Mero Yatra နီပေါသွား တောလား - ၁၆

၂၀၂၄ နိုဝင်ဘာ ၂၂ မနက် ၆ နာရီခွဲလောက် နေထွက်တာ စောင့်ကြည့်ကြတယ်။ ဟိုတယ်က တောင်ပေါ်မှာဆိုတော့ ပိုခရာမြို့တမြို့လုံးကို အပေါ်စီးကနေမြင်ရတာ အင်မတန်လှတာပဲ။ နှင်းဖြူလေးတွေဖုံးနေတဲ့ တောင်တွေကို မြင်ရတာ အင်မတန်အေးချမ်းတယ်။ Ghandruk ကတော့ တောင်တွေကို အနီးကပ်မြင်ရတယ်။

Happy Traveling!

စန်းထွန်း

ဧပြီ ၂၆၊ ၂၀၂၅။

Mero Yatra နီပေါသွား တောလား - ၁၅

၂၀၂၄ နိုဝင်ဘာ ၂၁ Ghandruk ကနေ မနက်ပိုင်းထွက်လာပြီးတော့ လမ်းမှာနေ့လည်စာစားကြတယ်။ Pokhara မြို့ Himalayan Front Hotel ကို ညနေပိုင်းရောက်တယ်။ Himalayan Front Hotel ကတောင်ပေါ်မှာ မြင်ကွင်းအရမ်းလှတယ်။ ဂျပန်တွေ အရမ်းကြိုက်ကြလို့ ဟိုတယ်တခုလုံးယူတာမို့လို့ လွန်ခဲ့တဲ့ ၂ ရက်က ဘွတ်တာမရဘူး။ ညနေပိုင်း နန်းနွယ်၊ မွှေး၊ မစန္ဒာတို့နဲ့ တက္ကစီငှားပြီး ရေကန်နားသွားကြတယ်။ ပုဇွန်ကြော်၊ ငါးကြော်၊ ကြက်အသည်းအမြစ်ကြော်စားကြတယ် အရမ်းစားကောင်းတယ်။ ကိုယ်တွေလိုက်မလား ခေါ်တုန်းကတော့ မလိုက်ကြဘူး။ ဓာတ်ပုံရိုက်ပြီး ဂရုထဲပို့တော့ စားချင်လိုက်တာ၊ ခုလိုက်လာမယ်တွေ ဖြစ်ကုန်တယ်။ မွှေးက လိုက်လာတဲ့သူတွေကို လမ်းညွှန်။ ကိုယ်တို့က စျေးဝယ်၊ အနှိပ်ဝင်ခံ။ ညီအမတွေကို လက်ဆောင်ပေးဖို့ ဥုံဆွဲကြိုးတွေ ဝယ်တယ်။ ဥုံမှာတောင် ဟိန္ဒူဥုံနဲ့ တိဘက်ဥုံဆိုတာ ရှိသေးတယ်။ yark ရဲ့အရိုးနဲ့လုပ်ထားတာ ပလတ်စတစ်မဟုတ်ဘူးဆိုပြီး မီးရှို့ပြတယ်။ ည ၉ နာရီ ဟိုတယ်အစားအသောက်ခန်းမ မပိတ်ခင်ရောက်အောင်ပြေး။ ည ၉ နာရီ ၁၅ လောက်မှ ရောက်ပေမဲ့ အစားအသောက်တွေ ရှိသေးတယ်။

Happy Traveling!

