မိုင် ၆၀၀...
ဆူနမ်ရှိရာ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့ မိုင် ၁၀၀ ( ၂ နာရီ )  တလတခေါက်၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့ မိုင် ၃၀၀ ( ၅နာရီ) မောင်းဖူးထားတာမို့ ဟိုင်းဝေးအတွေ့အကြံ  ု မစိမ်းပေမယ့် ဘုရင်နေသောမြို့ကနေ သူငယ်ချင်းနေသောမြို့အထိ ကန်တက်ကီ၊ အနောက်ဗာဂျီးနီးယား၊ ပန်စင်ဘေးနီးယား၊ မေရီလန်းပြည်နယ်ကို ဖြတ်ကျော်ကာ မိုင် ၆၀၀ ( ၉ နာရီ) ခရီးကတော့ နည်းနည်း ထူးခြားတယ်။
ပြင်နေကျ  မိုင်ကယ်တာရာ ကားပြင်ဆိုင်မှာ သွားစစ်တော့ လေးဘီးလုံး လဲထားတာမို့ အသစ်အတိုင်း၊ အင်ဂျင်ဝိုင်ကလည်း လဲထားတယ်၊ ဘရိတ်လည်းကောင်းတယ်။ စင်ကနယ်မီးကျွှမ်းနေလို့လဲရမှာကလွဲရင် ခရီးအတွက် ရယ်ဒီပါတယ့်။ အင်ဂျင်ဟိတက်တာ ပြင်မယ်ဆိုရင် တထောင်နားကျမှာမို့ မပြင်ခိုင်းဘဲ အရည်ဝယ်သွားပြီး လမ်းမှာ နေ့လည်စာစားလို့ အင်ဂျင်အေးသွားမှ ထည့်ပါတယ့်။ နောက်ဖုံးက သော့နဲ့လည်း ဖွင့်မရ၊ ညာဖက်နောက်တံခါး ဖွင့်မရ၊ ဘယ်ဖက်နောက်တံခါး မှန်အတင်အချ မရတာကိုတော့ သူတို့မပြင်နိုင်။ ဒီလာဆီမှာ သွားပြင်ပါတယ့်။
ဒီလာဆီမှာ သွားပြင်ဖို့ အပွိုင့်မတ် အရင်ယူရတယ်။ အသွားအပြန် ရှယ်တယ် ကြိုပို့ပေးတယ်။ ဒီလာတွေက ပိုက်ဆံပိုပေးရပေမယ့် မပြင်နိုင်တာ မရှိပါဘူးတယ့်။ ဘယ်ဖက်နောက်တံခါး မှန်အတင်အချ မရတာက တံခါးမော်တာတခုလုံး လဲရမှာမို့ ထောင်ကျော်မယ်ဆိုတော့ မပြင်တော့ပါဘူး။ ကားပြင်ဆိုင်ရဲ့ ဖောက်သည်ကြီး ဖြစ်နေလို့ စိတ်ကုန်နေတာ ကားရှိရင်တော့ ကားပြင်ဆိုင် ရောက်မှာပဲလို့ ဆိုင်က အားပေးလိုက်တယ်..း)
မီးဖိုချောင်သုံးပစ္စည်းဆိုလို့ ထမင်းပေါင်းအိုး၊ ဖန်ခွက် ၉ ခု၊ အဲ.. အခြောက်အခြမ်းက ဟမ်းကယ်ရီတအိတ်၊ ဒါတောင် ဆူနမ်လို မွေ့ယာ၊ ဖုန်စုပ်စက်၊ မိုက်ကရိုဝေ့၊ မီးအိမ်ရှည်၊ အမှိုက်ပုံး၊ မီးဖိုချောင်သုံး ပစ္စည်းတွေ မပါလို့။ လက်ကေ့အိတ်ကြီး ၂ အိတ်၊ ဟမ်းကမ်ရီ ၂ အိတ်၊ အိတ်အကြီးကြီး တခု၊ စာအုပ်ပုံတပုံး။ စတိတ်ကိုလာတုန်းက လက်ကေ့အိတ် ၂ အိတ်၊ ဟမ်းကမ်ရီ ၁ အိတ်။ တိုးပွားလာတယ် ဆိုပါတော့..ပစ္စည်းအသုံးအဆောင်တွေ...း) ။ အိမ်ရှင်ကို ဆီ၊ ကြက်သွန်၊ ဆား ပေး၊ ပစ္စည်းသိမ်း၊ အခန်းသန့်ရှင်းရေးလုပ်။
