ဒီလိုအချိန်အခါသမယမှာ The Lady လို့ တင်စားကြသော ဒီမိုကရေစီအိုင်ကွန် အမေစု စတိတ်ကို ရောက်ရှိလာပြီလို့ စူပါဗိုက်ဆာ ဂျရတ်က သတင်းပေးပါတယ်။ နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ ဖို့ဝိန်း၊ လော့အိန်ဂျယ်လစ်မြိ ု့တွေဆီကို အမေစု သွားရောက်မယ်လို့ သိပေမယ့် ကန်တက်ဂီပြည်နယ် လူဝီဗီလ်တက္ကသိုလ်ကို လာရောက်လာမယ်လို့ ဘယ်လိုမှ မျှော်လင့်မထားခဲ့ပါ။ ဗွီအိုအေက သိရချိန်တုန်းက လူဝီဗီလ်မှာ နေထိုင်သော စန်းထွန်းတယောက် ဘယ်နှယ့်နေမလဲလို့ မှန်းကြည့်ကြပါ။
လူဝီဗီလ်ကနေ နှစ်နာရီအဝေးမှာရှိတယ့် လက်စင်တန်မြိ ု့က ကန်တက်ကီတက္ကသိုလ်မှာ နိုဘယ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ လာရောက်ဟောပြောတုန်းက အမေစုအကြောင်း ပြောသွားကတည်းက တွေ့ဖူးချင်နေတာပါလို့ ဂျရတ်က ဆိုပါတယ်။ လူဝီဗီလ်တက္ကသိုလ် မက်ကွန်နယ်စင်တာက နိုင်ငံခေါင်းဆောင်၊ စာရေးဆရာ၊ သမိုင်းပညာရှင်တွေကို ဖိတ်ကြားပြီး မိန့်ခွန်းပြောတယ့် အစဉ်အလာရှိပါတယ်။ Waiting List တင်ထားပေမယ့် အမေစုကို လေးစာကြတယ့် အမေရိကန်တွေ တအားများတာကြောင့် လက်မှတ်ရဖို့ မလွယ်ပါဘူး။
အံမယ် တရုတ်ကြီး ပီတာလည်း အမေစုအကြောင်း သိတယ်။ ပိုက်ပါရဂူ အင်္ဂလိပ်လူမျိုး အဲရစ်ဆင်ကလည်း အမေစုကို သိတယ်။ သူ့လေသံက တခြားအာရှသားတွေနဲ့မတူ ဘိလပ်သံ ပီသလို့တဲ့။ တို့များလို ငါးပိလေသံ မဟုတ်ဘူး သူ့မိန့်ခွန်းတွေများ နားထောင်ရတာ သိပ်ကောင်းသဗျား။ နိုင်ငံရေး စိတ်မဝင်စားတယ့် စီနီယာ ဝီလီယမ်ဂရင်းရယ် မန်နေဂျာဟောင်း ဒေးဗစ်ရှနယ်က မသိပေမယ့် မန်နေဂျာသစ် ကယ်လီဖနယ်လီကတော့ သိတယ် နေအိမ်အကျယ်ချူပ် ၁၅နှစ် ကျတယ့် အမျိုးသမီးတဲ့။ ကန်တက်ကီတက္ကသိုလ်မှာ သမ္မတဟောင်း ဘီလ်ကလင်တန် လာပြောတုန်းက ကန်တက်ကီတက္ကသိုလ်ကျောင်းသား သူ့သူငယ်ချင်းတွေဆီက လက်မှတ်ရတာမို့လို့ လူဝီဗီလ်တက္ကသိုလ်ကျောင်းသားအသိရှိရင် လက်မှတ်ရနိုင်ပါတယ်တဲ့။ ရုံးထဲ လူဝီဗီလ် တက္ကသိုလ်ကျောင်းသားရှိမရှိ မောင်းထုရမယ့်ပုံပဲ။ လက်မှတ်ရဖို့ အခွင့်အရေးနည်းလို့ ဖို့ဝိန်းကိုသာ ချီတက်ပါတဲ့။
