တနေ့ တာ..
ပစ်ပစ် တဂ်စာ ကျွှေးလာတော့ စားရချီသေးတာပ။ ၂၀၁၂ ရဲ့ ပထမဆုံး တဂ်ပို့ စ်လေးပါ။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ...
မနက် ၇ နာရီ နိုးစက်နိုးတာနဲ့ ဖုန်းနဲ့ ပရိတ်တရားဖွင့်၊ ကွန်ပျူတာ ဖွင့်တယ်..ပြီးရင် မျက်နှာသစ်၊ သွားတိုက်..ရေနွေးအိုးတည်..ဘုရားသောက်တော်ရေကပ်၊ သစ်သီးကပ်ပြီး ၁၀ မိနစ်လောက် တရားထိုင်နိုင်အောင် ကြိုးစားနေပါတယ်..
မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ...
ကော်ဖီနဲ့  မြန်မာမုန့် (ကောက်ညှင်းပေါင်း၊ ဘိန်းမုန့် ၊ မုန့် ဖက်ထုပ်၊ မုန့် ဟင်းခါး) စားရတာ ကြိုက်တယ်..မေ ရှိရင်တော့ သားတို့ ၊ သမီးတို့  ဘာစားမလဲ မေးရင် အိပ်ယာထဲကနေ မျက်စိမဖွင့် စားချင်တာကို မှာလိုက်ကြတယ်..မေ မရှိရင် မောင်နှမတွေ နင်သွားဝယ်၊ ငါသွားဝယ် ကပ်သတ်နေကြတာနဲ့  တခါတလေ မုန့် ငတ်တယ်..
မကြီးလက်ရာ ကောင်းခြင်းပေါင်း
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
 Argio ကို သွား မနက်စာစားဖို့ တောင် ဘီးစီးနေလို့  ဘီစကစ်၊ ပန်းသီးကိုက်ရင်း ရေနွှေးကြမ်းလေးနဲ့  မျောချနေရပါတယ့် အဖြစ်..
နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ...
ဘယ်နေရာပဲဖြစ်ဖြစ် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့  သိုက်သိုက်ဝန်းဝန်း စားရတာ ကြိုက်တယ်..
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ...
ချဉ်ပေါင်ကြော်..မစားရတာ ၁နှစ် ရှိတော့မယ်.. မြန်မာဟင်းဆို ဘာဖြစ်ဖြစ် ပြီးရော..
အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ...
မနက် တခွက်..နေ့ လည် အိပ်ငိုက်ရင် နောက်ထပ် တခွက်..
ညနေစာကိုဘယ်မှာစားတတ်ပါလဲ...
အရင်တုန်းကတော့ အိမ်မှာ မိသားစုဝင်တွေစုံစုံညီညီနဲ့  စကားတွေ လုပြောရင်း စားတတ်တယ်.ခုတော့..အခန်းထဲမှာ နေ့ လည် Argio က မလာတဲ့ အရွက်တွေ ထည့်ပြီး ခေါက်ဆွဲပြုတ်ကို ကွန်ပျူတာကြည့်ရင်း စားတယ်..
ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ...
ဖေ၊ မေ၊ မကြီး ချက်ကျွှေးတဲ့ ဟင်းတွေကို သတိရမိတာ..
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်...
မပြီးသေးတဲ့၊ အရေးကြီးတဲ့ အလုပ်တွေကို မနက်ဖြန် လုပ်မယ်လို့  တေးလိုက်တယ်..
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ...
ဒုတိယလုပ်မိတာလေး...
မြန်မာဆိုလို့  တယောက်တည်းရှိတဲ့ နေရာမှာ ကွန်ပျူတာ၊ ဘလော့သာ စန်းထွန်းရဲ့  သူငယ်ချင်း၊ မိတ်ဆွေပါ..အင်တာနက်ကွန်နက်ရှင်း ဒေါင်းရင်ဖြင့် ဘာလုပ်ရမှန်းမသိ ယောင်ချာချာ..
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား...
