Living with lupus - 2

ကျွန်မအတွက်တော့ လူးပက်စ်နဲ့ နေထိုင်ရတဲ့ ဘဝဟာ အင်မတန် ခက်ခဲပင်ပန်းတယ်။ ဟိုနားကကိုက် ၊ ဒီနားကနာ၊ မော,မော နေတတ်တယ်။ ည ၁၀ နာရီခွဲလောက် အိပ်မှ အိပ်ရေးဝတယ်။ လည်ချောင်းနာလို့ စားမဝင်၊ သွားဖုံးနာ၊ နှာခေါင်းပိတ်၊ မျက်ခုံးအထက်နား၊ ညာဖက်နဖူးထောင့်မှာ အသားအရေခြောက်လို့ အဖတ်အဖတ်ကွာ၊ ညဖက်ဆို အပူနည်းနည်းတက် အိုး ... ဝေဒနာတွေက စုံပလုံစိနေတာပဲ။ လက်နဲ့လည်ပင်းမှာ အနီကွက်တွေ ပေါ်လာလို့ လူးပက်စ်ဆရာဝန်နဲ့ သွားပြတာ အဲဒါ လူးပက်စ်ကြောင့် မဟုတ်ဘူး အရေပြားဆရာဝန်နဲ့ သွားပြတဲ့။ တသက်လုံး မဖြစ်ဘဲနဲ့ လူးပက်စ်ဖြစ်တော့မှ ပေါ်လာတဲ့ဟာကို လူးပက်စ်ကြောင့် မဟုတ်ဘူးတဲ့။ ဆရာဝန်နဲ့ ပြိ ုင်မငြင်းချင်တော့ပါဘူး။ ရေချိုးပြီးခါစ ပုဝါနဲ့အတိုက်ကြမ်းသွားရင် အရေပြားပွန်းပဲ့သွားပြီး အနီကွက်တွေ ဖြစ်သလိုမျိုး ဖြစ်တာ။ နောက် အနီအဖုလေးတွေ လက်မှာပေါ်လာတယ်။ အသက်ကြီးကြီး ကြက်တွေရဲ့ လည်ပင်းနဲ့ တူတယ်လို့ ထင်တယ်။ အရေပြားဆရာဝန်မကို သွားပြတော့ လူးပစ်ကြောင့် ဖြစ်တာတဲ့ လိမ်းဆေးတွေ ပေးလိုက်တယ်။ ပေါင်မှာ အရေကြည်ဖုလေး ပေါက်နေတယ်လို့ ပြတော့ chicken pox တဲ့။ ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတဲ့။ နောက်နေ့ကျတော့ အရေကြည်ဖုတွေ အများကြီး ဒူးနားမှာလည်း ပေါ်လာတယ် ပျံ့လာတာနေမှာ။ အရေကြည်ဖုတွေက မီးလောင်ဖုတွေလိုမျိုး ကြောက်စရာကြီး တော်သေးတာပေါ့ ဆရာဝန် သွားပြလို့။



