ရုပ်ရှင်ကြည့်ခြင်း အနုပညာ - Mission: Impossible - The Final Reckoning

Mission: Impossible - The Final Reckoning

June 29, 2025. Sunday

ကြေငြာက နာရီဝက်..ရုပ်ရှင်က ၃ နာရီ..ခုံတွေက သက်တောင့်သက်သာဖြစ်လွန်းလို့ အစပိုင်း စကားပြောနေတဲ့အချိန် အိပ်ပျော်သွားပြီး ဒုန်း ဒိုင်း ကျမှ နိုးလာတယ်..လေယာဉ်ပျံမီးလောင် လေထီးနဲ့ခုန်ထွက် လေထီးပါမီးလောင်.. ဒါတော့ နည်းနည်းများသွားပြီ ..ဒါပေမဲ့ ကြည့်လို့တော့ ကောင်းတယ်..ရုပ်ရှင်ရုံမှာ သွားမကြည့်ဖြစ်တာ ၇ နှစ်လောက်ရှိပြီ..

စန်းထွန်း

ဒီဇင်ဘာ ၂၄၊ ၂၀၂၅။

လမ်းလျှောက်ခြင်း အနုပညာ - Inwood Hill Park

Inwood Hill Park, 5.5 miles walking

June 7, 2025. Saturday

One of the most beautiful, quiet and tranquil parks in NYC. ဟိုက်ကင်းထွက်ရင် မိဘတွေက ငှက်စာ၊ ရှဉ့်စာ ယူသွားခိုင်းတယ်..အတော်ပင်ပင်ပန်းပန်း တက်ရတာဆိုရင် လူတောင်အနိုင်နိုင် သယ်ရတာဆိုပြီး မယူဘူး..ခုလို ပေါ့ပေါ့ပါးပါး တက်ရတဲ့အခါဆိုရင် သယ်တယ်..လူမကြောက်တဲ့ ရှဉ့်လေးတကောင် အနားကပ်ပြီး အစာလာတောင်းတယ်..ရှဉ့်က အစာရှာမတွေ့လို့ ကိုယ်တွေက ဒီမှာ ဒီမှာ ဆိုပြီးပြရသေးတယ် မောပါ့တော်..ပြန်ခါနီးမှ မိုးသည်းသည်းမည်းမည်းရွာလို့ မိုးနတ်မင်းကို ကျေးဇူးတင်ရတယ်..တောတောင်ရေမြေ တောတိုးရင် ပျော်နေကြသူများ..

Happy Hiking!

စန်းထွန်း

ဒီဇင်ဘာ ၂၀၊ ၂၀၂၅။

တောင်တက်ခြင်း အနုပညာ - Butter Hill Mountain

Butter Hill Mountain

August 31, 2025. Sunday.

တောင်ပြေပြေလေး တက်ကြပြန်ပြီ.. ၃.၅ မိုင်ပေမဲ့ တောင်အတက်အဆင်းက မတ်လို့ အရင်အပတ် ၆.၅ မိုင်တက်တာထက် ပိုပင်ပန်းတယ်..ကျောက်တုန်းပြောင်ပြောင်ချောချောကြီးတခုကို လေးဖက်ထောက် ကုတ်ကပ်ဖက်တက်ခဲ့ရတယ်..ကျောက်တုံးအစွန်းမှာရပ်တော့ အမြင့်မကြောက်တဲ့သူတောင် ကြောက်မိတယ်..

တောင်တက်နေတုန်းကတော့ အိမ်မှာအေးဆေးနှပ်မနေဘဲ ဘာလို့အပင်ပန်းခံပြီး တောင်တက်နေတာပါလိမ့်လို့ တွေးမိတယ်..တောင်ထိပ်ရောက်ရော မြင်ရတဲ့ရှုခင်းတွေကြောင့် လှလိုက်တာ တက်ရကျိုးနပ်တယ် နောက်ထပ်တောင်တက်ဦးမယ် ဖြစ်ကုန်ရော..

Happy Hiking!

စန်းထွန်း

ဒီဇင်ဘာ ၁၇၊ ၂၀၂၅။

တောင်တက်ခြင်း အနုပညာ - Harriman State Park

6.5 miles hiking, 3.35 hours, 1,451 ft

Harriman State Park, New York’s second largest state park

August 24, 2025. Sunday

သွားတုန်းကတော့ Elk Pen and Island Pond Mountain Loop Trail သွားမယ်ဆိုပြီး သွားချင်တာတွေ သွားလိုက်တာပဲ..တောင်တက်လမ်းက ပြေပြေလေးဆိုပြီး ညာခေါ်တဲ့သူနဲ့..ဓာတ်ပုံကလဲ မြန်မြန်တင်ရသေးတယ်..တော်ကြာ ဂျပန်က ပြန်မရောက်သေးဘူးလား..ဟိုက်ကင်းက ပြန်မလာသေးဘူးလား မေးမှာကို သိနေတယ်နော်

Happy Hiking!

စန်းထွန်း

ဒီဇင်ဘာ ၁၄၊ ၂၀၂၅။

လမ်းလျှောက်ခြင်း အနုပညာ - Forest Park

6.4 miles walking in Forest Park

July 19, 2025. Saturday

Kew Gardens ဘူတာကနေ လမ်းလျှောက်ရင် ၁၀ မိနစ်ပဲဝေးတယ်..သစ်ပင်တွေ အများကြီး ထူထပ်အုပ်ဆိုင်းနေပြီး နေပျောက်မထိုးနိုင်..လူနည်းတယ် လမ်းလျှောက်လို့ အင်မတန်ကောင်းတယ်..Central Park ထက်ကောင်းတယ် hidden gem လေး highly recommended ပါ..

Happy Hiking!

စန်းထွန်း

ဒီဇင်ဘာ ၆၊ ၂၀၂၅။