၅ နာရီမောင်း လမ်းမှာ တညအိပ် နောက်နေ့ ၄ နာရီ ထပ်မောင်း ၂ ရက်မောင်းဖို့ စီစဉ်ထားတာ။ ကားမောင်းရတာ အာရုံစိုက်ရလို့ ၄နာရီလောက် မောင်းပြီးရင် ခေါင်းကိုက်လာပြီ။  မောင်းနိုင်မယ်လို့လည်း မထင်။ ဆူနမ်က နင် ဟိုတယ်ကို ဘွတ်ထားလား၊ ပိတ်ရက်တွေဆို အခန်းကျပ်တယ်ဆိုမှ ခေါင်းကြီးသွားတယ်။ မောင်းနိုင်သလောက်မောင်း လမ်းက ဟိုတယ်မှာ တညအိပ်ဖို့ စီစဉ်ထားတာ။ ဘာမှကြိုတင် မစီစဉ်ဘူး ဘာဘူးနဲ့ ဆူနမ်က ထုံးစံအတိုင်း ပွမ်ပါလေရော။
အိမ်ရှင်အမကိုမေးတော့ ကိုယ့်အစီအစဉ်ကို ကြိုက်တယ်တယ့်။ ဆူနမ်က မိန်းကလေးတယောက်တည်းမို့စိတ်ချရအောင် ကြိုတင်စီစဉ်ခိုင်းတာပါတယ့်။ မနက် ၇ နာရီမှာ စတင်ထွက်ခွာလာခဲ့တာ ကန်တက်ကီပြည်နယ်က မြေပြန့်မို့ မောင်းရတာ မခက်ဘူး။ မြို့လယ်တွေမှာသာ တလမ်းမောင်းလမ်းတွေနဲ့ ရှုပ်ပေမယ့် ဟိုင်းဝေးလမ်းတွေက တဖြောင့်တည်း။ အဲ.. အခွဲတွေမှာတော့ နည်းနည်း သတိထားရတယ်။ မှားသွားရင် မိနစ်၂၀လောက်မှ လမ်းကြောင်းပေါ် ပြန်ရောက်တတ်လို့။
ဝဲကမ်းတူ အနောက်ဗာဂျီးနီးယားပြည်နယ် ဆိုတယ့်ဘုတ်ကို ဖြတ်ကျော်ပြီးတာနဲ့ ကန်တက်ကီပြည်နယ်လို မြေပြန့်လွင်ပြင် မဟုတ်တော့ဘဲ တောင်တန်းတွေ၊ နှင်းတွေ စတွေ့ပါပြီ။ ရှမ်းပြည်တောင်ကြီး အတက်လိုပဲ။ ၃ နာရီအကြာ ၁၀ နာရီထိုးတော့ လမ်းမှာတွေ့တယ့် Rest Area မှာ နားတယ်။ အဲဒီ Rest Area မှာ အိမ်သာအပြင် တယ်လီဖုန်း၊ သစ်ပင်အောက်မှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ နွေရာသီဆိုရင် အပင်အောက်က ခုံလေးတွေမှာ ထိုင်ပြီး ပါလာတယ့် အစားအသာက်စားရရင် ပစ်ကနစ်ထွက်သလိုပဲ။ ခုတော့ ကားထဲမှာပဲ ကြိတ်ရပြီး ကားလည်းနား လူလည်းနား။