အရင် ရက်ကွက်ပို့စ်တွေတုန်းက မြိ ု့ခံပြိ ုင်ဖက်နှစ်သင်းဆိုပြီး ဖြီးထားတာ အမှန်က တပြည်နယ်ထဲက တက္ကသိုလ်ပြိ ုင်ဖက်တွေ ပိုမှန်ပါတယ်။ CARDINALS အတိုကောက် CARDS လို့ ခေါ်ကြတယ့် အနီရောင်အသင်းက University of Louisville (UofL) လူဝီဗီလ်တက္ကသိုလ်အသင်းဖြစ်ပြီး WILDCATS အတိုက်ကောက် CATS လို့ခါ်ကြတယ့် အပြောရောင်အသင်းက University of Kentucky (UK ) ကန်တက်ကီတက္ကသိုလ်အသင်းပါ။ တက္ကသိုလ်ပေါင်းစုံ ဘက်စကက်ဘောပြိ ုင်ပွဲမှာ UK က ချန်ပီယံပါ။ ဘက်စက်ဘောရာသီချိန်ဆို တမြိ ု့လုံးရဲ့ အိမ်တွေ၊ ကားတွေမှာ အနီရောင်၊ အပြာရောင်အလံလေးတွေ ပလူပျံနေတတ်ပါတယ်။
တကယ် ေဆာ်မဲ့ပံု...:) |
ဖို့ဝိန်းကို လှမ်းမေးတော့ အကြီးဆုံးခန်းမကြီးကို ငှားထားပြီး ဝင်ခွင့်ဖရီးပါတယ့်။ ကိုယ့်မြိ ု့ကို လာရဲ့သားနဲ့ တွေ့ဖို့ခက်လို့ ဖို့ဝိန်းမှာ သွားတွေ့ရတယ့်အဖြစ်။ အမေစုကို တီဗွီမှာ မြင်ဖူးပြီး အပြင်မှာ တခါမှ မမြင်ဖူးဘူး။ တခါလောက်တော့ မျက်စိနဲ့ တပ်အပ်မြင်ဖူးချင်တယ်။ ကန်တက်ဂီပြည်နယ် လူဝီဗီလ်ကနေ မြောက်ဖက်စူးစူး အင်ဒီယားပြည်နယ် ဖို့ဝိန်းအထိ မိုင် ၂၅၂မိုင်ဝေးပြီး ၄နာရီခွဲ မောင်းရမှာပါ။ ဘတ်ဂျက်မရှိလို့ ရှေ ့လက အလုပ်ဖြ ုတ်ခံရတယ့် ရာမားလည်း ဝါရှင်တန်ဒီစီဖက်မှာ အလုပ်ရလို့ အလုပ်သစ်မတက်မှီ ကြားနှစ်ပတ်ကာလ စင်စင်နာတီက ဆူနမ်ဆီကို ရောက်နှင့်နေပါတယ်။ စက်တင်ဘာ ၂၂ စနေနေ့ စာမေးပွဲပြီးတာနဲ့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီကို ချီတက်ပါတယ်။
စာမရတာရယ်၊ အလုပ်ပင်ပန်းတာရယ်ပေါင်းပြီး စာမေးပွဲခန်းမမှာ ဆူနမ်က အန်လို့တဲ့။ ရာမားရှိနေလို့သာပါပဲ။ တယောက်တည်း မေ့လဲနေရင် ဒုက္ခ။ တွေ့တိုင်း ကျန်းမာအောင်နေ၊ အားရှိအောင်စား၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မှာရတာ။ ကိုယ်လည်း အတူတူပါပဲ။ အလုပ်တဖက်နဲ့ စာလုပ်ရတော့ အနားကပ်ပြီး တွန်းပေးမယ့် ပရက်ဖော်ဆာ မရှိ။ စာမေးပွဲနီးမှ အသည်းအသန်ခဲမှန်ကြတော့ စိတ်ဖိစီးကြတာပါပဲ။
