![]() |
ကုမာရီကျောင်း |
၂၀၂၄ နိုဝင်ဘာ ၂၅ မနက်စောစော ရေထချိုးတော့လည်း ရေပူမရဘူး။ ရေအေးအေးနဲ့ချိုး ချက်အောက်လုပ် လက်ကေ့တွေအပ်။ တော်သေးတာပေါ့ ချက်ကောက်မလုပ်ခင် သတိရလို့။ ဓာတ်ပုံဆရာက ဥုံဆွဲကြိုးလေးပေးလို့ နန်းနွယ်၊ မွှေး၊ ကိုယ်တို့ကို နှိပ်တဲ့ဘောပန်လေးလိုဟာလေး လက်ဆောင်ပေးတာ အရင်တည်းခဲ့တဲ့ဟိုတယ်မှာ ထားခဲ့တာ မနေ့ကလက်ကေ့အိတ်ပဲယူပြီး မေ့ကျန်ခဲ့လို့ သွားယူတယ်။ မနက် ၇ နာရီခွဲ Durbar Square ကိုလမ်းလျှောက်ရင် နာရီဝက်လောက်ပဲ လမ်းပဲလျှောက်လိုက်တော့တယ်။ သီရိကို လိုက်မလားမေးတော့ အိပ်ယာထဲမှာကွေးနေတုန်း မလိုက်တော့ဘူးတဲ့။ ဗိုက်ဆာလို့ မနက်စာစားဖို့ဆိုင်ကြည့်တာ မဖွင့်ကြသေးဘူး။ အကြော်ဆိုင်လေးဖွင့်လို့စားတာ ကောင်းတယ်။ အကြော်ကို ဗလာစာအုပ်ကစက္ကူနဲ့ပေးလို့ ဓာတ်ပုံရိုက်ပြီး အိမ်ကိုပြလိုက်သေးတယ်။ အီကြာကွေးသေးသေးလေး လက်ဆောင်ပေးတယ် စားကောင်းတယ်။ နီပေါတွေ တကယ် slow living နဲ့နေတာ။ အားလုံးအေးအေးဆေးဆေးပဲ နွေရာသီဆို ရုံးချိန်က ၉ - ၅၊ ဆောင်းရာသီဆို ၁၀ - ၅။ မီးပွို့င်ရှိပေမဲ့ မသုံးဘူး ယဥ်ထိန်းရဲက လက်ပြပေးတယ်။ ဝင်ကြေးမေးတော့ တထောင် ဘယ်ကလဲ မြန်မာ ဟုတ်လို့လား တရုတ်နဲ့တူလို့တဲ့။ ဒီလောက်အသားညို မျက်စိပြူးတာကို တရုတ်လို့ထင်နေသေးတယ်။ သူ့အဘိုးက ရန်ကုန်မှာနေဖေးတယ်ဆိုပြီး ဝင်ကြေး ၅၀၀ ပဲယူတယ်။ ပြီးတော့ လည်ပတ်သင့်တဲ့နေရာတွေကို ပြပေးတယ်။ အရင်လို ဓာတ်ပုံရိုက်ပေးမဲ့တိုးဂိုက်မရှိတော့ ဓာတ်ပုံရိုက်ပေးမယ်ထင်တဲ့သူကို ဓာတ်ပုံရိုက်ဖို့ အကူအညီတောင်းတယ်။
ပြတိုက်ပြီးတော့ ကုမာရီကျောင်းဆောင်ထဲဝင်တယ်။ ဘယ်နှစ်နာရီလောက်ဖွင့်မလဲမေးတော့ ၁၀ နာရီခွဲလောက်တဲ့။ အခုတော့ နီပေါလူမျိုးတွေနဲ့တွေ့ပြီး blessing ပေးနေတယ်။ အပြင်စျေးတန်းကို လိုက်ကြည့်တော့ နားကပ်လေးတခုလှလို့ ဘယ်လောက်လဲမေးတာ သက်လတ်ပိုင်းအရွယ်ယောကျာ်းတယောက်က စျေးလျော့ပေးမယ်၊ စျေးမေးပြီး မဝယ်လို့ စျေးဦးမပေါက်ဘူးနဲ့ အတင်းလိုက်ရောင်းနေတာ မပြီးဆုံးနိုင်တော့ဘူး။ ဟေ့ ဒီမှာ နင့်ကိုစျေးပဲမေးကြည့်တာလေ ဝယ်ဖို့စျေးစစ်တာမှ မဟုတ်တာ။ ဘာလဲ မဝယ်ရင် မမေးရတော့ဘူးလား။ ဒီနေ့က ငါ့နောက်ဆုံးနေ့ နေ့လည်ပြန်တော့မှာ ပိုက်ဆံမရှိတော့ဘူး။ ပိုက်ဆံမရှိတာ နင့်နားကပ်ကို ဘယ်ကပိုက်ဆံနဲ့ ဝယ်ရမှာလဲလို့ အသံစွာစွာနဲ့ ပြန်အော်တော့မှပဲ နောက်ကမလိုက်တော့ဘူး။ ပြုံးပြ ကောင်းကောင်းမွန်မွန်ပြောနေလို့ သဘောကောင်းလိမ့်မယ်မထင်နဲ့။ တို့က လိုအပ်လာရင် စွာစိလန်တယ်။ နေ့လည် ၁၁ နာရီ ကုမာရီကျောင်းဆောင်ထဲ ပြန်ဝင်တော့ လူတွေအများကြီးပဲ။ ကုမာရီဆိုတာ living godness အသက် ၄ နှစ်လောက်ကလေးကို ကုမာရီအဖြစ် ရွေးချယ်တယ်။ အသက် ၁၂ နှစ် ရာသီသွေးလာတဲ့နဲ့ ကုမာရီနောက်တယောက်ကို ရွေးချယ်တယ်။ ဆူနမ့်သူငယ်ချင်းတယောက်ဆို ကုမာရီဟောင်း။ ဆူနမ်ရဲ့ middle name က ကုမာရီ.. ဆူနမ် ကုမာရီ ဂူရုန်း။ ကုမာရီကို သာကီဝင်မျိုးနွယ်တွေထဲကသာ ရွေးချယ်ပြီး ရုပ်ရည်ချောမောရမယ်၊ မကြောက်ရဘူး စသည်ဖြင့် ကန့်သတ်ချက်တွေ ရှိပါတယ်။
ခက်မန်ထူကုမာရီ၊ ပန်ဒန်ကုမာရီ စသည်ဖြင့် မြို့တွေမှာကုမာရီရှိပေမဲ့ ခက်မန်ထူကုမာရီက နာမည်အကြီးဆုံး။ကုမာရီရဲ့ blessing မရလို့ ဘုရင်သေသွားတယ်။ ကုမာရီထမ်းစင်ကနေပြုတ်ကြလို့ ရေကြီးတယ်စသည်ဖြင့် ယုံကြည်ကြပါတယ်။ ၂၀၂၅ မှာလည်း ကုမာရီက အော်ငိုတယ်တဲ့ နမိတ်မကောင်းဘူးပေါ့။ သိတဲ့အတိုင်း ၂၀၂၅ အစကတည်းက တခုပြီးတခုဖြစ်နေတာ။ ကုမာရီကို ဓာတ်ပုံရိုက်ခွင့်မရှိဘူး ဖုန်းကိုင်ထားရင် အစောင့်ကအော်ပြီး ဖုန်းသိမ်းခိုင်းတယ်။ လေသာပြတင်းပေါက်ကနေ ကုမာရီကလေးမလေး ထွက်ကြည့်တယ်။ လက်အုပ်ချီပြီး နာမတ်စတေးလုပ်ခိုင်းတယ်။ ကုမာရီကလေးက ငယ်လိုက်တာ၊ ချောလိုက်တာလို့ တွေးနေတုန်း အထဲပြန်ဝင်သွားတယ်။ အစောင့်က ကုမာရီကိုတွေ့ခွင့်ရဖို့ အရမ်းခက်တယ် နင်တို့ ကံကောင်းတယ်တဲ့။ ဆူနမ့်ကို ကုမာရီတွေ့ခဲ့တယ်လို့ပြောတော့ ဆုမတောင်းလိုက်ဘူးလားတဲ့။ ဆုတောင်းဖို့နေနေသာသာ ငေးနေတုန်း အထဲကိုပြန်ဝင်သွားတယ်။ နေ့လည် ၁၂ နာရီကျော်နေပြီမို့လို့ ဟိုတယ်ဆီပြန်တာ ဘယ်လိုဖြစ်ပြီး durbar square နားပြန်ရောက်သွားတယ်။ လမ်းကကျဥ်း ဆိုင်ကယ်တွေက ကိုယ့်ကိုဝင်တိုက်တော့မလိုဘဲ။ ဖုန်ထူလို့ mask တပ်ရတယ်။ လမ်းဆုံလမ်းခွတွေမှာ ဂူဂယ်မတ်နဲ့ရှာတာ လမ်းတွေမှားလို့ ဒေသခံတွေမေးရတယ်။ လမ်းကူးရတာ အင်မတန်ခက်တယ်။ လမ်းရှင်းတာစောင့်လို့မရဘူး ဟိုကြည့်ဒီကြည့်ကူးပဲ။
Happy Traveling!
စန်းထွန်း
မေ ၃၁၊ ၂၀၂၅။
![]() |
ပြတိုက် |
အကြော်ကို ဗလာစာရွက်လေးနဲ့ပေးတာ မြန်မာပြည်လိုပဲ |
![]() |
သဘောကောင်းတဲ့ အကြော်သည် |