မသောက်တတ်ပါ..ကော်ဖီပြင်းရင် ရင်တုန်တတ်လို့  ညဖက်ကိုတော့ ဝှောင်ဝှောင်ရှေးတယ်..ဒီရောက်မှ တပတ်တခါပဲ ကော်ဖီသောက်ဖြစ်တယ်..ကော်ဖီပြတ်ရော..အဲ ရေနွှေးကြမ်းတော့ အမြဲသောက်တယ်..ရေအေးတောင် သောက်လို့ မရ..
ရေနွှေးကြမ်းဂျိုးတက်နေလို့  ဝါကျင်ကျင်ဖြစ်နေတဲ့ ဖန်ခွက်ကို ကြည့်ပြီး ဆူနမ်က dirty. clean the glass ဆိုလို့  ရေနွှေးကြမ်းကြိုက်တဲ့ မိုင်းနဲ့  စန်းထွန်း ရယ်လိုက်ရတာ..ဆေးတုန်း ခဏဖြူပြီး ပြန်ဝါကျင်သွားတာကို ရေနွေးကြမ်း မသောက်တဲ့ ဆူနမ်က ညစ်ပတ်တယ် ထင်နေတာ..
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ပုဆိန်ဦးချ ဘုရားကန်တော့ပြီး အိပ်တော့တာပဲ..မနက် ၁ နာရီခွဲ စာကြည့်ပြီးချိန်မှာ မျက်လုံးစင်းပြီး အိပ်ချင်နေပြီ..
အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ...
ပရိတ်တရားဖွင့် နာလိုက်တယ်..
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ...
ခြေထောက်တွေ နာတဲ့ အထိ လမ်းလျှောက်တယ်..ငိုတယ်..
အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း...
ကျောင်းသားကဒ်၊ သော့ ၊ ဖုန်း ၊ ပိုက်ဆံအိတ်..
မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ...
ဖေ၊ မေ၊ မကြီး ၊ မောင်မောင်..
သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ...
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ...
ရုံးကလူတွေအကုန်လုံး ခင်ဖို့  ကောင်းတယ်..အခင်ဆုံးကတာ့ မလေးတရုတ်မ ထိန်ထိန်နဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Sophie Wynn ရဲ့ မေမေ မယမုံနာ..
Winarto ၊ Mona ၊ Navya ၊ San Htun ၊ Thieng Thieng ၊ Eunice ၊ Pierrel (IT Director)
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လိုချင်တာက Canon EOS 550..ဝယ်နိုင်တာက Canon IXUS 300..ပိုက်ဆံရှိရင် ကင်မရာ အကြီးကြီး ဝယ်မယ်လို့  အမြဲကြုံးဝါးပေမဲ့ ပိုက်ဆံကလည်း အမြဲမရှိလေတော့  ကင်မရာအကြီးကြီးနဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး..
Emporio Armani ဖုန်းကိုတော့ လူတိုင်းဆီမှာ မတွေ့ မိလို့  အကြိုက်ဆုံး..
နောက်တခုက ကိုယ့်ဘလော့ဂ်...ပင်ပန်းလွန်းတဲ့ နေ့ ရက်တွေ၊ မြန်မာစကားငတ်တဲ့ အချိန်မှာ ဘလော့ဂ်လေးရယ်၊ မအားတဲ့ကြားထဲက အချိန်ပေး လာလည်သူတွေကြောင့်သာ ရှေ့ ဆက်ဖို့  အားတင်းရင်း..
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု...
တကူးတက စဉ်းစားပြီးမှပေးတဲ့ လက်ဆောင်မို့ လို့  အကုန်ကြိုက်တယ်..
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ...
ဖေ၊ မေ..
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ...
စာမေးပွဲ လွတ်လွတ်ကျွှတ်ကျွှတ်အောင်ပြီး အလုပ်မြန်မြန် ရချင်ပါတယ်..
ပျော်ရွှင်ဖွယ် တနေ့ တာ ပိုင်ဆိုင်ကြပါစေ။
စန်းထွန်း
ဇန်နဝါရီ ၇၊ ၂၀၁၂။
32 comments:
မေဓာဝီ said...
