ။ ပရက်နိုဆုန်းကို မြှင့်ထားတော့ ခံတွင်းလိုက်လာပြီး အသားကုန်စားတယ် တချိန်လုံးဗိုက်ဆာပြီး တချိန်လုံးစားနေတယ်။

Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook
Photo credit - from model Thandar Hlaing's facebook

ကိုယ်အလေးချိန် ပြန်တက်လာပြီး မျက်နှာကြီးက လေထိုးထားသလို ဖောင်းကားလာတာများ ဝိုင်းကဆို နင့်မျက်နှာတမျိုးပဲလို့ ပြောတယ်။ ဆံပင်က ပြောင်းဖူးမွှေးသာသာပဲရှိလို့ မကြီးက အတိုလေး ညှပ်ပေးတယ်။ ဝိတ်တက်လာတော့ အားရှိလာတယ် အမောခံနိုင်လာတယ်။ ပရက်နိုဆုန်း မြှင့်ပြီးကတည်းက ဝိတ်တက်လာလိုက်တာ ၂၀၁၅ ဇူလှိုင်မှာ ၁၁၄ ပေါင်။ ၂ လကြာတော့ ပရက်နိုဆုန်း ၄၀၊ နောက် ၂ လကြာတော့ ပရက်နိုဆုန်း ၁၀၊ ၉ ၊ ၈ ၊ ၇ ခု ၆ mg သောက်နေတယ် ။ ပရက်နိုဆုန်းလျှော့တာနဲ့ အမြဲဗိုက်ဆာနေတာတွေ လျှော့သွားသလို ဝိတ်တက်တာလည်း ရပ်သွားပြီး ၁၂၁ ပေါင်မှာ ရပ်နေတယ်။ ပုံမှန်က ၁၁၆ ပေါင်ဆိုတော့ ၅ ပေါင်တက်နေတယ် ဘောင်းဘီက ဆိုက် ၀ နဲ့ မတော်တော့ဘူး ဆိုဒ် ၂ ဝတ်ရတယ်။ အနေတော် တအားဝတာ မဟုတ်ပေမဲ့ နည်းနည်းလေးသလို ခံစားမိတယ်။ ဝိတ်တက်လာတယ်ဆိုတာနဲ့ အသိသာဆုံးက ဗိုက်၊ တင်၊ ပေါင် ကြီးလာတာ သိသာတယ်။ ကိုယ်က ပခုံးသေး အပေါ်ပိုင်းသေးတဲ့သူဆိုတော့ ဝိတ်တက်နေတယ်လို့ မတင်ရဘူး။ ယန်းဆို ဝိတ်တက်လာတာနဲ့ ပခုံးတွေ ကြီးလာတော့တာပဲတဲ့။ ကြီးချင်တဲ့ ရင်ဘတ်ကျတော့ မကြီးဘဲ မကြီးချင်တဲ့ ဗိုက်ခေါက်တွေ  ကြီးလာတယ်လို့ ယန်းကပြောတော့ ရယ်လိုက်ရတာ။ အသက်ကြီးလာတော့ metabolism တွေကျတော့ ပိန်ဖို့သိပ်မလွယ် အရင်ကတည်းက ဘယ်တော့မှ ဝိတ်ကျခဲ့သူ မဟုတ်လို့ ဝိတ်ကျဖို့ အင်မတန်ခက်တယ်။ ကန်တက်ကီအိမ်ရှင် အမေရိကန်မက ထမင်းက ဝိတ်တက်တယ်လို့ ပြောတုန်းက ကိုယ်မွေးကတည်း ထမင်းစားလာတာ ထမင်းကြောင့် ဝိတ်တက်တယ်လို့ မထင်မိဘူး။ ခုတော့  အမှန်ပဲ ထမင်းက ဝိတ်တက်စေတယ် jasmine rice ကို ဆန်အညိုနဲ့ ရောစားတယ်။ jasmine rice ချည်းပဲဆို ဆန်ကကောင်းလွန်းလို့ ထမင်း ၂ ပန်ကန်လောက်စားတယ်။ ဆန်အညိုနဲ့ရောလိုက်တော့ သိပ်စားမကောင်းတော့ဘူး။

