Charging Bull |
Wall Street က ပြတိုက် ဝင်ကြေးအခမဲ့ |
Trump Building |
Trinity Church |
အင်ဒီးယားနားပြည်နယ်မှာနေတဲ့ မခိုင်ဆီကိုသွားလည်ဖို့က မိုင် ၆၆၀၊ ၁၀ နာရီ ရထားစီးသွားလို့မရဘူးလားလို့ အမေကမေးတော့ နယူးယောက်ကနေ နီးနီးနားနား ရထားကြီး ဂျုံးဂျုံးဂျက်ဂျက် စီးသွားလို့ရမဲ့နေရာကို စဉ်းစားကြည့်တယ်။၂၀၁၄တုန်းက ဝိုင်းနဲ့ Hiking ထွက်ဖူးတဲ့ Upstate က Cold Springs ကို ပြေးသတိရတယ်။ ဂျွှန် ၂၀ စနေ့မနက် ၈ နာရီလောက် အိမ်ကထွက် ဂရမ်းထစင်ထရယ်ဘူတာကနေထွက်တဲ့ ရထားကို ၁ နာရီလောက်စီး။ Hudson မြစ်ဘေးအတိုင်း ခုတ်မောင်းပြီး စိမ်းစိုနေတဲ့တောင်တန်းတွေကို မြင်ရတာ Escape from concrete jungle ပါပဲ။ ပိတ်ရက်တွေမှာ စက်ဘီးစီးထွက်တဲ့သူ၊ တောင်တက်တဲ့သူတွေနဲ့ စည်ကားတယ်။ မြစ်ဘေးနားမှာ ပါလာတဲ့မုန့်တွေစား။ ယောကျာ်းနှစ်ယောက် မင်္ဂလာဆောင် ဓာတ်ပုံရိုက်တာကို ထိုင်ငေးကြတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဆိပ်ကမ်းမှာ သင်္ဘောကြီးမြင်ဘူးတယ် ဘာလဲဟင်လို့ Information Counter မှာ စပ်စုကြည့်တော့ နယူးဂျာဆီကနေလာတဲ့ ဘင်္ဘောတဲ့။ ရေကူးလို့ရတဲ့၊ စပိဘုတ်တွေစီးတဲ့နေရာကို နီးနီးလေးလို့ထင်နေတာ နာရီဝက်လောက် လျှောက်ရတယ်။ လေကတဖြူးဖြူးဆိုတော့ သဲသောင်ပြင်မှာဖျာခင်းပြီး အိပ်တော့တာပဲ။ ရေမကူးရဘူးလို့ရဲက လာပြောတော့ ခဏရေကူးရပ်ကြတယ် ရဲပြန်သွားတာနဲ့ အမေရိကန်ကလေးတွေ ရေထပ်ကူးကြတယ်။ စပိဘုတ်ငှားလို့ရတဲ့နေရာရှိတယ် ကနူးလှေ လှော်ကြတာလည်းတွေ့တယ်။ တွေ့ရခဲတဲ့ ရေနွေးငွေ့သဘောၤ မောင်းသွားတာတွေ့တယ်။
ဇွန် ၂၁ ရက် အင်္ဂါနေ့ညနေရုံးဆင်းတော့ မကြီးနဲ့အမေ ရောက်နေတဲ့ တိုင်းစကွဲယားမှာဆုံတယ်။ ယောဂဖျာ ၂ ချပ်၊ ရေဘူးတွေ၊ မုန့်တွေနဲ့ အလကားဝေနေတာတဲ့။ သွားတန်းစီတော့ ညနေ ၆ နာရီစမဲ့ ယောဂစုပေါင်းလေ့ကျင့်ခန်းအတွက် ညနေ ၅ နာရီခွဲမှဝေမှာတဲ့။ ယောဂဆရာမက သင်ပေးတာကို လိုက်လုပ်ကြတာ အဲဒီမျိုး Free Activites တွေ နယူးယောက်မှာ အများကြီးပဲ။ ဘရိုင်ယန်ပန်းခြံမှာဆို ဘရော့ဝေး၊ စတိတ်ရှိုး၊ ဗွီဒီယိုပြတာတွေရှိတယ်။ အလကားရတာများဆို ပျော်နေတာပါပဲ။ လမ်း ၅၀ က ရော်ခါဖယ်လာစင်တာ၊ စိန့်ပေါလ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ထရန့်အဆောက်အဦးရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ ထရန့်အဆောက်အဦးရှေ့မှာ Satellite တပ်ထားတဲ့ကား၊ ကင်မရာမန်းတွေ၊ သတင်းထောက်တွေ၊ ရဲကားနဲ့ ရဲ ၃ ယောက်လောက်က စောင့်နေတော့ ဘာအစီအစဉ်ရှိလဲ၊ ဒေါ်နယ်ထရန့်လာမှာမို့ အဲဒီလိုစည်ကားနေတာလားလို့ ရဲကိုသွားမေးတာ ဘာအစီအစဉ်မှ မရှိဘူး အမြဲအဲ့ဒီလိုတဲ့။
Times Square |
မ |
St. Paul Church |
Rockerfeller Center |
in front of Trump Building |
တိုင်းစကွဲယားကနေ ရော်ခါဖယ်လာစင်တာ၊ Lexington Ave ၅၂ လမ်းအထိ လမ်းလျှောက်ပြီး ထရမ်စီးမဲ့နေရာအထိ ၁ နာရီလောက် လျှောက်ရတော့ အမေ ခြေထောက်ညောင်းနေပြီ ထိုင်နားရတယ်။ ကိုယ်တို့က အမေ့ကို အရင်လို ကျန်းမာသန်စွမ်းတုန်း ငယ်သေးတယ်လို့ပဲ ထင်နေတာ။ အမေ့အသက် ၆၀ ပြည့်ပြီ မနှစ်ကလာလည်တုန်းကနဲ့ ဒီနှစ် တော်တော်ကွာသွားပြီ။ မနှစ်က ဆီးချိုတက်လို့ ဆေးရုံတက်ရပြီးကတည်းက အမေ့ကျန်းမာရေး တော်တော်ကျသွားတယ်။ ထရမ်စီး ရုစဗဲ့အိုင်လန်ကနေ မက်ဟန်တန်စကိုင်းလိုင်းကြည့်။ ဇွန် ၂၆ တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှာ အိမ်နားက သုံးပါးကျောင်းကို ဆွမ်းသွားကပ်ကြတယ်။ အိမ်ရှင်အန်တီက သူချက်ထားတဲ့ဟင်းတွေ ထည့်ပေးလိုက်ပြီး ဆရာတော့်ကို ဆွမ်းကပ်တယ်။ အိမ်ကိုနေ့လည်စာ ပြန်စားပြီးတော့ ဘရွှတ်ကလင်းတံတားကို သွားလည်ကြတယ်။ လစ်ဘာတီရုပ်တု၊ ဝါရှင်တန်ဒီစီ၊ နိုင်အာဂရာရေတံခွန် သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်တွေမှ တင်ပါဦးမယ်။
စန်းထွန်း
စက်တင်ဘာ ၅၊ ၂၀၁၆။
Roosevelt Island |
St.Paul Church |
သုံးပါးကျောင်းဆရာတော်ကို ဆွမ်းကပ် |
Brooklyn Bridge |
ဒီနှစ် သော့တွေ တော်တော်များလာတယ်၊ သော့တင်မကဘူး earphone တွေပါ ချိတ်ထားကြတယ် |
ဘရွှတ်ကလင်းတံတားမှာ အချစ်တွေကို သော့ခတ်လိုက်ပြီး နောင်ထပ်မဖွင့်နိုင်အောင် သော့ကို ပင်လယ်ထဲ လွှင့်ပစ်လိုက်တယ်နဲ့ တူပါရဲ့ |
2 comments:
မမအိုင်အိုရာ
Iora said...
စန်းထွန်းလေးတော်တော်ပြန်ပြည့်လာတာဘဲ။
ကျန်းမာပျော်ရွှင်နေလို့ အရမ်းဝမ်းသာပါတယ်။
မမအိုင်အိုရာ
September 15, 2016 at 4:34 PM
Post a Comment