ရက်ကွက်ထဲမှာတော့ဗျာ - ၁၃

သူများတွေ လွယ်လွယ်ကူကူ ကားမှတ်တင်နိုင်ပေမဲ့ ပင်ပန်းမဲ့ဇာတာပါသူ စန်းထွန်းတယောက်ကတော့ Jefferson Country ရုံးကို ၆ခေါက်တိတိသွားပြီးမှ မှတ်ပုံတင်နိုင်ခဲ့လေတယ်။ ဆူနမ်နဲ့ မိုင်းဖန်ကို မနက်ဖြန် ငါ ကားမှတ်ပုံတင် သွားလုပ်မယ်ဆိုတော့ စာရွက်စာတမ်းတွေ စုံပြီလား မေးရာက ဇာတ်လမ်းစပါတယ်။ ငါ့မှာ ဘယ်သူကနေ ဘယ်သူ့ကို ရောင်းတယ်ဆိုတဲ့ စာချုပ်(စတိတ်မှာ Title တိုင်တယ်ဟု ခေါ်သည်) ရှိတယ်ဆိုတော့ အရင်ပိုင်ရှင်က လက်မှတ်ထိုး နိုတရီလုပ်ထားသလားတဲ့။ အမ်..ပိုင်ရှင်လက်မှတ်ပဲ ထိုးထားတယ်။ နိုတရီမလုပ်ထားဘူးဟ။

စန်းစန်း နင်မှတ်မိလား ကျောင်းမှာ နင်ကားဝယ်တုန်းက အရောင်းအဝယ်စာချုပ်မှာ ဂင်္ဂါက အရင်ပိုင်ရှင်။ ဂင်္ဂါကိုယ်တိုင်လိုက်ပြီး တိုင်တယ်မှာ လက်မှတ်ထိုးပေးရတာ။ ဂင်္ဂါမပါဘဲ နင့်ကို ရောင်းမယ်ဆိုရင် ဘဏ်ကို သွားပြီး ဂင်္ဂါက ငါ့ကို ရောင်းဖို့ တာဝန်လွှဲအပ်တယ်ဆိုတဲ့ စာချုပ်ကို လက်မှတ်ထိုးပြီး နိုတရီလုပ်ရတယ်။ စတိတ်မှာတော့ ဘဏ်ကိုသွားပြီး အိုင်ဒီပြ စာချုပ်ပေါ်က နာမည်နဲ့၊ အိုင်ဒီက နာမည်တူမတူ ဘဏ်ကစစ်၊ သူတို့ရှေ့မှာ လက်မှတ်တိုး၊ ဘဏ်က နိုတရီတံဆိပ်တုံးထုပေးပြီး နိုတရီလုပ်နိုင်ပါတယ်။ ကိုယ်အကောက်ဖွင့်ထားတဲ့ဘဏ်တွေဆိုရင် အခမဲ့ နိုတရီလုပ်ပေးပြီး တခြားဘဏ်ဆိုရင်တော့ ၂ဒေါ်လာ ပေးရပါတယ်။

အဲဒီတော့မှ ဂင်္ဂါမပါဘဲ ငါ နင့်ကို ရောင်းလို့ရပြီး တိုင်တယ်မှာ လက်မှတ်ထိုးလို့ရတယ်။ ပိုင်ရှင်ကိုယ်တိုင်ပါရင် နိုတရီမလုပ်ဘဲ မှတ်ပုံတင်လို့ရတယ်။ ပိုင်ရှင်မပါရင်တော့ နိုတရီလုပ်ရမယ်။ ကန်တက်ဂီပြည်နယ် ဂျက်ဖာဆန်ရုံးဆိုဒ်ကို ဝင်ကြည့်တော့ မှတ်ပုံတင်ဖို့ တိုင်တယ်ရယ်၊  ရောင်းသူ၊ ဝယ်သူ နှစ်ဖက်စလုံးက လက်မှတ်ထိုးပြီး နိုတရီလုပ်ထားတဲ့ Application For Kentucky Certificate of Title or Registration Form ရယ်၊ အာမခံရယ် လိုအပ်ပါတယ်။ ဒီတော့ တိုင်တယ်ကို အင်ဒီယားနားပြည်နယ်ကို ပြန်ပို ့။


သူ့နာမည်အမည်ပေါက်ဆိုရင် ချက်ချင်းလုပ်ပေးလို့ ရပေမဲ့ ကားဝယ်ပြီး တိုင်တယ်မချိန်းထားတော့ သူကိုယ်တိုင် သွားလုပ်ပေးလို့မရ။ အရင်ပိုင်ရှင်က လုပ်ပေးမှ ရမှာပါ။ ကံကောင်းတာက အရင်ပိုင်ရှင်က အဲဒီမြိ  ု့မှာပဲ ရှိနေသေးတာပါ။ အကယ်လို့များ တခြားပြည်နယ်ကို ပြောင်းသွားပြီး လိပ်စာမသိခဲ့ရင်...။ ကားဝယ်ပြီးတာနဲ့ ကိုယ့်အမည်ပေါက်လုပ်ထားတော့ ကိုယ့်ကြိ ုက်တဲ့အချိန် ရောင်း။ ရုံးဖွင့်ချိန်မှာ သွားပြီး တိုင်တယ်နိုတရီလုပ်ပေးဖို့ကို သူ့အလုပ်အားချိန်မတိုက်တော့ အဆင်မပြေပြန်ဘူး။

