သစ်ရွှက်တွေ အရောင်းပြောင်းတဲ့ ဆောင်းဦးရာသီမှာ သစ်ရွှက်တွေ အရောင်ပြောင်းတာကို ကြည့်ဖို့အတွက် Fall Foliage Special Tour တွေ ရှိပါတယ်။ ဗာမွန်၊ နယူးအင်္ဂလန်၊ ကွန်နက်တီကပ် ပြည်နယ်တွေဖက်ကို တိုးတွေရှိတော့ နယူးအင်္ဂလန်၊ ကွန်နက်တီကပ်ဖက်ကို သွားချင်တယ်။ ဗာမွန်၊ နယူးအင်္ဂလန်ဖက်က မြောက်ပိုင်းကျတော့ Fall Foliage က ကွန်နက်တီကပ်ထက် စောတယ်။ သစ်ရွှက်တွေ Just Change ၊ Peek time ၊ After Peek time အရောင်ပြောင်းတာတွေကို ILoveNY ဆိုဒ်မှာ ကြည့်လို့ရပါတယ်။ ဗာမွန်ကို ၂၀၁၄ တုန်းက သွားဖူးထားတော့ အတော်လှမှန်းသိတယ်။ ဝိုင်းက ကွန်နက်တီကပ်ဖက်ကို သွားဖူးတယ် ဗာမွန်လောက်မလှဘူး မသွားနဲ့လို့ အကြံပေးတယ်။ မက်ဆာချူးဆက်ပြည်နယ် Springfield ဖက်ကိုသွားတဲ့ ခရီးကျတော့ မရောက်ဖူးသေးလို့ ဝိုင်းက လိုက်မယ်တဲ့။ နောက်နေ့ကြည့်လိုက်တော့ ခုံမရှိတော့တာမို့ ဗာမွန်ကိုပဲ သွားရတော့မယ်။ ဝိုင်းက ဗာမွန်ကို ရောက်ဖူးပြီးသားမို့မလိုက်တော့တဲ့အခါ ကိုယ်တို့ညီအစ်မနှစ်ယောက်ပဲ သစ်ရွှက်တွေအရောင်ပြောင်းတဲ့ အလှဆုံးအချိန် အောက်တိုက်ဘာ ၁၅၊ ၁၆ မှာ ဗာမွန်ပြည်နယ်ဖက်ကို ခရီးထွက်ဖြစ်ပါတယ်။ ကြသပတေးနေ့ညနေမှာ ဂျော်ဂျီယာပြည်နယ် Atlanta ရုံးက စီနီယာကယ်ဗင်က ကိုယ်ပါဝင်ခဲ့ဖူးတဲ့ ကွန်နက်တီကပ်တက္ကသိုလ် ပရောဂျက်အတွက် Web Service Security အတွက် ကူညီပေးပါလို့ တာဝန်ပေးလာတယ်။ သောကြာနေ့အထိ ဘယ်လိုလုပ်ရမယ်ဆိုတာ စာတွေဖတ်ပြီး စဉ်းစားနေရတုန်း တနင်္လာနေ့ client ကို ပေးရမှာတဲ့။ ခရီးမသွားဘူးဆိုရင် စနေ၊ တနင်္ဂနွေ ရုံးကိုလာပြီး အလုပ်လုပ်လို့ရသေးတယ်။
Andirondack ဒေသထဲ ဝင်လိုက်တာနဲ့ တတောလုံး ဝါထိန်နေတာများ ခရီးသွားအကုန်လုံးက လှလိုက်တာလို့ ပြောယူရတယ်။ ၂၀၁၄ သွားတုန်းက peek time ကျော်ပြီးမှသွားတာမို့ ဒီလောက်မလှဘူး။ ခုတခေါက်ကတော့ peek time ဆိုတော့ အတော်လှတယ်။ ပထမဆုံးသွားရောက်တဲ့နေရာကတော့ နယူးယောက်ကနေ မြောက်ဖက်စူးစူး ၂၈၉ မိုင် ၄ နာရီ မိနစ် ၄၀ မောင်းရတဲ့ High Falls George ရေတံခွန်ပါ။ မိနစ် ၃၀ လောက်ပဲ လျှောက်ရပြီး ရေက အတော့်ကို ကြည်လင်တယ် တောတောင်စိမ့်စမ်းနဲ့ အင်မတန် သာယာတယ်။ နေရာတိုင်းကလှတော့ နေရာတိုင်းမှာ ဓာတ်ပုံရိုက်ချင်တယ်။ ViewPoint တွေမှာ ဓာတ်ပုံရိုက်ဖို့ဆို တန်းစီစောင့်ရတယ် တိုးကား ၃ ကားဆိုတော့လေ။ ဓာတ်ပုံတွေ အပြေးအလွှားရိုက် မကြီးက ဗျူးရှာတာ တော်တော်ကောင်းတယ်။ သူ့ဓာတ်ပုံရိုက်တဲ့နေရာဆို