ပြည်တော်ပြန် - ၂

My blessings လေးတွေ ပြန်လာပါပြီ..တကူးတကလာတွေ့ လက်ဆောင်ပေးနဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိပါတယ်..ဘာမဆိုစားဝင် ဘာနေရာမဆိုအိပ်ပျော်တဲ့ အမေကတော့ အိမ်ရောက်တာနဲ့ မီးဖိုချောင်ထဲတန်းဝင်ပြီး သမီးအကြိုက်တွေ ချက်ကျွှေးတယ်..ရန်ကုန်မှာ တချက်မှမနားခဲ့ရ ပစ္စည်းတွေထည့်လိုက်သိမ်းလိုက် အလုပ်ရှုပ်၊ လေယာဉ်ပေါ်မှာ မအိပ်နိုင်တဲ့ အဖေကတော့ အိမ်ရောက်တာနဲ့ အိပ်ယာထဲ ပစ်လဲတော့တာပဲ..ထမင်းမစားရတာ ၂ ရက်ရှိပြီမို့လို့ သယ်သွားတဲ့ ပေါင်မုန့်တွေကို မစားချင် ထမင်းပဲစားချင်တာတဲ့..ချမ်းမှာစိုးလို့ ဒေါင်းဂျက်ကက် ယူသွားတာ တော်သေးတယ်

🥰🥰

JFK airport, Terminal 8

October 23, 2025. Thursday. 

Yiruma in NYC

Yiruma World Tour Live in New York

Carnegie Hall, New York City

October 19, 2025. Sunday

South Korean composer and pianist, Yiruma returns to America following his 2018 North America tour.

သောကြာနေ့ကမှ ဖေ့ဘွတ်မှာ ဖျပ်ခနဲမြင်လို့ ချက်ချင်းလက်မှတ်ဝယ်..အကြိုက်ဆုံး pianist ၂ ယောက် (Joe Hisaishi & Yiruma) ရဲ့လက်သံကို မျက်ဝါးထင်ထင်မြင်တွေ့ နားဆင်ချင်တဲ့ ဆန္ဒပြည့်ပါပြီ..ဘယ်သူမှ ဗွီဒီယိုမရိုက်ကြဘူး..အားလုံးက ငြိမ်သက်စီးမျော..River flows in you တီးတော့ မနေနိုင်တော့ဘူး ဗွီဒီယိုရိုက်တော့တာပဲ..ပွဲပြီးတော့လဲ လက်ခုပ်သံတွေမစဲလို့ ပြန်ထွက်လာပြီး Kiss the Rain & 3 songs ထပ်တီးပြတယ်..One memorable night at Carnegie Hall.

Fall Foliage@Vermont

Riding the lift at Sugarbush Resort

Bingham Falls

Green Mountain National Forest

Buttermilk Falls, Okemo State Forest

October 11-13, 2025. Vermont State.

Columbus Day weekend, Happy Traveling!

၂၀၂၅ အောက်တိုဘာ နေ့စွဲများ

နယူးဂျာစီဘုန်းကြီးကျောင်း ဆီမီးပူဇော်ပွဲ

October 4, 2025. Saturday

စန်းထွန်း

မတ် ၁၄၊ ၂၀၂၆။

St. Paul Church

လမ်း ၅၀ နဲ့ Fifth Avenue နားရောက်တိုင်း St. Paul Church ကိုဝင်ပြီး အငြိမ်းဓာတ်လေး အကြည်ဓာတ်လေး ယူတယ်။

ရောင်နီ နယူးယောက်

၂၀၂၅ စက်တင်ဘာ ၁၃ စနေနေ့

Reiki

၂၀၂၄ နိုဝင်ဘာ နီပေါ Mero Yatra မချောရဲ့ retreat သွားတော့ လေယာဥ် ၂၀ နာရီလောက် စီးရတော့ ကိုယ်လက်တွေ ကိုက်ခဲတယ်။ မချောနဲ့ reiki ညီအစ်မတွေက reiki ဝိုင်းပေးကြတာ ကိုက်ခဲတာတွေ သက်သာသွားပြီး အိပ်ပျော်သွားတယ်။ ၂၀၂၅ ဇန်နဝါရီအတန်းကို နီပေါ retreat က ညီအစ်မတွေနဲ့ အတူတက်မယ်ဆိုပြီး အတန်းအပ်တာ အီဂျစ်ကို ရုတ်တရက်သွားရလို့ မတက်ဖြစ်။ ဧပြီနောက်တတန်းဖွင့်တော့လည်း ဂျပန်သွားတာနဲ့ တိုက်နေလို့ မတက်ဖြစ်။ ဇွန် ကျမှပဲ Kundalini Yoga အတူတူတက်ကြတဲ့ soul sister နှစ်ယောက်နဲ့ တက်ဖြစ်တော့တယ်။ ပထမအဆင့် Shoden အတန်းကို အွန်လိုင်းကနေတက်ပြီး ဒုတိယအဆင့် Chuden ကိုတော့ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ သွားတက်ဖြစ်တယ်။ Reiki ဆိုတာ ဂျပန် relaxation ပညာတမျိုးပါ။ အနောက်တိုင်းမှာ Kundalini Yoga, Reiki အင်မတန်ခတ်စားတယ်။ ကိုယ်တို့ရုံးမှာတောင် Reiki ၊ Mediation အကြောင်းတွေ လာပြောလို့ သွားတက်သေးတယ်။ ခုခေတ်က spiritual ခေတ်မို့လို့ chakras, energy စိတ်ဝင်စားကြတယ်။

August 16-17, 2025

Milford, PA

George W.Child Park

Greys Tower National Historic Site

စန်းထွန်း

မတ် ၄၊ ၂၀၂၆။