chicken pox ဆိုတာကို ဟိုတလောက အင်ဂျလီနာဂျိုလီ ရုပ်ရှင်သစ်မိတ်ဆက်ပွဲ မတက်ရောက်နိုင်တာ chicken pox ကြောင့်ဆိုပြီး ပရိတ်သတ်တွေကို တောင်းပန်တဲ့အကြောင်း သတင်းမှာ တွေ့လိုက်ဖူးတယ်။  မိဘတွေနဲ့ ဝါရှင်တန်ဒီစီ၊ ဖီလာဒဲဖီးယား၊ နိုင်အာဂရာရေတံခွန်၊ ကယ်လီဖိုးနီးယားဖက်ကို ၉  ရက် သုံးပတ်လောက် ခရီးထွက်တော့ ပင်ပန်းတယ်။ ခရီးသွားနေတုန်း အစားအသောက်က ဆင်းရဲ၊ ပင်ပန်းဆိုတော့ မစားမသောက်နိုင်။ အမေက သူ့လက်တောင် ပိန်သွားတယ်လို့ပြောလို့ ကျွန်မတို့မှာ ရယ်ရလိုက်တာ။ နယူးယောက်ကို ပြန်ရောက်တော့ ပိတ်ရက်တွေဆို မက်ဟန်တန်တခွင် လိုက်ပြ၊ အလုပ်ထဲမှာလည်း ပရောဂျက်က အရေးကြီးတဲ့အပိုင်းကို ရောက်နေပြီဆိုတော့ ပင်ပန်း။ ဒါတောင် ကျွန်မမိဘတွေက အရမ်းအလိုက်သိ၊ ဘာမှပြောစရာ မလိုတဲ့သူတွေ။ ခရီးသွားတုန်းကလည်း အဖေက လက်ကေ့စ်အိတ်ထဲကို ပစ္စည်းတွေထည့် သိမ်းဆည်း၊ အမေက အထုပ်တွေသယ် အလေးမသယ်နိုင်တဲ့ ကျွန်မကို ဘာမှမသယ်ခိုင်းဘူး။ ဘော့စတွန်ဟာဘားခရူစီးတော့ နေပူထဲမှာ နာရီဝက်လောက် စောင့်ရတယ်။ အပေါ်ဆုံးထပ်မှာ ၁ နာရီလောက် ခြစ်ခြစ်တောက် နေပူထဲမှာ ထိုင်စီးတယ်။ အဖေက နေပူတယ် အောက်ထပ်ကကို ဆင်းမယ်လို့ပြောတော့ နေလား အမြဲပူနေတာ ဘယ်တုန်းက နေမပူတာ ရှိလို့လဲ အပေါ်ထပ်က ရှုခင်းလှတယ်နဲ့ ဘုတောလိုက်သေးတယ်။ ဒါတောင် လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နေကာမျက်မှန်၊ sun screen တွေ လိမ်းထားတာ။ အမေက သမီးမျက်နှာတွေ နီနေတာပဲတဲ့။ အိမ်ကိုပြန်ရောက်ပြီး မျက်နှာသစ်လိုက်တော့ မျက်နှာတစ်ခုလုံး တွတ်တွတ်ရဲနေတာပဲ။ ရုံးက လူတွေက ခရီးသွားတုန်းက နေလောင်တာလားလို့ မေးကြတယ်။ လူးပက်စ်ကြောင့်လို့ ရှင်းပြရင် အရှည်ကြီး ရှင်းပြရမှာမို့လို့ ဟုတ်တယ် နေလောင်တာလို့ ဖြေလိုက်တော့တယ်။  




