ဟောင်ကောင်သွား တောလား _ ၃
from Google Map
from Google
တက္ကစီ စီးရင်း လိုဏ်ခေါင်းကနေ ဖြတ်နေတာမို့ ခု ပင်လယ်ရေအောက်က သွားနေတာလားလို့ မေးတော့ ဟုတ်တယ်တဲ့။ Cross-Harbour Tunnel ကို The Cross-Harbour Tunnel Company Ltd က တာဝန်ယူတည်ဆောက်ပြီး ၁၉၇၂မှာ ဖွင့်လှစ်ခဲ့တဲ့ ဟောင်ကောင်ရဲ့ပထမဆုံးသော ရေအောက်လိုဏ်ခေါင်းပါလို့ တက္ကစီမောင်းသမားက ရှင်းပြပါတယ်။ ဟောင်ကောင်ရဲ့ ရုံးသုံးဘာသာစကားက အင်္ဂလိပ်စကားမို့လို့  ဗြိသိသျှလေသံနဲ့ ပြောနိုင်ကြပါတယ်။  nonstop no break  နောက်က ကျားလိုက်နေသလို တရစပ် မရပ်မနား တ lah lah နဲ့ ပြောတဲ့ Singlish ထက်တော့ သာပါတယ်။ စီးပွားရေးအချက်အချာကျတဲ့ Victoria Harbour (Hong Kong Island) ကနေ Kellett Island Kowloon ကို ဆက်သွယ်ပေးတာမို့ကမ္ဘာ့မှာရော ဟောင်ကောင်မှာပါ အလုပ်အရှုပ်ဆုံးလမ်းတွေမှာ ပါပါတယ်။
from Google
from Google
၈နာရီ ခွဲသွားပြီမို့ Symphony of Lights ကို မမှီတော့ပါဘူး။ လိုဏ်ခေါင်းဖြတ်နေတုန်း ဒီအချိန် ငလျင်လှုပ်ပြီး လိုဏ်ခေါင်းပြိုရင် ငါတော့ တေပြီဆရာ။ လိုဏ်ခေါင်းတွေ ဝင်ရတိုင်း အဲဒီလို တွေးကြောက်တာ။ ကျိုက်ထီးရိုးက ကျီးကန်းပါးစပ်၊ ဘားအံက ဆန္ဒန်ဂူ၊ ပြင်ဦးလွင်က ပိတ်ချင်းမျှောင်တို့ကို ဝင်တုန်းကလည်း ဒီလို တွေးကြောက်တာ။ ပင်ပန်းတာရော၊ Symphony of Light ကို မမှီတော့ဘူး သိလိုက်ရလို့ ကြည့်မယ်လို့ အားခဲထားတဲ့ စိတ်တွေ လျှော့လိုက်တဲ့အချိန်မှာ လိုဏ်ခေါင်းကို ဖြတ်ရတာတွေ ပေါင်းပြီး မူးနောက်နောက်ဖြစ်ကာ အန်ချင်သလို ဖြစ်ပါတယ်။ Mona က ဆေးတိုက်ရတယ်။
from Google
from Google
နာမည်ကြီး ဟောင်ကောင်အနုပညာရှင်တွေ လက်ရာတွေ ရှိတဲ့ Avenue of Stars ကို ဖြတ်လျှောက်ကြပါတယ်။ ညမှောင်မို့လို့ မမြင်ရတဲ့ ကြားထဲ ဂျက်ကီချန်းကလွဲရင် တခြားဟောင်ကောင်အနုပညာရှင်တွေကို နာမည်နဲ့ လူနဲ့ မတွဲမိတာမို့လို့ ကိုယ့်အတွက်ကတော့ ဘာမှ မထူးခြားပါဘူး။ Symphony of Lights ကတော့ ထူးခြားနိုင်တယ်။ ထိန်ထိန်ကတော့ သူသိတဲ့ အနုပညာရှင်ရဲ့လက်ရာနားရောက်ရင် Winarto နဲ့ Shiwu မန်ဒရင်းလို မှုတ်လိုက်။ မနေ့က စီနီယာ တရုတ်အကိုကြီးနဲ့ လေပန်းကြရင်း San Franciso China Town ကြီးတဲ့အကြောင်း စကားစပ်မိရင်း
