Living with Lupus - 5
လုပက်စ်ဆိုတာ Systemic Lupus Erythematosus ရောဂါရဲ့ အတိုကောက်နာမည် ဖြစ်ပါတယ်။ လုပက်စ်ဆိုတာကို စကြားဖူးတာက ၂၀၀၉  စင်္ကာပူရုံးမှာ လုပ်ဖော်ကိုင်ဖက် အစ်မက သူ့ခန္ဓာကိုယ် နာကျင်ကိုက်ခဲတယ်လို့ ပြောတုန်းက ကိုယ်တို့က စနောက်နေကြတာ။ နောက်တော့ သူ့မိဘတွေ မြန်မာပြည်ပြန်တော့ လေဆိပ်လိုက်ပို့ပေးအပြီးအပြန်မှာ ဆေးရုံတခါတည်း တန်းတင်လိုက်ရတယ်။ ရောဂါက လုပက်စ်တဲ့ autoimmune disease ကိုယ်ခံအားစနစ်က ကောင်းတဲ့တစ်ရှူးဆဲလ်တွေကို ခွဲခြားမသိတော့ဘဲ ပြန်တိုက်ခိုက်တဲ့ရောဂါ။ ကီမိုသရဖီဆေးတွေ သောက်ရလို့ ဆံပင်တွေကျွှတ် မျက်လုံးခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ပြ နေ့လည်ထမင်းစားဖို့သွှားကြရင် ထီးဆောင်းတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ လက်ဆစ်တွေ ကြီးလာလို့ ဂေါက်ဖြစ်တာလားထင်ပြီး ဆရာဝန်သွှားပြတာ လုပက်စ်တဲ့။ လုပက်စ်ကလည်း အရိုးအဆစ်တွေ ယောင်ရမ်းတာမို့ လေးဖက်နာနဲ့တော်တော်လေး ဆင်တူပြီး ဆရာဝန်တွေ တော်တော်ခွှဲခြားရ ခက်ပါတယ်။ ကိုယ့်ဆရာဝန်က လုပက်စ်ရောဂါလို့ စစ်ဆေးတွေ့ရှိပြီးတော့ Rheumatologist ဆီ ပို့လိုက်ပါတယ်။ လုပက်စ် ဘာကြောင့်ဖြစ်ရတာလည်းဆိုတာ ခုထိအဖြေမရှိသေးပါဘူး။ နျူးကလီးယား၊ စစ်ဒဏ်ခံရတဲ့ဒေသမှာ ကြီးပြင်းခဲ့လို့၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ စစ်ဒဏ်ခံရတဲ့ ကချင်၊ ရှမ်း၊ ကရင်ဒေသမှာ ကြီးပြင်းခဲ့တာလားလို့မေးတော့ ဟင့်အင်း ကိုယ်က ဧရာဝတီတိုင်းမှာ ကြီးပြင်းခဲ့တာ။ မျိုးရိုးထဲမှာလည်း လေးဖက်နာဖြစ်တဲ့သူလို့ မကြားဖူးဘူး။
နေထိုင်မှုပုံစံကလည်း အသီးအနှံ အရမ်းကြိုက်၊ ကိုကာကိုလာ၊ အာလူးကြော်မကြိုက်၊ အဆီတွေမစား ၊ ရေနွှေးကြမ်း အမြဲသောက်၊ စားတာသောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ လမ်း ၄၊ ၅ မိုင် ၊ တောင် ၇ မိုင် တက်တယ်၊ ဂျော့ကင်းပြေးတယ်၊ ကိုယ်ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာသိတဲ့ ဝိုင်းက မင်း ဒီလောက် ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေတဲ့သူတောင် ရောဂါဖြစ်တယ်ဆိုတာ မယုံနိုင်စရာဘဲတဲ့။ အဲ စိတ်ဖိစီးမှုကတော့ အင်မတန်များတယ် ယူအက်စ်ရောက်ပြီးကတည်းက ပူလိုက်ရတဲ့စိတ် စာမေးပွဲကျလို့၊ သတ်မှတ်ထားတဲ့ ဂရိတ်တွေရပြီး