စန်းထွန်းလေးက လိမ္မာလိုက်တာ။ မနက်နိုးနိုးချင်း ပရိတ်ဖွင့်တယ်တဲ့။ အမဆို ကွန်ပျူတာဖွင့်မိတာ။ :))
လိမ္မာတဲ့ ညီမလေး စာမေးပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်ပြီး အလုပ်ကောင်းကောင်း ရပါစေ လို့ ဆုတောင်းပါတယ်။
san htun said...
ဖုန်းနဲ့ ပရိတ်တရားဖွင့်ပြီး ကိုယ်ကတော့ restroom သွားနေတာ..နတ်တွေ နာပေါ့..:P
Nyi Linn Thit said...
ချဉ်ပေါင်ကြော် တမ်းတသူ တစ်ယောက်လည်း တွေ့ပြန်ပြီ..၊း) ညီမရဲ့ မိသားစု ဓါတ်ပုံလေးက ချစ်စရာ ကောင်းတယ်..။
ကိုကိုမောင်(ပန်းရနံ့) said...
အမေးအဖြေအတိုဆုံးဆု ဆုချရမယ်။း)
san htun said...
ရှည်တုန်းကလည်း ရှည်လို့ .. တိုတော့လည်း တိုလို့ တဲ့..တဂျီးမင်းနော်.. ဟွင်း..ဟွင်း..
Iora said...
ကိုယ်စိတ်ဓါတ်ကျရင်လူတွေနဲ့ ခဏရှောင်တယ်။ စကားပြောမိရင် မျက်ရည်ကျမှာစိုးလို့ ။
စာမေးပွဲလွတ်လွတ်ကျွတ်ကျွတ်အောင်ပြီးအလုပ်ကောင်းကောင်းအမြန်ဆုံးရပါစေလို့ ။
အိုင်အိုရာ
san htun said...
ဟုတ်တယ် အိုင်အိုရာ..စကားပြောရင်း ငိုတော့တာပဲ..မေးတဲ့သူကလည်း ဘာလုပ်လို့  ဘာကိုင်ရမှန်း မသိ..ခဏရှောင်တာ ကောင်းတယ်..
တဂျီးမင်း အတိုဆုံးဆိုလို့  ထပ်ထည့်လိုက်တယ်..ဘယ်ရမလဲ..ဟွင်း..ဟွင်း..တော်ကြာ အရှည်ဆုံးဆု ဖြစ်သွားမယ်နော်..:P
ညိမ်းနိုင် said...
အလို...ချဉ်ပေါင်ကြော် တယ်ရောင်းကောင်းနေပါလား..:))
ဟုတ်တယ်....ဗျ....နိုင်ဂံဂျားရောက်တဲ့ ဘယ်မြန်မာမဆို
ချဉ်ပေါင်ကြော်လေးစားချင်ကြတာချည်းပဲရယ်။ဒီမှာတော့
စန်းထွန်းသိတဲ့အတိုင်းပဲ...အကုန်ဝယ်ရနေတော့တော်
သေးတယ်...။အင်း..စန်းထွန်းတို့ဆီမှာကတော့ လွယ်ဘူး
ထင်ရဲ့...။စန်းထွန်းရဲ့တစ်နေ့တာလေးက ရိုးရိုးရှင်းရှင်းနဲ့
သဘောကျစရာလေး....၊အဲ...တိုလည်းတိုသွားတယ်...:P
Candy said...
တဂ်စာ လာစားတာ စန်းထွန်းရေ...
မိသားစုပုံလေးကို သဘောကျသွားတယ် :D :D
san htun said...
ဟဲဟဲ အဲဒီပုံကို အနော်ရိုက်ပေးထားတာဂျ.. အမှတ်ဝင်ယူလိုက်တယ်..၂၀၀၉ စက်တင်ဘာတုန်းက Golden Mile Plaza မှာ ဖေ၊မေ၊မောင်မောင်တို့ ကို ယိုးဒယားလိုက်ကျွှေးတာ..အပြန် SBS bus ပေါ်မှာ..အဲဒီတုန်းက Formulat One ပြိုင်ပွဲရှိတော့ မီးဆိုင်းတွေနဲ့  ထိန်ထိန်လင်းနေတာ မှတ်မိသေးတယ်
မိစံ said...
