05 September 2011

တဆောင်းသစ်ပြန်ပြီ...

စတိတ်မှာ ရာသီဥတု ခန့်မှန်းတာ သိပ်မှန်ပါတယ်။ တနေကုန် မိုးအုံ့ပြီး ညနေစောင်းမှ နေပူမယ်ဆိုရင် တကယ်ပူတာပါ။  မြန်မာပြည်မှာတော့ ရွာရန် ရာခိုင်နှုန်း ၈၀ ဆိုလို့ ထီးဆောင်သွားတာ မိုးတစက်မှ မရွာတဲ့အပြင် နေက ခြစ်ခြစ်တောက် ပူလို့။ ရွာရန် ရာခိုင်နှုန်း ၄၀ ဆိုလို့ ထီမဆောင်တဲ့နေ့ မိုးရွာတော့တာပဲ။ ဗီယက်နမ်မှာလည်း ဒီလိုပါပဲတဲ့ မုန်တိုင်းဝင်မယ်ဆိုလို့ လူတွေက အလုအယက် စားစရာတွေ ဝယ်စု။ နောက်၂ရက်အထိ မုန်တိုင်းက မလာ။ မလာတော့ဘူးထင်နေတော့မှ၊ စုထားတဲ့ရိက္ခာတွေကုန်တော့လောက်မှ မုန်တိုင်းကဝင်။ ဒီလို ကိုးရိုးကားရားတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှ ကြုံရတာနဲ့ တူပါရဲ့။

ဒီမှာတော့ ရာသီဥတုအခြေအနေကို ကြည့်ပြီး ဝတ်ရစားရတာကလား။ တခါက ရာသီဥတုခန့်မှန်းချက်လည်း မကြည့်ဘဲ ရိုးရိုးဘွတ်ဖိနပ်ပဲ စီးသွားတာ နှင်းတွေ ကျလာတော့ တဘိုင်းဘိုင်းနဲ့ စန်းထွန်းတယောက် ဖားဖမ်းနေခဲ့ဖူးတယ်။ ဆူနမ်၊ရာမားရဲ့ လက်တွေကို ကျစ်ကျစ်ပါအောင် ညှစ်ပြီး ပြန်ခဲ့ရတယ်။ ဒီကတည်းက နောက်များဆို မနက်မိုးလင်းတာနဲ့ပထမဆုံးလုပ်တာက ရာသီဥတုခန့်မှန်းချက် ကြည့်တော့တာပဲ။

စနေနေ့က တနေကုန် မိုးအုံ့နေပြီး နေ့လည်မှာတော့ လေရောမိုးရော သည်းတာများ ပိန်းပိန်းကို မှောင်လို့။ ခေါင်မိုးဆီက ဖြောက်ဖြောက်အသံကြားလို့ ပြတင်းပေါက်ကနေ လှမ်းချောင်းလိုက်တော့ လား..လား..လက်မ လက်သည်းခွံ အရွယ်လောက်ရှိတဲ့ မိုးသီးတွေ။ ဒီအချိန်မှာ မိုးရေထွက်ချိုးလိုက်လို့ကတော့...:D။ မိုးရွာတဲ့အချိန်မှာဆို ကော်ဖီတခွက်၊ ဝထ္ထုကောင်းကောင်းတအုပ်နဲ့ နှပ်နေလို့ကတော့ ဇိမ်မှဇိမ်ပဲ... းD။

တနင်္ဂနွေကစလို့ ရာသီဥတုက သိသိသာသာ အေးလာပါပြီ။ ဆောင်းဦးရောက်ပြီးကိုး။ စက်တင်ဘာ၊ အောက်တိုဘာက ဆောင်းဥ◌ီးရာသီ ။ မြန်မာပြည်က တောင်ကြီးဆောင်းလို မြူတွေမရှိပေမဲ့ ချမ်းအေးတာတော့ တူတယ်။ မချမ်းတတ်တဲ့သူတွေလောက်သာ အနွေးထည်လွတ်လို့လူတိုင်း အနွေးအထည်လေးတွေ ကိုယ်စီနဲ့။ အိမ်မှာ မေကလွဲရင် ဖေ၊မကြီး၊မောင်မောင်နဲ့ စန်းထွန်းက နည်းနည်းအေးရင်တောင် အနွေးထည်၊ စောင်ကိုယ်စီနဲ့။ မေကတော့ ပြောတတ်ပါတယ် "'ဒီသားအဖတွေ ချမ်းတတ်ရန်ကော "။ မြောက်ပိုင်းကျတဲ့ အိုင်အိုဝါပြည်နယ်ရဲ့ဆောင်းက ကြမ်းတယ်လို့ နာမည်ကြီးပါတယ်။ ချမ်းတတ်တဲ့ စန်းထွန်းနဲ့အရမ်းအေးတဲ့ အိုင်အိုဝါဆောင်း အဲဒီမှာ စတွေ့တော့တာပဲ။

