၂၀၂၄ နိုဝင်ဘာ ၂ မေရီလန်းပြည်နယ် အေးချမ်းမေပွဲ သွားကြတယ်။ ကိုယ်တို့ငယ်ငယ်တုန်းက အေးချမ်းမေ အရမ်းနာမည်ကြီးတာ။ တစစီကြိုးပဲ့နေသီချင်းကြိုက်တယ်။ နောက်တော့ ပျောက်သွားတယ်။ ခုမှပြန်ပေါ်လာတာဆိုတော့ အနှစ်သုံးဆယ်လောက်ရှိပြီ။ ဆူနမ်နဲ့ရာမား နီပေါခရီးအတွက် လက်ကေ့အိတ်လာပေးတယ်။ ကိုယ်က အမြဲဖုန်းအသံပိတ်ထား၊ ပွဲတွေမှာ မုန့်တွေပတ်စားနေတော့ ဆူနမ်ခေါ်တာ သတိမထားမိဘူး။ ဆူနမ်က ကျောင်းထဲဝင်လာပြီးရှာ မခိုင်ကတွေ့လို့ ဆူနမ်လို့လှမ်းခေါ်တော့ ဆူနမ်က အံ့သြနေတာ။ သူ့ကို ဘယ်လိုများ သိတာလဲပေါ့။ စန်းစန်းကို ရှာနေတာမလားဆိုပြီးလိုက်ပို့တယ်။ လက်ကေ့အိတ်ကို ကားထဲသွားထားပြီး မြန်မာမုန့်တွေ ဝယ်ပေးလိုက်တယ်။ ကျောင်းတုန်းက နင်စားတဲ့ငရုတ်သီးကြော် (ဗလာချောင်ကြော်)ရှိလားတဲ့။ အဲ့ဒါကျမှတ်မိတယ်။ အာလူးကြော်၊ ဟာလဝါ၊ သဘေင်္ာသီးထောင်း၊ အိန္ဒိယဆိုင်ကဝယ်လာတဲ့ လဒူအချို့မုန့်ပေးလိုက်တယ်။ ဆူနမ်တို့က မြန်မာစာမစားဖူးဘူး။ ကိုယ့်လက်ရာကို မစားချင်ဘူး please don't destroy my appetite တဲ့။ နယူးယောက်လာရင်လဲ မြန်မာဆိုင်ထက် နီပေါစာပဲ စားတာဆိုတော့လေ။ ဝိုင်းကတော့ မြန်မာစာကြိုက်တယ် ကြေးအိုးဆီချက်၊ မုန့်ဖက်ထုပ်၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ ကောက်ညှင်းပေါင်း အကုန်ကြိုက်တယ်။ ဆူနမ်တို့ မြန်မာစာကြိုက်သွားတယ် စားကောင်းသားပဲတဲ့။ အေးချမ်းမေပွဲပြီးတော့ after party မှာ ပွဲစီစဥ်သူအစ်မတွေကို ကူညီပေး။ နောက်နေ့အပြန်လမ်းမှာ ဂဏ္ဏန်းသွားစားကြတယ်။ စကားမပြောနိုင်ဘူး ဂဏ္ဏန်းအပီစားကြတာ။ လက်နှေးလို့ကတော့ ငတ်ပြီပဲ။
စန်းထွန်း
ဇွန် ၂၁၊ ၂၀၂၅။
No comments:
Post a Comment