ရပ်ကွက်ထဲမှာတော့ဗျာ - ၁၈
စင်္ကာပူအခွန်...
ကိုယ်နဲ့သူနဲ့ စတွေ့ကြတာက ၂၀၁၀ ဧပြီ။ သူဆိုလို့ တခြားမတွေးလိုက်နဲ့ဗျို့ ...အခွန်ကို ပြောတာ..း) ။ ပတ်စ်ပို့ သက်တမ်းတိုးခ ၃၀၀၊ အလုပ်လုပ်နေတယ်မလား ပေး..အခွန် ခြောက်လစာ။ မစားရက်၊ မသောက်ရက်  ခြွေတာစုဆောင်းထားတယ့် တထောင်နီးပါး ပြောင်ပါရောလား။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဟာ သက်ဆိုင်ရာနိုင်ငံမှာ အခွန်ထမ်းပြီး မိခင်နိုင်ငံက အခွန်ကင်းလွတ်ခွင့် ( Double Tax) ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတယ်လို့ ဆိုပါတယ်။ ကိုယ့်ဘော်ဒါ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ တရုတ်တွေက ပြောတယ်...ကိုယ်တို့ဆို မင်းတို့မြန်မာတွေလို ဒဘယ်တက်စ် မဆောင်နိုင်ဘူး...ဂုဏ်ယူလိုက်စမ်းပါတယ့်..ငနာလေးတွေ ။
စင်္ကာပူနိုင်ငံမှာ တစ်နှစ်ခွဲလုပ်တာ စင်္ကာပူအစိုးရကို ၆၀၀ ကျော်ဆောင်ရပြီး တက်စ်ရီဖမ်း ( Tax Refund)  ၆၀ ပြန်ရတယ်။ တစ်နှစ်ဝင်ငွေ ၂၂၀၀၀ ကျော်ရင် တနှစ်စာဝင်ငွေထဲက ၂၂၀၀၀ ကိုနှုတ် ပိုတယ့်ငွေကိုမှ သတ်မှတ်ထားတယ့် ရာခိုင်နှုန်းနဲ့ တွက်ပြီး အခွန်ဆောင်ရတာပါ။ မြန်မာသံရုံးကတော့ တစ်နှစ်ဝင်ငွေ၊ ရာခိုင်နှုန်းတွေ ဘာတွေညာတွေ နားမလည်ဘူး။ ပီအာဆိုရင် ဘယ်လောက်၊ အီးပီဆိုရင် ဘယ်လောက်။ မြန်မာသံရုံးက တက်စ်ရီဖမ်း ပြန်ပေးတယ်လို့လည်း မကြားမိပေါင်ဗျာ..း) ။
ပွဲစားနဲ့ မလုပ်ဘဲ ကိုယ်တိုင်သွားလုပ်တယ့် မကြီး ပြန်ပြောတာအရဆိုရင် သံရုံးက ၉ နာရီမှ ဖွင့်ပေမယ့် တနေ့တာအတွက် သတ်မှတ်ထားတယ့် အရေအတွက်ပြည့်သွားရင် လက်မခံတာမို့ မနက်အစောကြီးသွားပြီး ဘုတ်မှာ နာမည် ရေးရတာပါတယ့်။ စင်္ကာပူ မြန်မာသံရုံးက ဆက်ဆံရေး အတော်ပြေပြစ်တယ်လို့လည်း ရောက်ဖူးတယ့်သူတိုင်းက ပြောကြတယ်...း) ။
အမေရိကန်အခွန်...
အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဧပြီ ၁ ရက် မတိုင်မှီ အခွန်ဆောင်ရမှာမို့ အခုအချိန်က တီဗွီကြေငြာတွေမှာ အခွန်ဖိုင်း (File ) ပေးမယ့်၊ တက်စ်ရီဖမ်းတွေ အများကြီးရအောင် ဆောင်ကြဉ်းပေးမယ်ဆိုတယ့် ကြေငြာတွေ ပလူပျံနေတယ့် တက်စ်ရာသီဆိုပါတော့။ အခွန်ဆောင်မယ့် ကိုယ်တို့လေးယောက်မှာ မနှစ်က အခွန်ဆောင်ဖူးတယ့် ရာမားက ဆရာမကြီး။ တာဘိုတက်စ်ဆိုတယ့် ဆော့ဝဲသုံးတယ်။ အလုပ်ကပေးတယ့် အခွန်စာရွက်လေးတွေ ကိုင်ပြီးတော့ပေါ့။
ကိုယ်တွေက  ကျောင်းသားဗီဇာ၊ ကျောင်းက စပွန်ဆာပေးပြီး အလုပ်လုပ်ခွင့်ရတယ့် W2  Form ကို ဖြည့်ရတယ်။ အလုပ်ရှင်မရှိဘဲ ကိုယ့်ဘာသာ အလုပ်လုပ်တယ့် 1099 ကတော့ ကိုယ်တွေ လုပ်ခွင့်မရှိပါဘူး။ EIN ( Employer Identification Number ) ၊ SSN ( Social Security Number ) ၊ Box 1 - Wages Tip  တနှစ်စာဝင်ငွေ ၊ Box 2 - Federal income tax withheld  တနှစ်ဝင်ငွေခွန်၊ Box 3 - Social security wages (စင်္ကာပူက စီပီအက်ဖ်လို ပင်စင်စုဆောင်းတာ) ၊ Box 4 - Social security tax withheld (ပင်စင်ခွန်) ၊ Box 5 - Medicare wages ( အိုဘားမား မဲဆွယ်တယ့်အရာပါ။ ဒီနိုင်ငံမှာ ဆေးကုသစရိတ်မြင့်လွန်းလို့ လူတိုင်းအာမခံရှိရမယ်၊ မရှိတယ့်သူတွေကို ဒဏ်ရိုက်မယ်။ အလုပ်ရှင်တွေက အလုပ်သမားအားလုံး ကျန်းမားရေးအာမခံထားပေးရမယ်။ ကျန်းမာရေးမကောင်း ဆင်းရဲတယ့်သူတွေအတွက် အကျိုးရှိပေမယ့် ကျန်းမာတယ့် လူလတ်တန်းစားတွေက အပိုဝင်ငွေဆောင်ရလို့ မကြိုက်ကြဘူး။)
Box 6 -Medicare tax withheld (ကျန်းမာရေး အာမခံခွန်) ၊ Box 7 - Social security tips ၊ Box 8 -Allocated tips  Box 9 - Dependent care benefits Box 11 -Nonqualified plans Box 13 -Statutory employee Retriement plan Third-party sick pay Box 14 - Other ကတော့ ကိုယ်တွေက နိုင်ငံသားမဟုတ်လို့ ဖြည့်စရာမလို။ Box 15 - State & Employee's state ID number ။ Box 16 - State wages tip ( Box 1 - wages နဲ့ သွားတူတယ် တနှစ်လုံးဝင်ငွေ ) ၊  Box 17 - State Income tax  ( ပြည်နယ်ပေါ်မူတည်ပါတယ်။ တန်နက်စီပြည်နယ်က ဆောင်ဖို့မလိုပေမယ့် ကန်တက်ကီပြည်နယ်၊ မန်ဆာချူးဆက်ပြည်နယ်၊ မေရီလန်းပြည်နယ်၊ အိုဟိုင်းရိုးပြည်နယ်ကတော့ ဆောင်ရတယ် )။ Box 18 - Local Wages က တနှစ်စာဝင်ငွေ၊  Box 19 - Local income tax ကန်တက်ကီပြည်နယ်မှာတော့ ဂျက်ဖာဆန်၊ စိန့်မက်သရူးအတွက်ဆိုပြီး ဆောင်ရတယ်။
Box 17 - State Income tax ပြည်နယ်ခွန်က ၇၀၀ကျော်ပဲ ဆောင်ထားပါလား။ ငါတို့တွေဆို ၃ ထောင်နီးပါး ဆောင်ရတာ။ မှားများနေသလား နင့်ကုမ္ပဏီပြန်မေးဆိုတော့ တကယ် ၇၀၀ ကျော်ပဲ ဆောင်ထားတာတယ့်။ အိမ်၊ မော်တော်ဘုတ်၊ ကားအိမ်၊ နိုင်ငံခြားမှာ အိမ်ခြံ၊ စတော့၊ စီးပွားရေးလုပ်ငန်း၊ ထောက်ပံ့ရမယ့်သူ၊ လောင်းကစား ဆုံးရှုံးငွေ၊ လှုဒါန်းငွေ စသည်ဖြင့် တော်တော်များများက ကိုယ်တွေနဲ့ မဆိုင်တာ များပါတယ်။ ကိုယ်တွေ ပြန်တောင်းလို့ရတာဆိုလို့ ကျောင်းလခ၊  ကျောင်းလခ အတိုးငွေ (ဒါတောင် ကန်တက်ကီပြည်နယ်က ကျောင်းမဟုတ်လို့ ကန်တက်ကီပြည်နယ်ဆီမှာ တောင်းလို့မရ) ၊ ကန်တက်ကီပြည်နယ်မှာ ကားမှတ်ပုံတင်ငွေ ၂၀၀ အတွက် ပြန်အမ်းငွေ ၂ ကျပ်။