နာရီဝက်နားပြီးတော့ ခရီးဆက်ပါတယ်။ လမ်းတလျှောက် အစားအသောက်ဆိုရင် ဘယ် Exit ၊ ဆီဆိုရင် ဘယ် Exit ၊ ရာသီဥတု၊ Traffic ဆိုရင် ဘယ်ရေဒီယိုနံပါတ်၊ အကူအညီလိုလို့ ရဲကို ဖုန်းခေါ်ချင်ရင် ဘယ်နံပါတ် ရေးထားပါတယ်။ တောင်ပတ်လမ်းတွေ အကွေ့အကောက်များလို့ သတိထားရတယ်။ အရင်ဆို မိုင် ၇၀ ဆို မိုင် ၈၀ မောင်းပေမယ့် ခုတော့ ခရီးရှည်မို့ ၇၀ အတိပဲ မောင်းတယ်။ ကားမှန်သမျှ ကိုယ့်ကားကို ကျော်တက်သွားကြတယ်။ လူနေကျဲတယ့် ပြည်နယ်မို့ ကားကြောပြတ်တယ်။
တခါတလေ နှင်းဖွဲဖွဲ ကျလိုက်။ မြူတွေဆိုင်းလိုက်၊ နှင်းဖြူဖြူတွေဖုံးနေတယ့် တောင်တန်းတွေ၊ ကားကြောပြတ်တယ့် လမ်းတွေကို မောင်းရတာ နည်းနည်းကြောက်မိတယ်။ ဆီကုန်ခါနီးပြီမို့  Exit က ထွက်ပြီး ဘယ်ကွေ့တော့ ကိုယ်သွားနေတယ့် လမ်းကြောင်းက ပြောင်းပြန်ဖြစ်သွားတယ်။ ဂျီပီအက်စ်မှာ အနီးအနားက ဟိုတယ်၊ အစားအသာက်၊ ဆီဆိုင် ရှာလို့ရပြီး ဂျီပီအက်စ်ညွှန်တယ့် အတိုင်းသွားတာ Exxon Disel ဆိုတယ့် ဆိုင်းဘုတ်တွေ့လို့ ကွေ့ပြီး ပတ်ကင်းဂီယာမှာ မထားဘဲ စိတ်လောလောနဲ့ သော့ကို ဆွဲနှုတ်လိုက်တယ်။ ပြီးတော့မှ ပါကင်းဂီယာမှာ ပြန်ထိုးပြီး စက်ကိုပြန်နှိုးတာ တအီအီနဲ့ ပြန်မနှိုးလို့ လူကို ပူထူသွားတာပဲ။ စက်ပြန်မနှိုးတော့ရင် ဘယ်လိုလုပ်ရပါ့ ...။
ဆီလာထည့်တယ့်ကားတွေကလည်း ကူညီဖို့လိုသလား တကြည့်ကြည့်နဲ့။ အကိုကြီးနှစ်ယောက်က လာကူညီတယ်။ စက်နိုးအောင် ကြိုးစားပေမယ့် မနှိုးပြန်ဘူး။ ဒီဆိုင်မှာ ဂတ်ဆိုလင်းရလားဆိုတော့ ဒီမှာလေတယ့်။ ဂတ်ဆိုလင်းက နေရာတိုင်းမှာ ရပေမယ့် ဒီဇယ်ကတော့ ဂတ်ဆိုလင်းလောက် မပေါဘူး။ ၁မိနစ်လောက် သော့ကိုလှည့်နှိုးနေတော့မှ နှိုးသွားတယ်။ ဒီတော့မှပဲ ဟင်းချနိုင်တယ်။ နောက်ဆို ဆီတဝက်ကျော်ရင် ဆီဖြည့်တော့မယ်။