စာမေးပွှဲတွေအောင်ဖို့၊ အလုပ်ရဖို့၊ အလုပ်ထဲမှာလည်း အဆင်ပြေဖို့၊ ပြည်နယ်တွေပြောင်း၊ အလုပ်တွေပြောင်း၊ အရင်တုန်းက ဆင်အော်ရင်တောင်မနိုး အအိပ်ပုတ်တဲ့သူဟာ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တော့ဘူး။ ကိုယ်ကလည်းကိုယ် အလုပ်ထဲမှာ အဆင်မပြေရင် တချိန်လုံးအဲဒါကို စိတ်ရောက်နေတာ အိမ်မက်ထဲမှာတောင် ကုတ်တင်း (ကွှန်ပျူတာပရိုဂရမ်းမင်း) တွေ ရေးနေတတ်တယ်။ အလုပ်ကို အလုပ်မှာထားခဲ့ အချိန်တန်ရင် ပြီးသွှားမှာပဲလေလို့ စိတ်မထားနိုင်ဘူး Stress Management ညံ့တယ်ဆိုပါတော့။ လုပ်တဲ့ကုမ္ဗဏီကလည်း တရုတ်ကုမ္ဗဏီ အသေခိုင်း ပရောဂျက် ၂၊ ၃ ခုလောက်ကို တချိန်တည်း လုပ်ရတော့ ခေါင်းကအမြဲ မီးတောက်နေတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တယ်လို့ပဲ ယူဆလိုက်တယ်။ ကိုယ်ခံအားစနစ်က ကောင်းတဲ့ဆဲလ်တစ်ရှူးအော်ဂင်တွေကို မခွှဲခြားနိုင်တော့ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ ကုသနိုင်တဲ့ဆေး မပေါ်သေးဘူး ဆေးတွေသောက်ပြီး လူ့သက်တမ်းစေ့ နေထိုင်သွှားနိုင်တယ် အိမ်ထောင်သားမွှေး ပြုနိုင်တယ်။
ဆနွှင်း၊ Carlson Cod Liver Oil ၊ Apple Cider Vinegar
ဘယ်လိုလူတွေ ဖြစ်သလဲဆိုတော့ ငယ်ရွှယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကော့ကေးရှန်းတွေ အဖြစ်နည်းတယ်တဲ့။ အဆိုတော်သရုပ်ဆောင် ဆီလီနာဂိုမက်၊ ရပ်ပါအဆိုတော် မစ်ဆီအစ်လီရက်၊ America Got Talent အစီအစဉ်တင်ဆက်တဲ့ နစ်ကင်နွှန်တို့လည်း လုပက်စ်ရောဂါ ရှိတယ်။ သူများကို မကူးစက်တတ်ပါဘူး အေအိုင်ဒီအက်စ်က ခုခံအားကျဆင်းပြီး လုပက်စ်ကတော့ ခုခံအားကောင်းလို့ ဖြစ်တာပါ။ ဘယ်အချိန် ဘယ်နေရာကို တိုက်ခိုက်မလဲ မသိနိုင်သလို တယောက်နဲ့တယောက် မတူဘူး။ အဆစ်တွေကိုက်ခဲယောင်ယမ်းမယ်၊ အရေပြားမှာ နေလောင်သလို ဖြစ်မယ်၊ မောမယ်။ တီဗွီမရှိဘူးဆိုတာ စစ်ဆေးပြီးမှ Hydroxychoroquine တိုက်တယ်။ အဲဒီဆေးက ငှက်ဖျားဆေးအဖြစ် သုံးခဲ့တာ နှစ်ပေါင်း ၃၀ အတွင်း လုပက်စ်အတွှက် FDA အတည်ပြုတဲ့ တစ်ခုတည်းသောဆေးပါ။ ဆိုးကျိုးက မျက်စိခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ ခြောက်လတစ်ခါ စစ်ဆေးရပါတယ်။ အမြဲနာကျင်ကိုက်ခဲနေပြီး မသက်သာလို့ prednisone စတိုက်ပါတယ်။ ဆိုးကျိုးက အရိုးပါးစေတာမို့ ကယ်လစီယမ် သောက်ရပါတယ်။ immunesupressive