ရောင်းသူလက်မှတ်ထိုး၊ ဝယ်သူနေရာမှာ စန်းထွန်းရဲ့ အချက်အလက်တွေဖြည့်ပြီး နိုတရီထုပေးခွင့်ရှိတဲ့ ဘုန်းဘုန်းက တံဆိပ်တုံး ထုပေးလိုက်တယ်။ အမေရိကန်တွေဆီမှာ ဒီလိုလုပ်လို့ မရပါဘူး။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပေါ့။ နိုတရီတံဆိပ်တုံးထုပေးတဲ့သူက တာဝန်ကြီးပါတယ်။

ကိုင်း စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုတော့ မှတ်ပုံတင်ဖို့ ချီတက်စမ်းမယ်။ ရုံးနားက ဂျက်ဖာဆန်ရုံးခွဲလေးမှာ မှတ်ပုံတင်တော့ ကန်တက်ဂီပြည်နယ်က ကားမဟုတ်တဲ့အတွက် အင်စပက်တာဆီမှာ စစ်ဆေးပြီးမှ မှတ်ပုံတင်နိုင်ပါမယ်တဲ့။ အင်စပက်တာရှိတဲ့ ရုံးမှာ သွားအင်စပက်တော့ ဗင်နံပါတ်လို့ အတိုကောက်ခေါ်ကြတဲ့ Vechicle Indentification Number ကားရှေ့မှန်နောက်က ဒက်ရှ်ဘုတ်မှာ မရှိလို့ အင်စပက်လို့ မရပါဘူးတဲ့။ ဗင်နံပါတ်ကို ဘယ်လိုရအောင်လုပ်ရမလဲဆိုတော့ ကန်တက်ဂီပြည်နယ်ရဲ့ မြိ  ု့တော် ဖရန့်ဖွက်က ရုံးဆီကို တိုင်တယ်၊ ကန်တက်ဂီပြည်နယ်ဖောင်၊ အာမခံ ကော်ပီတွေနဲ့အတူ ဗင်နံပါတ်ဘာကြောင့်မရှိတော့ရတဲ့ အကြောင်း စာရေးပြီး နောက်ထပ် ဗင်နံပါတ်အသစ်ထုတ်ပေးဖို့ စာရေးတောင်းရတယ်။


ဗင်နံပါတ်မရှိတော့တာ အရေးကြီးတဲ့ကိစ္စဖြစ်ပါသတဲ့။ အခိုးခံရတဲ့ ကားတွေဆိုရင် ဗင်နံပါတ်ကို ဖျောက်ဖျက်လေ့ရှိတာကြောင့် Stolen Car ဖြစ်နိုင်ပါတယ်တဲ့။ ရုံးကလူတွေရယ်၊ အိမ်ကလူတွေရယ်၊ ဆူနမ်တို့ကို ပြောပြတော့ ကြားရတဲ့သူတိုင်း ခေါင်းကြိမ်းကြတယ်။ အခိုးခံရတဲ့ကား မဟုတ်တာ သေချာပါတယ်။

နှစ်ပတ်ကြာတဲ့အထိ ဘာသတင်းအစအနမှ မရတော့ ချီတက်ရပြန်တယ်။ ဖရန့်ဖွတ်ကရုံးကို ဂျက်ဖာဆန်က ဝန်ထမ်းတွေ ဖုန်းဆက်ပြီး မေးမြန်းရတယ်။ ဖုန်းခေါ်တာ ဆယ့်ငါးမိနစ်လောက် စောင့်ဆိုင်းပြီးမှ ဖရန့်ဖွတ်ရုံးက အကြောင်းပြန်လာပါတယ် ဗင်နံပါတ်အသစ်ကို မနေ့က စာတိုက်နဲ့ ပို့လိုက်ပါပြီ။ နောက်သုံးရက်ဆိုရင် စာတိုက်ပုံးကို စစ်ကြည့်ဖို့ မမေ့ပါနဲ့တဲ့။

စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ ဗင်နံပါတ်မတွေ့ရ။ ဂျက်ဖာဆန်ရုံးကို သွားမေးတော့ သူတို့မဆိုင် အင်စပက်တာကို မေးကြည့်ပါတဲ့။ အင်စပက်တာကို မေးကြည့်တော့ သူလည်းမသိဘူး ဂျက်ဖာဆန်ရုံးကို သွားမေးလိုက်ဦးမယ်တဲ့။ တော်သေးတယ် အင်စပက်တာရုံးခန်းလေးက ဂျက်ဖာဆန်ရုံးရှေ့မှာမို့လို့။ ဂျက်ဖာဆန်ရုံးက ပြန်လာတော့ ဗင်နံပါတ်ကို မြိ ု့လယ်ရုံးချုပ်ကြီးမှာ သွားထုတ်ပါတဲ့။ မြိ ု့လယ်..တလမ်းမောင်းလမ်းတွေနဲ့ ကားရပ်ဖို့နေရာရှာရခက်တဲ့၊ ရပြန်ရင်လည်း Parallel Parking ထိုးရတဲ့ မြိ ု့လယ်။

