လူးဝစ်တစ်ဖနီရဲ့အိမ် |
ဒီ neighborhood မှာ သက်တမ်းအကြာဆုံးအိမ် ၁၇၁၄ မှာ ဆောက်ခဲ့တာတဲ့ |
ကိုယ့်အိမ်ကနေ ၉ နာရီခွဲလောက်ထွက် 7 ရထားကို နှစ်ဘူတာစီး Jackson Hegihts/ 74 Broadway ဘူတာကနေ F အမြန်ရထားစီးပြီး မြို့လယ်က 34 st Hearald Station မှာဆင်း။ နယူးဂျာဆီနဲ့ နယူးယောက်ကို ပြေးဆွဲနေတဲ့ PATH ရထားကို 33 rd မှာ စီး။ ရုံးပိတ်ရက်မို့ ရထားက တစ်စီးတည်း အကြာကြီးစောင့်ရတယ် မောင်းတာကလည်း နှေးတယ်။ ဂိတ်ဆုံး Journal Square မှာ ဆင်း World Trade Center ကနေ Newark ကို ပြေးဆွဲတဲ့ PATH ကို Journal Square ကနေ စောင့်စီး။ ရထားထွက်ဖို့ကို တော်တော်ကြာအောင် စောင့်ရတယ်။ Harrison ဘူတာကို ဆယ်မိနစ်လောက် စီးရပြီး Harrison နဲ့ Newark ကတော့ တစ်မိနစ်လောက်ပဲ ဝေးတယ်။ ၁၁ နာရီ ခွဲလို့ ၁၂ နာရီတောင် ထိုးတော့တယ်။ ဂျွှန်က စောင့်နေမယ် မထင်ဘူး အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ စောင့်တာ။ ကိုယ့်ဘာသာ သွားမယ်လေ လမ်းသိလို့လား ဝိုင်းက ဂျွှန့်ကို မေးဖူးတယ်တဲ့ သွားရတာ အတော်လေး ရှုပ်ထွေးတယ်တဲ့။ တက္ကစီ ငှားသွားရအောင်။ Newark Penn Station ရောက်တော့ ဂျွှန်က စောင့်နေသေးတယ်။ ရထားတွေက တော်တော်ကြာလို့ တော်တော်ကြာအောင် စောင့်ပေးနေတယ်။ ကိုယ်တို့ရုံးက ဟိုနားလေးမှာ အဲဒီလို အသွား တစ်နာရီခွဲ ၊ အပြန် တစ်နာရီခွဲ ရထားလေးဆင့် ပြောင်းစီးပြီး ရုံးတက်ရတာ။ ရုံးတက်ရက်တွေဆိုရင် ရထားတွေက မြန်သလို တစီးနဲ့တစီး ငါးမိနစ်၊ အလွန်ဆုံး ဆယ်မိနစ်လောက်ပဲ။ အိုးမဲ့အိမ်မဲ့တွေများတော့ safe ဖြစ်တယ်လို့ မခံစားမိဘူး။
weeping ချယ်ရီ |
Light Train ရထားစီးဖို့ လက်မှတ်ဝယ်တော့ အသွား တကျပ်ခွဲ၊ အပြန် တကျပ်ခွဲ။ လက်မှတ်ကို ဘောက်လေးထဲထည့်ပြီး time stamp လုပ်တယ်။ ရထားလက်မှတ်စစ်က လက်မှတ်တွေကို လိုက်စစ်တယ်။ ရထားက ၂ ကားပဲပါတယ် Newark subway line တဲ့။ လူတွေက နွမ်းပါးတဲ့ပုံ ဒီနေရာတဝိုက်က safe မဖြစ်ဘူးတဲ့။ Davenport မှာဆင်းပြီး ပန်းခြံဆီ လမ်းလျှောက်တော့ ဖြတ်သွားရတာက Forest Hillls neighborhood က လူချမ်းသာတွေ နေတဲ့ရပ်ကွက်တဲ့။ အဲဒီအိမ်က တစ်ဖနီကုမ္ဗဏီတည်ထောင်သူ လူးဝစ်တစ်ဖနီရဲ့အိမ်ရဲ့။ နောက်တစ်အိမ်ကတော့ ဒီမြို့မှာ သက်တမ်းအရှည်ကြာဆုံးအိမ် ၁၇၁၄ မှာ ဆောက်ခဲ့တာတဲ့ ခုတော့ landmark ဖြစ်နေပြီ။ အမေရိကန်မှာ ဂျပန်ချယ်ရီပင်တွေ အများဆုံးရှိတာ ဘရန့်ဘရွတ်ပန်းခြံပါတဲ့။ ၁၉၂၇ မှာ နယူးဂျာဆီပြည်နယ် Orange မြို့က နေအိမ်မှာ ချယ်ရီတွေ စိုက်ပျိုးတာ အောင်မြင်လို့ Caroline Bamberger Fuld က ချယ်ရီပင် ၂၀၀၀ ကျော် လှုဒန်းခဲ့ပါတယ်။ ၁၉၇၆ မှာ ချယ်ရီပွဲတော်ကို စတင်ကျင်းပပါတယ်။ ၂၀၀၄ မှာတော့ မူရင်းစိုက်ပျိုးခဲ့တဲ့ ချယ်ရီပင်တွေက တထောင်အောက်လောက်ပဲ ကျန်ပါတော့တယ်။ ၂၀၀၆ မှာတော့ နောင်လေးနှစ်အတွင်း ချယ်ရီပင် ၃၀၀၀ ကျော် ထပ်စိုက်ပျိုးဖို့ ဂရန့်ရခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ချယ်ရီပင် ၁၀၀၀ ကျော် ထပ်စိုက်ပျိုးတာမို့ ဘရန့်ဘရွတ်ပန်းခြံမှာ ချယ်ရီပင် ၅၀၀၀ ကျော် ရှိပါတယ်။ ချယ်ရီပင်တွေက ပန်းနုရောင်၊ ပန်းရင့်ရောင်နဲ့ အဖြူရောင်တွေပါ။ ဘရန့်ဘရွတ်ပန်းခြံရဲ့ ထူးခြားချက်က weeping ချယ်ရီပင်တွေပါတဲ့။ ဂျပန်တွေကတော့ ဝါရှင်တန်ဒီစီက ယိုရှိနို အဖြူရောင် ချယ်ရီပင်တွေကို ပိုကြိုက်ပါသတဲ့။ ဒီနေ့ပဲ ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပွဲတော်ကို သွားခဲ့သေးတယ်။
လွန်ခဲ့တဲ့အပတ်က ဘရွှတ်ကလင်း ချယ်ရီပွဲတော်လက်မှတ်က ၂၅ ကျပ်။ စနေနေ့မနက် ၁၀ ကနေ ၁၂ အထိ ဝင်ကြေးအခမဲ့ ၁၂ နာရီကျော်သွားရင် ၁၂ ကျပ် ပေးရတယ်။ မနက် ၁၀ နာရီရောက်သွားတော့ လူတွေမှ အများကြီး ကြိတ်ကြိတ်တိုးနေတာပဲ။ ရထားဘူတာနဲ့လည်း မဝေးဘူးဆိုတော့ သွားရလာရ အဆင်ပြေတယ်။ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီပင်တွေက ပန်းရင့်ရောင်။ ဝါရှင်တန်ဒီစီ၊ နယူးဂျာဆီ ဘရန့်ဘရွတ်ပန်းခြံ၊ ဘရွတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်းက ချယ်ရီတွေထဲမှာ ဒီစီက ချယ်ရီတွေက အလှဆုံးလို့ ကိုယ်ထင်တယ်။ ဝိုင်းရဲ့ လုပ်ဖော်ကိုင်ဖက်တယောက် ဂျပန်က ချယ်ရီပွဲတော်ကို မကြာခင်ကပဲ ရောက်ခဲ့တယ်။ သူကလည်း ဒီစီက ပိုလှတယ်လို့ ထင်တယ်တဲ့။ ချယ်ရီတွေကတော့ ဂျပန်မှာလည်း လှတာပဲ ဒီစီမှာလည်း လှတာပဲ။ ဒါပေမဲ့ ဒီစီက မိုးနှုးမတ်ကျောက်တိုင်၊ ဂျက်ဖာဆန်မန်မိုရီယမ်တွေရှိတော့ ဓာတ်ပုံတွေမှာ ပိုထင်ရှားတာပေါ့တဲ့။ ကန်နယ်လေးဘေးမှာ လမ်းလျှောက်ရတာကို သိပ်သဘောကျလိုက်တာ။ ၃ မိုင်လောက် လျှောက်ပြီးရင်ပဲ ခြေထောက်က နာချင်နေပြီ။ ကိုယ်တို့ လမ်းမလျှောက်တာ ကြာပြီ။ ဝိုင်းက အယ်ဘေးနီးယားမှာ ပိတ်ရက်တွေဆို အလုပ်လုပ်ရတယ်။ ကိုယ်ကလည်း ပိတ်ရက်တွေဆို ခြေထောက်၊ ကိုယ်လက်တွေ နာနေတတ်လို့ အနားယူနေရတာ တလလောက်ရှိပြီ။ ဂျွှန့်ကို သိပ်ကျေးဇူးတင်တာပဲ ဒီလို meet up အဖွဲ့တွေကြောင့်သာ နယူးယောက်တခွင် အနှံ့ရောက်ဖူးတယ်။ ဒီနေ့သွားဖြစ်တဲ့ ဘရွှတ်ကလင်း ဘော်တနစ်ကယ်ဂါးဒင်း ချယ်ရီပွဲတော်ကို နောက်မှတင်ပါဦးမယ်။ ဧပြီ၊ မေလတွေကတော့ ချယ်ရီပွဲတော်ကာလတွေလို့ဆိုရမလားဘဲ။
စန်းထွန်း
မေ ၂၊ ၂၀၁၅။
2 comments:
ကိုယ်မကြုံသေးဘူး။
တနေ့ နေ့ ပေါ့။
မမအိုင်အိုရာ
Anonymous said...
လှလိုက်တာစန်းထွန်းရေ။
ကိုယ်မကြုံသေးဘူး။
တနေ့နေ့ပေါ့။
ပုံတွေကိုကြည့်ရတာကျေနပ်လိုက်တာ။
မမအိုင်အိုရာ
May 6, 2015 at 9:09 PM
Post a Comment