17 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၉

၂၀၂၃ အောက်တိုဘာ ၂၈ စနေနေ့ မနက် ၉ နာရီ ဂရမ်းစင်ထရယ်ဘူတာကနေ မြောက်ဖက် Poughkeepsie ဘူတာအထိ ၂ နာရီလောက် စီးရတယ်။ သစ်ရွက်တွေ အရောင်ပြောင်းချိန်ဆိုတော့ ဟိုက်ကင်းထွက်ကြတာ ရထားအပြည့်ပဲ။ Cold Springs မှာအများကြီးဆင်းသွားကြတယ် Beacon မှာလည်း ဆင်းကြတော့ ဂိတ်ဆုံးအထိစီးတဲ့သူနည်းတယ်။ ဘူတာကနေ Walkaway Over Hudson တံတားကိုမြင်နေရပေမဲ့ လမ်းကတော့ နာရီဝက်လောက် လျှောက်ရတယ်။ တစ်နှစ်တစ်ခါရောက်ပေမဲ့ လမ်းမွေ့နေလို့ ဟိုက်ကင်းထွက်တဲ့အဖွဲ့နောက် လိုက်ရတယ်။ တံတားပေါ်မှာ လမ်းလျှောက်တဲ့သူ၊ စက်ဘီးစီးတဲ့သူ အများကြီးပဲ။ နေ့လည်စာစားပြီးတာနဲ့ လမ်းစလျှောက်တယ်။ တံတားတဝက်လောက်ပဲ လျှောက်နိုင်မင်ထင်တာ အဆုံးအထိလျှောက်နိုင်ကြတယ်။ အပေါ်စီးကနေ မြစ်ကိုမြင်ရတဲ့ရှူခင်းက အတော်လှတယ်။ ဟိုဖက်ကမ်းက နယူးဂျာစီပြည်နယ်။ စက်ဘီးသမားတွေ အများကြီးပဲ။ အမောဖြေ၊ ရေသောက်၊ အိမ်သာသွား ခဏနားပြီး ပြန်လျှောက်လာတယ်။ မြန်မာသံကြားလို့ အံ့သြရသေးတယ်။ ဟိုက်ကင်းသွားရင် အဖြူများပြီး အာရှသားမတွေ့သလောက် ရှားတယ်။ ဓာတ်လှေကားနဲ့ဆင်းပြီး ဟက်ဆန်မြစ်ဘေးတလျှောက်လမ်းလျှောက်။ ဝိုင်းနဲ့ဆို တံတားနှစ်ခုကို ပတ်လျှောက်တာ။ ညနေ ၄ နာရီရထားနဲ့ ပြန်ခဲ့တယ်။ Cold Springs မှာ တက်တဲ့သူတွေများလို့ ရထားတစီးလုံးအပြည့်ပဲ။ လူသွားလမ်းမှာ မတ်တပ်ရပ်လို့ ရထားပေါ်တက်လို့မရလို့ ဘူတာမှာ တော်တော်များများ ကျန်ခဲ့ကြသေးတယ်။ ဒီလောက်ကျပ်ပိတ်သပ်တဲ့ရထား ဒီတခါပဲမြင်ဖူးသေးတယ်။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၁၇၊ ၂၀၂၄။

Grand Central Station
ဝက်ဝံတောင် Bear Mountain
Walkaway Over Hudson, Poughkeepsie
New Jersey ပြည်နယ်ဖက်ခြမ်း

13 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၈

၂၀၂၃ အောက်တိုဘာ ၁၅ တနင်္ဂနွေနေ့ ဟက်ဆန်မြစ်ဘေး လမ်းသွားလျှောက်တယ်။ လေယာဥ်တင်သင်္ဘောဝင်ကြေးက ၃၅ ကျပ်ဆိုတော့ မဝင်ဘော့ဘူး။ မြစ်ဘေးလမ်းလျှောက်တာ အင်မတန်သာယာတယ်။

စန်းထွန်း

ဇန်နဝါရီ ၁၃၊ ၂၀၂၃။

Columbus Circle, Central Park
ဟိုးမှာ တို့လမ်းလျှောက်ခဲ့တဲ့ ဂျော့ဝါရှင်တန်တံတား

10 January 2024

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၇

၂၀၂၃ အောက်တိုဘာ ၉ တနင်္ဂလာနေ့ ကိုလံဘတ်ဒေးပိတ်နေ့ ဂျော့ဝါရှင်တန်တံတားကို သွားလမ်းလျှောက်တယ်။ ကမ္ဘာပေါ်မှာ busy အဖြစ်ဆုံးတံတားဆိုတော့ ကားသံတွေ ဆူညံနေတာပဲ နားညည်းတယ်။ ရှုခင်းကတော့ အင်မတန်လှတယ်။

Happy Traveling!

စန်းထွန်း

ဇန်နဝါရီ ၁၀၊ ၂၀၂၄။


06 January 2024

ဆံပင်ညှပ်ခြင်း အနုပညာ..

အမေရဲ့ အုန်းမှုတ်ခွက်ကေကို သမီးက ထပ်ညှပ်လိုက်တော့ ကတုံးပြောင်ကေဖြစ်..

သားအမိတွေ တက်ညီလက်ညီ လက်စွမ်းပြကြတာ ကတုံးဖြစ်တော့မလို့..

အဖေ ၄ ကျပ်ပေါက်.. ၄ မီလီယမ်သာ ဖြစ်လိုက်ပါတော့..ထိုးတာကတော့ ၈၀ လောက်ဖြစ်နေပြီ

Youtube ကြည့်ပြီး ညှပ်ပေးထားတာ ဒီတခေါက် အောင်မြင်ပြီ..အရင်လို ကတုံးပြောင်ကေ မဟုတ်တော့ဘူး

စန်းထွန်း

ဇန်နဝါရီ ၆၊ ၂၀၂၄။