တရုတ်တွေ ဝိုင်းအုံလာတော့ပဲ။ သတ်မှတ်ထားတဲ့အချိန်ပြည့်ပြီလို့ တိုးဂိုက်ကပြောတော့ တိုးကားနားကိုသွား တောင်တွေနဲ့ဓာတ်ပုံရိုက် တိုးကားဆီသွားတော့ ကိုယ့်တို့ကားမဟုတ် တိုးကားကိုရှာ ကားပေါ်တက်တော့ ကိုယ်တို့ကနောက်ဆုံး နောက်ကျတဲ့အဖွဲ့ သီချင်းဆိုပြရမယ်တဲ့။ ဘာသီချင်းမှ ဟုတ်တိပတ်တိ တပုဒ်လုံးမရတော့ ဒုက္ခပါပဲ။ High Falls Gorge ကနေ အနောက်တောင်ဖက် ၈ မိုင် ၁၁ မိနစ်လောက်မောင်းရင် Lake Palacid ကို ရောက်ပါတယ်။ Lake Palacid မြို့လေးက ရေကန်၊ တောတောင်တွေနဲ့ အင်မတန် သာယာလှပတယ်။ ၁၉၃၂ ၁၉၈၀ ဆောင်းရာသီအိုလံပစ်ပွဲကို အဲဒီမြို့လေးမှာ ကျင်းပခဲ့ပါတယ်။ ၁၉၈၀ ဟောကီပွဲမှာ အမေရိကန်က ရုရှားကို Miracle on Ice ဆိုပြီး နိုင်ခဲ့တာကို အမေရိကန်တွေ အမှတ်တရရှိတယ်။ Mirror Lake က ကနူးလှေလှော်နေကြတဲ့သူတွေ တွေ့တယ်။ လမ်းတလျှောက်က သစ်ပင်အနီရောင်၊ အဝါရောင်တွေနဲ့ ဓာတ်ပုံရိုက်လို့ မဝနိုင်ဘူး။
မိန်းလမ်းမတလျှောက်မှာ ဈေးဆိုင်ခန်းလေးတွေ ရှိတယ်။ မြို့က သေးသေးလေးပေမဲ့ မိန်းလမ်းမတလျှောက်မှာ Church နှစ်ခု တွေ့ခဲ့တယ်။ မေဘယ်ပင်က အစိမ်းအဝါအနီ ရောင်စုံဖြစ်နေပြီး လှလို့ ဓာတ်ပုံတွေ ရိုက်နေလိုက်တာ တရုတ်အဘိုးအဘွားကြီးတွေက ငါတို့ဓာတ်ပုံရိုက်ဖို့ စောင့်နေတယ်လို့ ပြောတော့မှ အသာလေးခွာပြီး ခပ်လှမ်းလှမ်းကနေ ဓာတ်ပုံထပ်ရိုက်ကြတယ်။ ဓာတ်ပုံကောင်းတပုံရိုက်ဖို့ဆိုတာ အတော်စိတ်ရှည်ရတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်တော့ ဓာတ်ပုံတွေ အများကြီးရိုက်တာတောင် ပုံကောင်းတစ်ပုံ မထွက်ဘူး။ ည ၅ နာရီလောက်ဆို နေဝင်သွားပြီ မှောင်နေပြီ ဆိုတော့ ကိုယ်မသိတဲ့နေရာတွေဆို သွားရလာရ အင်မတန်ခက်တယ်။ အဲဒါကြောင့် ကားရပ်ပြီဆိုရင် ဘယ်နေရာ၊ တိုးကားနံပါတ် ဘယ်လောက်ဆိုတာ မှတ်ထားရတယ်။ အိန္ဒိယမလေး ၄ ယောက် ကားကိုရှာမတွေ့လို့ ၁၅ မိနစ်လောက် စောင့်နေရတယ်။ လူစုံပြီဆိုတော့ အရှေ့မြောက်ဖက်စူးစူး ၅၂ မိုင် ၁ နာရီ ၁၀ မိနစ်အဝေးက Plattsburgh မြို့ကို မောင်းပါတယ်။ နောက်ကျတဲ့အဖွဲ့တွေ သီချင်းဆိုရမယ်ဆိုတော့ လန့်သွားတယ် မကြီးသွားဆို မဆိုပါဘူးတဲ့။ အိန္ဒိယကလေးလေးက သီချင်းဆိုတယ် လက်ခုပ်သံတဖြောင်းဖြောင်းပေါ့။ အသံကောင်း အဆိုကောင်းတယ်ဆိုတာထက် လူအများကြားထဲမှာ ထွက်ဆိုရဲတာကို သဘောကျတာ ကိုယ်တွေထက် အများကြီးသာတယ်။ နောက်တစ်ယောက်က သီချင်းဆိုတဲ့ အမျိုးသမီးတစ်ယောက် တော်တော်နားထောင်ကောင်းတယ်။ တိုးဂိုက်ကလည်း သီချင်းတစ်ပုဒ်ဆိုတယ် မကြီးက အဲဒီသီချင်းကို သိတယ်တဲ့။ တိုးခရီးတွေ အကြိမ်ကြိမ်ထွက်ဖူးတဲ့ အထဲမှာ ဒီလိုမျိုးသီချင်းဆိုကြတာ ပထမဦးဆုံးပဲ။
