Happy Belated Blog Day ! (Tag Post)
ဘလော့ဒေးဆိုတာ သတိရပေမယ့် လေဘာဒေးပိတ်ရက်မှာ ခရီးထွက်နေတာနဲ့ မနေ့က ဘလော့ဆီ ပြန်ရောက်တော့မှ စီနီယာဘလော့ဂါ ကိုရန်အောင် တဂ်ပို့စ်အတွက် ဘလော့ဂါမောင်နှမတွေ အသီးသီး ဟတ်ပီးဘလော့ဒေးထားတာ တွေ့တယ်။ ဘလော့ဒေးဆိုတာ ဘလော့ဂါတွေအတွက် အမှတ်တရ နေ့ပဲမလား။
ဘလော့ဆိုတာ ဘာကြီးတုန်း...
မြန်မာပြည်မှာတုန်းက အင်တာနက်ဆိုတာ မကြီးနဲ့ ဂျီတော့ဖို့၊ အီးမေးလ်ပို့ဖို့လောက်သာ သုံးဖြစ်တာ။ ဘလော့ဆိုတာကြီး စပြီးသိတာက ၂၀၀၉ ဖေဖေါ်ဝါရီ အင်တန်းဆင်းတယ့်အချိန်။ နေ့လည်ဖက် ထမင်းစားပြီးချိန်ဆို ကျွန်မက ဝိညာဉ်သစ် စာအုပ်စင်၊ ဘားမီးကလပ်စစ်ဆိုဒ်က ဝထ္ထုတွေ ဒေါင်းပြီးဖတ်တယ်။ အေးပိုက နိုင်းနိုင်းစနေ၊ မမ ဘလော့တွေ ဖတ်တယ်။ စာအရှည်ကြီး ဖတ်ရတာ မကြိုက်တယ့် အေးပိုနဲ့ ဘလော့က ပို့စ်တိုတိုတွေက သူနဲ့အကိုက်။ သူပြတယ့် ခြေလှမ်းပေါင်း ငါးထောင်ဆိုတယ့် ပို့စ်ထဲကအတိုင်း အိအိနဲ့ကျွန်မ Kent Ridge Park ၊ Telok Blangah Hill Park ၊ Hort Park ၊ Mount Faber Park ပန်းခြံလေးခုကို ၄ နာရီကြာ ဖြတ်ကျော်လမ်းလျှောက်ခဲ့ဖူးတယ်။
ဘလော့ ဖွင့်ခြင်း...
ဂျီမေးလ်အကောင့်ရှိရုံနဲ့ ဘလော့တခုပိုင်ဆိုင်နိုင်ချိန်မှာ မကာအိုခရီးအကြောင်း ရေးချင်တာနဲ့ ဘလော့ပြုလုပ်နည်း ပီဒီအပ်ဖိုင်ဒေါင်းပြီး ၂၀၁၀ မေလ ဒုတိယပတ်ရဲ့ တခုသောနေ့မှာ (ရက်အတိအကျ မမှတ်မိ) ဘလော့စဆောက်ဖြစ်တယ်။ ကျွန်မရဲ့ ဒိုင်ယာရီဖြစ်တာမို့ နာမည်ကိုလည်း စန်းထွန်းရဲ့ ဒိုင်ယာရီလို့ပဲ ပေးခဲ့တာပါ။ အဲဒီတုန်းက မြန်မာစာဖောင့် မရိုက်တတ်သေးတော့ ဘားကလစ်ချ်မှာ မြန်းကလစ်ချ်လိုရိုက် တဖက်မှာ ပေါ်လာတယ့် မြန်မာစာဖောင့်ကို ကော်ပီကူးပြီး ပို့စ်ထဲထည့်။ ဒါေကြာင့် အစောပိုင်း ပို့စ်တွေမှာ စာလုံးပေါင်းတွေ မှားနေတတ်တယ်။ ၂၀၁၀ မေ ၁၆ မကာအိုခရီး ပို့စ်နှစ်ပုဒ် ရေးပြီးတော့ ဇက်ညောင်း၊ လက်ညောင်း အတော့်ကို ဖားသွားလို့ ဘလော့ကို စိတ်ကုန်သွားတာ တနှစ်ခန့်အကြာ ၂၀၁၁ ဖေဖေါ်ဝါရီ စတိတ်ကို ရောက်တယ့်အချိန်မှာမှ တကယ်စရေးဖြစ်တယ် ။
ဘလော့ဂါ ဖြစ်လာခြင်း...
