သာစွ ရခိုင်မြေ - ၁
ကျွန်မက ရခိုင်လူမျိုး ဖြစ်ပေမယ့် ရခိုင်စကား မပြောတတ်ဘူး နည်းနည်းတော့ နားလည်တယ်။ ဒါပေမယ့် စစ်တွေ၊ ကျောက်တော်ဖက်က လေသံတွေကို လုံးဝနားမလည်ဘူး။ အဖေ၊ အမေတို့က ကျောက်ဖြူခရိုင်၊ စနဲမင်းပြင်ဖက်က။ ကျွန်မကို အမေတို့ရွာမှာ မွေးခဲ့ပေမယ့် ခြောက်လသမီးနဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွှန်းကို ပြောင်းခဲ့တော့ ကျွန်မမွေးရပ်မြေက ဟိုင်းကြီးလို့ပဲ ခံယူထားတယ်။ အမေ့အစ်ကိုအကြီးဆုံးက ဗမာမကို ယူတာကလွဲရင် တမျိုးလုံး ရခိုင်တွေချည်းပဲ။ ရခိုင်စကားမပြောတတ်တယ့် မကြီးနဲ့မောင်မောင် အိမ်ထောင်ကျတော့ သူတို့အိမ်ထောင်ဖက်တွေက ရခိုင်စကားပြောတယ့်သူတွေ။ ကျွန်မဆယ်နှစ်သမီးလောက်တုန်းက အမေ့အမေအဘွားဆုံးတော့ အမွေကိစ္စအတွက် အမေတို့ရွာကို ရောက်ခဲ့ဖူးတယ်။ အမေ့အစ်ကိုဘကြီးလည်းပါတယ်။ ရန်ကုန်ကနေ တောင်ကုတ်ကို ညဖက်ကားစီးရတယ်။ လမ်းကကျဉ်းကျဉ်းလေး တဖက်မှာချောက်ကြီး ရိုးတောင်ကလည်း မတ်လိုက်တာ ကြောက်စရာကြီး။ ရိုးတောင်မှာ တညအိပ်တော့ အိမ်တွေက ချောက်တွေမှာ ဆောက်ထားတာ အသည်းခိုက်အောင် အေးတယ်။ တောင်ကုတ်ကနေ စနဲအထိ သင်္ဘောစီးရတယ်။ စနဲကနေ အမေတို့ရွာအထိ တတောင်တက် တတောင်ဆင်း လမ်းလျှောက်ရတယ်။ လမ်းက ပြေပြေချောချော မဟုတ်ဘူး။ ကျောက်တုံးလေးတွေ အဆင့်လိုက် စီထားတာ လူပြတ်တယ်။ ဟိုအိမ်က ထမင်းဖိတ်‌ကျွှေး၊ ဒီအိမ်က ထမင်းဖိတ်ကျွှေးနဲ့ တရွာလုံးကို ပတ်စားနေတာ တည်းခိုတယ့်အမေ့အဒေါ်တို့အိမ်မှာတောင် ထမင်းမစားလိုက်ရသလိုဘဲ။ ချောင်းဖျား လယ်လုပ်တယ့်နေရာတွေကိုသွားရင် မောင်မောင်က နွားတစ်ကောင်ပေးပါလို့ တောင်းတတ်တယ်။ လယ်သမားဘဝဟာ အတော်ပင်ပန်းတာပဲ နေထွက်ကနေ နေဝင်အထိ အလုပ်လုပ်တာတောင် စားလောက်ရုံပဲရှိတယ်။ အဖေတို့ အဘိုးရှိတယ့် ဗမာပြည်ကို လိုက်လာတာ မှန်သွားတယ်။ ပေါက်စမတို့တော့ သူ့နောက်လိုက်မလာရင် ခုလောက်ဆို လယ်ထဲ ထမင်းတောင်း ပို့နေရပြီလို့ ကျွန်မအဘိုးက ပြောလေ့ရှိတယ်။