စီနီယာ။ နင် Burce Lee သိလား။ Kun Fu မင်းသားလေ။
စန်းထွန်း။ သိတာပေါ့။ စန်းထွန်းတို့ ငယ်ငယ်တုန်းက သူ နာမည်အရမ်းကြီးတယ်။ စွန်းဝူခုန်းတို့၊ ပေါင်ချိန်တို့  ကျန်ကျောင်းတို့က သူ့နောက်မှ နာမည်ကြီးတာ။
စီနီယာ။ အဲဒီ Burce Lee က San Franciso China Town မှာ မွေးတာ။ နောက်တော့ ဟောင်ကောင်မှာ   သူနာမည်ကြီးတာ။
စန်းထွန်း။ သြော် ကလိုလား။
အေးမြတဲ့ လေညှင်းနဲ့အတူ CuttleFish လို့ ခေါ်တဲ့ ရန်ကုန်အခေါ် ပြည်ကြီးငါး မြစ်ဝကျွှန်းပေါ်ဒေသအခေါ် ခက်တဲ့ အကင်ကို မြည်းစားရင် တဖက်ကမ်းက ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာ နာမည်ကြီး ဗစ်တိုးရီးယားဆိပ်ကမ်းအလှကို ရူစားပါတယ်။ နေ့လည်ပိုင်းက မိုးမျှော်တိုက် အဆောက်အဦးဒီဇိုင်းတွေကြောင့် လှပသလို ညပိုင်းမှာလည်း နီယွန်မီးရောင်တွေက ဟောင်ကောင်ရဲ့အလှကို မြှင့်တင်ပေးနေသလို။
အနီးအနားက Shopping Mall  မှာ Lao Po Bing (Wife Cake) ဝယ်ကြပါတယ်။ ဒီနားမှာ ရှိတဲ့ ဖယ်ရီဂိတ်ကို လမ်းလျှောက်ကြတာ Clock Tower နားသာ ရောက်လို့ နာရီဝက်တောင် ရှိတော့မယ်။ ဖယ်ရီဂိတ်က မတွေ့။ မေးမြန်းတော့မှ  ဒီနားမှာ ဖယ်ရီဂိတ် မရှိဘူးတဲ့။ အင်တာနက်မှာ ရှာတာပဲ မှားတာလား၊ ဖယ်ရီ website ကပဲ update မလုပ်တာလား။ တက္ကစီလည်း မတွေ့တော့ လာလမ်းအတိုင်း Star Avenue လမ်းပြန်လျှောက်။
Lao Po Bing (Wife Cake)
Interchange မှာ ပြောင်းတဲ့အခါ MTR မြှားက အောက်ကို ညွှန်လို့ အောက်ထပ်ကို ဆင်း၊ အောက်ထပ်ရောက်ပြန်တော့ MTR မြှားက အပေါ်ကို ညွှန်း။ တက်လိုက် ဆင်းလိုက် ၂ ကြိမ်လောက်မှာတော့ မဖြစ်ချေဘူးဆိုပြီး လမ်းမအပြင်ကို တက္ကစီ ငှားမယ်ဆိုပြီး ထွက်တော့မှ လားလား ၃မိနစ်လောက် လမ်းလျှောက် လမ်းဖြတ်ကူးမှ MTR ဆိုတာကြီး တွေ့တယ်။ ထိန်ထိန်ကတော့ Lousy MTR တဲ့။ အမှန်ပါပဲ ဟောင်ကောင်ရဲ့ လမ်းညွှန်စနစ်ထက် စလုံးက လမ်းညွှန်စနစ်က ပိုရှင်းပြီး ပိုစနစ်ကျပါတယ်။