ရာမားက မက်ဆာချူးဆက်ပြည်နယ်၊ မေရီလန်းပြည်နယ်မှာ အလုပ်လုပ်ခဲ့တာမို့ နှစ်ပြည်နယ်အတွက် ဆောင်ရတယ်။ အခွန်တွေကလည်း ပြည်နယ်အလိုက် ကွဲပြားပါတယ်။ ပြည်နယ်ခွန် ဆောင်စရာမလိုတယ့် အန်းဒရူးရဲ့ တန်နက်စီပြည်နယ်ကို ဆင်းရဲသားပြည်နယ်။ နိုင်ငံခွန်၊ ပြည်နယ်ခွန်အပြင် ကောင်တီခွန်ဆိုတယ့် မြို့နယ်ခွန်ပါ ထပ်လောင်းဆောင်ရတယ့် ရာမားရဲ့ မေရီလန်းပြည်နယ်ကို သူဋ္ဌေးပြည်နယ်။ တက္ကဆက်ပြည်နယ်မှာလည်း ပြည်နယ်ခွန် မဆောင်ရဘူးလို့ကြားတယ်။ ဒါပေမယ့် ပစ္စည်းဝယ်ရင် ဆောင်ရတယ့် အရောင်းတက်စ် (Sales Tax ၊ စင်္ကာပူက GST လို)  မြှင့်တယ်။ ကိုယ့်တွေအိတ်ကပ်ထဲကငွေကို တနည်းနည်းနဲ့ညှစ်ထုတ်နေတာပါပဲ။
ဖယ်ဒရယ်ခွန်ပဲဆောင်ရတယ့် အန်းဒရူးက တက်စ်ဖိုင်းခ ၃၀၊ ဖက်ဒရယ်ခွန်၊ စတိတ်ခွန်ဆောင်ရတယ့် ဆူနမ်၊ မိုင်း၊ ကိုယ်က ၆၀။ နှစ်ပြည်နယ်ဆောင်ရတယ့် ရာမားက ၁၀၀ကျော် ပေးရပါတယ်။ အစိုးရက လက်ခံလို့ နှစ်ပတ်နေရင် ကိုယ်တွေဘဏ်အကောင့်ထဲ ဝင်လာမှာပါ။ ကန်တက်ကီပြည်နယ်ကို ပေးရမယ့် ပြည်နယ်ခွန် ၂၀၀၀ကျော်ကတော့ သတ်မှတ်ချိန်ကျရင် ကိုယ့်ဘဏ်အကောင့်ထဲက ဖြတ်သွားမလား၊ ချက်နဲ့ပေးမလားကိုတော့ အကောင့်ထဲကဖြတ်ဖို့ ရွေးလိုက်တယ်။
ပြည်နယ်ခွန် မဆောင်ရတယ့် တန်နက်စီပြည်နယ်က အန်းဒရူးက  တက်စ်ရီဖန်း ၅၀၀၀ ကျော်။ ဆူနမ်နဲ့ ရာမားက ၄၀၀၀ ကျော်။ ဖက်ဒရယ်ရီဖန်းက ၅၀၀၀ ကျော် ပြန်ရပေမယ့် ကန်တက်ကီပြည်နယ်ကို တင်နေတယ့် ပြည်နယ်အခွန် ၂၀၀၀ ကျော်ဆောင်ပြီး ကိုယ်က တက်စ်ရီဖန်း ၃၀၀၀ ။ ဗာမွန်ပြည်နယ်က မိုင်းက ၂၀၀၀ ကျော်။ နောက်နေ့ ဟီဘာရှီဆူရှီဘူဖေး သွားစားပြီး အောင်ပွဲခံကြတယ်။ အဲ.. ကယ်လီဖိုးနီးယားက စီနီယာ ဗီယက်နမ် Nga က တက်စ်ရီဖန်း ပြန်မရတယ့်အပြင် အစိုးရကို ၉၀၀၀ကျော် ပြန်ဆောင်ရမှာမို့ ရှော့ခ်ဖြစ်နေပါတယ်။ သူရင်ဖွင့်တာ နားထောင်ပြီးကတည်း တက်စ်ရီဖန်းပြန်ရငွေထက် ကိုယ်က ပြန်မပေးရရင်ဘဲ တော်ပါပြီလို့ တွေးထားတာ။ ခုလို ပြန်ရတော့လည်း တက်စ်ဆောင်ရတာ မဆိုးပါလား..း) ။
မကြီးက အင်္ဂလန်က အေစီစီအေ ( Association of Chartered Certified Accountants) တက်နေတာ တက်စ်ဘာသာရပ် သင်ရပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ တက်စ်ဥပဒေ ကွဲပါတယ်။ မိဘက သားသမီးကို အမွေပေးချင်ရင်တောင်မှ ဆောင်ရမယ့်တက်စ်ကို ရှောင်ချင်လို့မသေခင် ဘယ်အချိန်ပေးသင့်သလဲ၊ သေပြီးဘယ်အချိန်ပေးသင့်သလဲ တက်စ်ကျွှမ်းကျင်သူတွေနဲ့ တိုင်ပင်ရတယ်ဆိုပဲ။ အမေရိကန်က သူဋ္ဌေးသူကြွယ်တွေလည်း တက်စ်ရှောင်ချင်လို့ အမေရိကန်နိုင်ငံသား စွန့်လွှတ်ကြတယ် ဆိုပဲ။
သန်ဒါအိုဗာလူဝီဗီလ်ပွဲတုန်းက ဖောက်တယ့် မီးရူးမီးပန်းတွေက ကိုယ့်တို ့ဆောင်တယ့် အခွန်တွေကို မီးရှို့ပစ်နေတာ ဆိုပေမယ့်လည်း ကိုယ်ပျော်တယ်။ လမ်းတွေ ကောင်းဖို့၊  အခြေခံလိုအပ်ချက် ရေမီး ပြည့်စုံဖို့ ဆောင်ရွက်ပေးတယ့် အစိုးရကို အခွန်ဆောင်ရတာ ကျေနပ်တယ်။
အင်တာဗျူး...