မြန်မာဆိုလို့ တယောက်တည်းရှိတယ့် အရပ်မှာ အစားအသောက် မကောင်း၊ ရာသီဥတုအေး ၊ အမကျန် အဲလေ အထီးကျန် ၊ ပင်ပန်းဆင်းရဲလွန်းတယ့် ကျောင်းသားဘဝရဲ ့ ခံစားချက်တွေကို ဘလော့မှာ ဒိုင်ယာရီလို ရေးဖြစ်တယ်။ ကြုံတွေ့ရတယ့် ဘဝအမောလေးတွေ၊ နည်းနည်းလေးတော့ လွဲနေတာလေးတွေ၊ သူငယ်ချင်းညီအစ်မတွေဖြစ်တယ့် ဆူနမ်၊ မိုင်းဖန်၊ ရာမားတို့နဲ့ ပျော်စရာလေးတွေ၊ စာသင်ခန်းထဲက အင်တာနေရှင်နယ် ဗရုတ်သုတ်ခ ကျောင်းသားတွေ၊ သွားခဲ့ဖူးတယ့် ခရီးတွေ၊ ရင်ဘတ်ထဲက ဖီလင်တွေ ရေးရင်း မတော်တဆ ဘလော့ဂါ ဖြစ်လာခဲ့တယ် ဆိုပါတော့။
ကျွန်မနှင့် ဇော်ဂျီဖောင့် ...
၂၀၁၁ မေလမှာ ဘော်လန်တီယာလုပ်နေတယ့် အန်ဂျီအိုအဖွဲ့ မန်းနေဂျင်းဒါရိုက်တာ အစ်မက ဘာသာပြန်ခပေးမယ် ဘာသာပြန်ပေးပါလား ဆိုလာလို့ ပိုက်ဆံရချင်ဇောနဲ့ ဇော်ဂျီလက်ကွက် ကျင့်လိုက်တာ ၂ ရက်တောင် မကြာဘူး တဂျောင်းဂျောင်း ရိုက်တတ်သွားတယ်။ ဘာသာမပြန်လိုက်ရပေမယ့် ဇော်ဂျီလက်ကွက် တတ်သွားတယ့်အမြတ်အဖြစ် ဘလော့မှာ ပိုစ့်တွေ တဂျောင်းဂျောင်း တင်တော့တာပဲ။ သူများဆိုဒ်တွေ သွားလည် ကွန့်မန့်ချန် ( မားကဒ်တင်းဆင်း) ၊ Template လေးတွေ၊ စီဘောက်ထည့်နည်းတွေ ရှာဖွေထည့်။ ကိုညီလင်းသစ်ဆီက ကလစ်လိုက်ရင် Next Page မှာ ဖွင့်နည်း သိလိုက်ရတယ်။ မြန်မာစာဖောင့် သွင်းမထားတယ့် ဘရောက်ဇာမှာ မြန်မာစာမြင်ရအောင် အီးအိုတီထည့်နည်းဆိုတာ ခုထိမစမ်းရသေးဘူး။ ဘလော့ဂါဖြစ်ပြီးမှ ထူးခြားတာက မြင်မြင်သမျှ ဓာတ်ပုံရိုက်တယ် ဘလော့ပေါ်တင်ဖို့ း) ။
ဘလော့ ဆိုသည်မှာ...
ဘလော့ဂါတွေရဲ့ စိတ်ပါဝင်စားမှုအပါ် မူတည်ပြီး ပို့စ်တွေက ဟင်းချက်နည်းတွေအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ သွားခဲ့ဖူးတယ့် ခရီးတွေအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ လုပ်ငန်းခွင်ထဲက အဆီအငေါ် မတည့်တယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ မိသားစုအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်းတွေနဲ့ ဗရုတ်သုတ်ခကြတယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ လျှော့ပင်းထွက်ခဲ့တယ့်အကြောင်း ဖြစ်ချင်ဖြစ်မယ်၊ နည်းပညာအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ ကဗျာတပုဒ် ဖြစ်ချင်ဖြစ်မယ်၊ သရဲအကြောင်း ဖြစ်ချင်ဖြစ်မယ်၊ စာအုပ်၊ ရုပ်ရှင်၊ သီချင်း ရီဗျူး ဖြစ်ချင်ဖြစ်မယ်၊ စိတ်ကူးယဉ် ဖန်တီးချက်တွေ ဖြစ်ချင်ဖြစ်မယ်။ ပို့စ်တခု ရေးဖို့အတွက် ခံစားချက်၊ အချိန် အတိုင်းအတာ တခုအထိတော့ ပေးဆပ်ရပါတာပဲ။ ပိုက်ဆံမရပေမယ့်လည်း ဗိုက်တာမင်အားဆေး ကွန့်မန့်လေးတွေက ဘလော့ဂါတွေကို အားသစ်လောင်းပေးတယ်။ ဘလော့ဆိုတာ ကျွန်မတို့ ရင်ဘတ်ပင်လယ်ထဲက ခံစားချက်လှိုင်းလေးတွေကို လွတ်လွတ်လပ်လပ် ပေါက်ကွဲလို့ရပေမယ့် ကိုယ်ရေးတယ့်စာကို ကိုယ်တာဝန်ယူရမယ်ဆိုတယ့် ကမ်းခြေလေးနဲ့ လှလှပပ အနားသတ်ပေးထားတယ်။
ဘလော့ဂါ မောင်နှမတွေ...