ဖယ်ရီတွေက ၂၄နာရီ ရှိပါတယ်။ အန်မလားလို့ Mona က ဂရုတစိုက် စောင့်ကြည့်နေပေမဲ့  ပင်ပန်းတာရော၊ ညဖက်ရောက်လို့ ပင်လယ်က လှိုင်းပေါက်လို့ ဖယ်ရီသင်္ဘောလေးကို လှိုင်းက တပုတ်ပုတ် ရိုတ်ခတ်နေတာက ကိုယ့်အတွက်တော့  ပုခတ်လွှဲပြီး ချော့သိပ်နေသလို။ အိပ်နေတာများ မကာအို ရောက်ပြီလို့ နှိုးလာတော့မှပဲ နိုးလေရဲ့။ Mona က ဖယ်ရီစီးနေတုန်း လှိုင်းမှုးလို့ အန်သေးတယ်တဲ့။ သိတောင်မသိလိုက်။ သူက ကိုယ်အန်မလားလို့ ဂရုစိုက်နေတာ အန်မယ်ထင်တဲ့သူက မအန်ဘဲ အိပ်လိုက်တာများ သိုးလို့။
တခါတုန်းကလည်း မကြီးက စန်းထွန်း ငါကိုယ်အပူရှိနေများလား မသိဘူးတဲ့။ လက်နဲ့သူ့နဖူးကို စမ်းကြည့်ရင်း ပူပါဘူး တူတူပဲ။ အိမ်ရှေ့ဆိုင်က မုန့်တီရောင်းတဲ့ အန်တီကြီးကို သွားစမ်းခိုင်းတော့မှ ဟဲ့ ကောင်မလေး အပူကြီးတယ် ဆေးခန်းသွားတဲ့။ ကောင်းချီးပေးတယ် ငါ နင်နဲ့ နေရင် သေမယ်တဲ့ .. :)
ဟောင်ကောင်မှာ လည်ပတ်စရာတွေ များပါတယ်။ မရောက်ဖြစ်ပေမဲ့ သိသလောက်လေး အာချောင်ရရင်
from Google
၁၉၇၆ ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Jumbo Floating Restaurant ဆိုရင် ကြယ်၆ပွင့် အဆင့်ရှိတဲ့ စားသောက်ဆိုင်ပါ။ ပင်လယ်စာကောင်းကောင်း ရသလို တရုတ်နန်းတွင်းကို ရောက်သွားရတယ်လို့ ခံစားစေရမယ့် စားသောက်ဆိုင်ပါ။
from Google
Golden Bauhinia Square ကတော့ ၁၉၉၇ ဇွန်၃၀ မှာ ဗြိတိသျှလက်အောက်ကနေ တရုတ်ပြည်ကို လွှဲပြောင်းပေးအပ်တဲ့ သမိုင်းဝင် အလံတင်အခမ်းအနား ကျင်းပရာနေရာပါ။ တရုတ်သမ္မတ ကျန်ဇီမင်းနဲ့ ချားလ်မင်းသားတို့ တက်ရောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၁၅၀ကျော် ဗြိတိသျှလက်အောက်ကနေ တရုတ်ပြည်ကို ပြန်အပ်တာကို ကြိုဆိုတဲ့အနေနဲ့ ပြည်မကြီးကနေ ရွှေရောင်ပန်းဖူးရုပ်ထုကြီးကို ပေးခဲ့ပါတယ်။ လစဉ်လတိုင်း ၁ရက်နေ့က လွဲရင်  မနက် ၇ ၅၀ ကနေ ၈ နာရီ ၃မိနစ်အထိ ဟောင်ကောင်ရဲအရာရှိက နိုင်ငံတော်သီချင်းနဲ့ အလံတင်လေ့ ရှိပါတယ်။