ကိုယ့်ရဲ့ပထမဆုံး အင်တာဗျုးက စင်္ကာပူအမျိုးသားတက္ကသိုလ်ဝင်ခွင့် ရေးဖြေစာမေးပွဲအောင်လို့ တယ်လီဖုန်း အင်တာဗျူး။ အင်တာဗျူးသူက တီချယ်အယ်စတာ။ အင်တာဗျူးဆိုပေမယ့် တီချယ်နဲ့ အလာဘသလာဘ ပြောသလိုပါပဲ။ အင်တန်းမဆင်းခင် တစ်လအေဒီပရောဂျက် (Application Development Project) လုပ်ရတုန်းက မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ရုံးဝတ်စုံဝတ် အလုပ်ခွင်ဆင်းသလို ထရိန်းတာပါ။ ဆော့ဝဲလာအပ်တယ့် တီချယ်တွေကို အင်တာဗျူးရတယ်။ ဗျူးတာမှားရင် ကာစတာမာ တီချယ်မယ်ဂန်က အော်။ အခန်းတွင်းက အင်တာဗျူးအလွဲတွေကို ပရောဂျက်တာ ကြည့်နေတယ့် အခန်းအပြင်က ကျောင်းသားတွေက တခွီးခွီး။ တီချယ်တွေနဲ့ တကယ့်အင်တာဗျူးဖို့ ပြင်ဆင်ရသလို အတန်းရှေ့ တယောက်ချင်းစီ မပြောမနေရ ထွက်ပြောရတယ်။ ဒီတော့ အင်တာဗျူးဆို လာထားပဲ။
အင်တာဗျူးမစခင် ဆယ့်ငါးမိနစ်ခန့်စောစောရောက်နေဖို့၊ သပ်သပ်ရပ်ရပ် ရုံးဝတ်စုံဝင်ဆင်ဖို့ ၊ တကိုယ်ရည်သန့်ရှင်းနေဖို့ လိုပါတယ်။ စတိတ်မှာတော့ ခန္ဓာကိုယ်ပေါ်မှာ သုံးရောင်ထက် မပိုသင့်ဘူးလို့ဆိုပါတယ်။ စီဗွီထဲက အကြောင်းအရာတွေကို သေချာဖြေကြားနိုင်ဖို့ လိုပါတယ်။ အင်တာဗျူးမယ့် ကုမ္ပဏီရဲ့အကြောင်းကိုလည်း သိထားသင့်ပါတယ်။  ကိုယ့်အကြောင်းအတိုချုပ်၊ ကိုယ့်အောင်မြင်မှု၊ ကိုယ့်အသားသာချက်၊ အားနည်ချက်၊ ကိုယ့်ရည်မှန်းချက်တွေလည်း မေးလေ့ရှိပါတယ်။
စတိတ်မှာတော့ အိန္ဒိယရီခရူတာတွေ များတယ်။ ရိုင်းလည်းရိုင်း၊ လစာပေးတာကလည်းနည်း၊ ဖုန်းတဂွမ်ဂွမ်ခေါ်လွန်းလို့ ဒင်းတို့ကို သိပ်မုန်းတယ်။ အမေရိကန်ရီခရူတာတွေကျတော့လည်း အိုး ဂွတ်၊ ဂရိတ်နဲ့ တခါပေါ်လာပြီး တလလောက်မှ ပေါ်လာတတ်တယ်။ တချို့အိန္ဒိယရီခရူတာတွေဆို  စီဗွီကို ပြင်မယ် တကဲကဲလုပ်လို့ လုံးဝမထိပါနဲ့ ပြောထားရတယ်။ အလုပ်ရှင်တွေကက ဖုန်းခေါ်ပြီး ဘာလို့ အလုပ်သစ်ရှာနေတာလဲမေးရင် စပွန်ဆာပေးမယ့် ကုမ္ပဏီရှာနေတာပါဆိုရင် သြော်..ကိုယ်တို့က စပွန်ဆာ မပေးနိုင်ဘူး..ဆောရီးဆိုပြီး ဖုန်းချသွားတယ်။ အိန္ဒိယရီခရူတာက ဘာလို့စပွန်ဆာ ရှာနေတာလို့ သွားပြောတာလဲ..ကိုယ်တို့က မင်းကို စပွန်ဆာပေးမှာ..အိပ်ချ်ဝမ်းဘီ၊ ဂရင်းကဒ်ရှိတယ်လို့ ပြောတာမဟုတ်ဘူးနဲ့ ဟောက်လိုက်သေးတယ်။