ဝါရှင်တန်ဒီစီက လုံခြံ ုမှုမရှိဘူးလို့ ဆူနမ်တို့က ဆိုပါတယ်။ ညဖက်အပြင်ထွက်လို့ လမ်းသရဲလေးတွေက ပိုက်ဆံတောင်းလို့ ပိုက်ဆံမပေးရင် လူကို အန္တရယ်ပေးတယ်တဲ့။ နောင်နှစ်တော့ ဒီစီသွားတောလားဖြစ်မယ် ထင်တယ်။ မွန်၊တမီးလ်ဒုက္ခသည်မိသားစုက အကိုကြီး ၇နှစ်အရွယ်သူ့သားလေးကို ကုန်စုံဆိုင်ရှေ့ ခဏစောင့်နေခိုင်းပြီး ကုန်စုံဆိုင်ထဲ မေ့ကျန်နေတယ့် ပစ္စည်းဝင်ဝယ်ပါတယ်။ ငါးမိနစ်တောင်မကြာ ပြန်ထွက်လာတော့ ရဲက စောင့်နှင့်နေပါတယ်။ ကလေးတွေအနီးမှာ မိဘတွေမရှိလို့ ticket ပေးသွားပါတယ်။ ရုံးကို သွားမေးတော့ ဒဏ်ငွေဆောင်မလား၊ အမေရိကန်ဥပဒေတိုင်း ထိန်းကျောင်းနည်းသင်တက်မလားမေးတော့ အလုပ်ပျက်မခံချင်လို့ ဒဏ်ငွေဆောင်လိုက်ပါတယ်။
မနက်ရုံးသွားရင် ဟိုင်းဝေးအမြန်လမ်းမှာ မိုင်၈၀နဲ့ မောင်းတတ်တယ့် စန်းထွန်းကို ၇၅မိုင်လောက်ပဲ မောင်းဖို့ ပီတာနဲ့ဝီလီယမ်ဂရင်းက သတိပေးပါတယ်။ ပထမဆုံးတစ်ကဒ်ထိရင် ဒဏ်ငွေက ၃၀၀လောက်ဆောင်ရနိုင်ပါတယ့်။ ကားလေးပွတ်မိတာလေးကို ၉၀၀ ပေးလိုက်ရတယ့် စန်းထွန်းတယောက် ဒဏ်ငွေဆိုတာ တကယ်လန့်ပါတယ်။ အာမခံကို သုံးလိုက်ရင် တလငါးဆယ်တက်ပြီး သုံးနှစ်ပေးရမှာမို့လို့ ကိုယ့်ဘာသာပေးလိုက်တာ အကောင်းဆုံးလို့ ဝိုင်းအကြံပေးကြတာကြောင့် အာမခံမသုံးလိုက်ပါဘူး။
စန်းထွန်းကားအားမခံက ဈေးအနည်းဆုံးကို ဝယ်ထားလို့ ဘာမှcoverသာ မဖြစ်တာ တလတရာ ပေးရသဗျား။ ကားမောင်းလိုင်စင်က တနှစ်အောက်ဖြစ်တာရယ်၊ ပထမဆုံး ကားအာမခံဖြစ်တာရယ်၊ ကန်တက်ကီပြည်နယ်ရဲ့ အကြီးဆုံးမြိ ု့ဖြစ်တာရယ်ကြောင့် ဈေးကို ကြီးတာပါ။ စန်းထွန်းအာမခံကို ဝိုင်းဖတ်ကြပြီး စန်းစန်း သိလား နင့်အာမခံက သူများကားကို သွားတိုက်မိရင်၊ အဆောက်အဦးတံခါးတို့၊ ချုံပုတ်တို့ကို သွားတိုက်မိရင် အာမခံက လျှော်တယ်ဟ။ တူရကီလေး မူဆာဖာ မိုးသီးကြွေချိန်တုန်းက သူ့ကားအမိုး မဆိုသလောက်လေး ချိုင့်သွားတာ အာမခံဆီက လျှော်ကြေးရတယ်။ Collision ဟုခေါ်ကြသော ထိုအရာ ကျွနု်ပ်အာမခံတွင် မပါ။