တပတ်လောက် ကြာတော့မှ အရေပြားဆရာဝန်မနဲ့ သွားပြတော့ လူးပက်စ်ကြောင့် ဖြစ်တာတဲ့။ butterfly rash လို့ ခေါ်ပါသတဲ့။ sun screen လိမ်း၊ လက်ရှည်ဝတ်၊ ဦးထုပ်၊ နေကာမျက်မှန်တပ် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ အပြင်သွားတာတွေ ရှောင်ပါတဲ့။ တပတ်လောက် ဆေးသောက်၊ ဆေးလိမ်းတော့ နီတာတွေ သက်သာသွားပေမဲ့ မျက်နှာမှာ မည်းမည်းတွေ ကျန်ခဲ့တယ်။ အင်း ... အားလုံးကောင်းသွားဖို့ကတော့ တလလောက် ကြာမယ်နဲ့တူတယ်။ အီတလီနိုင်ငံဘေးက အယ်ဘေးနီးယားမှာ သုံးပတ်တာဝန် ထမ်းဆောင်ပြီးလို့ ပြန်လာတဲ့ဝိုင်းက ခွင့် ၂ ရက် ယူပြီး ဂရိတ်စမုတ်ကီတောင် သွားမယ် လိုက်မလားတဲ့။ တွတ်တွတ်ရဲနေတဲ့ ကျွန်မဓာတ်ပုံ ပြလိုက်တော့ ပိတ်ရက် ဂျော့ရေကန် သွားမယ်လေတဲ့။ ဟဲ့ ... ငါ့ လူးပက်စ် ဒီလောက်ဆိုးနေတာ ခရီးသွားမယ် သြဂုတ် လကုန်အထိ ဘယ်ခရီးမှ မသွားဘူးလို့။ ၃ လ နေမယ်ဆိုတဲ့ အဖေနဲ့အမေ ၁ လလောက်ပဲနေပြီး ဇူလှိုင် ၁၉  မှာ ပြန်သွားတော့ ဟာတာတာ ဖြစ်ကျန်ခဲ့တယ်။ လူတိုင်းက ကျွန်မမျက်နှာကို ကြည့်ကြပြီး ဘာဖြစ်တာလဲလို့ သိချင်ကြတယ်။ ခြေထောက်တွေ ယောင်ပြီးရင် မည်းပြီးကျန်ခဲ့တယ်။ လက်နဲ့လည်ပင်းမှာလည်း မည်းမည်းကွက်တွေနဲ့ အတော်ရုပ်ဆိုးတယ်။ ပိန်သွားတယ် ၆ ပေါင် ကျသွားတယ်။ ရထားတွေပြောင်းလို့ လှေကားအတက်အဆင်းတွေလုပ်ရင် မောလို့ ရေဘူးဆောင်ရတယ်။ မိန်းကလေးပီပီ ပြစ်မျိုးမှဲ့မထင် လှချင်ပေမဲ့ လူးပက်စ်ကြောင့် မလှနိုင်တော့တာ စိတ်မကောင်းစရာပဲ။ လမ်းလျှောက်နိုင်သေးတယ်၊ သဘာဝလောက အလှတွေကို ခံစားနိုင်သေးတယ်၊ ဂီတသံတွေကို နားဆင်နိုင်သေးတယ်၊ စားနိုင်သောက်နိုင်သေးတယ်၊ ဦးနှောက်က ကောင်းကောင်း အလုပ်နိုင်သေးတာကပဲ  ဝမ်းသာစရာ။



ကျန်းမာရွှင်လန်းကြပါစေ
စန်းထွန်း
ဇူလှိုင် ၂၅၊ ၂၀၁၅။

8 comments:

Anonymous said...

စိတ္ထဲမွာထင့္ေနတာ။
စန္းထြန္းခရီးေတြထြက္ျပီးခုုခ်ိန္ထိ ပိုု ့စ္ေတြတက္မလာလိုု ့ေနမေကာင္းျဖစ္ေနသလားလိုု ့ေလ။
မိဘေတြျပန္သြားျပီလား။
ကုုိယ္ခံႏုုိင္ရည္ရွိသေလာက္သတိထားေနပါစန္းထြန္းေရ။ မေပနဲ ့ေနာ္။
ဒုုိ ့လည္းစန္းထြန္းအရြယ္တုုန္းက ေခါင္းမာတယ္။
ဖ်ားလည္းေခါင္းေလွ်ာ္ေရခ်ဳိးလုုပ္ခ်င္လုုပ္တယ္။ နားသင့္ေပမဲ့တညလံုုးမအိပ္ပဲေနခ်င္ေနတယ္။
ျဖစ္ေတာ့သူမ်ားေတြစိတ္မေကာင္းအလုုပ္ပုုိ ခံရေတာ့ကုုိယ္။ စန္းထြန္းကတစ္ေယာက္တည္း မေပနဲ ့ေနာ္။
အရည္ျပားမွာ မဲသြားတာေတြက အနာေၾကာင့္ဆုုိ ျဖည္းျဖည္းေတာ့ေပ်ာက္သြားမွာပါ။
မမအုုိင္အုုိရာ ေရခဲေတာင္တက္တုုန္းက ေရခဲေတာင္ျဖဳတ္ေတြအကုုိက္ခံရတာ
၀ဲေတြလိုုျဖစ္ျပီးက်န္ခဲ့တယ္။ ယားလိုုက္တာလည္းအရမ္းဘဲ။
ေပ်ာက္သြားေတာ့အမာရြတ္ေတြက်န္ခဲ့တယ္။ ေျခေတြလက္ေတြမ်က္ႏွာေတြမွာ။
ျဖည္းျဖည္းခ်င္းမွိန္သြားတယ္။
စားႏုုိင္ေသာက္ႏုုိင္ဂီတနဲ ့သဘာ၀အလွေတြခံစားႏိုုိင္
အေရးအၾကီးဆံုုးျဖစ္တဲ့ဦးေႏွာက္ကလည္းေဒါင္ေဒါင္ျမည္ေနတုုန္းဆုုိေတာ့
တကယ္၀မ္းသာစရာပါ။ ၀မ္းလည္းသာပါတယ္။
ဒီညကစလုုိ ့ဘုုရားရွစ္ခုုိးတဲ့အခါ စန္းထြန္းအတြက္သီးသန္ ့ထဲ့ဆုုေတာင္းေပးမယ္ေနာ္။
ခ်စ္ေသာမမအုုိင္အိုုရာ