အရင်တုန်းက ၄နာရီမောင်းပြီးရင် ခေါင်းကိုက်ပျင်းလာပေမယ့် ခုများတော့ ပျင်းဖို့ထား မျက်လုံးကို ပြူးနေတာ ဇီးကွက်နဲ့ နင်လားငါလားပဲ..း) ။  နေ့လည် ၁ နာရီခွဲမှာ တွေ့တယ့် Rest Area မှာ နားတယ်။ မုန့်စားပြီး ၁၅ မိနစ်လောက် မှေးလိုက်တာ ပင်ပန်းလွန်းလို့နဲ့ တူပါရဲ့ တကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ နာရီဝက်နားပြီးတာနဲ့ စက်အဖုံးဖွင့်ပြီး အင်ဂျင်အေးမအေး စစ်။ အေးတော့ ဆိုင်ကပြလိုက်တယ့်အတိုင် အင်ဂျင်အေးတယ့်အရည် ထည့်တယ်။
လီဗာတင်တာ တဝူးဝူးမြည်လို့ လန့်သွားတယ်။ လီဗာမတင်နိုင်တော့ပဲ စက်ရပ်သွားရင် ဒုက္ခ။ ဆူနမ်တို့စကား နားထောင်ပြီး ဟိုတယ်နားသင့်တာ။ စပိလစ်မစ် မိုင် ၇၀ ကို ၄၅ မိုင်နဲ့မောင်းနေတာ မိုင် ၈၀နဲ့ပြေးနေတယ့် ယုန်တွေကြားထဲက လိပ်လိုပဲ။ အတင်းဖိမနင်းတော့ဘဲ ခြေထောက်အဖျားလေးနဲ့ ဖိနင်းတော့ အရှိန်နည်းနည်း တက်လာတယ်။  အကွေ့တွေမှာ  မှောက်တတ်လို့ထရပ်ကားတွေကို မိုင် ၄၀ နဲ့ မောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ တွေ့တယ်။
လမ်းတလျှောက် ဟိုတယ်တွေ၊ အင်းတွေ တွေ့တယ်။ ကိုယ်က မောင်းနိုင်ပေမယ့် ကားကို စိတ်ပူတာ။ အိုပြီး ချူချာသူကိုး။ ဒီလိုလူပြတ်တယ့်နေရာမှာ ထိုးရပ်သွားရင် ဒုက္ခ။ ကားလေးရယ် မေရီးလန်းရောက်တယ့်အထိ ပြေးလိုက်စမ်းပါနော်။ အဲဒီရောက်ရင် စိတ်ကြိုက်နား။ နေ့လည် ၃ နာရီ ခွဲလောက်မှာ မေရီလန်းပြည်နယ် ဝင်လာပါပြီ။ တောင်ပြန့်ပြန့်လေးတွေက ကလောဖက်လိုပဲ။ အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ လက်ဆောင် ဖုန်ဖြူဖြူတွေကို ဝိုင်ပါနဲ့သုတ်တာလည်း မရ။ နောက်ဆို မှောင်လာတော့မှာ။ မဖြစ်ချေဘူး လမ်းဘေးချရပ် အင်မာဂျန်စီစစ်ကနယ်ပြပြီး ဖုန်သုတ်ရတော့တာပဲ။
ဆီဖြည့်ဖို့ ကွေ့လိုက်တာ ဆီဆိုင်မတွေ့။ ဂျီပီအက်စ်ညွှန်တယ့်အတိုင်းမောင်းတာ ဘေးမဲ့ဥယျာဉ်ထဲက လမ်းတွေ။ သစ်ပင်အမြင့်ကြီး ကာရံထားတယ့် လမ်းတလျှောက် တစီးတည်းဆိုတော့ ကြောက်မိသား။ တမိုင်လောက်မောင်းပြီး ဟိုင်းဝေးလမ်းကို တွေ့မှ စိတ်အေးသွားတယ်။ လမ်းမှာတွေ့တယ့် Exxon ဆိုင်မှာ ဝင်ထည့်။ လူနေစိတ်တယ့်ပြည်နယ်မို့ ကားတွေ မပြတ်ဘူး။ ခုတော့ လီဗာအရှိန်တင်ရင် တဝူးဝူးမြည်သံကို မကြားနိုင်တော့ဘဲ နေဝင်ပြီမို့ မျက်စိကို အသားကုန်ပြူးကာ ဂရုတစိုက်မောင်းရတယ်။  ဆူနမ်တို့အိမ်နားက မီးပွို င့်ရောက်ရင်ပဲ ဂျီပီအက်စ်က တတိန်တိန် မြည်ပါတော့တယ့်။ အရှိန်စောင့်ကြည့်တယ့် ကင်မရာတွေ ရှိတာမို့သတ်မှတ်ရှိန်အတိုင်း မောင်းဖို့ပါ။