ဘားကုတ်နားက ဗင်နံပါတ်
ဆူနမ်နဲ့မိုင်းဖန်က တညီတညွှတ်တည်းဆိုတယ် ကားမောင်းမသွားပါနဲ့တဲ့။ တက္ကစီသာ စီးပါတဲ့။ အိမ်ရှင်ကို အကူအညီတောင်းတော့ လိုက်ပို့ပေးတယ်။ တလမ်းမောင်းလမ်းတွေနဲ့ အကြွေစေ့ထည့်ပြီး ပါကင်းခပေးရတဲ့ မြိ ု့လယ်ကို ချောချောမောမော ရောက်ပေမဲ့ လမ်းပြင်နေလို့ မြစ်ကိုကျော်ဖြတ်ပြီး တဖက်ကမ်းက အင်ဒီယားနားပြည်နယ်ထဲဝင်ပြီး ကွေ့ပတ်မောင်းခဲ့ရလေတယ်။ ဗင်နံပါတ်အသစ်ရပြန်တော့ နဂိုရှိတဲ့ အပေါက်နဲ့ မတော်လို့ အိမ်ရှင်ဆီက မူလီရယ်၊ ပလာရာတွေတောင်းပြီး တပ်ဆင်ရပြန်တယ်။ မှန်နောက်မှာဆိုတော့ ပလာရာတွေနဲ့မဆံ့ အသေးဆုံးပလာလေးကို အင်အားသုံးပြီး အပေါက်ဖောက်ရတာ တအားခက်တယ်။ ကလေးလက်ဆိုတော့ လူးကပ်လက်က ဆံ့ပေမဲ့ အားကမရှိ။ တနာရီလောက် ခွျှေးတပြိ ုက်ပြိ ုက်ကျ၊ အိမ်မှာရှိတဲ့ ကလေး၊ လူကြီး၊ တက္ကဆက်ကနေ အလည်ရောက်နေတဲ့ ကလေးတွေအဘွားပါ သူယူလာတဲ့ အပ်ချုပ်စက် ပလာယာတွေနဲ့ တော်လိုတော်ညား ရှာပေးနဲ့ အိမ်ရှိလူကုန် အလုပ်များကြလေတယ်။

နောက်တခေါက်သွားတော့ အင်စပက်တာကြီးက မှတ်မိနေတယ်။ မမှတ်မိဘဲနေမလား တပတ်တခေါက်ရောက်ပြီး ဗင်နံပါတ်မရှိတဲ့ ငတိမလေးပေကိုး။ ဗင်နံပါတ်က အိုကေပေမဲ့ ကားရှေ့မီး စင်ကနယ်က မှိန်နေလို့အင်စပက်လို့ မရပါဘူးတဲ့။ ရုံးကလူတွေ၊ အိမ်ကလူတွေ၊ ဆူနမ်တို့က စိတ်ဝင်စားကြတယ်။ ဒီလိုအဖြစ်မျိုး ဒီတခါပဲ ကြားဖူးလို့တဲ့။ ရုံးကလူတွေ၊ အိမ်ကလူတွေကို မေးကြည့်တော့ AutoZone မှာ မီးလုံးဝယ်ပြီး လဲခိုင်းလို့ ရပါတယ်တဲ့။ ကားအမျိုးအစား ပြောပြပြီး ညာဖက်စင်ကနယ် ရှေ့မီးပေးပါဆိုတော့ အူတူတူငတိမလေးကို ကြည့်ပြီး ရောင်းတဲ့အန်ကယ်ကြီးက သေချာအောင် ကားဆီလိုက်ပြခိုင်းတယ်။ ရှေ့နောက်စင်ကနယ်အကုန်ပြခိုင်းတယ်၊ စက်ဖုံးဖွင့်ခိုင်းတော့ ဟဲ..ဟဲ..ဒီကားက အသစ်ဗျ..မသိဘူးဆိုတော့ အန်ကယ်ကြီးမျက်နှာပေးက ငါထင်သားပဲတဲ့။ မီးလုံးရောင်းရင်လည်း ကိုယ့်ဘာသာ တပ်ဖို့ခက်လိမ့်မယ် ဝပ်ရှော့ဆီသာသွားပါတဲ့။ မီးလုံးမရောင်းလိုက်ဘူးဗျား။ ဝယ်ရှော့ဆိုင်လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ ပေးလိုက်တယ်။ ရုံးချိန်နဲ့ တိုက်နေလို့ စနေ့နေ့မှ သွားပြင်လိုက်တယ်။ မီးလုံးက ၁၀ ပဲကျပြီး ပြင်ခက ၃၀ တဲ့ ဂစ်..ဂစ်..ဂစ်...။

အင်စပက်တာကြီးက စင်ကနယ်တွေ ပြခိုင်း၊ ဘရိတ်နင်းခိုင်း၊ ရှေ့မီးလင်းခိုင်း၊ ဟွန်းတီးခိုင်း၊ မိုင်တွေ မေးပြီး ပေး ငါးကျပ်... အောင်မြင်စွာ မှတ်ပုံတင်နိုင်ပါပြီတဲ့။ အိမ်လိပ်စာပြောင်းချင်ပြောင်းမှာမို့ မွေးလ နိုဝင်ဘာအထိပဲ မှတ်ပုံတင်ပါတယ်။ ဘာကြေး၊ ညာကြေး၊ အခွန်တွေနဲ့ ၁၅၀ကျော် ကျလေတယ်။ ဒါတောင် ဈေးအပေါဆုံး ပလိတ်နံပါတ်ပြားမို့လို့။ ဘတ်စကက်ဘောအသင်းတွေပါတဲ့၊ ရောင်စုံလှလှလေးတွေပါတဲ့ ပလိတ်ပြားဆို ဈေးကမသေး။ ဤသို့ဖြင့် ၆ ခေါက်တိတိ သွားပြီးသည့်နောက် အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့လေသည်။