Lan Kwai Fong ကတော့ နိုက်ဂလပ်တွေရှိတဲ့ နေရာပါ။ ပန်းခြံတွေကို သွားချင်တယ်ဆိုရင်တော့ Hong Kong Park ၊ Ocean Park Hong Kong ၊ Kowloon Walled City Park  ဘုရားကျောင်းတွေ သွားချင်ရင်တော့ Hollywood Road, Cat Street, Man Mo Temple ၊ Sik Sik Yuen Wong Tai Sin Temple Lam ၊Tsuen Wishing Trees and Tin Hau Temple ပင်လယ်ဖက်ကို သွားချင်ရင်တော့ Repulse Bay Aberdeen Lei Yue Mun Seafood Bazaar လျှော့ပင်းဖို့ကတော့ Ladies Market  ၊ Temple Street Night Market ၊ Jade Market & Jade Street
မြင်းပွဲလောင်းချင်ရင်တော့ Happy Valley Racecourse
ဟောင်ကောင်ကို သွားမယ်ဆိုရင် မဖြစ်မနေ ကြည့်ရမဲ့ ဆိုဒ်လေးပါ DiscoverHongKong
ရုံးက စလုံးမတွေကတော့ ဗီဇာမလိုတဲ့ မကာအိုကနေ ကားစီးရင် ရောက်တဲ့ Zhuhai ကို သွားပြီး လျှော့ပင်းကြပါတယ်။ တရုတ်ပြည်ဖြစ်ပစ္စည်းတွေမို့ ဈေးက တော်တော်ချိုပါတယ်။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ မလေးရှား၊ အင်ဒိုနီးရှားကတော့ ဆိုက်ရောက်ဗီဇာလုပ်ရုံပါပဲ။ ရွှေမြန်မာဆိုရင်တော့ ဗီဇာလျှောက်ဖို့ လိုမယ် ထင်ပါတယ်။ Yanzi ကတော့ Zhuhai က လေက အနံ့ရှိလို့ သူမကြိုက်ပါဘူးတဲ့။
သက်သာတဲ့ ဟိုတယ်တွေ ရနိုင်တာက  ကိုယ့်ကုမ္ပဏီဆိုဒ်ကို မညွှန်ဘဲ ပြိုင်ဖက်ကြီးကို လက်တို့ပြီး သတင်းပေးလိုက်ပါတယ် Agoda ။ ရူး..တိုးတိုး.. ထိန်ထိန်တောင် ယိုးဒယားသွားတုန်းက ကိုယ့်ကုမ္ပဏီဆိုဒ်မှာ မဘွတ်ဘဲ အဲဒီဆိုဒ်မှာ ဘွတ်တာ။ လေယာဉ်လတ်မှတ်တွေကတော့ JetStar AirAsia Tiger Airways ကနေ သက်သာတဲ့ လေယာဉ်လတ်မှတ်တွေ ရနိုင်ပါတယ် ။ ဗီဇာဖိုး သက်သာစေတဲ့ နည်းလမ်းတော့ မတွေ့ပေါင်ဗျား။ အာဆီယံ ၁၀နိုင်ငံသွားရင် ဗီဇာမလိုဆိုတာ တခြားနိုင်ငံသားတွေ အတွက်ပါ။ ရွှေမြန်မာ မပါပါ။
ခရီးသွားရင်
သက်တော့သက်သာ ဖြစ်စေတဲ့ ရူးဖိနပ် စီးပါ။ မကာအိုမှာတုန်းက ဒေါက်ဖိနပ် တဂွက်ဂွက်နဲ့ ပဲများနေတာ။ ခြေထောက်နာတော့မှ ဖိနပ် လဲတော့တယ်။ ခရီးကပြန်လာတော့ ဖိနပ်က ဒေါက်လည်းပြုန်း။
Darmawi က မှတ်တမ်းတင်လိုက်စဉ်
ပတ်စ်ပို့၊ လေယာဉ်လတ်မှတ်၊ ပိုက်ဆံတွေကို ခါးမှာပတ်တဲ့ အိတ်နဲ့ ထည့်ပြီး ဆောင်ပါ။
ဟိုတယ်လိပ်စာကို ကူးယူထားပါ။ အဖော်တွေနဲ့ ကွဲသွားရင် ဟော်တယ်ကို ပြန်ရောက်နိုင်တယ်။