drug ကြောင့် ကိုယ်ခံအားနည်းလာပြီး shingles မီးလောင်ဖုလိုမျိုးတွေ ဖြစ်တယ်။ အစားအသောက်ပျက် ဘာမှစားမဝင် ပင်ပန်းနွှမ်းနယ် ည ၉  နာရီဆို ခေါင်းကဒေါင်ချာဆိုင်း ဒူး လက်ဆစ် ခြေကျင်းဝတ်တွေ ယောင်လို့ လမ်းလျှောက်ရင် ကွှတကွှတ လိပ်နှုန်းနဲ့လျှောက်ရတယ်။ ဘော်စတွန်ဟာဘားခရူစီးဖို့ နေပူထဲမှာ နာရီဝက်လောက်စောင့်၊ တနာရီလောက် ခေါင်မိုးထပ်ကနေစီးတော့ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ နေလောင်ကွှက် butterfly rash ဖြစ်တာ တစ်နှစ်ကျော်လောက် ကုယူရတယ်။
အဲဒီကတည်းက လက်ရှည်၊ ဘောင်းဘီရှည်ဝတ်၊ ဦးထုပ်အကြီးကြီးဆောင်း၊ နေကာမျက်မှန်တပ်၊ နေကာခရမ်လိမ်းနဲ့ နေရောင်ကို သတိထားရတယ်။ အသားအရေခြောက်လို့ အဖတ်အဖတ်ကွှာတယ် ဂရစ်စလင်း လိမ်းတောင်မရဘူး။ ငှက်ဖျားဆေးကလည်း sun exposure ရှိတယ် နေရိပ်ထဲမှာနေလည်း နေကာခရမ်လိမ်းရတယ်။ နာကျင်ကိုက်ခဲတာ မသက်သာတော့ Methotrexate ကီမိုသရဖီဆေး တိုက်တယ်။ ဆံပင်ကျွှတ်တယ် တဖြည်းဖြည်း ပိန်လာတယ် လှေကား ၁၀ ထစ်တောင် မတက်နိုင်ဘူး မောလို့။ ရင်ဘတ်အောင့်တယ် အိပ်ရင် ပက်လက်ပဲအိပ်လို့ရတယ် ဘယ်ညာစောင်းလို့ မရဘူး။ အဆုတ်ကိုထိတယ်ထင်လို့ အဆုတ်ဆရာဝန်ပြတာ အဆုတ်က နည်းနည်းကျုံ့သွှားတယ် ယောင်ယမ်းပေါက်ကွှဲထားတဲ့ ဒဏ်ရာလေးတွေရှိတယ် အဆုတ်အားနည်းတယ်တဲ့။ ဒီဆရာဝန်နဲ့မဖြစ်တော့ဘူးဆိုပြီး မွှေးစားအမေ သမီးအငယ်ပြနေတဲ့ ဆရာဝန်ဆီပြောင်းတော့ ဆရာဝန်မက ပါကစ္စတန်သူ တရုတ်ဆရာဝန်က သူ့တပည့်တဲ့။ prednisone 60 mg နဲ့ ကိုယ်ခံအားကို ဖိချလိုက်တော့ မျက်နှာကြီး ဖောင်းကားလာတယ် တချိန်လုံးဆာနေ စားနေတော့ ဝိတ်တက်လာတယ် Shingles ဝင်တယ်။ နှစ်လတခါ ဆရာဝန်နဲ့တွေ့ပြီး သွှေးဖောက် prednisone ကို လျှော့တယ် ဒါပေမဲ့ ခန္ဓာကိုယ်တွှင်း ယောင်ယမ်းတဲ့ C-reactive protein CRP က အတော်လေးမြှင့်နေတယ်။ ကံကောင်းတာက ကျောက်ကပ်မထိသေးဘူး။ မကြီးညွှန်လို့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ဖေ့ဘွှတ်ကို ဖတ်တယ် ယူကျူမှာ နားထောင်တယ်။ autoimmune disease အများစုက အူမကောင်းလို့ ဖြစ်ရတာတဲ့ Probiotics သောက် မသောက်နိုင်ရင် အိမ်မှာလုပ်တဲ့ ချဉ်ဖတ်စားဆိုလို့ ပဲပင်ပေါက်ချဉ်ဖတ်၊ မုန်လာဥချဉ်ဖတ် တည်စားတယ် Probiotics သောက်တယ်။
Life Extension က ထုတ်တဲ့ဆေးတွေ ကိုယ်သောက်နေတာ