လမ်းလျှောက်ရလွန်းလို့ စကိုးဖိနပ်တောင် ပါးယူတယ့် စင်္ကာပူမှာ ဖိနပ်ကောင်းကောင်း လိုတယ်။ စတိတ်မှာတော့ ကားကောင်းကောင်းလိုတယ်။ ဖုန်တဖွေးဖွေး မျောက်ဖြူဖြစ်နေတယ့် စန်းထွန်းတယောက် နောင်ဒီလိုများ မောင်းမလားဆိုရင် နိုးပဲ။ အဲ...အဖော်ပါရင်၊ ကားကောင်းရင်တော့ တပွဲတလမ်းလောက် နွှဲချင်သေးသပါ့..း) ။ ခုလို မဖြစ်မနေ မောင်းရမယ်ဆိုရင်တော့လည်း နိုးချိုင့်။
စန်းထွန်းတယောက် ဘေးမသီ ရန်မခ ရောက်ရှိကြောင်း ဘလော့မိတ်ဆွေတွေကို အသိအပ်ပါကြောင်း။
စန်းထွန်း
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၃။
10 comments:
Anonymous said...
ချောချောမောမောရောက်သွားလို့ ဝမ်းသာပါတယ်နော်၊၊ အလုပ်အကိုင် ကောင်းကောင်းလေး ရှာတွေ့ပါစေဗျာ၊၊ ဘီနစ်ဖစ်တွေ ကောင်းကောင်းရပြီး ခရီးတွေလည်း ခဏခဏ ထွက်နိုင်ပါစေသား၊၊
တိမ်ပြာ(မနောမြေ)
စံပယ်ချို said...
စံပယ်ချို said...
Aunty Tint said...
မေတ္တာဖြင့်
အန်တီတင့်
Anonymous said...
သတ္တိခဲစန်းထွန်း..
မြန်မြန်ရပါစေကွယ်။
ချစ်သော
မမအိုင်အိုရာ
ညိမ်းနိုင် said...
လေ့ဗျာ....၊
သီရိရတနာ said...
San San Htun said...
Anonymous said...
ချောချောမောမောရောက်သွားလို့ ဝမ်းသာပါတယ်နော်၊၊ အလုပ်အကိုင် ကောင်းကောင်းလေး ရှာတွေ့ပါစေဗျာ၊၊ ဘီနစ်ဖစ်တွေ ကောင်းကောင်းရပြီး ခရီးတွေလည်း ခဏခဏ ထွက်နိူင်ပါစေသား၊၊
တိမ်ပြာ(မနောမြေ)
February 24, 2013 at 10:15 PM
စံပယ်ချို said...
ရှမ်းပြည်နယ်တောင်ကြီးအတက်လေးကိုလာရောက်လွမ်းနေတာပါစန်းထွန်းရေ
ဘေးမသီ ရန်မခ ရောက်ရှိတာပဲ ဘုရားသခင်ကိုကျေးဇူးတင်ရမယ်နော်
February 25, 2013 at 1:36 AM
စံပယ်ချို said...
