ဒီစီသွား တောလား - ၄

ဒီဇင်ဘာ ၂၈ ၊ ၂၀၁၂ သောကြာနေ့။

ဒီစီတွင် သွားရောက်လည်ပတ်သင့်သော စာရင်းတွင် ကွန်ဂရက်စာကြည့်တိုက် ပါဝင်သည်။ ကယ်ပီတယ်ရှေ့ နားလေးတင်ဖြစ်သည်။ ဒီတစ်ခေါက်တော့ ယူနီယမ်စင်တာဘူတာကနေ မသွားတော့ဘဲ အနီရောင်လိုင်း မတ်ထရိုစင်တာဘူတာကနေ အောက်ဖက်ဆင်း လိမ္မော်ရောင်၊ အပြာရောင်လိုင်း ပြောင်းစီးကာ ကယ်ပီတယ်ဆောက်ဘူတာကနေ သွားလိုက်တာ ငါးမိနစ်တောင် မလျှောက်ရ နီးနီးလေးဗျား။  ဒီနေ့တော့ ရာသီဥတု သာသာယာယာရှိသည်။



အစိုးရရုံးစိုက်ရာမြို့ကို ဖီလာဒဲဗီးယားကနေ မြို့တော်သစ် ဝါရှင်တန်သို့ ပြောင်းရွှေ့စရိတ် ကုန်ကျငွေ ထောက်ပံ့ ဥပဒေကို သမ္မတ ဂျွှန်အဒမ် လက်မှတ်ထိုးသည့် ၁၈၀၀ ခုနှစ်တွင် ကွန်ဂရက်စာကြည့်တိုက် စတင်ခဲ့သည်။ ကွန်ဂရက်အတွက် လိုအပ်သော စာအုပ်များ ထားရှိရန် ရည်ရွယ်ခဲ့သော်ငြား ယခုအခါ ကမ္ဘာ၏ မနှိုင်းယှဉ်နိုင်သော သတင်းအရင်းအမြစ် ဖြစ်သည်။ ၁၈၉၇ နိုဝင်ဘာ ၁ တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ၏ ဂုဏ်ယူဖွယ် အဆောက်အဦး၊ ကမ္ဘာပေါ်တွင် အကြီးဆုံး၊ တန်ဖိုးအရှိဆုံး၊ လုံခြုံမှုအရှိဆုံး စာကြည့်တိုက် ဖြစ်သည်။



အင်ဂျင်နီယာလက်နက်ကိုင်တပ် ဗိုလ်ချုပ် သောမတ်လင်ကွန်းကေစီမှ ၁၈၈၈တွင် တည်ဆောက်ရေးလုပ်ငန်းကို ကြီးကြပ်ခဲ့သည်။ သူ့လက်ထောက် ဘားနဒ်ဂရင်းသည် သေဆုံးသည့် ၁၉၁၄ အထိ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ ၁၈၉၂ တွင် ဗိုလ်ကေစီ၏သား ဗိသုကာပညာရှင် အက်ဝတ်ကေစီမှ အတွင်းဖက်ရှိ ပန်းပု၊ ပန်းချီများ ရေးဆွဲခြင်းကို အမေရိကန် အနုပညာရှင် ၅၀ ကျော်ဖြင့် ဆောက်ရွက်ခဲ့သည်။



ကတ်တလောက်စာအုပ်ပေါင်း ၃၃သန်းကျော်၊ ဘာသာပေါင်း ၄၆၀ ဖြင့် ရေးသားထားသော ပုံနှိပ်စာများ၊  လက်ရေးမူ ၆၃ သန်းကျော်၊ မြောက်အမေရိက၏ ရှားပါးစာအုပ်များ အများဆုံး စုဆောင်းထားရာ၊ တရားရေးနှင့်ဆိုင်သော စာရွက်စာတမ်းများ၊ ဖလင်များ၊ မြေပုံများ၊ သီချင်းနှင့်အသံသွင်းထားသည်များကို ကမ္ဘာပေါ်တွင် အများဆုံး စုဆောင်းထားသော အမေရိကန်၏ ရတနာ စာကြည့်တိုက် ဖြစ်သည်။