စာမေးပွဲကို.လွတ်လွတ်နဲ့ကျွတ်ကျွတ်အောင်ပြီး
လိုရာပန်းတိုင်..မြန်မြန်လှမ်းနိုင်ပါစေ။
ပျော်ရွှင်ဖွယ်တစ်နေ့တာလေးပါအစ်ကိုစန်းထွန်းရေ
(နှုတ်ကျိုးနေပြီဗျို့..ရတော့ဝူး :P)
san htun said...
ခေါ်ချင်သလို ခေါ်အေ..အစ်ကိုစန်းထွန်းဖြစ်ဖြစ်၊ ကိုစန်းထွန်းဖြစ်ဖြစ်၊ ကိုကြီးစန်းထွန်းဖြစ်ဖြစ် စန်းထွန်းက စန်းထွန်းပါပဲ..
Anonymous said...
ကဲ ကဲ ကဲ အလုပ်မြန်မြန်ရ အဟင်းဟင်းး .....လဲ မြန်မြန်ရပါစေတော်း)
ဟိဟိ
ခင်တဲ့
မဒိုးကန်
san htun said...
ပေးတဲ့ဆုနဲ့  မြန်မြန် ပြည့်ပါစေဗျား..း)
jasmine(တောင်ကြီး) said...
စန်းထွန်းရေ
အခုဂျက်တို့နေတဲ့နေရာမှာချဉ်ပေါင်ရွက်တွေပေါချက်ကတော့
တစ်စည်းကို မလေးပိုက်ဆံ ၁ကျပ်ပဲအိမ်မှာကြော်ပြီးသားတောင်ရှိတယ်နီးရင်လာပို့ပေးတယ် လူကြုံရှိရင်လဲပြောပါခြောက်ခြောက်လေးကြော်ပြီးပို့ပေးမယ်
လောကွတ်လုပ်တာမဟုတ်ဘူး အတည်ပြောတာ
ကိုယ်ချင်းစာတယ် ကိုယ်လဲစားချင်တဲ့ဟာဆိုရင်စားလိုက်ရမှ
ဘိုဖြူ said...
အမစန်းထွန်း ကချဉ်ပေါင်စားချင်နေတာကိုး ကျွန်တော်တို့နေရာမှာတော့ရပါတယ်ဗျာ
ကိုယ်တိုင်မလုပ်တတ်တော့လဲဝယ်စားလို့ရတယ်
ထိုင်းနဲ့မလေးမှာတော့ မြန်မာစာနဲနဲတူတော့အဲတာတွေရတယ်----မိသားစုပုံလေးကိုလဲစိတ်ဝင်စားတယ်ပျော်စရာကြီနော်
ပန်းချီ said...
ချဉ်ပေါင်ကြော်း( မစားရတာကြာပြီ။
ပွင့်လင်းလိုက်တဲ့ တစ်နေ့တာလေး..။
မအိမ်သူ said...
ပေါ့ပေါ့ပါးပါး တစ်နေ့တာလေး ဖတ်သွားတယ်..း)
ခမာပြည်မှာလဲ ချဉ်ပေါင်မရဘူး။ ခြံထဲမှာတော့ အပင်ရှိတယ်။ အဲဒီကခူးစားတယ်။ မျိုးရှိနေလို့လားတော့မသိဘူး။ အပင်က သေသွားလိုက် နောက်နဲနဲကြာရင် သူ့ဟာသူ ပြန်ပေါက်လာလိုက်နဲ့.. သေသွားတဲ့အချိန်ဆိုရင်တော့ ၂လ ၃လ မစားရဘူးပေါ့။ နောက်အပင်ပေါက်လေး တစ်ပင် နှစ်ပင် ပြန်ပေါက်လာရင် ပြန်ခူးစားလို့ရရော... ကံကောင်းတာ..း)
san htun said...
ဂျက်ဂျက် သိုင်းကျူးပါရှင်..လူကြုံကလည်း ရှားတယ်..မြန်မာများတဲ့ ဖို့ ဝိန်းမှာတော့ ချဉ်ပေါင်ရတယ်..စန်းထွန်းတို့ ဖက်မှာ အာရှသားနည်းတော့ Asianဆိုင်တောင် မရှိ ..မြို့ ကြီးကြီးတွေမှာမှ ရှိတယ်..စတိတ်ကလည်း အသား၊ အသီးအရွက်သယ်ဖို့  တော်တော်ကျပ်တယ်..