Anonymous said...

Sis, the first pic looks like shingles to me. I had it too n took antivirus for a week.

Anonymous said...

စန္းထြန္းေလးေရ...
တကယ္ဘဲစိတ္မေကာင္းဘူး...
နဲနဲပါးပါးခြင့္ယူၿပီးနားလိုက္ပါလား...
ကိုယ္လည္းမ်က္ႏွာတခါတုံးကရန္ကုန္မွာတရားစခန္းဝင္ေတာ့
၉ရက္ မွန္မရွိဘာမရွိၾကည့္လည္းမၾကည့္ပါဘူး..
ဒီအတိုင္းေနတာ ျပည္ေတာင္တည္တယ္..
စန္းထြန္းထက္ေတာင္ဆိုးတယ္..
အဲ့တာ..ေရယုန္ေပါက္တယ္လို႔ေျပာတာဘဲ..
အဓိကေရညစ္ပတ္လို႔ပါ..
စန္းထြန္းေျပာတဲ့ လူးပက္စ္ ဆိုတာေတာ့
မသိဘူး..ဟယ္..
မင္းဝံေတာင္သနပ္ခါးခဲေန႔တိုင္းလူးတာ..
နဲနဲန႔ံတယ္.. ၆လေလာက္မွ အမာရႊတ္ေတြေပ်ာက္သြားေတာ့တာ..
အေရျပားေတြနဲ႔ဆိုင္ေတာ့..ကိုယ္လည္းဘာမွသိပ္နားမလည္ဘူး..
တခုေတာ့ရွိတယ္..ေရမ်ားမ်ားသာေသာက္ေပးရင္ေကာင္းမယ္ထင္တာဘဲ၊
အၿမန္ဆုံးက်မ္းမာလာပါေစကြယ္။
မီးမီး

Anonymous said...

Get well soon.

Unknown said...

Really sad to see that

San San Htun said...