ပြည်တွင်းစစ်ပြခန်း၊ ရှားပါးစာအုပ်ပြခန်း၊ မာယာလူမျိုးတို့၏ ယဉ်ကျေးမှုပြခန်းများ ရှိသော်လည်း ဓာတ်ပုံရိုက်ခွင့်မပြု။ ယခုတော့ စာကြည့်တိုက်သည် သုတေသနအတွက်သာ ခွင့်ပြုသည်။ စာကြည့်တိုက်၏ ခမ်နားမှု၊ မဟော်ဂနီရောင်ရှိသော စာကြည့်ခုံ၊ စာကြည့်စားပွဲများ၊ အနီရောင်၊ ရွှေရောင်ပြိုးပျပ်နေသော စာအုပ်များ၊ သုတသေနအတွက် စာဖတ်နေသောသူများ အနှောင့်အယှက်ဖြစ်မည်စိုး၍ ဓာတ်ပုံရိုက်ခွင့်မပြုသည်နှင့် မှန်ပြတင်းပေါက်မှသာ ကြည့်ခဲ့ရသည်။ ကျွှန်ုပ် ရောက်ဖူးသမျှ စာကြည့်တိုက်များတွင် ကွန်ဂရက်စာကြည့်တိုက်သည် အခမ်းနားဆုံး၊ လက်ရာအမြောက်ဆုံး ဖြစ်သည်။ ကယ်ပီတယ်သို့ မြေအောက်လမ်းဖြင့် ဆက်သွယ်ထားသည်။


ပထမဆုံးနေ့က တဝဲလည်လည်ဖြစ်နေသော မှန်အဆောက်အဦးနား ရောက်၍ တန်းစီနေသောသူများကို တွေ့သောအခါ ဝင်တန်းစီလေသည်။ နောက်မှ မိသားစုက မနှစ်တုန်းက မိနစ်လေးဆယ်ခန့် တန်းစီခဲ့ရသည်ဟု အားတက်ဖွယ် စကားဆိုသည်။ လက်ကမ်းစာစောင်ဖတ်ပြီး သိလိုက်ရသည်မှာ ကျွှန်ုပ် ရောက်နှင့်နေသည့်နေရာသည် ရုက္ခဗေဒဥယျာဉ်ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဥယျာဉ် ဖြစ်သည်။ အရင်သမ္မတများ ဖြစ်ကြသော ဝါရှင်တန်၊ မက်ဒီဆန်၊ ဂျက်ဖာဆန်တို့သည် အသုံးဝင်သော အပင်များကို စုဆောင်းစိုက်ပျိုးကာ အမေရိကန်များဆီ ဖြန့်ဖြူးချင်သည်။


ဇီဝမျိုးစိတ်၊ ရုက္ခနာမည် မကျွှန်ုပ်မသိ..သုပ်၊ကြော်၊တို့စား၍ ရမှန်းတော့ ကျွှန်ုပ်သိသည့် မြင်းခွာရွက်..ဗီယက်နမ်ကုန်ခြောက်ဆိုင်များတွင် ရနိုင်သည်..

၁၈၅၀တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခုလက်ရှိနေရာသို့ ၁၉၃၃ တွင် ပြောင်းရွှေ့ခဲ့သည်။ မှန်၊ အလူမီနီယမ်၊ ကျောက်တုံးများဖွင့် တည်ဆောက်ထားကာ လေးနှစ်တာ ပြင်ဆင်ပြီး မှန်လုံအဆောက်အဦးကို ၂၀၀၁ တွင် ဖွင့်လှစ်ခဲ့သည်။ ရေပန်းများ၊ ပြေးနေသော မီးရထား၊ မီးလုံး၊ မီးငွေ့များ အလှဆင်ထားသော နေရာတွင် ကလေးများ ဝိုင်းနေသည်။ သဘာဝလောကကြီးကို ချစ်တတ်အောင် ကလေးများကို သင်ပေးဖို့၊ တကမ္ဘာလုံးက အပင်များကို စူးစမ်းဖို့ ဤဥယျာဉ်သည် အသင့်တော်ဆုံး ဖြစ်သည်။



သစ်ခွဥယျာဉ် ရောက်သောအခါ စင်္ကာပူရုက္ခဥယျာဉ် သွားလည်စဉ်က သစ်ခွဥယျာဉ်သို့ ဝင်ချင်သော အိအိကြောင့် ကျောင်းသားဈေး ၅ ကျပ်ပေးကာ ဝင်ခဲ့ခြင်းကို သတိရသည်။  စင်္ကာပူရုက္ခဗေဒဥယျာဉ်က ပိုစုံသည်။ သိုသော် ဝင်ခွင့် အခမဲ့ ဖြစ်သောကြောင့် တန်လေသည်။ ဒီစီရှိ လည်ပတ်စရာ နေရာတော်တော်များများသည် အခမဲ့ ဖြစ်သည်။


