Canadian Rockies Mountain သွား တောလား - ၅

၂၀၂၄ စက်တင်ဘာ ၁၈ Jasper National Park ကိုသွားလည်တယ်။ တောမီးလောင်ပြီးလို့ ပြန်ဖွင့်တာ တလလောက်ပဲရှိသေးလို့ နေရာတော်တော်များများ မဖွင့်ဘူး။ ဖွင့်သလောက်လေး သွားကြည့်မယ်ဆိုပြီးသွားကြတာ။ နာမည်ကျော် Icefield Parkway လမ်းမကြီးက တော်တော်လှတယ်။ စိမ်းညှို့ပြီး ရေခဲဖြူဖြူဖုံးထားတဲ့ တောင်ထွတ်တွေနဲ့ အင်မတန်သာယာလှပတယ်။ ကိုယ့်အကြိုက်ဆုံးအမျိုးသားဥယျာဥ်တခုပါ။ မီးလောင်ထားတဲ့နေရာတွေကို မျက်ဝါးထင်ထင်မြင်ရတယ်။ Jasper မြို့လေးကသေးသေးလေး ဓာတ်ဆီဆိုင်တွေ မီးလောင်ထားတယ်။ အားလုံးထဲမှာ အိမ်တလုံးကကွက်ပြီး မီးလောင်ထားတယ် မီးစစင်လို့နဲ့ တူပါရဲ့။ visitor center သွားတော့ သွားလည်သင့်တဲ့နေရာတွေ၊ ဖွင့်တဲ့နေရာတွေကို ရှင်းပြပေးတယ်။ အရင်နေ့တွေတုန်းကလဲ အမျိုးသားဥယျာဥ်သွားရင် visitor center ဆီအရင်သွားတယ်။ သူတို့ညွှန်တဲ့နေရာတွေကို သွားလည်းတယ်။ KFC ဝယ်ပြီး Patricia lake ဘေးမှာသွားစားတယ်။ ကန်တပတ်ပတ်လျှောက်တယ်။ လမ်းမှာတွေ့တဲ့ Sunwapta Falls ဝင်လည်တာ တော်တော်လှတဲ့ ရေတံခွန်။ ဒီခရီးစဥ်ထဲမှာ အကြိုက်ဆုံးနေရာတခု။ Bow Summit ကိုနည်းနည်းလေး တက်ယူရပြီး မြင်ရတဲ့ Peyto lake လည်း အင်မတန်လှပတယ်။ Hot spring ကတော့ ပိတ်ထားလို့ မဝင်ခဲ့ရဘူး။ Canadian Rockies mountain ဖက်ရောက်ရင် Yoho & Jasper ကတော့ မဖြစ်မနေသွားလည်ရမဲ့ နေရာပါပဲ။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၂၈၊ ၂၀၂၄။

Peyto lake
Patricia lake
Sunwapta Falls

Canadian Rockies Mountain သွား တောလား - ၄

၂၀၂၄ စက်တင်ဘာ ၁၇ Glacier National Park မှာ ဟိုက်ကင်းသွားလုပ်တယ်။

Happy Traveling!

အောက်တိုဘာ ၁၉၊ ၂၀၂၄။



Canadian Rockies Mountain သွား တောလား - ၃

၂၀၂၄ စက်တင်ဘာ ၁၆ Yoho National Park ကိုသွားလည်တယ်။ Visitor Center အရင်သွားပြီး သူတို့ညွှန်းတဲ့နေရာကို သွားလည်တယ်။ Emerald Lake ကအတော်လှတယ် အကြိုက်ဆုံးနေရာတခုပါ။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၁၂၊ ၂၀၂၄။

Canadian Rockies Mountain သွား တောလား - ၂

၂၀၂၄ စက်တင်ဘာ ၁၆ တနင်္လာနေ့ ကနေဒါနိုင်ငံ British Columbia ပြည်နယ် Yoho National Park ထဲက Takakkaw ရေတံခွန်ဆီ သွားလည်တယ်။

Happy Traveling!

စန်းထွန်း

အောက်တိုဘာ ၅၊ ၂၀၂၄။