ရှေ့က အပေါက်၂ပေါက်မှာ အသေအချာ မူလီနဲ့ တပ်ရမှာ..ကွျှနု်ပ်လက်ဖြစ် ဗင်နံပါတ်...
တခုကျန်သေးတယ်။ ကားမောင်းလိုင်စင်လဲဖို့။ ပြည်နယ်တခုမှာ တလနေပြီးရင် အဲဒီပြည်နယ်ရဲ့ လိုင်စင်ပြောင်းရမှာပါ။ မက်ဆာချူးဆက်ပြည်နယ်မှာတော့ လိုင်စင်ချိန်းတာ လွယ်တယ်။ အိုင်အိုဝါလိုင်စင်ပြ ရဲဌာနမှာ လက်ဗွေနှိပ်ပြီး မက်ဆာချူးဆက်ပြည်နယ်လိုင်စင် ထုတ်ပေးတယ်။ အိုဟိုင်းရိုးပြည်နယ်မှာတော့ ကားမှတ်ပုံတင်တာနဲ့ အိုဟိုင်းရိုးပြည်နယ်ကားမောင်လိုင်စင် မဟုတ်ရင် ရေးဖြေစာမေးပွဲပြန်ဖြေ။ အိုဟိုင်းရိုးကားမောင်းလိုင်စင်ရပြီးမှ ကားမှတ်ပုံတင်နိုင်တယ်။ ကန်တက်ဂီပြည်နယ်မှာတော့ ကားမှတ်ပုံတင်ဖို့ ကန်တက်ဂီပြည်နယ်ကားမောင်းလိုင်စင် ပြောင်းစရာမလို။ ကန်တက်ဂီပြည်နယ်လိုင်စင်ပြောင်းဖို့ ရေးဖြေ၊ ကားမောင်း ၂မျိုးလုံး ဖြေဆိုရသည်။ ကျောင်းမှာတုန်းက ကားမောင်းလိုင်စင်ရဖို့ ၆ကြိမ်အတိ မောင်းပြခဲ့ရသော စန်းထွန်းတယောက် မောင်းဖြေဖို့ ကြောက်လှလေသည်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ မိုင်၈၀မောင်းပြီး ကားမောင်းလိုင်စင်ဖြေဆိုရတယ်လို့ ကြားတယ်။

ရုံးမှာ ကားတစီးရောင်းဖို့ စာကပ်ထားတယ်။ အိမ်စီးကားဆိုတော့ သန့်သန့်လေး။ အေဂျင့်ဖိုးလည်း ပေးစရာမလို။ ဝယ်ချင်သူတွေကို သတင်းပေးလိုက်နော်ဆိုတော့ နိုး..နိုး..  စန်းထွန်းအဖြစ်ကိုကြည့်ပြီး ကန်တက်ဂီပြည်နယ်ဆိုရင် ဝှောင်ဝှောင်ရှေးပါတော့မယ်တဲ့။


ဘောစတွန်သွားတောလား ၄ ပို့စ်တုန်းက လွန်ခဲ့သော ၁၀နှစ်က အမေရိကန်တွေရဲ့ အိမ်မက်ကားကို ပဟေဋ္ဌိ လုပ်ပါတယ်။ ကိုအွတ်ထောင်က ကားကတော့ ကားဒီလက် ကားကြီး.. မီးခွက်ကြည့်ရတာတော့ ၁၉၈၅ နောက်ပိုင်း၊ Sedan de Ville ထဲကဖြစ်လောက်မယ်... အဲ.. နှာယောင်ကြီး ရှေ့ကို ချွန်ထွက်လာတော့ ၁၉၉၃ နောက်ပိုင်းလောက် ထင်တာပဲ.. မှန်ရင်တော့ တစ်ဆင့်တိတိ ဆုပေးပါ :P ဆိုပြီး ရမ်းတုတ်ပါတယ်။ သူ့အဖြေ မှန်ပါတယ်။ အဲဒီကားက CADILLAC (ကက်လက်) ပါတဲ့ ခင်ဗျား။ စနေနေ့ညမှာ ကက်လက်လေးစီးပြီး လျှောက်လည်ရရင် သေပျော်ပါပြီဆိုတဲ့ သီချင်းလေးတောင် ရှိတယ်တဲ့။ ဈေးကြီးသလို တသက်လုံး အမုန်းစီးရမယ်တဲ့။ ကိုင်း..ကိုအွတ်ထောင်ကို တဆင့်တိတိ ချီးမြှင့်လိုက်မယ်..:P ။


တက္ကဆက်က ကလေးတွေအဘွားကို မက္ကဆီကိုနဲ့ နီးနီးလေးဆိုတော့ တဂျိမ်းဂျိမ်း သွားလည်နေမှာပေါ့လို့ စပ်စုတော့ နယ်စပ်ကို နေ့လည်ဖက်အလည်သွားပြီး မက္ကဆီကိုဖက်ကို ခြေတလှမ်းတောင် မချပါဘူးတဲ့။ အမေရိကန်မှန်းသိရင် ပြန်ပေးဆွဲလို့ အန္တရာယ်အရမ်းများပါတယ်တဲ့။ တက္ကသိုလ်တခုဆိုရင် ခြံဝန်းခတ်ထားပြီး ကလေးတွေကို နယ်စပ်မသွားအောင် တင်းကျပ်ထားပါတယ်တဲ့။ တောင်ပိုင်း တက္ကဆက်ပြည်နယ်က ပူပြီး နှင်းမကျပါဘူး။ အဲ မုန်တိုင်းတော့ များတယ်။ လွန်ခဲ့တဲ့ ၇နှစ်က ကက်ထရီနာမုန်တိုင်းတိုက်လို့ နယူးအော်လင်းမှာ လူတွေအများကြီး သေခဲ့ပြီး ၇နှစ်ပြည့်ဖို့ ရက်ပိုင်းအလို အိုင်ဆက်မုန်တိုင်း ဝင်နေပြန်တယ်။ မုန်တိုင်းဆိုရင် နာဂစ်ကတည်းက မီးမီးကြောက်ကြောက်။