ဘိုဖြူ စလုံး၊ မလေး၊ ထိုင်းမှာတော့ မြန်မာကလည်း များ၊ အစားအသောက်ကလည်း မြန်မာနဲ့ တူတော့ အစားအသောက်အတွက် ဒီလောက်ဒုက္ခမရောက်ဘူး..စတိတ်မှာတော့ အမေရိကန်စာတွေက ငန်ရင်ငန်၊ မငန်ရင်ချို..တရုတ်စာတောင်မှ အမေရိကန်တွေအကြိုက် ချိုရဲနေတာ..
မပန်းချီ..အနော်က ငတ်နေတာကိုးဂျ
မအိမ်သူ ကံကောင်းလိုက်တာ..အပင်စိုက်ရကျိုး နပ်သဗျား
blackroze said...
စာမေးပွဲကိုလွတ်လွတ်နဲ့ကျွတ်ကျွတ်အောင်ပြီး
အလုပ်ကိုလည်း မြန်မြန်နဲ့လှစ်လှစ်နေအောင်
ရပါစေလို့ ဆုတောင်းပေးတယ်..
အထွန်းရေ...
ကိုစန်းထွန်းခေါ်ရကောင်းနိုးနိုး
မစန်းထွန်းခေါ်ရကောင်းနိုးနိုးနဲ့
နောက်ဆုံးတော့သူများဘာသာဘဲနာမည်
ပေးလိုက်တယ် " အထွန်း " လို့
ကြိုက်တယ်ဟုတ်..
Angelhlaing(May everybody be happy and healthy! said...
ချဉ်ပေါင်ကြော် ပရိသတ် အင်အားလာဖြည့်တယ် စန်းထွန်း...:)
မြန်မာဆိုလို့  တယောက်တည်းရှိတဲ့ နေရာမှာ ကွန်ပျူတာ၊ ဘလော့သာ စန်းထွန်းရဲ့  သူငယ်ချင်း၊ မိတ်ဆွေပါ..အင်တာနက်ကွန်နက်ရှင်း ဒေါင်းရင်ဖြင့် ဘာလုပ်ရမှန်းမသိ ယောင်ချာချာ.. အဲဒါလည်း အတူတူပဲ ..:(
စန်းထွန်းရဲ့ ဆန္ဒလေးတွေ အမြန်ဆုံး ပြည့်ပါစေလို့..
san htun said...
ပစ်ပစ် ပေးတဲ့ဆု အမြန်ဆုံး ပြည့်စေဗျား..UCSY တုန်းက သူငယ်ချင်းဝေ က အထွန်းလို့ ခေါ်တဲ့ ကောင်လေးကို မြင်ရင် စန်းထွန်းကို အထွန်းလို့  ခေါ်တယ်..ဟိုက လှည့်ကြည့်ရင် ဒီအထွန်းကို ခေါ်တာဆိုပြီး ဗရုတ်ကျခဲ့ကြတယ်..အဲဒီနာမည်လည်း ကြိုက်ပါတယ်..ကျန်းကျန်းတွန်းလို့  ခေါ်သေးတယ်..နိုင်ငံခြားသားတွေကတော့ စန်းတွန်းတဲ့..
အိန်ဂျယ်ရေ ချဉ်ပေါင်အသင်းဖွဲ့ လို့ ရပြီ..အားမငယ်နဲ့ နော်..ဘဝတူတွေ ရှိတယ်
Nandar said...
စာမေးပွဲတွေအောင်ပြီး အလုပ်မြန်မြန်ရပါစေ။
Nandar
ညယံ said...
ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ပါစေနော် ..
မိသားစုတွေ အပြုံးကိုယ်စီနဲ့ ပုံလေးကြည့်ပြီး အိမ်တောင်လွမ်းသွားဘီ ..
...အလင်းစက်များ said...
သူလည်း ကင်မလာ ခရေဆီ ပါပဲလား။ :P ပစ်ပစ်တို့  ရိုက်ချက် ဘလော့ဂါ လောက တုန်လှုပ်လေတယ်ကွယ် :D
ချော(အစိမ်းရောင်လွင်ပြင်) said...