ဆရာမကြီးပြောတဲ့ ဆေးတွေအကုန်လုံးပဲ
D3 5000 ၂ လုံးသောက်တယ် Carlson cod liver oil ကို ဆနွှင်းနဲ့ တနေ့ ၂ ကြိမ်သောက်တယ်။ Apple cider vinegar ကို အစာမစားခင် ရေအေးနဲ့သောက်တယ်။ အရိုးပြုတ်ရည်သောက် gluten ရှောင် အရွှက်ပြုတ်ဖျော်ရည်သောက် ငါးကြီးဆီ Maganesium ၊ Zinc ၊ Selenium ၊Super K ၊ B12 ၊ မျက်စိအတွက် MacuGuard သောက်တယ်။ LifeExtension ဆိုဒ်မှာ ဈေးချတော့ နှလုံးအတွှက် CoQ10 ၊ အရိုးအတွက် Glocosamine Chondroitin ၊Alpha-Lipoic Acid ၊ ခန္ဓာကိုယ်ယောင်ရမ်းတာအတွက် Black Cumin Seed Oil ၊ ကင်ဆာပျောက်တယ်လို့ ပြောနေကြတဲ့ Dandelion Root သောက်တယ်။ အားလုံးက ဆရာဝန်ဆေးစာရွှက် မလိုဘဲ supplement အနေနဲ့ဝယ်လို့ရတယ်။ အဖေက ခြေထောက်နာလို့ ညတိုင်း ခြေထောက်ကို Epsom Salt နဲ့ရေနွှေးနဲ့စိမ်တယ် သက်သာတယ်လို့ပြောတယ်။ အလင်းရောင်မြင်ရင် အသံကြားရင် ချွှပ်ချွှပ်သံကြားရင် အိပ်မပျော်တဲ့ အိပ်ရေးဆတ်တဲ့ အဖေ့အတွက် အဝတ်စထဲ ဆားခါးထည့်ပြီး ခေါင်းအုံးလုပ်ပေးထားတယ် အိပ်ပျော်တယ်ဆိုပဲ။ Dr.Teals က ထုတ်တဲ့ ဆားခါး ရေချိုးဆပ်ပြာ၊ လိုးရှင်းလိမ်းတယ်။ ဆရာမကြီးပြောတဲ့အတိုင်း လိုက်နာကျင့်သုံးကြတယ်။ အလုပ်အပြောင်းအလဲဖြစ်ပြီး အလုပ်သစ်ဝင်တာ ၃ လလောက်မှာ ကျန်းမာရေး အာမခံကဒ်ရတာမို့လို့ ၆ လလောက် ဆရာဝန်မပြဖြစ်ဘူး။ အဲဒီအတွင်း ကိုက်တာခဲတာ ဘာမှမရှိဘူး တောင် ၇ မိုင်တက်နိုင်လို့ မကြီးက နင် လုပက်စ်ဖြစ်နေတယ် ဆိုလို့သာ သာမာန်လူတွေထက်တောင် ကျန်းမာသေးတယ်တဲ့။ Rheumatologist က ဘာဆေးတွေသောက်လဲမေးတော့ ဆနွှင်းနဲ့ cod liver oil သောက်တယ်ဆိုတော့ အရမ်းကောင်းတယ်တဲ့။
ရှေ့အပတ်သွှေးစစ်တဲ့ အဖြေအရ ၂ နှစ်ခွဲလောက် လုံးဝမကျတဲ့ ယောင်ယမ်းတဲ့ CRP တွေ ကျလာတယ် သွှေးအားနည်း 7.8 ပဲရှိလို့ သွှေးဆရာဝန်နဲ့ ပြခိုင်းတယ်။ မူးလဲနေမှာစိုးလို့ ဖုန်း ၂ ခါတောင် ဆက်တယ်။ ပုံမှန်ဆို 9 ရှိနေတာ ဒီတခါတော့ တအားနည်းနေလို့ ဆရာဝန်မက စိတ်ပူနေတာ လုပက်စ်က သွှေးကို တိုက်နေတယ်ထင်နေတယ်။ သွှေးအားနည်းတယ်ဆိုပေမဲ့ ကိုယ်တော့ မူးတယ်မောတယ် မခံစားရဘူး။ သွှေးအားနည်းနေတယ်ဆိုတော့ သွှေးအားကောင်းစေတဲ့ အစားအစာတွေစား Iron သောက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေါ့။ မျက်စိဆရာဝန်၊ နှလုံးဆရာဝန်နဲ့ပြတော့ အားလုံးကောင်းတယ်။ နှလုံးက မာမာသံတောင် မကြားရလို့ အပ်ခိုး၊ အီကေဂျီတနေကုန်တောင် မဆွဲခိုင်းတော့ဘူး။ နှလုံးဆရာဝန်မနဲ့ ဆနွှင်း သဘာဝဆေးတွေအကြောင်း ပြောဖြစ်တယ်။ သူလည်း အဲဒါတွေသောက်တယ်တဲ့။ နောက်အပတ်ကျရင် အဆုတ်ဆရာဝန်နဲ့ ပြရမယ်။ ကောင်းမယ်လို့ထင်တယ် ခု 5K ၃ မိုင် ပြေးဖို့ လေ့ကျင့်နေတာမို့ အမောခံနိုင်တယ် အဆုတ်ကောင်းတယ်လို့ ထင်တယ်။ ချစ်အမကြီးမခိုင် 5K ပြေးမယ် လိုက်မလားခေါ်တော့ လိုက်မယ်ပေါ့ ကိုယ်တိုင်ပြေးကြည့်မှ အယ်မလေး ၁ မိုင်တောင် မနည်းပြေးရတယ် ၃ ခါလောက် နားပြီးတော့။ နောက်တော့ 5 K အတွက် ဘယ်လိုပြင်ဆင်ရမလဲ ဆောင်းပါးတွေဖတ်တော့ ဖိနပ်ကအရေးကြီးတယ်။ အားကစားပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ မဝယ်ဘဲ အပြေးအတွှက် သီးသန့်ရောင်းတဲ့ဆိုင်မှာ ဝယ်ပါတဲ့။ Jack Rabbit ဆိုင်ကိုသွှားပြီး ငါ 5K အတွှက် လေ့ကျင့်နေတယ် ဈေးသိပ်မကြီး ပေါ့တဲ့ဖိနပ်ပေးပါလို့ပြောတော့ ခြေထောက်ကိုတိုင်း Treadmill မှာ လမ်းလျှောက်ခိုင်း ဆိုင်ထဲမှာ လမ်းလျှောက်ခိုင်း ကိုယ်ရဲ့ခြေထောက်ပုံစံ လမ်းလျှောက်တဲ့ပုံစံကိုကြည့်ပြီး သင့်တော်တဲ့ဖိနပ် ၄၊ ၅ ရံ လာချပေးတယ်။
5K run အတွက် အပြေးဖိနပ်
Nike Zoom Structure 20 ဖိနပ်အသစ်နဲ့ အရင်ကထက် ပြေးနိုင်လာတယ်။ ခြေအိတ်လည်း အရေးကြီးတယ် ခန္ဓာကိုယ်က တဖြည်းဖြည်း လေ့ကျင့်ရင် ရပါတယ်။ ၃ မိုင်ကို မိနစ် ၄၅ ၊ ၅၀ မိနစ်လောက် ပြေးရတယ်။ MapMyRun Apps ကို သုံးပါတယ် တပတ် ၃ ရက် ပိတ်ရက်တွေမှာရော အားရင်အားသလို သွှားပြေးတယ်။ ဖုန်းကျမကွှဲအောင် လက်မှာပတ်ထားတဲ့ဟာ၊ Sport bra နဲ့ပြေးတဲ့ gear တွေ ဝယ်ရသေးတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ 5K run မှာပါ ပန်းဝင်ခဲ့ရင် ဆုတံဆိပ်ကို ကြွှားမယ်နော်။ အဆုတ်ဆရာဝန်နဲ့ တွေ့ပြီးမှပဲ ကိုယ်ထင်တာတွေ မှန်မမှန် သိရမယ်။ ၃ မိုင် ပြေးပြီးရင် တောင်ထိပ်က မြက်ခင်းစိမ်းစိမ်းလေးမှာ ဖိနပ်မပါ၊ ခြေအိတ်မပါဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်တယ် ဆရာမကြီးပြောတဲ့အတိုင်း မြေကြီးဓာတ်ယူတာ။ မကြီးက သိုင်းရွှိုင်းတစ်လုံး ထုတ်ထားတယ် ဆရာမကြီးပြောတဲ့ သိုင်းရွှိုက်ဆေးသောက်တာ ဆံပင်ကျွှတ်တာ သက်သာတယ် အမောခံနိုင်လာတယ်တဲ့။ အဖေအမေလည်း ယူအက်စ်ကိုလာတော့ ပန်းသီးရှလကာရည်၊ ဆနွှင်းနဲ့ cod liver oil ကို မျက်စိမှိတ် သောက်ကြတယ်။ မြန်မာပြည်ပြန်ရောက်တော့ ပန်းသီးရှလကာရည် ဝယ်သောက်တယ်တဲ့။ ကိုယ်ကျန်းမာရေး ကောင်းလာတာ မြင်ရတော့ ဆရာမကြီးကို သိပ်ကျေးဇူးတင်ကြတယ်။ Rheumatologist  တွေက prednisone ကို တိုးလိုက်လျှော့လိုက် တိုက်ကြတာပါ။ ကိုယ်ကျန်းမာလာတာ ဆရာမကြီး ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်လို့ပါ။
ဆရာမကြီးက သူပြောတာတွေ ယုံလို့လည်း မပြောဘူး လိုက်လုပ်ကြည့် အဆင်ပြေရင်ဆက်လုပ် အဆင်မပြေရင် ရပ်လိုက်။ MMR ဆေးနဲ့ အော်တစ်ဇင် ဆက်နွှယ်ချက် သုတေသနတွေ့ရှိချက်ကို ရှယ်တာပါ သူ့မြေးလည်း အဲဒီဆေး မထိုးမနေရလို့ ပြောပြီးသား။ အဲဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အပြစ်တင်ရေးသားချက်တွေကို တွေ့ရတော့ အတော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေဟာ ကင်ဆာအဖြစ်အများဆုံး ကင်ဆာမဖြစ်အောင် ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ စေတနာနဲ့ဟောပြောတော့လည်း အပြောခံရတယ် စေတနာနဲ့မတန်တဲ့သူတွေ အတော်စိတ်ပျက်စရာပဲ။ ကိုယ်တွေကတော့ ဆရာမကြီးကြောင့် ရောဂါသက်သာလာတာ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်သွှားမယ်။ လုပက်စ်အတွက် သတင်းကောင်းတစ်ခုကတော့  ရှိပြီးသားဆေးတစ်မျိုးနဲ့ ဆေးအသစ်ကို ကြွှက်တွေမှာ စမ်းသပ်ကြည့်တာ အောင်မြင်တယ်လို့ ဆိုပါတယ်။ နှစ်အနည်းငယ်အတွှင်းမှာ ဆေးအသစ်ကို လူတွေမှာ Trial စမ်းသပ် အောင်မြင်ရင် FDA အတည်ပြုချက်ရယူပြီး အန္တာရာယ်အနည်းဆုံး ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဆေးအသစ် မထွက်ခင် ဆရာမကြီးပြောသလို ခန္ဓာကိုယ်ကြီး မယောင်ရမ်းအောင် သံချီးမတက်အောင် ကိုယ်ခံအားတွေ ကောင်းအောင်လုပ်ပြီး ကျန်းမာအောင် နေသွှားကြရအောင်။
စန်းထွန်း
သြဂုတ် ၂၀၊ ၂၀၁၇။
ရေးခဲ့ပြီးတာတွေက
Lupus - ၁
Lupus  - ၂
Living with Lupus - 1 
Living with Lupus  - 2
Living with Lupus - 3 
Living with Lupus - 4 
Lupus Cure News
http://www.achieveclinical.com/news/cure-lupus-coming-soon/
Autoimmune disease အတွှက် Dr.Axe ရေးထားတဲ့ ဆောင်းပါး
https://draxe.com/4-steps-to-heal-leaky-gut-and-autoimmune-disease/
https://draxe.com/top-5-lupus-natural-treatment-remedies/
4 comments:
Lorem Ipsum said...