Issac မုန်တိုင်း လူဝီဇီနားပြည်နယ် နယူးအော်လင်းမြိ ု့ကို ဦးတည်နေစဉ်...
ဟိုလာ (မင်္ဂလာပါ)လို့ နှုတ်ဆက်တော့ ကောင်းသောနေ့လေး ဖြစ်ပါစေ စပိန်လို  ပြန်ပြောတယ်။ တက္ကဆက်မှာ မက်ဆီကန်တွေ အများကြီးမို့လို့ စပိန်လို ထမင်းစားရေသောက်တော့ ပြောတတ်တယ်တဲ့။ ဟီး..ကိုလံဘီယာ ကျောင်းနေဖက် ဒန်နီယံသင်ပေးထားလို့ ဟိုလာ၊ ဂရပ်ရှပ် (ကျေးဇူးတင်ပါတယ်)၊ သရက်ရှ် သရက်ရှ် (သုံးသုံး) ပဲ တတ်တယ်။ ကိုလံဘီယာလည်း မက္ကဆီကိုလို ဒိန်ဂျားတဲ့။ အမေရိကန်တွေကို ပြန်ပေးဆွဲတယ်။ ဆေးခြောက်ကို အလွယ်တကူဝယ်လို့ရတယ်။ အမ်..ဒန်နီယံက ကိုလံဘီယာကမ်းခြေတွေက ရေငုပ်ဖို့အရမ်းလှတယ်၊ လူတွေကလည်း ဖော်ရွေတယ်လို့ပဲ ပြောတယ်။ အဲဒါတွေ ပြောဘူး။  သူက ကိုလံဘီယမ်ကိုး ဒါမျိုးတွေ မကြံ ုဖူးလို ့နေမယ်တဲ့။

အိမ်ရှင်နဲ့ လူနီအင်ဒီးယန်းတွေအကြောင်း စပ်စုကြည့်တော့ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့ဖက် နီဘားဒါး သဲကန္တာရဖက်မှာ နင့်မျက်နှာနဲ့ဆင်တဲ့ မျက်နှာပေါက်တွေ တွေ့ရင် လူနီအင်ဒီးယန်းတွေလို့ မှတ်လိုက်ပါတဲ့။ မက်ဆီကန်တွေလည်း မျက်လုံးနက်နက်၊ ဆံပင်နက်နက်တွေ အာရှတွေနဲ့ဆင်တယ်။ နိုဝင်ဘာလရဲ့ စတုတ္တမြောက် ကြသပတေးနေ့ကို လူနီအင်ဒီးယန်းတွေက ဘယ်လိုစိုက်ပျိုးစားသောက်တတ်အောင် သင်ပေးခဲ့တာ၊ ဆောင်းဦး ကောက်ရိတ်သိမ်းချိန်၊ အမေရိကားတိုက်ကို ရှာဖွေတွေ့ရှိခဲ့လို ဘုရားသခင်ကို ကျေးဇူးတင်တဲ့အထိမ်းအမှတ် ကျေးဇူးတော်နေ့ပွဲတော်ကို ကျင်းပကြပါတယ်။

ဒေသခံ လူနီအင်ဒီးယန်းများ...
ကလေးတွေဘွားဘွားက အသက်၆၀ပြည့်ပြီမို့ အငြိမ်းစားယူပါပြီ။ အလုပ်လုပ်စဉ်တုန်းက လစာထဲက ဖြတ်ပြီး ပင်စင်အတွက် အစိုးရက စုဆောင်းပေးတယ်။  စုဆောင်းငွေတွေကို စီးပွားရေးတွေမှာ အစိုးရက ရင်းနှီးမြ ုပ်နှံတယ်။ ၁၉၅၀-၁၉၆၀ Baby Boomer အချိန်တုန်းက ကလေးတွေ အများကြီးမွေးကြပေမဲ့ အခုတော့ အမေရိကန်မိသားစုတခုမှာ ကလေး၂ယောက်ပဲ ယူကြတာ များပါတယ်။  Baby Boomer အချိန်တုန်းက မွေးခဲ့တဲ့သူတွေ အခုအချိန်မှာ အငြိမ်းစားယူကြပြီမို့ အငြိမ်းစားယူကြတဲ့ အရေအတွက်ကများပြီး အလုပ်လုပ်နေတဲ့ လူငယ်လူလတ် အရေအတွက်က နည်းလို့ အစိုးရက အငြိမ်းစားတွေကို သူတို့စုဆောင်းထားသလောက် မထောက်ပံ့နိုင်ပါဘူးတဲ့။ အလုပ်လုပ်တုန်းက တလငါးထောင်ရရင် အငြိမ်းစားယူရင်လည်း တလငါးထောင်  ထောက်ပံ့ရမှာ ခုအစိုးရက လေးထောင်ပဲ ထောက်ပံ့နိုင်ပါတယ်တဲ့။ လူလတ်ပိုင်း အမေရိကန်တွေ သူတို့အငြိမ်းစားယူချိန် အစိုးရဘက်ဂျတ်နည်းနေမှာကို စိတ်ပူမိတယ်တဲ့။