ရှမ်းပြည်နယ်တောင်ကြီးအတက်လေးကိုလာရောက်လွမ်းနေတာပါစန်းထွန်းရေ
ဘေးမသီ ရန်မခ ရောက်ရှိတာပဲ ဘုရားသခင်ကိုကျေးဇူးတင်ရမယ်နော်
February 25, 2013 at 1:36 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ ကိုယ်တိုင်မောင်းရင်တော့ဘယ်လိုနေမယ်မသိ
အဲဒီလမ်းကြီးကြည့်ပြီး ကားကို ခပ်ပြင်းပြင်းလေး မောင်းကြည့်ချင်သား..
ခရီးမကြာခဏထွက်ပြီး စိတ်တွေ မကြာခဏ refresh ပြန်ပြန်ဖြစ်ရတဲ့ ခံစားမှုလေးတွေ များများ ရပါစေ၊ များများ မျှဝေနိုင်ပါစေလို့။
February 25, 2013 at 3:09 AM
သူကြီးမင်း (တုံးဖလား) said...
စန်းထွန်းကားမောင်းတာ ဖတ်ပြီး ကိုယ်တိုင်မောင်းသလို ခံစားရပြီး လူတောင် မောချင်လာသလိုလို။ အဲမှာက နိုင်ငံအကြီးကြီးဆိုတော့ ကားပြတ်မှာပေါ့။ ဒီမှာတော့ ဘယ်သွားသွား ကားတွေ ကြပ်လွန်းလို့ စိတ်ပျက်စရာ။
လမ်းတွေကြည့်ရင်း Country Road, take me home သီချင်းလေးကို အမှတ်ရရင်း တစ်ခုခုကို လွမ်းချင်လာသလိုလို ဘာလိုလိုနဲ့။
February 25, 2013 at 8:23 PM
Aunty Tint said...
အာဂစန်းစန်းပါလား ဟိုင်းဝေးလမ်းကြီးက ဖြူးနေတာပဲ ကားမောင်းတာ လမ်းကဆက်တိုက်ဖြောင့်နေရင် အိပ်ငိုက်လာတတ်တယ်နော် ဘေးမသီရန်မခ အခုလို အေးချမ်းစွာပြန်ရောက်လာတယ်ဆိုရင်ပဲ ဝမ်းသာပါပြီ စန်းစန်းရယ်။ စန်းစန်းဘလော့ကို အလည်လာရင် အချိန်ရှည်ရှည် အားချိန်ကိုရွေးပြီး လာဖတ်လေ့ရှိတယ် း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
February 26, 2013 at 12:22 AM
Anonymous said...
သတ္တိခဲစန်းထွန်း..
ကဲ...အလုပ်ရဘို့ဘဲလိုတော့တယ်။
မြန်မြန်ရပါစေကွယ်။
ချစ်သော
မမအိုင်အိုရာ
February 26, 2013 at 12:30 AM
ညိမ်းနိုင် said...
ဘေးမသီရန်မခပဲရောက်သွားတာကြားရတာ ကောင်းပါ
လေ့ဗျာ....၊
February 26, 2013 at 5:29 AM
သီရိရတနာ said...
ကိုယ် .. စာဖတ်ရင်းနဲ့ စိတ်ပူနေတာ .. စနိုးလည်းကျတယ်။ မြူလည်း ဆိုင်းတယ်ဆိုတော့ လမ်းတွေ ice slip ဖြစ်မှာစိုးလို့ .. မြူဆိုင်းရင် မှောင်တော့ ကားမောင်းလို့ သိပ်မကောင်းဘူး။ လမ်းကလည်း လူပြတ်တယ်ဆိုလို့လေ .. အာဂ စန်းထွန်းပဲ ...
အားမလျှော့ပဲ မရောက်ရောက်အောင် သွားနိုင်တာကို ချီးကျူးတယ်။ အားလည်းကျတယ်။
March 1, 2013 at 5:32 PM