သြော်..ကျေးဇူးရှင်ရယ် မင်းအလုပ်ရှင်က ဘယ်အချိန် ဘယ်ဖုန်းနံပါတ်နဲ့ ဆက်မယ်လို့ ကြိုပြောထားတာလဲမဟုတ်.. ဖုန်းလာသမျှ အိပ်ချ်ဝမ်းဘီရှိတယ်လို့ ကိုယ်က ညာနေရမှာလား..။ အလိပ်လိုက်တက်လာတယ့် ဒေါသတွေကို မြိုသိပ်လို့ ကျေးဇူးတင်ပါတယ် ကောင်းသောနေ့လေးဖြစ်ပါစေလို့ နှုတ်ဆက်တက်နေပြီ။ အလာစကာပြည်နယ်က အလုပ်တယ့်။ အလာစကာပြည်နယ်ဆိုတာ ကနေဒါအထက်နား  မြောက်ဝင်ရိုးစွန်းနား ရေခဲတွေဖုံးနေတယ့်ပြည်နယ်။ အိမ်ရှင်အမက နင် ရေခဲရိုက်ပြီးသား ဖြစ်သွားလိမ့်မယ်တယ့်။
ကိုယ့်စီဗွီကို ကြည့်ပြီး မင်းက  စင်္ကာပူနဲ့ စတိတ်မှာ အလုပ်လုပ်ဖူးတယ်နော်။ ဘာလို့တနိုင်ငံ တနိုင်ငံ ပြောင်းနေတာလဲ။ စင်္ကာပူကို ကျောင်းတက်ဖို့ လာတယ် ပြီးတော့ အလုပ်လုပ်တယ်။ စတိတ်ကို ကျောင်းတက်ဖို့လာတယ် ပြီးတော့ အလုပ်လုပ်တယ်။ မင်းက အပြောင်းအလဲ ကြိုက်ပုံရတယ်။ ကိုယ်တို့က အကြာကြီးလုပ်မယ့်သူ လိုချင်တာ။ ဟင်... ပြောင်းရတာ ကိုယ် ကြိုက်တယ်ထင်လို့လား။ အလုပ်အသစ်၊ နေရာအသစ်၊ လူအသစ်မှာ အခြေကျဖို့ ခြောက်လလောက် အချိန်ယူရတယ်။
အရင်အလုပ်ကို ကြိုက်ပေမယ့် စပွန်ဆာ မပေးနိုင်လို့ အလုပ်သစ်ရှာနေတာဟေ့။ အဲဒီရုံးမှာ ၁၅နှစ်၊ ၃၅ နှစ် လုပ်နေတယ့်သူတွေ၊ စင်္ကာပူရုံးမှာ ၁၀နှစ်ကျော် လုပ်နေတယ့်သူတွေကို သိပ်အားကျတာ။ ကိုယ်လည်း သူတို့လို ဖြစ်ချင်တာ။ ဒါပေမယ့် ကိုယ့်မှာ ဒီအခွင့်အရေး မရှိခဲ့ဘူး။ ကိုယ် ဒီအလုပ်အတွက် မသင့်တော်ဘူးထင်တယ်။ အိုး..တခြားအလုပ်ရှိခဲ့ရင် ကိုယ်ဆက်သွယ့်ပါ့မယ်။ နိုး..နိုး..ကိုယ်စိတ်ဝင်မစားဘူး..ဂွပ်။ အင်တာဗျူးသူကို ဒီလို ပြန်ရန်ထောင်တယ့် အင်တာဗျူးသမား ဒီတခါပဲ သူကြုံဖူးမယ် ထင်တယ်။
ကြေကွဲ ကွန်ပျူတာ..