ဖုန်းလေးက တကယ်ကို ချစ်စရာလေး
လိုချင်လိုက်တာ..
သူများပစ္စည်းလာပြီး သွားရည်ကျနေပြန်ပြီနော်..
စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ပြီး လိုချင်တဲ့အလုပ်ကို အမြန်ဆုံးရပါစေ စန်းထွန်းရေ..
အဲ ကင်မရာကြီးကြီးလည်း ရပါစေနော်.
ချယ်ရီမြေ said...
ကိုစံထွန်းရေ.. လောလောဆယ်အဖြစ်ချင်းဆုံးဆန္ဒဖြစ်တဲ့ စာမေးပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်ပြီး အလုပ်အမြန်ဆုံးရပါစေဟု... ဆုတောင်းပေးပါတယ်
ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ
san htun said...
Nandar ပေးတဲ့ဆု မြန်မြန်ပြည့်စေဗျား
ညယံ ဓာတ်ပုံထဲမှာသာ ပြုံးနေတာ..အပြင်မှာဆိုရင် မောင်မောင်နဲ့  စန်းထွန်းက တွေ့ ရင် ကိုက်ကြ..အဲလေ သတ်ကြရော..:P
အလင်းစက်လို ကင်မရာလက်ဆောင်ပေးမဲ့ အမရှိတာ တယ်နိပ်သဗျား..အနော်ကတော့ ကိုယ်ဘာသာဝယ်မှ..အဟင့်
မချော ကင်မရာအကြီးကြီး ဝယ်ရင်တောင် မချောလို စိတ်ရှည်လက်ရှည် ၄ရက် တောင်ပေါ်တက် ဓာတ်ပုံရိုက်ဖြစ်မယ် မထင်ဘူးဗျ..စန်းထွန်းက ငပျင်း..
ဘုန်းဘုန်းချယ်ရီ ပေးတဲ့ဆုနဲ့  တလုံးတဝတည်း အမြန်ဆုံး ပြည့်ပါစေ..
မီးမီးငယ် said...
ချဉ်ပေါင်လေးကြော်ထားနဲနဲကျန်သေးတယ်။
ပို့ လိုက်မယ်လေ။
လိပ်စာပြော..:P
ဟန်ကြည် said...
စန်းထွန်းကမှ ပရိတ်နာဖြစ်သေးတယ်...ဦးဟန်ကြည်ဖြင့် ပရိတ်မနာဖြစ်တာတောင်ကြာပေါ့...့ပရိတ်ကြီး ၁၁ သုတ်လုံးကို အာဂုံဆောင်ထားပြီးတော့ ကြီးကျယ်နေလို့လေ...ကိုယ့်ဖာသာကိုယ် ရွတ်လို့ရသားပဲလို့ ဈေးကိုင်နေရင်းကနေ ပရိတ်ကြီးတွေလည်း အငွေ့ပျံကုန်ရော...
ကိုင်းဗျာ...
စာမေးပွဲကို ပထမတန်းကအောင်...အလုပ်ချက်ချင်းရပြီး လူငါးယောက်လောက်ထမ်းရတဲ့ ကင်မရာကြီးတွေ ဟောတစ်လုံး ဟောတစ်လုံးဝယ်ပြီး ပေါက်ခွဲပစ်နိုင်တဲ့ ဘ၀မျိုးကို အမြန်ရောက်ပါစေဗျား...
san htun said...
မီးမီးငယ် တကယ်..တကယ်ကြီးလားဟင်င်ငင်..
ဆြာဟန် စန်းထွန်းက ပရိတ်ပဲ ဖွင့်တာ..နာတာက နတ်တွေ..ကင်မရာကြီးတလုံးပဲ ရစမ်းပါ..ပေါက်မခွဲဘူး..တရိုတသေ သိမ်းမှာ..ဦးဟန်ကြည်ကြီး ပေးတဲ့ဆု မြန်မြန်ပြည့်ပါစေဗျား...
မောင်မျိုး said...
အလုပ်မြန်မြန်ရပါစေး)