San San Htun said...
စံပယ်ချို said...
San San Htun said...
ဆုမြတ်မိုး said...
ကျန်းမာလာတယ်ဆိုတော့ ဝမ်းသာတယ် အမရယ်..။ ညီမတော့ ဒီရက်ပိုင်းသိပ်ချူချာတယ် seasonal flu ဖြစ်တယ် ..ကောင်းမယ်လုပ်သေးတယ် ..... ဆုံလည်ကုလားထိုင်ပေါ်ကိုတက်ပြီး မီးခလုတ်ဖွင့်တာ ခုံပေါ်ကပြုတ်ကျ..ညာဘက်တစ်ခြမ်းလုံးထိတာ..တော်တော်ခံရတယ်။ အဲဒီအရှိန်နဲ့ ဖလုနဲ့ပေါင်းပြီးထပ်ဖျား...။ အစားမဝင်...ဝမ်းချုပ်...။ ခုလည်း မူးနေတာ....ကော်ဖီလေးတောင်ထမဖျော်နိုင်ဘူး ။ ဒါတောင် ယာယီဖြစ်တဲ့ရောဂါတွေ..။ အမတို့လိုအကြာကြီးဖြစ်တဲ့သူတွေကို ကိုယ်ချင်းစာတယ်..။ နေမကောင်းရတဲ့ကြားထဲ ညီမလည်း အမလို stress management မကောင်းဘူး ။ ခုတော့ ဖေ့ဘုတ်တွေအကုန်ပိတ်ပြီး စိတ်ရောကိုယ်ပါနားနေတယ် ။ ညီမလည်း တစ်ပတ် ၃ ခါလောက်ပြေးနိုင်အောင်ကြိုးစားနေတယ် ။အရင်တလောတုန်းက ပြေးနိုင်သေးတယ် ။ ခုတော့ ပြေးဖို့နေနေသာသာ...လမ်းထလျှောက်ရင်တောင်မူးနေလို့ နားနေရတယ် ။ ဒီတစ်ပတ်ထဲ ၂ ရက် ပြေး ပြီး တစ်ရက် ယောဂလုပ်မယ်မှတ်တာ နောက်တစ်ပတ်လောက်မှပဲပြေးနိုင်တော့တယ် ။ ခန်ဓါကိုယ်က train ရင်ရတာ အမှန်ပဲ ကြိုးစားပြီးဖြေးဖြေးသာလုပ်သွား ။
August 20, 2017 at 11:33 PM
San San Htun said...
ညီမဆုမြတ် နေကောင်းမှ ပြေးဦး ကျန်းမာရေးကို ဂရုစိုက်နော် ...
August 30, 2017 at 10:59 PM
စံပယ်ချို said...
ကျန်းကျန်းမာမာရှိတယ်ဆိုလို့ဝမ်းသာပါတယ် ကြိုက်တာတွေအများအားဖြင့်တူနေပြီးမကြိုက်တာတွေလဲလာတူနေတယ်...
September 4, 2017 at 1:20 PM