၂၀၀၈ စင်္ကာပူရောက်တော့ မကြီးကွန်ပျူတာလေးကို အပိုင်စီးလိုက်တယ်။ Sony Vaio အနီရောင်လေးက သူ့မူရင်းပိုင်ရှင်အတိုင်း ဒီဇိုင်းမိုက်တယ်။ ကီးဘုတ်လေးက ရိုက်ရတာ အိအိလေး၊ မော့စ်၊ ကွန်ပျူတာ ထည့်တယ့်အိတ်ကလေးကလည်း အနီရောင်လေး။ နှေးတယ်လို့ ကွန်ပလိမ်းတိုင်း အဲဒီတုန်းက ၂၀၀၀ကျော်နဲ့ ဝယ်ထားတာ ဈေးကြီးတယ်ဟလို့ ဆိုတတ်တယ်။ စတိတ်လာတော့ ကိုယ် မလာတယ်။
ကျောင်းက ကွန်ပျူတာဌာနမှာ သုံးရက်လောက် သွားအနားယူတာကလွဲရင် ဘာပြသနာမှမပေး အေးအေးနေတတ်တယ့် ကွန်ပျူတာလေး။ တနေ့ အိပ်ယာကနိုးလို့ ဖွင့်လိုက်တာ ညာဖက်ထောင့်နားလေးမှာ ကွဲနေတယ်။ အယ်..ဘယ်လိုဖြစ်တာပါလိမ့် ညတုန်းက အကောင်း။ အဲဒီနေ့က အရမ်းအိပ်ချင်နေလို့ မော်နီတာကို မပိတ်ဘဲ ရှပ်ဒေါင်းလိုက်တာ ညက အိပ်ရင်း မော်နီတာကို သွားကန်မိပြီး ဘက်ထရီပလပ်ပေါက်နဲ့ သွားဆောင့်မိတယ် တူပါရဲ့။ အယ်မလေး..အလုပ်ပြုတ်လို့ ကံဆိုးပါတယ်ဆိုမှ ကွန်ပျူတာက ဖြစ်ပြန်ပြီ  ပိုက်ဆံမရှိဘူးဆိုမှ ကုန်ပေါက်။ ကံဆိုးတယ်ဆိုတာ တခုတည်း မလာဘူး အစုလိုက်အပြံပြုံလိုက်လာတာ...ဟီး..ဟီး..ငိုချင်းချတော့ အဲဒါ ကံဆိုးတာ မဟုတ်ဘူး လူက ဂရုမစိုက် ပေါ့လျော့တာတယ့် ဆူနမ်က အဲလို အားပေးနှစ်သိမ့်တာ။
ပြင်ဖို့မေးကြည့်တော့ ပြင်ခ ၁၀၀၊ မှန်အသစ်က ၁၀၀ နဲ့ ၂၀၀ ကြား။ ဒါတောင် လွန်ခဲ့တယ့် ငါးနှစ်လောက်က ပစ္စည်းဆိုတော့ ရှိချင်မှ ရှိမယ်။  ဝရန်တီ၂နှစ်ကလည်း ကုန်ပြီ။ ထပ်တိုးမထား။ ပြင်မှာထက် အသစ်ဝယ်တယ့်။ ငါးနှစ်လောက် သုံးလာခဲ့တယ့် ကွန်ပျူတာလေးဆိုတော့ သံယောဇဉ်က မပြတ်နိုင်။ အသစ်ဝယ်မယ်ဆိုရင်တောင် အဲဒီအမျိုးအစားလေးပဲ လိုချင်တာ။ အန်းဒရူးက လီနိုဗိုယောဂ၊ ရာမားက မတ်ဘွတ်၊ ဆူနမ်က သိဘူး နင်လိုချင်တာ ဝယ်တယ့်။
ကိုယ်နဲ့မကြီးက  Sony Vaio မှ Sony Vaio
အိမ်ငှား...