နောက်ပြသနာတခုက နယ်စပ်ကနေ တရားမဝင်ခိုးဝင်လာသူတွေ။ မက္ကဆီကိုနိုင်ငံက ဆင်းရဲလွန်းလို့  စတိတ်ကိုလာပြီး အလုပ်လုပ်ဖို့က မက်ဆီကန်တွေရဲ့ရည်မှန်းချက်။ ရတဲ့လစာလေးကို နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်တာပဲသုံးပြီး ပိုတာကို မက္ကဆီကို ပြန်ပို့ကြတယ်။ နိုင်ငံခြားကို ထွက်ငွေများတော့ နိုင်ငံအတွင်း ဝင်ငွေလည်ပတ်စီးဆင်းမှုကို ထိခိုက်စေတယ်။ အခြေအနေပေးရင် မိသားစုကို ခေါ်၊ ရိုမန်ကက်တလစ်ဘာသာဝင်တွေမို့ ကလေးတွေ အများကြီးမွေး။ တရားဝင်နေထိုင်တဲ့ဖြစ်ဖြစ်၊ တရားမဝင်နေထိုင်တဲ့သူဖြစ်ဖြစ် နိုင်ငံအတွင်း ကလေးမွေးရင် ကလေးဟာ အဲဒီနိုင်ငံသားအော်တိုဖြစ်တာ အမေရိကန်တနိုင်ငံတည်း ရှိပါတယ်။

အမေရိကန်နိုင်ငံသားကလေးတွေရဲ့ အုပ်ထိန်းသူကို အစိုးရထောက်ပံ့တာကြောင့် အမေရိကန်မှာ ကလေးမွေးဖို့က မက်ဆီကန်တွေရဲ့ မျှော်လင့်ချက်။ အရီဇိုးနား၊ တက္ကဆက်တို့လို မက္ကဆီကိုနဲ့ နယ်စပ်ချင်းထိဆက်နေတဲ့ ပြည်နယ်တွေမှာ တရားမဝင်ခိုးဝင်နေထိုင်သူတွေ များပါတယ်။ ကိုယ်ဝန်၈လနဲ့ မက်ဆီကန်မိန်းမတယောက် သေနတ်နဲ့အပစ်ခံရပြီး သေရမှာ မကြောက်မလန့် စတိတ်ကိုခိုးဝင်ဖို့ ကြိ ုးစားတာ အမေရိကန်အတွက်အတွက်တော့ မိုက်မဲရှုးသွပ်လိုက်တာလို့ မြင်ပါတယ်။ အသက်ရှင်သန်ဖို့အရေး မငတ်မွတ်အောင် ရုန်းကန်နေသူတွေအတွက်တော့ သေမထူးနေမထူး စွန့်စားမှုတရပ်ပေါ့။

မက်ဆီကန် ရိုးရာဝတ်စုံ...အိမ်ကို အဝါရောင်တောက်တောက် ဆေးသုတ်ထားရင် သေချာတယ် မက်ဆီကန်တဲ့ဗျား...
အစိုးရဆီက ထောက်ပံ့စာ စားပြီး အလုပ်မလုပ် ကလေးတပြွတ်ပြွတ်မွေးနေတဲ့  မက်ဆီကန်တွေ၊ လူမည်းတွေအတွက်  အလုပ်လုပ်ပြီး အခွန်ထမ်းနေတဲ့ အမေရိကန်တွေ မပြောနဲ့ ကိုယ်တွေတောင် မကျေနပ်ဘူး။ မက်ဆီကန်တွေဟာ နိုင်ငံသားဖြစ်သွားလည်း စပိန်စကားပြော၊ အမေရိကန်လို မကျင့်၊ မက်ဆီကန်အသိုင်းအဝန်းမှာ ကျင်လည်၊ အမေရိကန်နိုင်ငံအတွက် သစ္စာစောင့်သိမှုမရှိ၊ အရေးကြံ ုရင် မက္ကဆီကိုနိုင်ငံဖက်မှာ ရပ်တည်ကြမဲ့လူတွေလို့ မြင်ပါတယ်။

ကော်လိုရာဒိုရုပ်ရှင်ရုံမှာ သေနတ်ဝင်ပစ်လို့ လူတွေ သေသွားပါတယ်။ သေနတ်တွေ လက်ဝယ်ရှိလို့ သေနတ်ပစ်မှုတွေ ဖြစ်တာ။ သေနတ်တွေ သိမ်းလိုက်ရင် ဒီကိစ္စငြိမ်းသွားမယ်ထင်တယ်ဆိုတော့ အမေရိကန်တွေကို လက်နက်သိမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ သေနတ်ရှိမှ ကိုယ်ကိုကိုယ် ကာကွယ်နိုင်မှာလို့ အမေရိကန်တွေ ယူဆပါတယ်။ ကိုယ့်အိမ်ထဲဝင်ပြီး ဓားပြတိုက်တဲ့သူကို သေနတ်နဲ့ပစ်တာ ကိုယ့်ကိုကိုယ် ကာကွယ်ရာရောက်ပြီး ထောင်မကျပါဘူးတဲ့။ အဲ အဲဒီဓားပြ ကိုယ့်အိမ်ပိုင်နက်ထဲမှာ မရှိတော့ရင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်ရာ မရောက်တော့ဘူး။ ထောင်ကျနိုင်ပါတယ်တဲ့။ သူခိုးတယောက် ဝင်ခိုးရာက အိမ်ထဲ ၃ရက်လောက် ပိတ်မိနေလို့ အစာငတ်၊ ရေငတ်ဖြစ်နေတာ အိမ်ရှင်ကို သူခိုးက တရားပြန်ဆွဲနိုင်တာ အမေရိကန်နိုင်ငံမှာပဲ ရှိမယ်ထင်တယ်။ နိုင်ငံကို ကျူးကျော်လာသူတွေကို တိုက်ထုတ်ဖို့ သေနတ်ဆောင်ကိုဆောင်ရမယ်လို့ အမေရိကန်တွေ ယုံကြည်ထားတယ်။

အိမ်ရှင်က ပို့ကုန်သွင်းကုန် အေးဂျင့်ပါ။ သူ့ဖောက်သည်တယောက် ထောင်၃နှစ်ကျဖို့ သေချာသလောက် ရှိနေပါတယ်။ ဆေးလိပ်သောက်ရင် အခိုးအငွေ့တွေက ခန္ဓာကိုယ်ထဲရောက်တာက နည်းနည်း လေထဲလွှင့်ကုန်တာကများများ။ တရုတ်နိုင်ငံကထုတ်တဲ့ ပြောင်းတံကတော့ ခန္ဓာကိုယ်ထဲများများရောက်အောင် တီထွင်ထားပါတယ်။ ဆေးခြောက်ရှုပြီး ခန္ဓာကိုယ်မပါတော့ဘူးလို့ ဖီးလ်တက်နေအောင်လို့ပါတဲ့။ ကယ်လီဖိုးနီးယားမှာ တရားဝင်ပေမဲ့ ဒီပြည်နယ်မှာ တရားမဝင်ဘူးလို့ အိမ်ရှင်က ပြောတော့ သူများတွေလည်း ရောင်းနေတာပါပဲဆိုပြိး ရောင်းပါတယ်။ ခုတော့ တရားမဝင် ဆိုင်မှာတွေ့တာနဲ့တင် ထောင်ဒဏ်သုံးနှစ်ဆိုတော့ အစိုးရကို တရားဝင်တယ်ထင်လို့ သူရောင်းတဲ့အကြောင်း ထုချေပေးဖို့ အကူအညီတောင်းပါတယ်။ အိမ်ရှင်မကလည်း ငါနင့်ကိုပြောသားပဲ ရှေ့နေနဲ့တိုင်ပင်၊ ပစ္စည်းတွေ တရုတ်ပြည်ပြန်ပို့ဖို့ ကူညီနေပါတယ်။ သူ့ဖောက်သည်ရဲ့ အမျိုးသမီးက မွေးဖွားရင်း ကလေးသေသွားလို့ အိမ်မှာ နာရေးဖြစ်နေချိန်။ ဒီလိုကိစ္စဖြစ်တော့ ထောင်၃နှစ်လောက် ကျနိုင်တယ်တဲ့။


စကားစပ်မိပြီး ဘိန်းတွေအကြောင်းရောက်သွားတော့ အိမ်ရှင်မက ဘိန်းဟာ အရမ်းဆိုးရွား လူသတ်တဲ့ အရာပါတဲ့။ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး  မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပြီး ဘိန်းကို မြန်မာပြည်မှာ စိုက်ပျိုးခဲ့တယ်။ တရုတ်ပြည်နဲ့လည်း ဘိန်းစစ်ပွဲ ဆင်နွှဲခဲ့တယ်။ တောင်တန်းဒေသတွေဟာ ဘိန်းစိုက်ပျိုးလို့ အကောင်းဆုံး။ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး အာဖကန်နစ္စတန်ပြီးရင်  မြန်မာပြည်က ဒုတိယလိုက်တယ်။ ရွှေတိဂြံဒေသဟာ မူးယစ်ဆေးကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ စိုက်ပျိုးတဲ့တိုင်းရင်းသားတွေဟာ ဘိန်းရဲ့ ဆိုးရွားမှုကို မသိကြဘူး။ ဂျပန်က ပန်းဂျုံစိုက်ပျိုးဖို့ ကူညီပေမဲ့ ဝင်ငွေကွာတော့လည်း ဘိန်းပဲ စိုက်ကြတာပေါ့။ စိုက်ပျိုးတဲ့ တိုင်းရင်းသားတွေ နည်းနည်းပဲရပြီး ဘိန်းဖြ ူထုတ်တဲ့လူတွေကတော့ ချမ်းသာသွားကြတယ်။ အစိုးရက ဘိန်းဖြ ူထုတ်လုပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကာကွယ်ပေးတယ်။ နှစ်စဉ် မူးယစ်ဆေးဝါးဖျက်ဆီးပွဲတွေကို နိုင်ငံတကာအသိုင်းအဝန်း သံတမန်တွေရှေ့မှာ ကျင်းပပေမဲ့ ဘိန်းဖြ ူထုတ်လုပ်မှုက တိုးလာဆဲပဲ။

အင်း..အလုပ်ရုံဆွေးနွေးပွဲမှာ တွေ့လိုက်ရတယ်။ မြန်မာပြည်က ဘိန်းထုတ်လုပ်မှုမှာ နာမည်ကြီးပဲ။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဖက်မှာ။ နိုင်ငံက ကြီးသားပဲနော်တဲ့။ ထိုင်ဝမ် HTC ကုမ္ပဏီ စီအီးအိုက မြန်မာလူမျိုးဟုဆိုကာ တရုတ်တွေရှေ့ ကြွားခဲ့တုန်းက မြန်မာကွဟု မော့နေခဲ့တဲ့ မျက်နှာသည်  ဘိန်းကြောင့် အမေရိကန်တွေရှေ့တွင်  မျက်နှာငယ်နေရဖူးသည်။

စန်းထွန်း
စက်တင်ဘာ ၂၊ ၂၀၁၂။

12 comments:

Anonymous said...