နာမည်ဆိုးဖြင့် ကျော်ကြားသော တန်နက်စီပြည်နယ် မန်ဖစ်မြိ ု့တွင် နေထိုင်သော အတန်းဖော် ဘင်္ဂလားဒေ့ရှ်လူမျိုး ဆိုင်ဖူးတယောက် ညဖက်ကားမောင်းရင်း သတ်မှတ်ထားတာထက် ပိုမောင်းမိလို့ ရဲက ဖမ်းပြီး တစ်ကဒ် ၂၀၀ ရေးပါတယ်။ ယာဉ်မောင်းလိုင်စင်မှတ်နေချိန် ကားရှေ့မီးသီး ပျက်နေတာတွေ့လို့ ဒဏ်ငွေ ၁၀၀ ထပ်တိုးလိုက်တယ်။ မီးဖွင့်လိုက်တော့ ကလေးက ကလေးထိုင်ခုံမှာ ခါးပတ်လည်း မပတ်၊ ထိုင်လည်းမနေဘဲ ကြမ်းပြင်မှာ ဆော့ကစားနေတာ တွေ့လိုက်ရတဲ့ခဏ...တရားရုံးကိုသာ တန်းသွားပါတဲ့။ ဆိုင်ဖူးခမျာ ရှေ့နေငှားကာ ထုချေရင်း တရားစွဲခံနေရလေရှာသည်။ ကုန်လိုက်သည်မှာ သောက်သောက်လဲ။ ဆူနမ့်ဆီက သတင်းကြားလိုက်ရတယ့် ခဏ စန်းထွန်းတကောင် တသောသောနဲ့ ရယ်မောလို့။ ကိုယ်သာ ဆိုင်ဖူးနေရာမှာသာဆိုရင် ရယ်မောနိုင်မယ် မထင်။
တနင်္ဂနွေနေ့လည်မှာတော့ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီကနေ မိုင်၂၀၀ ၃နာရီခွဲ မောင်းရတယ့် အင်ဒီယားနားပြည်နယ် ဖို့ဝိန်းဆီ ချီတက်ပါတယ်။ ဟိုင်းဝေးလမ်းတွေရဲ့ အမြန်လမ်းတွေမှာ မိုင်ကုန်မောင်းကာ၊ တချို့မြိ ု့ငယ်လေးရဲ့ မြိ ု့လယ်ကောင်ကို ဖြတ်ကာ၊ ဟိုင်းဝေးလမ်းတွေ ချိတ်ဆက်ထားတဲ့လမ်းတွေမှာ ကားတစီးတလေမှတောင် မတွေ့ဘဲ တစီးတည်း ထီးထီးကြီး မောင်းကာ၊ ရိတ်သိမ်းထားတဲ့ ပြောင်းဖူးလှိုင်းတွေ၊ ရိုးပြတ်ဝါတွေ၊ ရောင်စုံခြယ်ထားတဲ့ သစ်ပင်တွေကို ဖြတ်သန်းကာ ခရီးနှင်ပါတယ်။
မစားရတာကြာပြီဖြစ်တဲ့ ချဉ်ပေါင်ကြောင်၊ ဘာလချောင်ကြော်၊ ငါးပိထောင်း၊ ခရမ်းချဉ်သီးငါးပိချက်၊ ဆိတ်သား၊ ငါးသလောက်ပေါင်းတွေ ဝယ်ပါတယ်။ ရွှေပန်းပွင့်တံဆိပ် စွန်တန်၊ ချဉ်ဇော်ခါးသီး ရယ်ဒီမိတ်ထုတ်ကို ရေနွေးနဲ့ ဖျော်တာတောင် အမေရိကန်တွေက ပိုးကောင်နံ့ ရပါသတဲ့။ သစ်တိုသီးငါးပိချက်ကိုလည်း အကောင်သေလို့ ပုပ်နံ့ရသလိုတဲ့။ ငါးပိထည့်ချက်တယ့်နေ့က ဆူနမ်က နံ့လို့ပါတဲ့။ ရယ်ဒီမိတ် မုန့်တီချက်တာ အနံ့ဆိုးတယ်တဲ့။ ရုံးကို ပုဇွှန်ကြော်ယူသွားတာ အနံ့ရှိလို့ မိုက်ခရိုအပူပေးပြီး ချက်ချင်းဖွင့် မစားသေးဘဲ ငါးမိနစ်လောက်ထား အေးသွားတော့ အနံ့သိပ်မထွက်ဘူး ဒီတော့မှ စားတဲ့ တရုတ်ကြီး ပီတာက။ အမေရိကန်တွေက အနံ့တော်တော် sensitive ရှိတယ်။ ကျောင်းစရောက်ရောက်ခြင်း အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာ သင်ရစဉ်တုန်းက အင်တာဗျူးမှာ အရည်အချင်းတူနေရင် လက်မြောက်ခိုင်းပြီး အနံ့မနံတယ့်သူကို ရွေးတယ်ဆိုတဲ့ ကာတွန်းလေးကို သွားသတိရတယ်။ အဲဒါ အမှန်ဗျား။