ရောက်တာနဲ့ ဆူနမ်က သူ့အိမ်ရဲ့ ဆောင်ရန်၊ ရှောင်ရန်လက်ချာ ပေးပါတော့တယ်။ ကော်ဇောမစွန်းရအောင် ဘယ်လို၊ ဒီပုဝါက အိုးအပြင်သုတ်ဖို့၊ ဒီပုဝါက အိုးအထဲသုတ်ဖို့နဲ့။ ဒင်း..ဘာလို့ဒီလောက်တောင် သန့်ပြန့်နေရတာပါလိမ့်။
စင်စင်နာတီအိမ်တုန်းက စာချုပ်ပြည့်လို့ သက်တမ်းသွားတိုးတာ လက်မှတ်ထိုးပြီး နောက်နေ့မှ သိတယ် တလနို့တစ်မပါတာ။ ဖုန်းဆက်တော့ နိုးပလော်ပလမ် ဆင်းချင်ရင် တလကြိုပြော။ တကယ်လည်း ဆူနမ်ပြောင်းချင်လို့ တလကြိုပြောတော့ စာချူပ်ထဲမှာ တလနို့တစ်မပါဘူး စာချူပ်ပြည့်အောင် နေရမယ်တယ့်။ ဖုန်းနဲ့ ပြောကြတာကို ငါတို့ရက်ကော့ဒ်သွင်းထားဆိုတော့ တဖက်သားကို အသိမပေးဘဲ ရက်ကော့သွင်းတားတာ တရားမဝင်ဘူး။ ကြိုက်တယ့်တရားရုံးသွား ငါ့မှာ စာချူပ်ရှိတယ်တယ့်။
ဆူနမ်နဲ့ မိုင်းဖမ် ရှေ့နေတွေကို တိုင်ပင်တော့ ရှေ့နေခက တနာရီ ၂၀၀ ၊ အမှုရင်ဆိုင်တာထက် ကျန်တယ့် သုံးလစာကိုပေးပြီး ဆင်းသွားတာက သက်သာတာမို့ ဆူနမ့်ခမျာ ၃လစာ ၁၅၀၀ ပေးပြီး ပြောင်းလိုက်တယ်။ အိမ်ရှင်က အိမ်ကိုလာစစ်တော့ ကော်ဇောမှာ စွန်းနေတာ ဘာညာဆိုတော့ သူလည်းဘာမှ ညစ်ပေအောင်မလုပ်ဘဲ မိုင်းဖမ်ဆီက ဆက်ယူတယ့် ဆူနမ်ခမျာ စိတ်ညစ်ရှာတာပေါ့။ ဒီလိုအတွေ့အကြံကြုံကောင်းတွေကြောင့် အိမ်မတက်ခင် တအိမ်လုံး ဗီဒီယို၊ ဓာတ်ပုံရိုက်၊ ကော်ဇောမစွန်းပေဖို့ ကာကွယ်စောင့်ရှောက်နေတာပါ။
သန်ဒါစနိုး...
 ရှေ ့တပတ်က အနောက်အလယ်ပိုင်း မစ်ဆူရီ၊ ကန်ဆက်ပြည်နယ်ကို တိုက်ခတ်ခဲ့တယ့် နှင်းမုန်းတိုင်းက နှင်းထု ၁၀ လက်မ ကျပါတယ်။ နှင်းဖွဲဖွဲလေးတွေက ချစ်ဖို့ကောင်းပေမယ့် မိုးခြိမ်းသံတွေကြားက ဒီလိုနှင်းထုကတော့ ချစ်ဖို့မကောင်းဘူး။  သဘာဝကြီးရဲ့ ဖန်တီးမူကြောင့် လူလုပ်တယ်လို့ ထင်ရလောက်အောင် ဒီလိုထူးဆန်းတယ့် စနိုးဘောလေးတွေလည်း မစ်ချီကန်ရေကန်တလျှောက် တွေ့ရတယ်။
ဟုတ်ကဲ့..စန်းထွန်းတို့ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါတယ်။
စန်းထွန်း
မတ်လ ၄၊ ၂၀၁၃။
All photos are from Google.
10 comments:
ညိမ်းနိုင် said...
သဘောကျစရာရယ်.....။
သူကြီးမင်း said...
T.Win said...
J/K and good luck
sosegado said...
Anonymous said...
မမအိုင်အိုရာ
ဟန်ကြည် said...
rose of sharon said...
မြသွေးနီ said...
San San Htun said...
ညိမ်းနိုင် said...
စတိတ်ရဲ့အခွန်တွေကိုကြည့်ပြီးမျက်လုံးပြူးသွားတယ်...။
ဒါပေမယ့် လမ်းတွေ ကောင်းဖို့၊ အခြေခံလိုအပ်ချက် ရေမီး ပြည့်စုံဖို့ ဆောင်ရွက်ပေးတယ့် အစိုးရကို အခွန်ဆောင်ရတာ ကျေနပ်တယ်။ ဆိုတဲ့ စကား
စုလေးကိုတော့ အပြည့်အဝထောက်ခံတယ်၊သဘောလည်း
ကျတယ်၊ဟုတ်တယ်...၊ကိုယ်တွေဆောင်တဲ့အခွန်ကို မီးပဲ
ရှို့ပလိုက်ဦးတော့ ကိုယ်တွေပျော်ရွှင်စေဖို့၊ကိုယ်တွေအဆင်
ပြေစေဖို့ လုပ်ပေးတာဆိုရင် ကျေကျေနပ်နပ်ကြီးအခွန်
ဆောင်ပလိုက်ဦးမယ်...။ကွန်ပြူတာလေးကလည်းချစ်စ
ရာလေး...။နှင်းထုဆယ်လက်မဆိုတာကြီးကတော့ ကျွတ်
ဆင်ကြီးဗျာ...၊သို့ပေမယ့် နှင်းဘောလုံးလေးတွေက
သဘောကျစရာရယ်.....။
March 4, 2013 at 7:01 AM
သူကြီးမင်း said...