အဖျားမှ အရင်းသို့ တဖြည်းဖြည်း စားရသည်ဟု ပညာရှိများက ဆိုသော်လည်း ကျွှန်ုပ်သည်ကား ကြံဝယ်လျှင် အရင်းပိုင်းကိုသာ ရှာဝယ်တတ်လေသည်..
ဘိုင်အိုတွင် သင်ခဲ့ရသော ပိုးမွှားစားသော အပင်များနှင့်တူသည်ဟု ထင်သည်..
ကိုကာပင်

လမ်းတလျှောက်တွင်ရှိသော ပြတိုက်များထဲမှ အမျိုးသားအာကာသပြတိုက်ကို ဝင်သည်။ လုံခြုံရေးတင်းကျပ်ကာ ရေဗူးသယ်ခွင့်မရှိ။ ပထမထပ်တွင် ၁၉၆၉ သမိုင်းဝင် လကမ္ဘာခရီးစဉ်တုန်းက အမ်းစတောင်း၊ အက်ရင်း ကမ္ဘာမြေအပြန်ခရီးစဉ်တွင် စီးနင်းခဲ့သော မိုက်ကယ်ကောလင်းယာဉ်ကို ပြသထားသည်။


စိန့်လူးဝစ်ပြခန်းတွင် ပထမဆုံးအကြိမ် နယူးယောက်မှ ပြင်သစ်အထိ မရပ်မနား ၃၃နာရီ ပျံသန်းခဲ့သော ချားလ်စ်လင်ဘာ့၏  လေယာဉ်ပျံများအကြောင်း၊ အမေရိကန်နိုင်ငံပေါ်ကို ခုနစ်ကြိမ်ပျံသန်းပြီး အာကသထဲတွင် တင်ထားခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာညောင်းခဲ့ပြီဖြစ်သော ရုရှာ ၁၉၅၇ အာကာသယာဉ်၊ ဝိုက်ဘရားသား၏ လေယာဉ်ပျံများ၊ ပထမဆုံး အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ခဲ့ပြီး နောင် အမေရိကန်နိုင်ငံကို မရပ်မနား ဖြတ်ကျော်ပျံသန်းခဲ့သော အနီရောင်လေယာဉ်များအကြောင်း။



ထိုပြတိုက်သည် ကျွှန်ုပ်တို့လူသားများ၏  ဝေဟင်ဆီသို့ အောင်မြင်မှုများ၊ မဟူရာကောင်းကင်မှ လင်းလက်နေသော ကြယ်တာရာများအကြောင်း၊ ပေါက်ကွဲအသက်ဝင်နေသောဂြိုလ်များ၊ သေဆုံးသွားသော ဂြိုလ်များ၊ နေစကြာဝဋ္ဌာထဲမှ အသစ်တွေ့ရှိသော ဂြိုလ်သစ်၊ ကမ္ဘာကို အကြိမ်ကြိမ်ပတ်ကာ ကမ္ဘာမြေကြီး၏ ဆွဲငင်မှုကို တွန်းကန်သွားသော အာကာသယာဉ်များ၊ ဆွဲငင်မှုမရှိခြင်းကြောင့် အာကာသယာဉ်ထဲတွေ လွင့်မျောနေခြင်းအကြောင်းများဖြင့် စိတ်ဝင်စားဖို့ကောင်းသည်မှာ အသေအချာ ဖြစ်သည်။



ထိုနေ့က အာကာသပြတိုက်ဘေးတွင်ရှိသော မက်ဒေါနယ်ဆိုင်တွင် နေ့လည်စာကို ည၃နာရီကျော်မှ တီးရလေသည်။ ငါးပုံလောက်ရိုက်မှ ပုံကောင်းတပုံရခြင်း၊ ဘလော့တွင် တင်မည်ဟု အားခဲကာ တွေ့မြင်ရာ ရိုက်တတ်ခြင်းကြောင့် အချိန်ကြာတတ်သော ကျွှန်ုပ်နောက်သို့ ဆူနမ်နှင့် ရာမား မလိုက်ချင်။

Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၂၆၊ ၂၀၁၃။

9 comments:

Anonymous said...

စန္းထြန္းနဲ ့သြားမွဘဲစံုုေတာ့တယ္။ ကိုုယ့္မွာအဲဒီသြားတုုန္းကစည္းေ၀းေတြခ်ည့္လွိမ့္တက္ေနရတာ။ ေန ့လည္စာေတာင္ကားေပၚတုုိ ့လမ္းေပၚမွာတိုု ့
အုုပ္ရတာမ်ားတယ္။ စန္းထြန္းနဲ ့အျပင္မွာေလွ်ာက္လည္ျဖစ္ရင္ေတာ့ဘူတာတုုိ ့ရထားတုုိ ့ေပၚမွာမ်ား၂ေယာက္အိပ္ျဖစ္ၾကမလားဘဲ။
ေက်းဇူးတင္တယ္စန္းထြန္းေရ။ စံုုစံုုေစ့ေစ့ေစတနာအျပည့္နဲ ့တင္ေပးတာ။
မမအိုုင္အိုုရာ

Aunty Tint said...