မကြီး ဆယ်တန်းအောင်ပြီးတော့ အမျိုးတွေ ရခိုင်ပြည်ကို ပြန်တယ့်အခါနဲ့ကြံကြုံတော့ မကြီးက ရခိုင်ပြည်ကို ရောက်ဖူးတယ်။ အဖေဆို ရခိုင်ပြည်မပြန်တာ ကျွန်မတို့တသက်ပဲ ဆိုပါတော့။ လွန်ခဲ့တယ့်ငါးနှစ်လောက်က အဖေတို့ရွာက စေတီကို ပြုပြင်ထိန်းသိမ်း ထီးတင်တော့မှ ရခိုင်ပြည်ကို တခေါက်ပြန်ရောက်တယ်။ အမေစု ရခိုင်ပြည်ကို NLD အောင်နိုင်ရေး စည်းရုံးရေးဆင်းတော့ စိတ်ပူမိတယ်။ ရခိုင်တွေက ဘင်္ဂါလီကိစ္စမှာ အမေစု ဘာမှမပြောလို့ အမေစုကို မုန်းနေကြတာ။ အမေစုလာရင် ဆန္ဒပြမယ်၊ ကန့်ကွက်မယ်လို့ သတင်းတွေ ကြားထားတာကိုး။ ရခိုင်သားတွေကြောင့် သမိုင်းမှာ အမည်းစက်ထင်သွားမှာ၊ ရခိုင်လူမျိုးတွေ အရှက်ရစေမယ့် ကိစ္စဖြစ်သွားမလားလို့ စိတ်ပူမိတယ်။ အမေစုလာတော့ ရခိုင်သားတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတာ၊ ရခိုင်ခရီးစဉ် အောင်အောင်မြင်မြင် ပြီးဆုံးတော့မှပဲ စိတ်အေးသွားတော့တယ်။ ဒါတောင် မြောက်ပိုင်းသားတွေက လာရဲလာကြည့်တယ့်။ နင်တို့အမေစုကို ဘာလို့မုန်းတာလဲဆိုတော့ ဘင်္ဂါလီကိစ္စမှာ မပြောလို့တယ့်။ အမေစုက ပြောပြီးပြီပဲ ဒါဟာ နှစ်ဖက်စလုံးက ကြောက်ရွှံ့မှုတွေ၊ တရားဥပဒေစိုးမိုးမှု မရှိလို့ဖြစ်တာ ဒီထက်ဘာပြောရဦးမလဲ။ တရားဥပဒေ စိုးမိုးမှုမရှိလို့ လူဝင်ကြီးကြပ်ရေးကလူတွေ လာဘ်စား တရားမဝင်ခိုးသွင်းလို့ ဘင်္ဂါလီလူဦးရေ များလာတာ။ ရခိုင်သားတွေဟာ ဘင်္ဂါလီကို သိပ်မုန်းတယ် ရခိုင်သားတွေ မျိုးချစ်မျိုးစောင့်လို့သာ အနောက်ဖက် ခြံစည်းရုံးလုံခြုံနေတာ။ ဘင်္ဂါလီတွေကလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကရတယ့် လက်နက်တွေနဲ့ မောင်းတောကို သိမ်းပိုက်လို့ ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး)က မူဂျာဟစ်ဒင်တို့ကို တိုက်ထုတ်ခဲ့ရတာတွေရှိတယ်။
အမေစု သမ္မတဖြစ်ရင် ကုလားတိုင်းပြည် ဖြစ်သွားမယ်လေးဘာလေးနဲ့။ ယုံတယ့်သူတွေကိုလည်း အံ့သြပါရဲ့ ဦးနှောက်မရှိ၊ ခေါင်းမရှိတယ့်ဟာတွေ။ ရွေးကောက်ပွဲမှာ နိုင်အောင်လို့ အဲဒီဘင်္ဂါလီတွေကို ဝှိုက်ကဒ်တွေ ထုတ်ပေးတာ ဘယ်သူတွေလဲ အမေစုလား။ ဖေ့ဘွတ်မှာ တွေ့လိုက်ရတယ့် ယင်းမာပင်ပြည်နယ်က ကြံ့ဖွတ်မဲဆွဲပွဲမှာ အကိုကြီးတစ်ယောက် ချက်ကျလက်ကျ ပြောသွားတာများ သဘောကျလိုက်တာ။ ကျွန်မတို့တွေးနေတာ၊ ပြောချင်တာနဲ့ တပ်ထူထပ်မျှပါပဲ။ လွှတ်တော်မှာ ရိုဟင်ဂျာအရေး ဆွေးနွေးနေတယ့် မောင်းတောဒေသက လွှတ်တော်အမတ် ဦးရွှေမောင်ဆိုတာ ကြံ့ဖွတ်ပါတီဝင်။ မျိုးစောင့်ဥပဒေကို တင်သွင်းတာ ကြံ့ဖွတ်ကဆိုပဲ။ အမျိုးဘာသာသာသနာကို စောင့်ရှောက်ကြသူတွေဆိုပဲ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းလို့ သွေးမြေကျတာ၊ လက်ပံတန်းတောင်မှာ မီးလောင်ဗုံးပစ်လို့ သံဃာတွေ မီးလောင်ဒဏ်ရာတွေရတာကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ဖို့အတွက် ဖြေရှင်းပေးပါဦးလို့ အဲဒီအစ်ကိုကြီး ချက်ကျလက်ကျ ပြောတာကို သဘောကျလိုက်တာ။ ရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ဝံချီးတွေ ပြောဆိုမဲဆွယ်ကြတာကို မြင်ရကြားရတော့ တော်တော်သောက်သုံးမကျတယ့်သူတွေ။ ဒီလိုသောက်သုံးမကျ၊ ကိုယ့်အိတ်ထဲထည့်ဖို့ စားဖို့လောက်သာသိတယ့် ချီးဘရိမ်းတွေ အုပ်ချုပ်နေတော့ တိုင်းပြည်ဘယ်လိုလုပ် တိုးတက်တော့မလဲ။ စင်္ကာပူလွှတ်တော်ကို သွားကြည့် ဝန်ကြီးတွေဆိုတာ တကယ်တော်တယ့်သူတွေ နိုင်ငံခြားကဘွဲ့တွေ ရထားတယ့်သူတွေ။ စင်္ကာပူဝန်ကြီးတွေရဲ့လစာက များတယ်လို့ပြောတော့ ဒီလောက်တော်တယ့်သူ ဒီလောက်လစာနဲ့ လုပ်နေတာ၊ သူတို့အရည်အချင်းနဲ့ ထိုက်တန်တယ့်လစာ မပေးဘူးဆိုရင် လွှတ်တော်မှာ ဘယ်လုပ်တော့မလဲ။
ကျွန်မတို့တိုင်းပြည်က ဝံချီးတွေကတော့ အနီရောင်သည် ဗုံးကွဲတယ့်အရောင်လို့ ပြောလိုပြော၊ ဖရဲသီး အနီရောင်နဲ့ အစိမ်းရောင်မှာ ဘယ်အရောင်က အပုပ်ဓာတ်ပါသလဲလို့ မေးလိုမေးနဲ့။ ဒီခေတ်မှာ ဆယ်သွယ်ရေးမီဒီယာတွေ တိုးတက်လာတော့ ပြည်သူတွေကလည်း အသိညဏ်ပြည့်ဝ ဆင်ခြင်ညဏ်ရှိတယ့် ပြည်သူတွေ။ အဲဒါဆို ကိုယ်တို့က ဖရဲသီးစားရင် အစိမ်းရောင်အခွံကို စားရမှာလား။ ကိုယ်တို့ကတော့ ဖရဲသီးဆို အနီရောင်ကိုပဲ စားတယ် သြော် မေ့လို့ ရွာမှာတော့ အခွံအစိမ်းရောင်ကို နွား‌ကျွှေးတယ်တယ့်။ ကျွန်မ အရင်တုန်းက ဖေ့ဘွတ်သိပ်မသုံးဘူး ခုရွေးကောက်ပွဲကာလမှာတော့ ဖေ့ဘွတ်သုံးတယ်။ ဝံချီးတွေ ပြောချင်တာပြောနေကြတာ တကယ့်ဟာသ။ လူရွှင်တော်တွေ ပျက်တယ့်ဟာသ ပျက်လုံးတောင် သူတို့လောက် မရယ်ရဘူး။ ဘူးလက်လှဆွေက ဗိုလ်အောင်ဒင် ပြန်လာပြီ ဒီမယ် မမြဝင်း လှေနံနှစ်ဖက် နင်းမနေပါနဲ့ တစ်ဖက်ကို ရဲရဲကြီးနင်းလိုက်ပါ ဆိုတာကို အောက်ကကွန့်မန့်တွေထဲမှာ ဒီမယ် မမြဝင်း လှေနံနှစ်ဖက် နင်းမနေပါနဲ့ နင်းမယ့်နင်း သူ့ပေါင်ကြားတည့်တည့်သာ နင်းလိုက်ပါဆိုလို့ အယ်မလေး