အစ်မလည်း ဒီလိုခံစားဖူးလို့ ကိုယ်ချင်းစာပါတယ် ဆိုတယ့် မမမေ၊ သွားနိုင်တုန်း သွားထား စန်းထွန်းရေ ရိုက်သာရိုက်၊ တင်သာတင်၊ အားပေးဖို့က ကိုယ့်တာဝန် ဆိုတယ့် မမအိုင်အိုရာ၊ ရပ်ကွက်ထဲမှာတော့ဗျာ စီးရီးတွေ ရေးဖို့ အားပေးတတ်၊ စာလုံးပေါင်းမှားနေရင် ပြင်ပေးတတ်တယ့် ဆြာဟန်၊ ဘလော့ကောင်းလေးပဲ ညီဆိုပြီး လူမသိ သူမသိ ကျွန်မဘလော့လေးကို ဆက်လက်ရပ်တည်ဖို့ အားအင်တွေ ပေးခဲ့တယ့် ကိုညိမ်းနိုင်၊ ကျွန်မဘလော့ကို ပထမဆုံး လင့်ခ်ချိတ်ပေးတယ့် ကြောင်မျိုး၊ ကျွန်မ ဘလော့စရေးခါစမှာ လာလာအားပေးတတ်တယ့် ဘလော့ပိတ်လိုက်ပြီဖြစ်တယ့် မရို ့စ်၊ သူ သားမွေးရင် ကျွန်မနဲ့ ပေးစားမယ်လို့ ကတိပေးထားတယ့် ယောက္ခမကြီး ဘေဘီတေ့စတာ၊ ခံယူချက်ခြင်းတူတယ့် မချော၊ စာကြည့်တိုက်ချစ်သူ ပို့စ်လေးကို စာမျက်နှာထက် အက္ခရာတင်ပေးတယ့် အစ်မမြသွေးနီ၊ စုတ်ရော၊ လာဘ်ပါ ဝင်ဖို့ ဆုတောင်းပေးတတ်တယ့် မမယ်သံ၊ လာလာချောင်းပြီး လာလာအော်တတ်တယ့် မမီးငယ်၊ ကျွန်မဖုန်း ဝေါပေပါ သစ်တောအုပ်လေးက ငါးမျှားခြင်း ပို့စ်ထဲက ဒုတိယမြောက် ဓာတ်ပုံလေးနော်လို့ သေသေချာချာ မှတ်မိနေတယ့် ကိုညီလင်းသစ်။ ဒီလိုမျိုး ဘလော့ရေးဖော်ရေးဖက် မောင်နှမတွေ ( သူတို့အားလုံးနဲ့ ကျွန်မ စကားမပြောဖူးသလို အွန်လိုင်းမှာလည်း မဆုံဖူးဘူး တချို့ဆို ရုပ်တောင် မမြင်ဖူးဘူး) ၊ စာလာဖတ်သူတွေ ချန်သွားတယ့် ကွန့်မန့်တွေက ဘလော့ကို ကျွန်မ စွဲစေတယ့် အရာတွေပါ ။
ဖေ့ဘွတ် vs ဘလော့...