အနွေးထည်၊ မာဖလာ၊ ပုဝါ၊ ဦးထုပ်၊ နေကာမျက်မှန် ဆောင်ပါ။
အေးတဲ့ ဒေသသွားရင် နှုတ်ခမ်းဆိုးဆေး အဆီ၊ လိုရှင်း၊ ဆေးဆောင်ပါ။ အေးလို့ နှုတ်ခမ်းတွေ အဖတ်လန်၊ ကွဲလို့ နှုတ်ခမ်းဆိုးဆေး အမြဲထုတ်ဆိုးရတယ် ။ မူးမေ့တာ၊ အန်ချင်တာမျိုးတွေ အတွက် ဆေး၊ ဒဏ်ကြေလိမ်းဆေးလိုမျိုး ဆောင်ပါ။
သံတွေပါတဲ့ ကျောပိုးအိတ်ကို ရှောင်ပါ။ မကာအိုက အထွက်မှာ တတီတီ မြည်နေလို့။ စစ်တာ တခုချင်း ပြန်ထုတ် ပြန်စစ်။ နောက်ဆုံးတော့မှ ကျောပိုးအိတ်မှာပါတဲ့ စတီးကွင်းအဖွင့်အပိတ်ကြောင့်။
သွားမဲ့ဒေသရဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ မှတ်ထားပါ။
သူတို့ ယဉ်ကျေးမူကို လေးစားပါ။
စကားမစပ် ဒီနေ့ ဒီနှစ်ဆောင်းရဲ့ ပထမဆုံးနှင်းကျပါတယ်။ ဖြူဖြူဖွေးဖွေး နှင်းလေးတွေ တဖွဲဖွဲ ကျနေတာ၊ နေရာတိုင်း ဖြူဖွေးပြီး အလင်းရောင်ပြန်ဟပ်လို့ လင်းနေတာ အရမ်းချစ်ဖို့ ကောင်းပါတယ်။ ကိုယ့်ပုံထက် ပန်ဒါလေး Yanzi ပုံက ပိုချစ်ဖို့ ကောင်းနေလို့ ပို့စ်နဲ့ မစပ်မဟပ် တင်လိုက်ပါတယ်။ သည်းခံတော်မူကြပါကုန်။
နှင်းကျလို့ ပျော်နေတဲ့ Yanzi
ဟောင်ကောင်သွား တောလား  ဤတွင် ပြီး၏။
ချစ်စရာကောင်းတဲ့ ဒီဇင်ဘာရက်ကလေးတွေ  ပိုင်ဆိုင်ပါစေ။
စန်းထွန်း
ဒီဇင်ဘာ ၆၊ ၂၀၁၁။
11 comments:
မြသွေးနီ said...
Anonymous said...
အိုင်အိုရာ
မဒမ်ကိုး said...
ခင်တဲ့
အမ မဒိုးကန်
ညီလင်းသစ် said...
ညိမ်းနိုင် said...
စံပယ်ချို said...
ချစ်တဲ့ jasmine
ဘုန်းဘုန်းတောက် said...
mstint said...
မေတ္တာဖြင့်
အန်တီတင့်
San San Htun said...
မြသွေးနီ said...
ဘရုစလီအကြောင်းတနေ့ကပဲ Discovery မှာ ကြည့်လိုက်ရတယ်။ သူ့သမီးက အဖေ့အကြောင်းပြောပြတာလေ။ အမေရောသမီးရော အနောက်တိုင်းသူ ရုပ်ရည်ပဲ။ သူ့သမီးက ဘရုစ်နဲ့လုံး၀ မတူဘူး။ အစ်မက ခရီးသွားဆောင်းပါးတွေ နှစ်သက်တယ်။ ဖတ်ရတာ ဗဟုသုတရတယ်။ ခရီးတွေလည်းသွားနိုင်
စာတွေလည်း ရေးနိုင်တဲ့ ညီမငယ်ကို
အားကျတယ်...။ စာတွေ အရှိန်မပျက် ဆက်ရေးနိုင်ပါစေ...။
December 6, 2011 at 11:10 PM
Anonymous said...