အိမ်ရှင်အမေရိကန်မက UofL မှာ မိန့်ခွန်းပြောနေတယ့် လေဒီကို တီဗွီမှာ တွေ့လိုက်တယ်။ Great Job ! ဆိုပြီး မတ်ဆေ့ပို့လာပါတယ်။ စက်တင်ဘာ ၂၅ မနက်မှာတော့ ဖို့ဝိန်းမြိ ု့ခံတွေသာမက အနီးအနားပြည်နယ်ကနေ ချီတက်လာကြတယ့် လူတွေဟာ အမေစုကို ကြိ ုဆိုဖို့ Memorial Coliseum Hall ကို စုဝေးကြပါတယ်။ ထောင်နဲ့ချီတယ့် မြန်မာတွေဟာ မနက်၉နာရီမတိုင်ခင်ကတည်းက ရောက်ရှိနေကြပါတယ်။ အမေစုကို လေးစားကြတယ့် အမေရိကန်အများအပြား တက်ရောက်ပါတယ်။ ဖို့ဝိန်းမြိ ု့တော်ဝန် Tom Henry၊ ဆီးနိတ်တာ အမတ် Dan Coats၊ ပါဒူးတက္ကသိုလ်က Vicky Carwein တို့က အမေစု မိန့်ခွန်းမပြောခင် နှုတ်ခွန်းဆက်စကားဆိုပါတယ်။
မိန့်ခွန်းပြောပြီး မေးထားတာတွေ ဖြေဆိုပါတယ်။ စကားလုံးတိုင်းဟာ အမျှော်အမြင်ကြီးမှု၊ ညဏ်ပညာတွေ ပြည့်ဝပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက လေးစားမှုကို ခံရတာ။ လူတယောက်ကို လူဆိုး၊ လူကောင်း၊ လူတော်ဆိုတာထက် သင်ယူလို့ရတယ့်သူရယ်၊ သင်ယူလို့မရတယ့်လူရယ်လို့ပဲ မြင်ပါတယ်တဲ့။ ကိုယ်ရောက်ရှိတယ့်နေရာမှာ တတ်နိုင်သလောက် သင်ယူဖို့။ ကိုယ့်ကိုစောင့်ရှောက်ထားတယ့်နိုင်ငံကို ကျေးဇူးသိဖို့၊ ကိုယ်စွမ်းအား၊ ညဏ်စွမ်းအားတွေ ထည့်ဝင်ဖို့၊ အမေရိကန်နိုင်ငံသားခံယူထားပေမယ့် မြန်မာဆိုတာ ဖြတ်တောက်မှာ မဟုတ်တယ့်အကြောင်း၊ နိုင်ငံခြားမှာ နေပေမယ့်လည်း အမိနိုင်ငံတော် ဘက်စုံဖွံ့ဖြိ ုးတိုးတက်ဖို့ ကိုယ်ကွျှမ်းကျင်တယ့်ဘာသာရပ်တွေနဲ့ ကိုယ်တတ်စွမ်းနိုင်သလောက် အကျိုးပြ ုဖို့။
