ရုံးသွားတဲ့နေ့

ရုံးမသွားတာ ၂ နှစ်ကျော်ပြီ..ဌာနဆိုင်ရာ လပတ်အစည်းအဝေး Techie Award ဆုပေးပွဲရှိတယ်..တက်ကိုတက်ရမယ်ဆိုတော့ ဆုရနိုင်တဲ့ပရောဂျက်လဲရှိတော့ ဆုများရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားတယ်..ဆုမရပေမဲ့ ထိုက်တန်လို့ ရတဲ့သူတွေအတွက် ဝမ်းသာစွာနဲ့ လက်ခုပ်တီးပေးတယ်..စီတီအိုကနေ သန့်ရှင်းရေးဝန်ထမ်း အန်တီကြီးတွေအထိ အကုန်ချစ်ဖို့ကောင်းတယ်..အားလုံးက you look great လို့ပြောလို့ ဝမ်းသာပီတိဖြစ်..ရန်ဖြစ်ထားတဲ့ မန်နေဂျာကြီး၊ ကိုယ့်ကိုလဲ ဘာမှမလုပ်ဘဲနဲ့ သူ့အလိုလို အမြင်ကပ်နေတဲ့သူ၊ အဲ့ဒီ ၂ ယောက်ကိုလဲ စိတ်ထဲဘယ်လိုမှမနေဘဲ အေးချမ်းစွာနဲ့ စကားပြောနိုင်ပြီ..အင်တန်းရှစ်ကျောင်းသားတွေရဲ့ ငယ်ရွယ်နုပျိုမှု၊ သက်တူရွယ်တူ၊ ကိုယ့်ထက်ကြီးတဲ့သူတွေရဲ့ အိုမင်းလာမှုကို မြင်ရတယ်..အငြိမ်းစားယူသွားကြသူတွေ၊ ထွက်သွားသူတွေ၊ အသစ်ဝင်လာသူတွေ၊ ကိုယ်နဲ့အတူတူ အေဂျင်စီကို ဝင်ခဲ့သူတွေနဲ့ ပြန်ဆုံတယ်..

ဟက်ဆန်မြစ်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ လေထဲမှာ ပင်လယ်နံ့ရတယ်..ရေတက်ချိန်မို့ လှိုင်းသံတဝုန်းဝုန်း..ferry တွေရဲ့ ဟွန်းသံ၊ ဟယ်လီကော်ပတာသံ၊ စက်လှေခုတ်မောင်းသံ၊ စင်ယော်ငှက်သံတွေနဲ့ မက်ဟန်တန်စကိုင်းလိုင်း မြင်ရတဲ့ သာယာအေးချမ်းတဲ့ နေရာလေး..Jersey City, New Jersey, July 22, 2025. Tuesday

၂၀၂၅ ဇှုလှိုင်နေ့စွဲများ..

 ၂၀၂၅ ဇှုလှိုင် ၂ ကြေးအိုးဆီချက် ဝယ်စားကြတယ်

၂၀၂၅ ဇှုလှိုင် ၁၃ Staten Island picnic

ရော့ မကြီးအတွက် လက်​ဆောင် LV အိတ်..အကြီးဆုံးကို ရှာပေးထားတယ်နော် 😝 5th Avenue & E 57th St, New York. July 12, 3025

Joe Hisaishi Concert at Philadelphia..

Marian Anderson Hall, Philadelphia, Pennsylvania

Joe Hisaishi is a composer, conductor and pianist. He is the most celebrated composer of our time. He is greatly in demand as a conductor performing with the most notable symphony orchestra across the globe. Renowned for his longstanding collaboration with Japanese anime director Hayao Miyazaki and the Studio Ghibli films, he has won international

Joe Hisaishi ပွဲကြည့်နေချင်တာ ကြာလှပြီ ခုမှပဲကြည့်ဖြစ်တော့တယ်..Philly ကို စောစောသွားပြီး လျှောက်လည်ချင်တာ..ခွင့်က ၂၀၂၅ တင်မက ၂၀၂၆ ထဲကဟာတွေပါ ယူသုံးထားတော့ ခွင့်မရှိတော့ဘူး..ဘယ်လိုအကြံအဖန် လုပ်ရလဲဆိုတော့ ဆေးခန်းပြဖို့ ခွင့်၂နာရီယူတယ်ဆိုပြီး Philly ကိုသွား..ညချင်းပြန် အိမ်ကိုမနက် ၂ နာရီလောက်မှပြန်ရောက်..နောက်နေ့ရုံးချိန်မှာ ခိုးအိပ် ..လုပ်ချင်တာတွေ လုပ်နေရရင် ပျော်နေတော့တာပဲ..

ဘေးမှာထိုင်တဲ့ တရုတ်မလေးကလဲ ကိုယ့်လိုပဲ LA ကနေ တယောက်တည်းလာတာ..LA မှာ Joe Hisaishi ပွဲ နိုဝင်ဘာမှာရှိပေမဲ့ သူကအဲ့အချိန် တခြားတိုင်းပြည်ရောက်နေမှာ..အဲ့ဒီတော့ ခု DC ကို အလုပ်ကိစ္စနဲ့လာရင်း လာကြည့်တာတဲ့..Joe Hisaishi ပွဲကတော့ အင်မတန်ကောင်း..ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ သြဘာသံတွေနဲ့တင် ဘယ်လောက်ကြိုက်ကြလဲဆိုတာ သိသာတယ်..

စန်းထွန်း

ဖေဖေါ်ဝါရီ ၁၁၊ ၂၀၂၆။




တူတော်မောင် ..

March 20, 2025. တူတော်မောင်က ဆုရရင် ဓာတ်ပုံတွေပို့ပြီး ကြွားတယ်..ကြီးတော်က ဖေ့ဘွတ်ပေါ်တင်ပြီး ကြွားတယ်..ငယ်ငယ်တုန်းက သားသားတော်တာ ဘယ်သူနဲ့တူလို့ တော်တာလဲလို့မေးရင် ကြီးကြီးနဲ့တူလို့တော်တာလို့ ဖြေတယ်..ခုတော့ သားဘာသာ တော်တာတဲ့..အရင်လို people pleaser မဟုတ်တော့ဘူး.. grown up လာပြီ..သူလိုချင်တာ မဟုတ်ရင် မယူဘူး..မွေးနေ့လက်ဆောင်တောင်းတဲ့ နာရီကို အချိန်တိုက်တာ ယူကျူကိုကြည့်ပြီး နာရီဝက်လောက် အချိန်ယူလိုက်ရတယ်..နာရီကိုကြိုက်လို့ မချွှတ်ဘူးတဲ့

စန်းထွန်း

ဖေဖေါ်ဝါရီ ၇၊ ၂၀၂၆။

ဇွန် ၂၀၂၅ နေ့စွဲများ..

၂၀၂၅ ဇွန် ၁၄ ကွင်းက ယိုးဒယားအပုံဆိုင်မှာ စားကြတယ်။

စန်းထွန်း

ဖေဖေါ်ဝါရီ ၄၊ ၂၀၂၆။