မခိုင် စာမေးပွဲဖြေနေတယ့် ၂နာရီအတွင်း ကျောင်းတခွင်အနှံ့ ခြေဆန့်ပါတော့တယ်။ ရောက်ဖူးတယ့် တက္ကသိုလ်ထဲမှာ ဒီတက္ကသိုလ်က အလှဆုံး။ ကိုယ်ရောက်ဖူးတာကလည်း ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ National University of Singapore (NUS) ၊ Nanyang Technological University (NTU) ၊ University of Iowa ။ University of Iowa ထဲက ဘောလုံးကွင်းကြီးကတော့ ပြောစမှတ်တွင်တယ်။
Kinnick Statdium in University of Iowa |
တက်ခဲ့ဖူးသမျှ တက္ကသိုလ်တွေထဲမှာ ကမ္ဘာ့အဆင့် ၂၃၊ အာရှအဆင့် ၃ ရှိတယ့် NUS ကို အကြိုက်ဆုံး။ အာရှအဆင့်၁က Hong Kong Univeristy of Science and Technology (HKUST) ၊ အဆင့်၂က University of Hong Kong (HKU)။ NUS Alumnus ဖြစ်ရတာကို ဂုဏ်အယူဆုံး။
အာရှအကောင်းဆုံးတက္ကသိုလ်၁၀၀မှာ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်က တက္ကသိုလ်တော်တော်များများ ပါပါတယ်။ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်က တက္ကသိုလ်တွေက နည်းနည်းပါတယ်။ အရှေ့တောင်အာရှမှာ တက္ကသိုလ်အများဆုံးရှိတယ်ဆိုတယ့် မြန်မာပြည်က တက္ကသိုလ် တခုတလေများ ပါလေမလားလို့ ရှာကြည့်တာ ၁၀၀သာ ဆုံးသွားရော၊ မျက်စိများ ရှမ်းလေသလားမသိ။ မတွေ့မိပေါင်ဗျာ။
၂၀၁၁ ဇွန်လ နွေရာသီ ပူပြင်းတယ့် နေရောင်ခြည်အောက်မှာ သစ်ပင် စိမ်းစိမ်းစိုစို၊ ပန်းပွင့် အရောင်စုံစုံ၊ မြစ်ရေစီးသံ တသွင်သွင်နဲ့ တကယ့်ကို သာယာလှပပါပေတယ်။ အဆောက်အဦးတွေ၊ လူသွားလမ်းလေးတွေ၊ ထိုင်ခုံလေးတွေနဲ့သူ့နေရာနဲ့ စနစ်တကျ သေသပ်လှလို့။ ဒီလိုကျောင်းမျိုးမှ ငါတက်ချင်တယ့်ကျောင်းလို့တောင် တွေးမိတယ်။ ကိုင်း.. ဟိုရိုက်ဒီရိုက် လက်ရာများကို သည်းခံကာ ရှုစားကြပါ ခင်ညာ။
ဆင်ပြာတော် ..:P
အစွယ်ပါတော့ ဟိုင်းဆင် မဖြစ်နိုင်။ စွယ်စုံဆင်လား မသိ။ ( ရမ်းတုတ်လိုက်သည် )
|
ဘတ်စ်ကားမှတ်တိုင် |
အစိမ်းရောင်ကြားထဲမှာ ဆန်းနေလို့ အလွတ်မပေးခဲ့။ |
Institute of System Science (NUS) ကျောင်းဘေးမှာလည်း ရှိတယ်။
စတိတ်က ရှဉ့်တွေကတော့ အကောင်ပိုကြီးတယ်။
|
Rose Lane |
နှင်းဆီလမ်းလေး |
နာမည်လေးနဲ့ လိုက်အောင် နှင်းဆီရနံ့တွေ မွေးထုံနေခဲ့တယ် |
မမအိုင်အိုရာဆို မြင်တာနဲ့ ဘာငှက်အမျိုးအစား တန်းပြောနိုင်မယ်။
ကိုယ်ကတော့ ကြက်တူရွေး၊ သာလိကာ၊ ကျီးကန်း၊ ခို၊ ဇီးကွက်ပဲ သိတယ်...:P
|
နွေရာသီဆို ဒီပန်းတွေ နေရာတိုင်းမှာ တွေ့တယ်..ဓာတ်ပုံထဲမှာထက် အပြင်မှာ အရောင်ပိုစိုပြီး ပိုလှတယ် |
ဆေးလိပ်လည်းတို နေလည်းညှိပြီ ငါ့ကို အိမ်ပြန်ပို့ကြပါတော့ |
ကောင်းကင်မှာလည်း ပျံတယ်၊ ရေပြင်မှာလည်း ကူးတယ်၊ မြေပြင်မှာလည်း လမ်းလျှောက်တယ် |
ခွေကျောင်း၊ လူကျောင်းကြသော လမ်းကလေး |
စည်းချက်ညီညီ ကခုန်နေသော မိုးမခပင်များ |
ကျောင်းသား ၄၉ယောက်၊ ကျောင်းသူ ၅ယောက်ပဲရှိတယ့် အတန်းမှာ မိုင်း၊ ဆူနမ်၊ စန်းထွန်း သုံးယောက်သား တညီတညွှတ်တည်း ပေးထားတယ့် ကွင်းက ရာမားပါ။ ဟင်းချက်ကောင်းတယ့် ရာမားလက်ရာ Sauce ကို ကြက်သွန်၊ ငရုတ်သီးပွနဲ့ ကြော်ထားတယ့် ဟင်းက ကိုယ်တွေ အမြဲတောင်းဆိုရတယ့် ဟင်းတခွက်။
Good Friday တုန်းက မိုင်းရယ်၊ ဆူနမ်ရယ်၊ စန်းထွန်းရယ် စားသောက်သမျှ ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်တင်တော့ တယောက်တည်းဖြစ်တယ့် ရာမားက မနာလိုတိုရှည်ဖြစ်ပြီး အွန်လိုင်းတောင် တက်မလာ။ အခုတော့ ဆူနမ်၊ ရာမား၊ စန်းထွန်း သုံးကောင်သား လောင်းကျော်သမျှ မိုင်းတယောက် မနာလိုတိုရှည် ဖြစ်မှာ မြင်ယောင်သေး။
နောင်တပတ်မှာ ပြန်ဆုံကြပါစို့။
ဇွန် ၂၈၊ ၂၀၁၂။