ဖေ့ဘွတ်က ဓာတ်ပုံတွေ ရှယ်လို့ကောင်းတယ်၊ တဂ်လို့ကောင်းတယ်၊ စတေးတပ်တွေနဲ့ ဖီလင်ကို ဖော်ပြလို့ကောင်းတယ်၊ ဘယ်နေရာမှာ ဘာလုပ်နေတာ ချက်ကင်းလို့ ကောင်းတယ်၊ ဖိဘက်ခ် မြန်တယ်။ ကျွန်မအတွက်တော့ ဖေ့ဘွတ်က လှိုင်းတဝုန်းဝုန်း ရိုက်ခတ်နေတယ့် ပင်လယ်လို စွဲမက်ဖို့ကောင်းတယ်။ ဘလော့က ငြင်ငြင်သာသာလေး စီးဆင်းနေတယ့် မြစ်တစင်းလို အေးချမ်းတည်ငြိမ်တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ကူးလူးဆက်နွှယ်ဖို့ ဖေ့ဘွတ်ကို သုံးနေမှာဖြစ်သလို ကျွန်မရဲ့ စိတ်ဝိညာဉ် နားခိုဖို့အတွက်လည်း အချိန်ရရင် ရသလို၊ ရေးချင်စိတ်တွေ ရှိနေခဲ့ရင် ဘလော့မှာ ဆက်ရေးဖြစ်နေဦးမှာပါ။
ထုံးစံအစဉ်အလာအရ ဘလော့အသစ် ငါးခုကို မိတ်ဆက်ပေးရမှာပါ။ ကျွန်မက ဘလော့သိပ်မလည်ဖြစ်တော့ ကျွန်မသိတယ့် ဘလော့တွေကိုပဲ ညွှန်းဆိုပေးပါရစေ။
၁.မမီးငယ်
၂.မမအိုင်အိုရာ
၃.ပစ်ပစ်
၄.ကျူတီ
၅.မလေးမြတ်
ဘလော့ဂါ မောင်နှမတွေ၊ ရောက်ရှိကြောင်း အသံပေးခဲ့သူတွေ၊ ခြေရာမချန်ဘဲ တိတ်တိတ်လေးလာ တိတ်တိတ်လေး ပြန်ထွက်သွားကြတယ့် စာလာဖတ်သူတွေ...
ဟတ်ပီး ဘီလိတ်တက် ဘလော့ဒေး ပါဗျို ့...
ဘလော့ဂါတွေလည်း စာတွေ အများကြီး ရေးနိုင်ပါစေ...
စာဖတ်သူတွေလည်း စာတွေ အများကြီး ဖတ်နိုင်ပါစေ...
စန်းထွန်း
စက်တင်ဘာ ၅ ၊ ၂၀၁၃။
Photos are from Google.
Subscribe to:
Post Comments (Atom)
16 comments:
စန္းထြန္းေလးေရ..
ၿပီးခဲ့တဲ့တပတ္လုံး၊
ေျပာင္းေရႊ ့ေရးလုပ္ေနတာနဲ ့၊
စာေလးနဲနဲပါးပါးဝင္ဖတ္တာကလဲြလို ့၊
ေလလိွဳင္းေပၚကေလာကႀကီးနဲ ့
ဆက္အသြယ္ျပတ္ေနတာ။
သုတ၊ရသစာ မမည္တဲ့ေပါက္ကရ၊
ရွစ္ေသာင္းေရးခၽြတ္ေနတဲ့မယ္မီးေတာ့၊
ဘေလာဂါႀကီးလို ့ကိုယ့္ကိုကိုမယူဆမိပါဘူး..။
အဟီး..မိတ္ဆက္ေပးတဲ့ဘေလာ့ထဲမွာ..
ကိုယ္လည္းပါေတာ့..အရမ္းႀကီးကို၊
ပီတိေတြျဖာလို ့၊
စန္းထြန္းေလးကိုအာဘြားေပးလိုက္ၿပီ၊
မိတ္ေဆြအေပါင္းအသင္းမရွိတဲ့ေနရာမွာ၊
ရွင္သန္ေနထိုင္ရတာ၊
ဒီဘေလာ့ေလးက ကိုယ္တို ့ရဲ ့၊
ကမာၻေလးတခုပါဘဲ၊
ဒါနဲ ့..ေဖ့ဘြတ္ကို၊
အေပါင္းအသင္း၊ေဆြမ်ဳိးေမာင္ႏွမ၊
ျပန္ေတြ ့တဲ့ေနရာတခု၊
လို ့ဘဲသေဘာထားတယ္။
သိပ္မသြားျဖစ္ဘူး။
ဘေလာ့အေၾကာင္းကိုလည္း၊
အဲဒီမွာတခါမွမေရးဖူးဘူး..။
ကမာၻႀကီး ၂ခုခဲြထားတာ...ေလ :P
ဟတ္ပီး ဘီလိတ္တက္ ဘေလာ့ေဒး ..
ေနာ္...မ်ားမ်ားေရးဖတ္ေနမယ္သိလား..
Hi!!!
I like Your Blog.Keep going on
Khine
“ဘေလာ့ဆိုတာ ကြ်န္မတိုု ့ ရင္ဘတ္ပင္လယ္ထဲက ခံစားခ်က္လိႈင္းေလးေတြကိုု လြတ္လြတ္လပ္လပ္ ေပါက္ကြဲလိုု ့ရေပမယ့္ ကိုုယ္ေရးတယ့္စာကိုု ကိုုယ္တာဝန္ယူရမယ္ဆိုုတယ့္ ကမ္းေၿခေလးနဲ ့ လွလွပပ အနားသတ္ေပးထားတယ္။...”