Anonymous said...
စိတ်ထဲမှာထင့်နေတာ။
စန်းထွန်းခရီးတွေထွက်ပြီးခုချိန်ထိ ပို့စ်တွေတက်မလာလို့နေမကောင်းဖြစ်နေသလားလို့လေ။
မိဘတွေပြန်သွားပြီလား။
ကိုယ်ခံနိုင်ရည်ရှိသလောက်သတိထားနေပါစန်းထွန်းရေ။ မပေနဲ့နော်။
ဒို့လည်းစန်းထွန်းအရွယ်တုန်းက ခေါင်းမာတယ်။
ဖျားလည်းခေါင်းလျှော်ရေချိုးလုပ်ချင်လုပ်တယ်။ နားသင့်ပေမဲ့တညလုံးမအိပ်ပဲနေချင်နေတယ်။
ဖြစ်တော့သူများတွေစိတ်မကောင်းအလုပ်ပို ခံရတော့ကိုယ်။ စန်းထွန်းကတစ်ယောက်တည်း မပေနဲ့နော်။
အရည်ပြားမှာ မဲသွားတာတွေက အနာကြောင့်ဆို ဖြည်းဖြည်းတော့ပျောက်သွားမှာပါ။
မမအိုင်အိုရာ ရေခဲတောင်တက်တုန်းက ရေခဲတောင်ဖြုတ်တွေအကိုက်ခံရတာ
ဝဲတွေလိုဖြစ်ပြီးကျန်ခဲ့တယ်။ ယားလိုက်တာလည်းအရမ်းဘဲ။
ပျောက်သွားတော့အမာရွတ်တွေကျန်ခဲ့တယ်။ ခြေတွေလက်တွေမျက်နှာတွေမှာ။
ဖြည်းဖြည်းချင်းမှိန်သွားတယ်။
စားနိုင်သောက်နိုင်ဂီတနဲ့သဘာဝအလှတွေခံစားနိုင်
အရေးအကြီးဆုံးဖြစ်တဲ့ဦးနှောက်ကလည်းဒေါင်ဒေါင်မြည်နေတုန်းဆိုတော့
တကယ်ဝမ်းသာစရာပါ။ ဝမ်းလည်းသာပါတယ်။
ဒီညကစလို့ဘုရားရှစ်ခိုးတဲ့အခါ စန်းထွန်းအတွက်သီးသန့်ထဲ့ဆုတောင်းပေးမယ်နော်။
ချစ်သောမမအိုင်အိုရာ
July 25, 2015 at 7:58 PM
Anonymous said...
စန်းထွန်းလေးရေ...
တကယ်ဘဲစိတ်မကောင်းဘူး...
နဲနဲပါးပါးခွင့်ယူပြီးနားလိုက်ပါလား...
ကိုယ်လည်းမျက်နှာတခါတုံးကရန်ကုန်မှာတရားစခန်းဝင်တော့
၉ရက် မှန်မရှိဘာမရှိကြည့်လည်းမကြည့်ပါဘူး..
ဒီအတိုင်းနေတာ ပြည်တောင်တည်တယ်..
စန်းထွန်းထက်တောင်ဆိုးတယ်..
အဲ့တာ..ရေယုန်ပေါက်တယ်လို့ပြောတာဘဲ..
အဓိကရေညစ်ပတ်လို့ပါ..
စန်းထွန်းပြောတဲ့ လူးပက်စ် ဆိုတာတော့
မသိဘူး..ဟယ်..
မင်းဝံတောင်သနပ်ခါးခဲနေ့တိုင်းလူးတာ..
နဲနဲနံ့တယ်.. ၆လလောက်မှ အမာရွှတ်တွေပျောက်သွားတော့တာ..
အရေပြားတွေနဲ့ဆိုင်တော့..ကိုယ်လည်းဘာမှသိပ်နားမလည်ဘူး..
တခုတော့ရှိတယ်..ရေများများသာသောက်ပေးရင်ကောင်းမယ်ထင်တာဘဲ၊
အမြန်ဆုံးကျမ်းမာလာပါစေကွယ်။
မီးမီး
July 26, 2015 at 10:29 PM

Anonymous said...

ကျွန်မ လည်း အဲ့လို ဘဲ မျက်နှာ က အမဲ တွေ က ပျောက် ြပီ လား

San San Htun said...

မျက်နှာအမဲကွက်က ၂ နှစ်လောက်ကြာတယ်..အဲ့ဒီကတည်းက လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်ဆောင်း၊ နေကာမျက်မှန်တပ်၊ sunscreen အမြဲဆောင်၊ အမြဲလိမ်း၊ မိုးအုပ်နေရင်တောင် လိမ်းရတယ်..ကိုယ်ချင်းစာပါတယ်..အမြန်ဆုံး သက်သာပျောက်ကင်းပါစေ..