ညဖက်ဆို ထမင်းအစား ခေါက်ဆွဲတို့၊ အရွှက်သုတ် စားတယ်။ မကြီးက အာဟာရ၊ ကျန်းမာရေး၊ ကာယလေ့ကျင့်ခန်းတွေ သင်ပေးတယ်။ မော်ဒယ်သန္တာလှိုင်ရဲ့ လေ့ကျင့်ခန်းတွေ လိုက်လုပ်တာ ဗိုက်အရင်ကလောက် မထွက်တာ အတော်သိသာတယ်။ တပတ်ကို ၃ ရက် ၁၀၊ ၁၅၊ ၂၀ ယောဂလေ့ကျင့်ခန်း လုပ်တယ်။ အသီးအရွှက်၊ ကြက်ဥ diet တွေနဲ့ တပတ်ကို ၅၊ ၁၀ ပေါင်ကျတဲ့ လူတွေကို အားကျမိတယ်။ ကိုယ်ကတော့ အပြင်ကပြန်လာရင် ဗိုက်ဆာလို့ ဟပ်ဟပ်ထိုး အဲဒီ diet တွေ မလုပ်နိုင်ဘူး။ ကိုယ့်အတွက်ကတော့ လေ့ကျင့်ခန်းနဲ့ အစားသောက်နဲ့ ထိန်းမှပဲရမယ် ကိုယ့် goal က ဒီထက်ထပ်မဝဖို့၊  ၅ ပေါင်ကျဖို့။ ဝိတ်နည်းနည်း ချသင့်တယ်၊ ဝိတ်ချရမဲ့နည်းလမ်းတွေကိုသိတယ်၊ ဝိတ်ချချင်စိတ်လည်း ရှိတယ်ဆိုတာနဲ့တင် အတော်ဟုတ်နေပြီ ကိုယ့်ကိုကိုယ် အဲ့ဒီလိုအားပေးရတယ်။ မော်ဒယ်လို ပိန်သွယ်နေဖို့ မလိုပေမဲ့ ခန္ဓာကိုယ်မှာ အဆီမရှိမှကောင်းတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ ခန္ဓာကိုယ်ဆိုတာ ကြည့်လိုက်တာနဲ့သိသာတယ်။ မေရီလန်းမှာတုန်းက ဆူနမ်တို့နဲ့အတူတူ အိန္ဒိယရုပ်ရှင်ကားတွေကြည့်ရင် ရှရွှတ်ခန်းက အသက် ၅၀ ကျော် ၄၀ လောက်ပဲ ထင်ရတယ်။ ဒီမင်းသမီးက အသက် ၅၅ အသက် ၃၅ လောက်ပဲ ထင်ရတယ်။ ဟင် ဘာလို့နုပျိုနေကြတာလဲ ဘိုတောက်ထိုးလို့နဲ့တူတယ် မဟုတ်ဘူး လေ့ကျင့်ခန်းလုပ်တာ။ ကိုယ့်ကျန်းမားရေးကလည်း တရားထိုင်၊ ယောဂလေ့ကျင့်ခန်း လုပ်ဖို့လိုတယ်။ တနေ့ကို လေ့ကျင့်ခန်း ၁၀၊ ၁၅ မိနစ် လုပ်တာနဲ့တင် အတော်သိသာတယ်။ ၂၀၁၅ တုန်းက ဝိတ်တက်အောင် ကြိုးစားနေတယ်လို့ပြောရင် ဟင် သူများတွေက ဝိတ်ကျဖို့ ကြိုးစားနေတာ နင်က သူများတွေနဲ့ပြောင်းပြန်။ ခုတော့ ဝိတ်ချဖို့ ကြိုးစားနေတယ်၊ တောင် ၇ မိုင်တက်နိုင်၊ စားနိုင်သောက်နိုင်၊ ပြေးနိုင်လွှားနိုင်ပြီဆိုတော့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေပြီ ဆိုပါတော့။

စန်းထွန်း
ဧပြီ ၁၊ ၂၀၁၇။