နိုင်ငံရေးမှာ အမြတ်ထုတ်ချင်တယ့် လူတွေကိုတော့ နိုင်ငံရေဆိုတာ လူထုအကျိုးဖြစ်တာကြောင့် နာမည်ကြီးချင်လို့ လုပ်တာမလုပ်ဘဲ လူထုအတွက်ဖြစ်ရမယ်။ မလုပ်ချင်လည်း လုပ်ရမယ်၊ ဆုံးရှုံးသွားလည်း လုပ်ရမယ်၊ ချီးမွမ်းတာလည်း ခံရမယ်၊ ကဲ့ရဲ့တာလည်းခံရမယ်၊ ဝေဖန်ခံရမယ်၊ ကိုယ့်လိပ်ပြာကို လိပ်ပြာခုံရုံးမှာ စစ်ဆေးခံနိုင်ရမယ်တဲ့။ ရခိုင်အရေး၊ ကချင်အရေးမှာ မဝေဖန်တဲ့အတွက် သူ့ကို ဝေဖန်မယ်ဆိုရင် ခံယူဖို့အသင့်ပါတဲ့။ တဖက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချရင် ပြသနာတွေ ကြီးလာမယ်။ ညှိနှိုင်းဆွေးနွေးအဖြေရှာရမယ်။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲမှ သတ္တိတဲ့။ ဘယ်နေရာရောက်ရောက် ကိုယ့်ယဉ်ကျေးမှု၊ ဘာသာစကားကို မမေ့ကြဖို့ မှာပါတယ်။
နိုင်ငံရပ်ခြားသွားကြမယ့် မြန်မာတွေကို မှာဖို့စကားများများ မရှိပါဘူး။ ကြိ ုးစားဖို့၊ သင်ယူဖို့နဲ့ ညီညွှတ်ကြဖို့။ အမေစု ဒီစကားပြောတော့ အမေစုကြိ ုဆိုရေးအဖွဲ့ ဖွဲ့တာတောင် နှစ်ဖွဲ့ကွဲတယ့် ရွှေမြန်မာတွေ ရယ်လိုက်ကြတာ မှန်လိုက်တာဆိုပြီးတော့လေ။ မြန်မာစကားပြောတတ်ပြီး မြန်မာစာမရေးတတ်လို့ သူ့အစ်မကို ရေးခိုင်းရတယ်ဆိုတယ့် သမီးလေးရဲ့ မေးခွန်းကို ဖတ်ရတော့ မိဘတွေ ပြန်မေးလိုက်လေ သမီးကို ဘာလို့မြန်မာစာ မသင်ပေးသလဲလို့ဆိုတော့ အားလုံးပွဲကျကြတယ်။ အနာဂတ်ရဲ့မျိုးဆက်သစ်တွေ မြန်မာစာတတ်အောင် မြန်မာအင်အားများတယ့် ဖို့ဝိန်းလိုနေရာမျိုးမှာ မြန်မာစာသင်ကြားရေးကျောင်းတွေထောင်ဖို့ တိုက်တွန်းပါတယ်။
အမေစုနဲ့ ဓာတ်ပုံတခါလောက် တွဲရိုက်ချင်ပေမယ့် လူတိုင်းကလည်း တွဲရိုက်ချင်နေတာ။ ခုလို အဝေးကနေ မြင်ပြီး မိန့်ခွန်းနားထောင်ရတာကိုက ဟုတ်လှပြီ။ အဲဒီနေ့ကတော့ မြန်မာဝတ်စုံ ဝတ်လေ့ဝတ်ထမရှိသော စန်းထွန်းတယောက် မြန်မာဝတ်စုံကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်နေခဲ့သည်။ လက်ကမ်းစာစောင်ထဲက အမေစုအကြောင်းကို ဖတ်ချင် ဖတ်လို့ရအောင် ကူးပေးလိုက်ပါတယ်။
စန်းထွန်း
စက်တင်ဘာ ၂၉၊ ၂၀၁၂။
Aung San Suu Kyi
Aung San Suu Kyi was elected in April 2012 as a Member of Parliament in the Burmese national government. She also serves as the Chairperson and General Secretary for the National League of Democracy in that country.