စန္းစန္းရဲ႕ ပို႔စ္ေတြဖတ္တိုင္း ကိုယ္တိုင္ေရာက္သြားသလို ခံစားရတယ္ ပံုေတြေ၀ေ၀ဆာဆာနဲ႔ ေစတနာအျပည့္ထားၿပီး အေသးစိတ္ ေျပာျပေပးတဲ့အတြက္ ေက်းဇူးပါေနာ္။ လြတ္သြားတဲ့ ေတာလား-၃ပါ ဖတ္သြားၿပီ း)
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။

ေမတၱာျဖင့္
အန္တီတင့္

AH said...

အစံုဘဲ.. အစံုဘဲ... စာၾကည့္တိုက္ၾကီးကို ၾကည့္ျပီးေတာ့ အားက်မိသဗ်ား.....

စံပယ္ခ်ိဳ said...

တေန႔ေန႔ တခ်ိန္ခ်ိန္ ၀ါရွင္တန္ကုိေရာက္ရမယ္
ဘုရားသခင္ဆီဆုေတာင္းတယ္အျမဲ
စန္းထြန္းပုိစ္႔ေလးဖတ္ျပီး ကုိယ္တုိင္ေရာက္သလုိေလးခံစား
ရတယ္ေလ----ဗဟုသုတေတြလဲအမ်ားၾကီးရတယ္ ပန္းလွလွေလးေတြလဲၾကည္႔ရတယ္
အာဘြားးးးးးးးးးးးးးး

ဟန္ၾကည္ said...

ပံုေတြၾကည့္ၿပီး သြားရည္က်လိုက္တာ...

အႏွီစာအုပ္ေတြနဲ႔သာ အတူေနရမယ္ဆိုရင္ ကြန္ဂရက္စာၾကည့္တုိက္မွာ ေခ်းပဲက်ဳံးရက်ဳံးရ အိမ္သာပဲေဆးရေဆးရ ဦးဟန္ၾကည္္ကေတာ့ လုပ္မွာပဲ စန္းထြန္းေရ...ဘ၀မွာ အေရာက္ခ်င္ဆံုးေနရာေတြကို စာရင္းလုပ္ထားတာ အႏွီစာၾကည့္တိုက္က ထိပ္ဆံုးကဗ်ား...သို႔ေပမင့္ ေရာက္ရံုသက္သက္ေတာ့ မေက်နပ္ေပါင္ဗ်ာ...ေတာင္ဟာ ေျမာက္ဟာေလးေတြ ရွာေဖြၿပီး ဖတ္လိုက္ခ်င္ေသးတာရယ္...

ဒီစီေတာလားေတြကို အစကေန လိုက္ဖတ္လိုက္ပါဦးမဗ်ား...စန္းထြန္းတစ္ေယာက္ ဆထက္ထမ္းပိုးတိုးၿပီး ေျခရွည္ႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါရဲ႕...

စကားမစပ္ အေရးအသားပံုစံ ေျပာင္းထားပါလား...ကၽြႏု္ပ္ေတြနဲ႔ခ်ည္းႏွိပ္ထားၿပီး စကားေျပပံုစံျဖစ္ေနေတာ့ မ်က္စိေတာင္ ခပ္လည္လည္...ဒါေပမယ့္ ဖတ္ရတာ တစ္မ်ဳိးအရသာရွိေနျပန္ေရာ...

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

အဝါေရာင္အသီးက ကိုကိုးသီးနဲ႕ တူသလိုလို
ဟုတ္မဟုတ္ေတာ႕ မသိ
သစ္ခြေတြလွလိုက္တာ စန္းထြန္းေရ
တစ္ခ်ိဳ႕ဆို အျပင္မွာေတာင္ မျမင္ဖူးဘူးရယ္။ လိုခ်င္လိုက္တာ
ဟိဟိ

TunTun said...

Botanical garden is one of my fav place. Thanks for sharing your trip..

ေန၀သန္ said...

ဒီစီလည္း စန္းထြန္းနဲ႕မွ ေရာက္ဖူးေတာ့တယ္... :D

ခင္မင္လ်က္
ေန၀သန္

San San Htun said...