ကိုယ့်စီမှာတက်မလာသေးဘူး။ ကန်ဒီ့စီမှာစန်းထွန်း ပို့ စ်အသစ်တက်နေတာတွေ့ လို့ ဖတ်ရတာ။
စုံပလုံစိနေတာဘဲ။း)
အိုင်အိုရာ

တိမ်ပြာ(မနောမြေ) said...

စလုံးတွေကိုတော့ မပြောချင်တော့ဘူး၊၊ ဝါရှင်တန်မှာ နေတုန်းက ပန်းသီးခြံမှာ သွားလည်ဖူးတယ်၊၊ ဟယ်လိုပြောရင် အိုလာပြန်ပြောတော့ ဘာလဲပေါ့ ငါ့ကို အေးရှန်မို့လို့ လှောင်တာလားပေါ့၊၊ ဒီရောက်တာ ဘယ်လောက်ကြာပြီလဲမေးတော့ ၁၈နှစ်တဲ့၊၊ သေရော :)

mstint said...


မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကိုမလာတော့ဘူး...:))))

AH said...


မီးမီးငယျ said...

ဟေ့..စန်းထွန်းလေး..
;P

လင်းခေတ်ဒီနို said...


ညီလင်းသစ် said...




စံပယ်ချို said...

အများကြီးရခဲ့ရတယ်

ညီရဲ said...


San San Htun said...

mstint said...
ဒီကနေ့တော့ ပျော်စရာကြီး မောင်ညီလင်းနဲ့ စန်းစန်းပို့စ်တွေ မိုးလင်းတာနဲ့ဖတ်ခွင့်ရလို့ း) ဗဟုသုတတွေ စုံစုံလင်လင်ရတဲ့ပို့စ်တွေမို့ ကျေးဇူးပါနော်။
ကားဝယ်တာ ပါမစ်တွေ အခွန်တွေ စာရွက်စာတမ်းတွေ ရှုပ်လွန်းလို့ အနားရှိတဲ့ကားကို စိတ်ကြိုက်တွေ့ရင် လက်ညှိုးထိုး ဈေးဆစ်ဝယ်တာ စိတ်ချမ်းသာတယ် စန်းစန်းရေ း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
September 2, 2012 at 9:51 PM
ညိမ်းနိုင် said...
အောင်မလေးဗျာ.....အတော်ရှုပ်တဲ့ စတိတ်ပါပဲလား....၊
ကိုယ်တွေသာဆို ကားအလကားရတောင် အလုပ်ရှုပ်ခံ
ပြီး ကားမစီးဘူး...၊အင်း.....အဲ့လိုဆိုလည်းမဖြစ်သေးဘူး
နော်..စတိတ်မှာ ကိုယ်ပိုင်ကားမရှိလို့မဖြစ်ဘူးလို့
စန်းထွန်းရေးတာဖတ်မိသလိုပဲ.....၊တော်ဘီ...စတိတ်
ကိုမလာတော့ဘူး...:))))
September 3, 2012 at 11:48 AM
AH said...
ဝေး.... တစ်ဆင့် တိတိ ဆုရဘီကွ.... ကားကြီးနဲ့ စတိတ်တစ်ခွင် လှည့်တော့မယ်ပေါ့... ကောင်းသဗျို့...
September 3, 2012 at 12:13 PM
မီးမီးငယ် said...
ဟေ့..စန်းထွန်းလေး..
များတို့က ရွှေတြိဂံ မြို့တော်မှာ မွေးခဲ့တာနော်...။
ဘိန်းအကျိုးဆက်ကိုတော့ သိပ်မသိပေမဲ့၊
ဘိန်းခင်းထဲက ထွက်တဲ့မုန်ညှင်းက လွှတ်ကောင်းဘဲ။
;P
September 3, 2012 at 8:42 PM
. . လင်းခေတ်ဒီနို . . said...
အင်း . . အမေကြီးကားမှာ ကားစီးဖို့စိတ်ကူးရင် DMV ဘယ်နှစ်ခေါက်သွားရမလဲ ကြိုးစဉ်းစားထားဖို့တော့လိုလိမ့်မယ် . . မစန်းက လိုင်စင်ဖြေတာ ၆ ခေါက် . . . ကျွန်တော်လည်း မနည်းဘူး ၅ ခေါက် း))))
September 3, 2012 at 9:09 PM
ညီလင်းသစ် said...
အခုတော့ ကားနဲ့ပတ်သက်ရင် ကကြီးကနေ အ,အထိ သိသွားလောက်ပြီ...၊ း)
September 4, 2012 at 6:52 AM
Angelhlaing(May everybody be happy and healthy! said...
ဗဟုသုတတွေ များကြီး ယူသွားတယ် စန်းထွန်းရေ..:))))
September 5, 2012 at 3:04 AM
စံပယ်ချို said...
စန်းထွန်းဆီရောက်တိုင်းဗဟုသုတတွေ
အများကြီးရခဲ့ရတယ်
September 5, 2012 at 3:20 AM
ညီရဲ said...
ကားမှတ်ပုံတင်တာကို ကိုယ်တိုင် သွားခဲ့တဲ့ စန်ထွန်းတော့ မသိဘူး... ဒီက ဖတ်ရတဲ့ လူတောင် ရင်မောသွားတယ်...
September 5, 2012 at 4:52 AM