တင္စားခ်က္ေလးကိုေတာ့ သေဘာက်သြားၿပီ ညီမေရ...၊ း)
က်င္လည္ေနရတဲ့ ေက်ာင္းသူဘဝ၊ သူငယ္ခ်င္းေတြဘဝ စတာေတြကို ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ ေရးဖြဲ႔ႏိုင္တဲ့ ညီမစန္းထြန္းရဲ႕ ပို႔စ္ေလးေတြကို ႀကိဳက္တယ္၊ သစ္ေတာအုပ္ စိမ္းစိမ္းေလးလို လတ္ဆတ္၊ စိမ္းစိုတဲ့ ဘေလာ့ဂင္း ေန႔ရက္ေတြ ပိုင္ဆိုင္ပါေစဗ်ာ။ း)
အျမဲသတိရေနျဖစ္တဲ့စန္းထြန္းေလးေရ..
တကယ္ကိုုခဏခဏသတိရတယ္။
အလုုပ္ထဲမွာလည္းတခါက Samples ေတြ FedEx ပုုိ ့ေတာ့ စင္စင္နာတီ ...တဲ့။ ဟင္ ဒီနံမည္ငါရင္းႏွီးျပီးသား။ စန္းထြန္းေရးတဲ့ျမိဳ ့ေလးပဲဆုုိျပီးဘယ္သူမွမသိပဲ တေယာက္တည္းသတိေတြရ။
ေနာက္တခါ..အလုုပ္ထဲကသူတေယာက္ က ဗေကးရွင္းအုုိင္အိုု၀ါကိုု ျပန္ခဲ့တဲ့အေၾကာင္းေျပာေတာ့ ကုုိယ့္မွာ အိုု္င္အိုု၀ါအေၾကာင္း ကိုုစိတ္၀င္တစားေျပာျဖစ္ျပန္ေရာ။ စာေရးဆရာမတစ္ေယာက္က အုုိင္အိုု၀ါခရီးစဥ္အေၾကာင္းေရးထားတာကုုိယ့္မွာစန္းထြန္းေနရာေလးဆုုိျပီး သြားသြားဖတ္ျဖစ္ျပန္တယ္။
ဟုုိနားဒီနားသြားရင္ေတာင္ တစ္ေယာက္တည္းကားေမာင္းျပီးခရီးရွည္ၾကီးသြားခဲ့တဲ့စန္းထြန္းေလးကိုု ျပန္ျပန္စိတ္ပူတုုန္း။ ဒီမွာ ျပန္ေပးဆဲြ လူသတ္ ရိတ္ပ္လုုပ္ တဲ့သတင္းေတြျမင္ရတုုိင္း အေၾကာက္အရြံ ့မရွိသြားခဲ့တဲ့ သတၱိခဲ စန္းထြန္းေလးကိုု သတိရတုုန္း။ စကားမေျပာဖူးေပမဲ့ ဒီလိုုသံေယာစဥ္ေတြအျပည့္နဲ ့ပါ။
ကုုိယ့္ကိုုမွတ္မွတ္ရရရွိတဲ့အတြက္လည္း ေက်းဇူးပါစန္းထြန္းေလးေရ။
ခ်စ္ေသာမမအုုိင္အိုုရာ
ညီမစန္းထြန္း ေရ ဘေလာ့ဂ္ေဒး မွာ အမွတ္တရ မေလးကို မိတ္ဆက္ေပးတဲ့ အတြက္ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။
ညီမစန္းထြန္းအစစအရာရာဒီထက္
ေအာင္ၿမင္ေပ်ာ္ရႊင္ပါေစလို ့။
ခ်စ္တဲ့မေလး
Blogging Sphere ႀကီး ျပန္လည္သက္၀င္လာၿပီ ဟု ယူဆရင္း ... အမွတ္တရ ပို႔စ္မ်ား ေရးၾကတဲ႔ Blogger ႀကီးမ်ား နဲ႔ ထပ္တူထပ္မွ် ၀မ္းသာမိပါေၾကာင္း ... :)
ဒီတဂ္ကေတာ့ စန္းထြန္းတစ္ေယာက္ အင္တိုက္အားတိုက္ကို အခ်ိန္ေပးၿပီး ႀကဲထားတာပဲ...က်က်နန လွလွပပ ေသေသသပ္သပ္ စီကာပတ္ကံုး...အင္း ဆက္ေျပာရင္ ႀကိယာ၀ိေသသနေတြ ကုန္သြားမယ္ထင္တယ္...