ရယ်လိုက်ရတာ။ နေပါဦး သူက ဘယ့်နှယ့် ဘူးလက်လှဆွေ ဖြစ်နေရတာလဲ နယ်လှည့်ပါးရိုက်တယ့် ဝံချီးတစ်ယောက်လို ပြည်သူတွေကို ဘူးလက်နဲ့ဆော်လို့လား။ ငါလည်း သေသေချာချာ မမှတ်မိတော့ဘူး မင်းဘူးမြို့နားမှာ ဆောက်နေတယ့်စက်ရုံက နျူကလီးယားစက်ရုံ ဖြစ်နိုင်တယ်လို့ တက်နေဝန်းဂျာနယ်ကရေးတော့ သူက အဲဒါ နျူးကလီးယားစက်ရုံ မဟုတ်ပါဘူး လက်နက်စက်ရုံပါလို့ပြောလို့ ဘူးလက်လှဆွေလို့ နာမည်ရတာပါတယ့်။
လူတိုင်းဆိုင်ကယ်စီးနိုင်တာ၊ ဖုန်းကိုင်နိုင်တာ၊ သန်းမတုတ်တော့တာ၊ ဝဲတွေမရှိတော့တာ၊ ဂတ်စ်မီးခြစ်သုံးနိုင်တာ တိုးတက်လာတာဆိုပဲ။ တိုးတက်တယ်ဆိုတာ ဘာလဲဆိုတာ သူကိုယ်တိုင်လည်း သိရုံမရဘူး။ ကြိုတင်မဲပေးကြတယ့် နိုင်ငံရပ်ခြားမှာ နေတယ့်သူတွေထဲမှာ စင်္ကာပူက လူအုပ်ကလည်းတောင့်၊ အားလုံးတက်ညီလက်ညီဆိုတော့ အားရစရာကောင်းလိုက်တာ။ နိုင်ငံရပ်ခြားမှာ နေတယ့်သူတွေက သူများနိုင်ငံတွေ တိုးတက်နေတာမြင်တိုင်း စစ်အစိုးရကိုမုန်း ဘာမှလည်းမလုပ်နိုင်။ ကိုယ့်‌ချွှေးနည်းစာလေးထဲကလှု ဒီလောက်ပဲ လုပ်နိုင်တယ်။ မဲပေးရတော့မယ်ဆိုတော့ ကိုယ့်မဲတပြားနဲ့ စစ်အစိုးရကို ဖြုတ်ချနိုင်ပြီး မြန်မာနိုင်ငံကို ဦးဆောင်မယ့်သူ၊ အုပ်ချုပ်မယ့်သူကို မဲတပြားနဲ့ ဒါ ငါတို့ခေါင်းဆောင်လို့ ရွေးခြယ်နိုင်တယ့်အခွင့်အရေး လက်ထဲမှာရှိတော့ အပြောင်းအလဲကို မျှော်လင့်ပြီး မဲပေးကြတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ မှန်ပါတယ် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာ။ စနစ်ကြီးက မကောင်းလို့ ကိုယ်လုပ်သလောက် ကိုယ်မရတယ့်အခါ စနစ်ကြီးကို ပြောင်းဖို့လိုပါတယ်။ အပြောင်းအလဲအတွက် ပြည်သူတွေ တက်ညီလက်ညီ လုပ်တယ့်အခါ စိတ်မဝင်စားတယ့်သူ ဘေးထိုင်နေတယ့်သူတွေလည်း ရှိပါတယ်။ မဲပေးရဖို့အတွက် ကျူတန်းအရှည်ကြီး အနည်းဆုံး ၁၀ နာရီ လောက်ကြာအောင် တန်းစီပြီး ပတ်ကျိလို တရွေ့ရွေ့နှုန်းနဲ့ မဲပေးရဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရတယ့် မြန်မာပြည်သားတွေကို နိုင်ငံခြားတွေက အံ့သြကြတယ်။ NLD ကို မဲပေးသူတွေဟာ နိုင်ငံသားကောင်း၊ တိုင်းပြည်အတွက် တာဝန်ကျေသူတွေ။
(ဆက်ပါဦးမယ်)
စန်းထွန်း
‌အောက်တိုဘာ ၂၇၊ ၂၀၁၅။
6 comments:
Anonymous said...