စန်းထွန်း

ဧပြီ ၁၉၊ ၂၀၂၅။

ငါးကြော်၊ ပုဇွန်ကြော်၊ ကြက်အသည်းအမြစ်ကြော် အင်မတန်စားကောင်းတယ်
မွှေး၊ စန်းထွန်း၊ မစန္ဒာ၊ နန်းနွယ်
ညီအမတွေကို လက်ဆောင်ပေးဖို့ ဥုံဆွဲကြိုးတွေ
ဒီရေကန်ထဲကမိတဲ့ ငါးတွေ၊ ပုဇွန်တွေပေါ့

Mero Yatra နီပေါသွား တောလား - ၁၄

၂၀၂၄ နိုဝင်ဘာ ၂၁ Ghandruk ကနေ Pokhara ဆီပြန်တဲ့လမ်းမှာ ဟိမဝန္တာတောင်က စီးဆင်းလာတဲ့ မြစ်ဘေးနား ခဏရပ်ပြီး ကျောက်တုံးကောက်၊ ခြေထောက်ရေစိမ်၊ ဓာတ်ပုံရိုက်ကြတယ်။ ငွေမှုန်လေးတွေပါလို့ ကျောက်တုံးလေးတွေက အရမ်းလှတယ်။ ကိုယ်က ကျောက်တုံး ၅ ခုလောက်ကောက်လို့ များလှပြီထင်နေတာ ကိုယ့်ထက်များတဲ့သူတွေချည်းပဲ။ ကျောက်တုံးတွေကို သယ်ခွင့်မရှိ minerals သယ်ခွင့်မရှိပါတဲ့။ ကျောက်တုံးတွေကို လက်ကေ့ ၂ အိတ်ထဲခွဲထည့်ရတယ်။ လူဝင်မှုကြီးကြပ်ရေးက စစ်ရင်တော့ souvenir အဖြစ်သယ်လာတာ လွှင့်ပစ်ရင်တော့ ကံပဲ။ တချို့ကို သဲတွေကို ပုလင်းနဲ့သယ်သွားတယ် လက်ဆောင်ပေးမလို့တဲ့။ အသိမိတ်ဆွေ ၃ ယောက်ကို အဲ့ကျောက်တုံးလက်ဆောင်ပေးတာ အရမ်းကြိုက်ကြတယ်။ နောက်ဆိုခရီးသွားရင် လက်ဆောင်မဝယ်တော့ဘူး ကျောက်တုံးယူလာပြီး လက်ဆောင်ပေးတော့မယ် :) ။ ကျောက်တုံးအကောက်ကောင်းလို့ ချော်လဲတာ ဒူးမှာညိုမည်း အကွင်းလိုက်။

Happy Traveling!

စန်းထွန်း

ဧပြီ ၁၂၊ ၂၀၂၅။

Mero Yatra နီပေါသွား တောလား - ၁၃

၂၀၂၄ နိုဝင်ဘာ ၂၁ Gurung ရိုးရာဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်ကြတယ်။ အကင်္ီျ၊ ပုတီး၊ ခေါင်းမှာပတ်တဲ့ဟာ၊ လက်ကောက်ရွေးကြ။ တယောက်ကိုတယောက် တပ်ပေးကြ၊ ချိတ်ပေးကြ၊ ဓာတ်ပုံရိုက်ကြ။ အစက မျက်မှန်ကြီးနဲ့ ဓာတ်ပုံရိုက်နေတာ။ အကိုဆရာက မျက်မှန်ချွှတ်လို့ပြောမှချွှတ်။ အကိုဆရာက ညီမတွေအတွက် နားကပ်တွေရွေးပေး။ အစက ပိုခရာအထိပဲ လိုက်မလို့ ညီအစ်မတွေက ချစ်ဖို့အရမ်းကောင်းတာနဲ့ ခရီးစဥ်အဆုံးအထိ လိုက်ပါစောင့်ရှောက်ပေးတယ်။ ဆိုဖီယာတို့ဇနီးမောင်နှံ၊ သားနှစ်ယောက်၊ ဓာတ်ပုံဆရာ အားလုံးကူညီစောင့်ရှောက်ပေးကြတယ်။

Happy Traveling!

စန်းထွန်း

ဧပြီ ၅၊ ၂၀၂၅။

ချစ်ညီမ နန်းနွယ်