ဦးဟန္ၾကည္ေတာ့ အလုပ္ပိေနလို႔ တဂ္ပို႔စ္ကို ကသုတ္ကရက္ေရးလႊတ္လုိက္ရတယ္... း)
စန္းထြန္းက ေရးလက္ရွိၿပီးသားပဲ...အဖြဲ႕အႏြဲ႕ပိုင္း တင္ျပမႈပိုင္း အားလံုးျပည့္စံုတဲ့ ဘေလာ့ဂါ...ခရီးသြားမွတ္တမ္းေတြကို က်က်နန ေရးတာမ်ား ေမတၱာဦးနဲ႔ေတာင္ ခပ္ဆင္ဆင္...စာလံုးေပါင္းေလးေတြ အႀကံေပးရတာက လွၿပီးသား အေရးအသားကို ပိုအေရာင္လက္ေအာင္ လက္တို႔တဲ့သေဘာပါ...
ေပ်ာ္ရႊင္ခ်မ္းေျမ႕စြာ ဘေလာ့ဂင္းႏိုင္ပါေစဗ်ား...
ညီမစန္းထြန္းေရ ေပၚေတာ္မူပို႔စ္ေလးမွာ ဦးဦးဖ်ားဖ်ားလာမန္႔သြားလို႔ ေက်းဇူးအထူးပါ။ ဘေလာ့မွာ ပို႔စ္ေတြ ဆက္ေရးျဖစ္ႏိုင္ေအာင္လဲ တတ္ႏိုင္သေလာက္ေတာ့ ႀကိဳးစားပါ့မယ္ကြယ္။ ေမွ်ာ္ေနတယ္ဆိုလို႔ ကိုယ္မေရးျဖစ္ခဲ့တာကို အားေတာင္နာမိတယ္။
တက္ဂ္ပုိ႔စ္ေလး ေရးေပးလုိ႔ ေက်းဇူး Sis ေရ. ဒီပုိ႔စ္ေလးကုိ Myanmar Blogs Digest Page ေလးမွာ တင္ေပးဖုိ႔ ယူသြားၿပီေနာ္.
စာေကာင္းေပမြန္ေလးေတြ ဆက္လက္ေရးသားျပဳစုႏုိင္ပါေစလုိ႔လည္း ဆႏၵျပဳလိုက္ပါတယ္.
Yan.
အမွတ္တရေရးတာကုိ ဖတ္သြားပါသည္၊
ေပ်ာ္ရႊင္ပါေစလို႔
ေရးတတ္လိုက္တာေနာ္ ... .. ဒီနွစ္လိုပဲ ေနာက္နွစ္ေတြလည္း အခုလို စည္စည္ကားကားေလး ျဖစ္ေနပါေစလို႕ ေမွ်ာ္လင့္မိတယ္ ...Happy Blog Day ပါ စန္းထြန္းေရ...:) ေနာက္က်သြားတာ ခြင့္လြတ္..ပါလို႕..:)
ခ်ီးက်ဴးပါတယ္။ ျမန္မာေဖာင့္ မႏုိင္ခင္ကထဲက ဘေလာ့ပုိးထလာတာကုိ။ း)
ဆက္လက္ခ်ီတက္ပါ ဆန္းထြန္းေရ။ ျမန္မာဘေလာ့ေလာကေလး မတိမ္ေကာပါေစနဲ႔။
အထြန္းေရ
အခုလက္ရွိကေန ေနာင္ နွစ္ေတြ မ်ားစြာတိုင္ပါေစေနာ္..
သူလည္းကိုယ့္ကို မွတ္မွတ္ရရရွိေနတုန္းပဲကိုး း)
ေက်းဇူး ဆက္လက္ျပီး ေပ်ာ္ရႊင္စြာ ဘေလာ့ၾကပါအံုးစို႕ေနာ့္ ။
မီးမီးငယ် said...
စန်းထွန်းလေးရေ..
ပြီးခဲ့တဲ့တပတ်လုံး၊
ပြောင်းရွှေ့ရေးလုပ်နေတာနဲ့၊
စာလေးနဲနဲပါးပါးဝင်ဖတ်တာကလွဲလို့၊
လေလှိုင်းပေါ်ကလောကကြီးနဲ့
ဆက်အသွယ်ပြတ်နေတာ။
သုတ၊ရသစာ မမည်တဲ့ပေါက်ကရ၊
ရှစ်သောင်းရေးချွတ်နေတဲ့မယ်မီးတော့၊
ဘလောဂါကြီးလို့ကိုယ့်ကိုကိုမယူဆမိပါဘူး..။
အဟီး..မိတ်ဆက်ပေးတဲ့ဘလော့ထဲမှာ..