၂၀၁၄ ဇူလှိုင် အဖေ၊ အမေတို့နဲ့ ကယ်လီဖိုးနီးယားဖက်ကို ၇ရက် ခရီးထွက်တုန်းက အဖွဲ့ကိုယ်စား တစ်ယောက်ထွက်ပြီး နာမည်၊ လူမျိုး၊ ဘယ်မှာနေတယ်၊ ယူအက်စ်ကို ပထမဆုံးအကြိမ် လာတာလားဆိုတာ ပြောပြီး မိတ်ဆက်ရတယ်။ ဆယ်တန်းအောင်ပြီးခါစ လှည်းတန်းက ဆရာကြီးဦးမြကြိ ုင်ကျောင်း၊ မြေနီကုန်းက Nelson English School မှာ မိုက်ကိုင်ပြောဖူး၊ ကျောင်း၊ အလုပ်မှာ Presentation တွေ လုပ်နေပေမဲ့ လူရှေ့ထွက်ပြောရမယ်ဆိုရင် ဒူးတုန်ချင်တုန်း။ အလုပ်ထဲမှာ ဂျူးမကြီးက Toast Master တက်ဖို့စည်းရုံးပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး ထွက်ပြေးနေတုန်း။ Dale Carnegie ရဲ့ How to win friends and influence people ဆရာဖေမြင့်ရဲ့ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့သူစာအုပ်တွေ ဖတ်ဖူးပေမဲ့ ခုထိလူရှေ ့ထွက်ရမှာကို ကြောက်နေတုန်း။ ညစာ ဟောင်ကောင်ဘူဖေးဆိုင်မှာစားတော့ ဂဏ္ဏန်း၊ ခရု ပင်လယ်စာတွေက လတ်လို့ အတော်စားကောင်းတယ်။ ဘေးမှာထိုင်နေတဲ့ ဥရောပရုပ်ပေါက်တဲ့ မိန်းခလေးနှစ်ယောက်ကတော့ ကိုယ်တို့ညီအစ်မ စားတာတွေကိုကြည့်ပြီး လူကြည့်တော့ ပိန်ပိန်လေးတွေ မထင်ရဘူး အတော်စားနိုင်တာပဲလို့ တွေးမလားပဲ။ Plattsburg မြိ ု့လေးက Lake Champlain ရေကန်ဘေးနားမှာ။ မနက်ဖြန် ဖယ်ရီနဲ့ ချန်ပိန်ရေကန်ကြီးကိုဖြတ် အိုင်အိုဝါပြည်နယ်ကကျောင်းမှာ ကိုယ်နဲ့အတူတူကျောင်းတက်ခဲ့ဖူးတဲ့ ညီအစ်မလိုခင်တဲ့သူငယ်ချင်း ဗီယက်နမ်မလေး မိုင်းဖန်နေတဲ့ ဗာမွန်ပြည်နယ် Burlington မြိ ု့ကို ဖြတ်ကျော်ပြီး နယူးအင်္ဂလန်မေပယ်ပြတိုက်ကို ဝင်ရောက်ပြီး နယူးယောက်ကို ပြန်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ ဆက်တင်ပါတော့မယ်။
Happy Traveling !
စန်းထွန်း
ဒီဇင်ဘာ ၁၂၊ ၂၀၁၅။
4 comments:
ဆုမြတ်
လာခဲ့လေ ညီမဆုမြတ်
ကျေးဇူးပါ။
သဘောကျလိုက်တာ။
မမအိုင်အိုရာ
ဆုမြတ်မိုး said...
လှလိုက်တာ... အမေရိကတောင်လာချင်သွားပြီ :)
ဆုမြတ်
December 14, 2016 at 7:25 AM
San San Htun said...
လာခဲ့လေ ညီမဆုမြတ်
December 15, 2016 at 9:13 AM
Iora said...
လှလိုက်တာစန်းထွန်းလေးရေ။
ကျေးဇူးပါ။
သဘောကျလိုက်တာ။
မမအိုင်အိုရာ
December 17, 2016 at 1:56 PM
Post a Comment