San San!
I like it .
Ma Khine
မီးမီးငယ် said...
ဟေးစန်းထွန်းလေးရေ....
အရမ်းကြိုက်သွားပြီ...
အစက..ဘူးလက်လှဆွေဆိုတာ
ပြောပြီးဆွယ်တာတဲ့
ကေအမ်သိန်း said...
Hi San Htun,
I'm your regular reader of your blog and I love to read your blog.
After I read your blog today's article,I really enjoyed your article,
because all are truth and correct.Now I found out your fb and sent a friend request.If you accept my request, in future we can meet on fb.
Best Regards,
Kyi Kyi Than
Singapore
Anonymous said...
ဟုတ်ပါ့ စန်းထွန်းရယ်
ဒီလောက်အရှက်မဲ့
ဒီလောက်အဆင့်မဲ့
ဒီလောက်ပညာမဲ့
ထားချင်တယ်။း)
မမအိုင်အိုရာ
နောင်ဂျိန် said...
wow! love so read.
San San Htun said...
မီးမီးငယ် said...
ဟေးစန်းထွန်းလေးရေ....
အရမ်းကြိုက်သွားပြီ...
ကိုယ့်မှာလည်းတနေ့နေ့လူခီးတွေပြောတဲ့ဟာဖတ်လိုက်
ကွန်မန့်တွေဖတ်လိုက်နဲ့အရမ်းရီနေရတယ်..
အစက..ဘူးလက်လှဆွေဆိုတာ
အလကားလိုက်တုပြီးရေးနေတဲ့အကောင့်အတုလို့တောင်ထင်နေတာ
ဒီလောက်ခပ်ပေါတောကြီးစာတွေကို
လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ရေးမယ်မထင်လို့
အမှန်ဘဲသိခါမှ အရမ်းကြီးကိုအံသြနေရတာ..
တောရွှာခရစ်ယာန်တွေကြားထဲမှာတော့
ဒေါ်အောင်ဆန်းစုကြည်ကအားလုံးကိုဗုဒ္ဓဘာသာပြောင်းခိုင်းမယ်လို့
ပြောပြီးဆွယ်တာတဲ့
လူသန်းပေါင်း၅ဝကျော်ဆုတောင်းပြည့်ခါနီးပါပြီလေ....
October 27, 2015 at 11:30 PM
Anonymous said...
ဟုတ်ပါ့ စန်းထွန်းရယ်
ဒီလောက်အရှက်မဲ့
ဒီလောက်အဆင့်မဲ့
ဒီလောက်ပညာမဲ့
ဒီလောက်အဓိပ္ဗါယ်မဲ့ စကားတွေဆိုရဲပြောရဲနေတာ
ဘယ်လိုစကားလုံးနဲ့နှိုင်းပြရမှန်းကိုမသိဘူး။
ကိုယ်တို့တိုင်းပြည်စုတ်ပြတ်သွားတာ ဒီလိုလူတွေအုပ်ချုပ်နေလို့ပေါ့။
တချို့ဖဘက ကွန်မန့်တွေက ရိုင်းရိုင်းစိုင်းစိုင်းမပြောပဲ နှိပ်ကွပ်သွားတာမျိုးတွေ ကိုယ်ဖြင့်စာအုပ်တောင်ထုတ်
ထားချင်တယ်။ း)
အေးလာပြီ။ ကျန်းမာရေးပို ဂရုစိုက်နော် စန်းထွန်းလေး။
မမအိုင်အိုရာ
October 30, 2015 at 8:21 AM