The daughter of General Aung San, founder of the Burmese army and a principal in the negotiations for Burmese independence from Britain, Aung San Suu Kyi was among the leaders of the democracy movement in Burma in 1988 and was one of the founders of the National League for Democracy that year. She was placed under house arrest by the ruling junta in 1989 and remained in custody until being released in 2010.
In her 2010 book Freedom from Fear, Aung San Suu Kyi asserts, "It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the source of power corrupts those are subject to it." In that same work, she observes, "If ideas and beliefs are to be denied validity outside the geographical and cultural bounds of their origin, Buddhism would be confined to north India, Christianity to a narrow tract in the Middle East and Islam to Arabia." She has also offered the hopeful suggestion that "we will surely get to our destination if we join hands."
Aung San Suu Kyi earned her bachelor's in Philosophy, Politics and Economics from St. Hugh's College, Oxford and her doctorate in Oriental and African Studies at the University of London. She has received international recognition for her efforts on behalf of democracy in Burma including the Nobel Peace Prize. Last week she received the Congressional Gold Medal. Perhaps the most meaningful of the honors in that Burmese people refer to her as Daw Aung San Suu Kyi, using the title of respect and honor bestowed on women of importance in their family and their culture.
6 comments:
good
ချစ်တဲ့ jasmine
စန်းထွန်းရေ
ကံကောင်းလိုက်တာ
မဓောဝီ said...
စန်းထွန်းဆီ မရောက်တာတောင် ကြာပြီ။
အမေစုဆီ ရောက်အောင်သွားနိုင်တာ ချီးကျူးပါတယ် စန်းထွန်းရေ .. ။ စန်းထွန်းရဲ့ ဒီပို့စ်တခုထဲမှာ အကြောင်းအရာ ပေါင်းစုံ ဖတ်လိုက်ရလို့ ဗဟုသုတတွေ အတော်လေး ရသွားပြီ။
ကားမောင်းတာတော့ သတိထားနော်။ ရာသီဥတုလဲ အေးလာပြီ ကျန်းမာရေးဂရုစိုက်အုံး စန်းထွန်းလေး ... ။
September 29, 2012 at 3:47 PM
Anonymous said...
good
September 29, 2012 at 11:04 PM
စံပယ်ချို said...
ဒီတခါအတော်လေးသတင်းစုံဖတ်လိုက်ရတယ်
ချစ်တဲ့ jasmine
September 29, 2012 at 11:30 PM
ညိမ်းနိုင် said...
ရပ်ကွက်ထဲမှာဗျာရဲ့ ထုံးစံအတိုင်း အသောအမောလေး
တွေ၊သယ်ရင်းအကြောင်း၊အမေရိကန်အကြောင်းလေး
တွေ ဝေဝေဆာဆာနဲ့.....ဖတ်ရတာကောင်းပါ့ဗျာ....။
အချိုပေါ်သကာလောင်းဆိုတာလို အမေစုအကြောင်းလေး
ပါဖတ်ရတာ အရသာရှိလိုက်တာ....၊စန်းထွန်းကိုလည်း
မိုင်လေးရာကျော်ခရီးနှင်ပြီး အမေစုရဲ့ဟောပြောပွဲကို
ရောက်အောင်သွားအားပေးတဲ့အတွက် ချီးကျူးဝမ်းသာ
ရပါတယ်....။ပြောရရင် ညီမရေးတဲ့အထဲ....ရက်ကွက်
ထဲမှာဗျာ...စီးရီးတွေကို အကြိုက်ဆုံးပဲဗျိုးးးးးးးးးးး။
September 30, 2012 at 8:06 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
စန်းထွန်းရေ
ကံကောင်းလိုက်တာ
တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာတစ်ခါမှ မတွေ့ရသေးဘူး..
မိန့်ခွန်းတွေလည်း အင်တာနက်ကနေသာ နားထောင်ဖူးတာ.။
ခုလို တစ်ခေါက်လောက် ကိုယ်တိုင်ကိုယ်ကျ တွေ့ပြီး နားထောင်ချင်သေးတယ်။
October 1, 2012 at 1:34 AM
Post a Comment