ကိုယ်လည်းပါတော့..အရမ်းကြီးကို၊
ပီတိတွေဖြာလို့၊
စန်းထွန်းလေးကိုအာဘွားပေးလိုက်ပြီ၊
မိတ်ဆွေအပေါင်းအသင်းမရှိတဲ့နေရာမှာ၊
ရှင်သန်နေထိုင်ရတာ၊
ဒီဘလော့လေးက ကိုယ်တို့ရဲ့၊
ကမ္ဘာလေးတခုပါဘဲ၊
ဒါနဲ့..ဖေ့ဘွတ်ကို၊
အပေါင်းအသင်း၊ဆွေမျိုးမောင်နှမ၊
ပြန်တွေ့တဲ့နေရာတခု၊
လို့ဘဲသဘောထားတယ်။
သိပ်မသွားဖြစ်ဘူး။
ဘလော့အကြောင်းကိုလည်း၊
အဲဒီမှာတခါမှမရေးဖူးဘူး..။
ကမ္ဘာကြီး ၂ခုခွဲထားတာ...လေ :P
ဟတ်ပီး ဘီလိတ်တက် ဘလော့ဒေး ..
နော်...များများရေးဖတ်နေမယ်သိလား..
September 5, 2013 at 1:20 PM
“ဘလော့ဆိုတာ ကျွန်မတို့ ရင်ဘတ်ပင်လယ်ထဲက ခံစားချက်လှိုင်းလေးတွေကို လွတ်လွတ်လပ်လပ် ပေါက်ကွဲလို့ရပေမယ့် ကိုယ်ရေးတယ့်စာကို ကိုယ်တာဝန်ယူရမယ်ဆိုတယ့် ကမ်းခြေလေးနဲ့ လှလှပပ အနားသတ်ပေးထားတယ်။...”
တင်စားချက်လေးကိုတော့ သဘောကျသွားပြီ ညီမရေ...၊ း)
ကျင်လည်နေရတဲ့ ကျောင်းသူဘဝ၊ သူငယ်ချင်းတွေဘဝ စတာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ရေးဖွဲ့နိုင်တဲ့ ညီမစန်းထွန်းရဲ့ ပို့စ်လေးတွေကို ကြိုက်တယ်၊ သစ်တောအုပ် စိမ်းစိမ်းလေးလို လတ်ဆတ်၊ စိမ်းစိုတဲ့ ဘလော့ဂင်း နေ့ရက်တွေ ပိုင်ဆိုင်ပါစေဗျာ။ း)
September 5, 2013 at 5:28 PM
Anonymous said...
အမြဲသတိရနေဖြစ်တဲ့စန်းထွန်းလေးရေ..
တကယ်ကိုခဏခဏသတိရတယ်။
အလုပ်ထဲမှာလည်းတခါက Samples တွေ FedEx ပို့တော့ စင်စင်နာတီ ...တဲ့။ ဟင် ဒီနံမည်ငါရင်းနှီးပြီးသား။ စန်းထွန်းရေးတဲ့မြို့လေးပဲဆိုပြီးဘယ်သူမှမသိပဲ တယောက်တည်းသတိတွေရ။
နောက်တခါ..အလုပ်ထဲကသူတယောက် က ဗကေးရှင်းအိုင်အိုဝါကို ပြန်ခဲ့တဲ့အကြောင်းပြောတော့ ကိုယ့်မှာ အိုင်အိုဝါအကြောင်း ကိုစိတ်ဝင်တစားပြောဖြစ်ပြန်ရော။ စာရေးဆရာမတစ်ယောက်က အိုင်အိုဝါခရီးစဉ်အကြောင်းရေးထားတာကိုယ့်မှာစန်းထွန်းနေရာလေးဆိုပြီး သွားသွားဖတ်ဖြစ်ပြန်တယ်။
ဟိုနားဒီနားသွားရင်တောင် တစ်ယောက်တည်းကားမောင်းပြီးခရီးရှည်ကြီးသွားခဲ့တဲ့စန်းထွန်းလေးကို ပြန်ပြန်စိတ်ပူတုန်း။ ဒီမှာ ပြန်ပေးဆွဲ လူသတ် ရိတ်ပ်လုပ် တဲ့သတင်းတွေမြင်ရတိုင်း အကြောက်အရွံ့မရှိသွားခဲ့တဲ့ သတ္တိခဲ စန်းထွန်းလေးကို သတိရတုန်း။ စကားမပြောဖူးပေမဲ့ ဒီလိုသံယောစဉ်တွေအပြည့်နဲ့ပါ။
ကိုယ့်ကိုမှတ်မှတ်ရရရှိတဲ့အတွက်လည်း ကျေးဇူးပါစန်းထွန်းလေးရေ။
ချစ်သောမမအိုင်အိုရာ
September 5, 2013 at 11:08 PM
မလေး said...
ညီမစန်းထွန်း ရေ ဘလော့ဂ်ဒေး မှာ အမှတ်တရ မလေးကို မိတ်ဆက်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ညီမစန်းထွန်းအစစအရာရာဒီထက်
အောင်မြင်ပျော်ရွှင်ပါစေလို့။
ချစ်တဲ့မလေး
September 6, 2013 at 3:04 AM
သိ င်္ဂ ါ ရ said...