ကိုယ်တိုင်သွားတုန်းကတောင်အဲလောက်စုံအောင်မသိခဲ့ဘူး စန်းထွန်းရေ။ တိုင်းကျူး...တိုင်းကျူး...း)
အိုင်အိုရာ
December 6, 2011 at 11:35 PM
မဒမ်ကိုး said...
တကယ်ရောက်နေရသလိုခံစားရတယ် စန်းထွန်းရေ
ခင်တဲ့
အမ မဒိုးကန်
December 7, 2011 at 12:14 AM
ညီလင်းသစ် said...
ဟောင်ကောင်ကို သိပ်မကြာခင်များ သွားဖြစ်မလား မသိဘူး ညီမရေ..၊ အခုလိုမျိုး ကြိုသိထားတော့ အဆင်ပြေတာပေါ့..၊ အရင်က ပို့စ်တွေပါ အခုမှ တပါတည်း ပေါင်းဖတ်ရတယ်..၊ ဝေမျှတာ ကျေးဇူးပါ..။
December 7, 2011 at 6:10 AM
ညိမ်းနိုင် said...
သွားချင်တယ်.....၊နက်ဖြန်ဆို အလုပ်ထဲက စလုံးတစ်ယောက် ဟောင်ကောင်သွားလည်မလို့တဲ့လေ..၊
သူရို့ကတော ဟုတ်နေတာပဲ...၊ဒို့ရွေညန်မာများကျတော့......:(
စကားမစပ်...နှင်းတွေကျလာပြီလား...ပျော်စရာကြီးပဲနော့....၊ချိုသော ဒီဇင်ဘာဖြစ်ပါစေဗျားးးးးးးးးးးးးး
December 7, 2011 at 8:42 AM
စံပယ်ချို said...
တစ်ကယ်ရောက်ခဲ့သလိုပါပဲ
ဗစ်တိုးရီးယားဆိပ်ကမ်းအလှကိုတစ်ဝကြီးရှုစားခဲ့ပါတယ်ရှင်
ချစ်တဲ့ jasmine
December 7, 2011 at 8:46 AM
ဘုန်းဘုန်းတောက် said...
အော်...ဘရုစလီက အမေရိကမှာ မွေးတာပေါ့နော်။ စန်းထွန်းပိုစ်ကို မဖတ်ခင် ဟောင်ကောင်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို အဲဒီလောက်ထိ ဆွဲဆောင်နိုင်မည်လို့ မထင်ခဲ့မိဘူး။ တကယ်လည်ပတ်ချင်စရာ ကောင်းလှပါဘိ။
December 7, 2011 at 9:41 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
နှင်းပွင့်တွေကြည့်ရတာ ပျော်စရာ
ဟောင်ကောင်ကတော့ အရောင်ကိုစုံလို့
ပျော်စရာလည်း စုံလှတယ်နော်
အခွင့်ရှိရင်တစ်ခေါက်လောက် သွားပါဦးမယ်
December 8, 2011 at 3:26 PM
ကိုကိုမောင်(ပန်းရနံ့) said...
ဟောင်ကောင်ကိုတော့ ဒီတစ်သက် ရောက်အံ့မထင်။
မရောက်နိုင်ပေမဲ့လဲ အခု အစုံအစေ့နီးနီး သိလိုက်ရလို့ ကျေးဇူးပါ။
December 12, 2011 at 8:09 AM
mstint said...
တီတင့်ရောက်ခဲ့တုန်းက အခုလောက် နေရာစုံကို
မရောက်ခဲ့ဘူး စန်းစန်းရေ။ ကျေးဇူးနော်။
ပုံတွေကြည့်ပြီးနောက်တစ်ခေါက် ရောက်ချင်သေးတယ် း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
December 12, 2011 at 8:54 AM