အခွန်စနစ်တွေကတော့ တစ်နိုင်ငံ တစ်မျိုးထင်ပါရဲ့။ အမျိုးမျိုးပါဘဲ။
လီဗိုနိုတော့ သိပ်မကြိုက်သလိုဘဲ။ ဒီဘက်က လူအတော်များများက မက်ခ်ဘွတ်ခ် သုံးကြတာ များတယ်။ ဒါပေမဲ့ သူကြီးမင်းကိုယ်တိုင်ကတော့ Sony Vaio 17' သုံးနေတယ်။ ကွန်ပျူတာတော့ ပျက်လို့ မဖြစ်ဖူး စန်းထွန်းရေ။ သူမရှိရင် အိမ်ထောင်ပျက် တစ်ခုလပ်/မုဆိုးဖိုလို နေမထိ ထိုင်မသာနဲ့ အတော်လေး အထီးကျန်မှာ။ း)
March 4, 2013 at 8:07 AM
T.Win said...
အန်းဒရူးက လီနိုဗိုယောဂ၊ ရာမားက မတ်ဘွတ်၊ ဆူနမ်က သိဘူး နင်လိုချင်တာ ဝယ်တယ့်။
I prefer Dell.. and my co-worker like Toshiba. :p
J/K and good luck
March 4, 2013 at 9:53 AM
sosegado said...
အတွေ့အကြုံလေးတွေအတွက် ကျေးဇူးပါ၊
နှင်းလုံးပုံလေးတွေ ဘာပဲဖြစ်ဖြစ်လှပါသည်
March 4, 2013 at 10:01 AM
Anonymous said...
မမအိုင်အိုရာကမက်ဘွတ်ခ် (၅နှစ်ကျော်)
ချစ်ချစ်ကလီနိုဗို..(နှစ်နှစ်လောက်) ..ခုပါဝါမလာဘူး။
ဘာဖြစ်မှန်းလည်းမသိဘူး။
မက်ဘွတ်ခ်ကတော့တော်တော်အကြမ်းခံတယ်။
မမအိုင်အိုရာ
March 4, 2013 at 10:49 PM
ဟန်ကြည် said...
တို့များ ရွှေပြည်ကြီးများ သက်သာပါ့...ဘာအခွန်မှလည်း ဟုတ်ဟုတ်ငြားငြား မတောင်းရှာဘူး...အင်း...ဘာတစ်ခုမှလည်း ပြန်မရဘူး...တန်ပါ့ ဘဲစားဘဲချေ... း)
လီနိုဗိုတော့ မသုံးဖူးဘူး...BenQနုတ်ဘွတ်လေး လှတာနဲ့ ဝယ်သုံးလိုက်မိပါ့ ကီးပက်စပယ်ယာမလာလို့ ငုတ်တုတ်ထိုင်နေရပါရောလား း)လက်ဆောင်ပေးမယ့်လူရှိရင်တော့ Mac book air လေး တောင်းရင်ကောင်းမလား စိတ်ကူးတယ် း)
March 5, 2013 at 12:57 AM
လွင်ပြင်လှိုင်းငယ် said...
အခွန်အကြောင်းလေးတွေသိရလို့ ကျေးဇူးပါ ။
March 5, 2013 at 5:08 AM
rose of sharon said...
အခွန်ဆောင်ရတာများရင်မကြိုက်ဘူး... ပွဲခတွေလို ၂ရာခိုင်နှုန်းလောက်ဘဲဆောင်ချင်တယ်...
နှင်းတွေကိုနှစ်သက်တယ် :)
March 5, 2013 at 10:08 PM
မြသွေးနီ said...
US ရောက်တာမကြာသေးတဲ့ သူငယ်ချင်းမက အခွန်ဆောင်ရလွန်းလို့ ညည်းရှာတယ်။ ကွန်ပျူတာတော့ မရှိလို့မဖြစ်ဖူးနော်.. သူကအရေးကြီးတယ်.. :)
သူငယ်ချင်းတွေ အနားရှိနေတော့ မျှဝေခံစားလို့ရသေးတော့ တော်သေးပါရဲ့နော်..
March 6, 2013 at 5:51 AM