Blogging Sphere ကြီး ပြန်လည်သက်ဝင်လာပြီ ဟု ယူဆရင်း ... အမှတ်တရ ပို့စ်များ ရေးကြတဲ့ Blogger ကြီးများ နဲ့ ထပ်တူထပ်မျှ ဝမ်းသာမိပါကြောင်း ... :)
September 6, 2013 at 4:45 AM
ဟန်ကြည် said...
ဒီတဂ်ကတော့ စန်းထွန်းတစ်ယောက် အင်တိုက်အားတိုက်ကို အချိန်ပေးပြီး ကြဲထားတာပဲ...ကျကျနန လှလှပပ သေသေသပ်သပ် စီကာပတ်ကုံး...အင်း ဆက်ပြောရင် ကြိယာဝိသေသနတွေ ကုန်သွားမယ်ထင်တယ်...
ဦးဟန်ကြည်တော့ အလုပ်ပိနေလို့ တဂ်ပို့စ်ကို ကသုတ်ကရက်ရေးလွှတ်လိုက်ရတယ်... း)
စန်းထွန်းက ရေးလက်ရှိပြီးသားပဲ...အဖွဲ့အနွဲ့ပိုင်း တင်ပြမှုပိုင်း အားလုံးပြည့်စုံတဲ့ ဘလော့ဂါ...ခရီးသွားမှတ်တမ်းတွေကို ကျကျနန ရေးတာများ မေတ္တာဦးနဲ့တောင် ခပ်ဆင်ဆင်...စာလုံးပေါင်းလေးတွေ အကြံပေးရတာက လှပြီးသား အရေးအသားကို ပိုအရောင်လက်အောင် လက်တို့တဲ့သဘောပါ...
ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ပါစေဗျား...
September 6, 2013 at 7:52 AM
မအိမ်သူ said...
ညီမစန်းထွန်းရေ ပေါ်တော်မူပို့စ်လေးမှာ ဦးဦးဖျားဖျားလာမန့်သွားလို့ ကျေးဇူးအထူးပါ။ ဘလော့မှာ ပို့စ်တွေ ဆက်ရေးဖြစ်နိုင်အောင်လဲ တတ်နိုင်သလောက်တော့ ကြိုးစားပါ့မယ်ကွယ်။ မျှော်နေတယ်ဆိုလို့ ကိုယ်မရေးဖြစ်ခဲ့တာကို အားတောင်နာမိတယ်။
September 6, 2013 at 2:39 PM
Yan said...
တက်ဂ်ပို့စ်လေး ရေးပေးလို့ ကျေးဇူး Sis ရေ. ဒီပို့စ်လေးကို Myanmar Blogs Digest Page လေးမှာ တင်ပေးဖို့ ယူသွားပြီနော်.
စာကောင်းပေမွန်လေးတွေ ဆက်လက်ရေးသားပြုစုနိုင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်.
Yan.
September 6, 2013 at 6:13 PM
sosegado said...
အမှတ်တရရေးတာကို ဖတ်သွားပါသည်၊
ပျော်ရွှင်ပါစေလို့
September 7, 2013 at 12:10 AM
Angelhlaing(May everybody be happy and healthy! said...
ရေးတတ်လိုက်တာနော် ... .. ဒီနှစ်လိုပဲ နောက်နှစ်တွေလည်း အခုလို စည်စည်ကားကားလေး ဖြစ်နေပါစေလို့ မျှော်လင့်မိတယ် ...Happy Blog Day ပါ စန်းထွန်းရေ...:) နောက်ကျသွားတာ ခွင့်လွတ်..ပါလို့..:)
September 7, 2013 at 8:39 AM
သူကြီးမင်း (တုံးဖလား) said...
ချီးကျူးပါတယ်။ မြန်မာဖောင့် မနိုင်ခင်ကထဲက ဘလော့ပိုးထလာတာကို။ း)
ဆက်လက်ချီတက်ပါ ဆန်းထွန်းရေ။ မြန်မာဘလော့လောကလေး မတိမ်ကောပါစေနဲ့။
September 8, 2013 at 7:13 PM
ပစ်ပစ် said...
အထွန်းရေ
အခုလက်ရှိကနေ နောင် နှစ်တွေ များစွာတိုင်ပါစေနော်..
September 9, 2013 at 2:08 PM
Maung Myo said...
သူလည်းကိုယ့်ကို မှတ်မှတ်ရရရှိနေတုန်းပဲကိုး း)
ကျေးဇူး ဆက်လက်ပြီး ပျော်ရွှင်စွာ ဘလော့ကြပါအုံးစို့နော့် ။
September 9, 2013 at 10:36 PM
Post a Comment