Anonymous said...
စန်းထွန်းနဲ့သွားမှဘဲစုံတော့တယ်။ ကိုယ့်မှာအဲဒီသွားတုန်းကစည်းဝေးတွေချည့်လှိမ့်တက်နေရတာ။ နေ့လည်စာတောင်ကားပေါ်တို့လမ်းပေါ်မှာတို့
အုပ်ရတာများတယ်။ စန်းထွန်းနဲ့အပြင်မှာလျှောက်လည်ဖြစ်ရင်တော့ဘူတာတို့ရထားတို့ပေါ်မှာများ၂ယောက်အိပ်ဖြစ်ကြမလားဘဲ။
ကျေးဇူးတင်တယ်စန်းထွန်းရေ။ စုံစုံစေ့စေ့စေတနာအပြည့်နဲ့တင်ပေးတာ။
မမအိုင်အိုရာ
January 26, 2013 at 7:39 PM
Aunty Tint said...
စန်းစန်းရဲ့ ပို့စ်တွေဖတ်တိုင်း ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ် ပုံတွေဝေေ၀ဆာဆာနဲ့ စေတနာအပြည့်ထားပြီး အသေးစိတ် ပြောပြပေးတဲ့အတွက် ကျေးဇူးပါနော်။ လွတ်သွားတဲ့ တောလား-၃ပါ ဖတ်သွားပြီ း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်
January 26, 2013 at 10:33 PM
AH said...
အစုံဘဲ.. အစုံဘဲ... စာကြည့်တိုက်ကြီးကို ကြည့်ပြီးတော့ အားကျမိသဗျား.....
January 27, 2013 at 12:54 AM
စံပယ်ချို said...
တနေ့နေ့ တချိန်ချိန် ဝါရှင်တန်ကိုရောက်ရမယ်
ဘုရားသခင်ဆီဆုတောင်းတယ်အမြဲ
စန်းထွန်းပိုစ့်လေးဖတ်ပြီး ကိုယ်တိုင်ရောက်သလိုလေးခံစား
ရတယ်လေ----ဗဟုသုတတွေလဲအများကြီးရတယ် ပန်းလှလှလေးတွေလဲကြည့်ရတယ်
အာဘွားးးးးးးးးးးးးးး
January 27, 2013 at 1:53 AM
ဟန်ကြည် said...
ပုံတွေကြည့်ပြီး သွားရည်ကျလိုက်တာ...

အနှီစာအုပ်တွေနဲ့သာ အတူနေရမယ်ဆိုရင် ကွန်ဂရက်စာကြည့်တိုက်မှာ ချေးပဲကျုံးရကျုံးရ အိမ်သာပဲဆေးရဆေးရ ဦးဟန်ကြည်ကတော့ လုပ်မှာပဲ စန်းထွန်းရေ...ဘဝမှာ အရောက်ချင်ဆုံးနေရာတွေကို စာရင်းလုပ်ထားတာ အနှီစာကြည့်တိုက်က ထိပ်ဆုံးကဗျား...သို့ပေမင့် ရောက်ရုံသက်သက်တော့ မကျေနပ်ပေါင်ဗျာ...တောင်ဟာ မြောက်ဟာလေးတွေ ရှာဖွေပြီး ဖတ်လိုက်ချင်သေးတာရယ်...

ဒီစီတောလားတွေကို အစကနေ လိုက်ဖတ်လိုက်ပါဦးမဗျား...စန်းထွန်းတစ်ယောက် ဆထက်ထမ်းပိုးတိုးပြီး ခြေရှည်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရဲ့...

စကားမစပ် အရေးအသားပုံစံ ပြောင်းထားပါလား...ကျွနု်ပ်တွေနဲ့ချည်းနှိပ်ထားပြီး စကားပြေပုံစံဖြစ်နေတော့ မျက်စိတောင် ခပ်လည်လည်...ဒါပေမယ့် ဖတ်ရတာ တစ်မျိုးအရသာရှိနေပြန်ရော...
January 27, 2013 at 2:33 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
အဝါရောင်အသီးက ကိုကိုးသီးနဲ့ တူသလိုလို
ဟုတ်မဟုတ်တော့ မသိ
သစ်ခွတွေလှလိုက်တာ စန်းထွန်းရေ
တစ်ချို့ဆို အပြင်မှာတောင် မမြင်ဖူးဘူးရယ်။ လိုချင်လိုက်တာ
ဟိဟိ
January 28, 2013 at 3:00 AM
TunTun said...
Botanical garden is one of my fav place. Thanks for sharing your trip..
January 28, 2013 at 9:48 AM
နေဝသန် said...
ဒီစီလည်း စန်းထွန်းနဲ့မှ ရောက်ဖူးတော့တယ်... :D

ခင်မင်လျက်
နေဝသန်
January 28, 2013 at 8:36 PM