ပြတင်းပေါက်ကနေ သာယာစွာ တိုက်ခတ်လာတဲ့ လေနုအေးဆီမှာ မြန်မာပြည်က ဆောင်းရနံ့ကို ရလိုက်သလို...။ ဟိုင်းကြီးဆောင်းကတော့ အတော်အေးပါတယ်။ ငယ်ငယ်တုန်းကဆို ဆောင်းတွင်းမနက်စောစောဆို သူငယ်ချင်းတွေနဲ့ ထပြေး၊ ပြန်လာရင် အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်းစား၊ ရွာထိပ်ဘုန်းကြီးကျောင်းမှာ ခရေပန်းသွားကောက်၊ ဘတ်မင်တန်ရိုက်။ စံပြမှာတော့ အိမ်နားက အသက်၈၀ကျော် အဘွားကြီးက ချမ်းတတ်တော့ မီးလှုံလေ့ရှိပါတယ်။ အကြံပိုင်တဲ့ စန်းထွန်းက မီးလှုံရင်း အလာဘ သလာဘပြောရင်း ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ကြည်သွန်ဖြ ူဖုတ်လို့ရတာ အကုန်ဖုတ် းD။ နေပြထားလို့ မွေ့ယာ၊ ဂွမ်းကပ်စောင်တွေကနေ အနံ့မွှေးမွှေးလေးကို ရှုရင်း ကွေးရတာလည်း အရသာတမျိုး။

ပုသိမ်ဆောင်းကတော့ ဟိုင်းကြီးဆောင်းထက် အအေးပေါ့တယ်။ မနက်စောစော ဝေလီဝေလင်းမှာ ရွှေမုဋ္ဌောဘုရားသွားပြီး အပြန်ဈေးကြီးထဲက ကောက်ညှင်းပြန်ပေါင်းစား။ သီတင်းကျွှတ်ပြီးရင် ကမ်းနားလမ်းမှာ ညဈေးခင်းလေ့ရှိပါတယ်။ ညဈေးတလျှောက် လမ်းလျှောက်ရင်း မုန့်တွေ စားရတာလည်း ပျော်စရာတမျိုး။



ရန်ကုန်ဆောင်းကတော့ အနွေးထည် လွတ်အောင်ကို အအေးပေါ့တာပါ။ ချမ်းလည်း ခဏ။ သီတင်းကျွှတ်၊ တန်ဆောင်တိုင် ပွဲတော်တွေ၊ ဘုရားပွဲတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာပြည်ဆောင်းကို လွမ်းတယ်။

စန်းထွန်း
စက်တင်ဘာ ၅၊၂၀၁၁။

10 comments:

  1. I love the winter especially while snowing. I still remember going out for a walk just to feel the touch of snow.
    Mon Petit Avatar

    ReplyDelete
  2. ဖားဖမ္းခဲ႔တာဘယ္ႏွစ္ေကာင္ရလဲ
    မစားဖူးလုိ႔ေပးပါဦးေနာ္
    သူကေအးတဲ႔အေၾကာင္းစာတမ္းျပဳစုေနေတာ႔
    ေတာင္ၾကီးကုိလြမ္းေနရပါျပီေနာ္
    မၾကာခင္သီတင္းကြ်တ္မယ္ျပီးရင္တန္ေဆာင္တုိင္
    လာေတာ႔မယ္...အေတြးနဲ႔ေတာင္ၾကီးကုိသြားရေအာင္
    ေနာ္...လာခဲ႔ပါ..
    ခ်စ္ခင္တဲ႔ jas

    ReplyDelete
  3. ဟန္ၾကည္September 6, 2011 at 7:53 AM

    ဒီမွာေတာ့ မိုးေတြရြာလို႔ေကာင္းတုန္း၊ ေကြးလို႔ေကာင္းေနတုန္းပဲ ရွိေသးတယ္...မိုးေအးေအးနဲ႔ ခ်ဳိးေကြးေကြးေနရတာ အင္မတန္ဇိမ္ရွိတာမို႔...စန္းထြန္းလည္း ေဆာင္းေအးေအးမွာ မိေက်ာင္းေကြးေကြးေနလိုက္ရင္ အဆင္ေျပမယ္ထင္ရဲ႕...ႏွင္းေတြေဖြးေဖြးလႈပ္ေနတာကေတေတာ့လွပါရဲ႕ဗ်ာ...တစ္ပတ္ေလာက္ေနလို႔ ႏွင္းေတြအရည္ေပ်ာ္ကုန္ရင္ ဗြက္ေရေတြျဖစ္ကုန္တာေတာ့ စိတ္ညစ္စရာ ေကာင္းမယ္ထင္ပါရဲ႕...

    ReplyDelete
  4. ဖားရရင္ ဒီဘက္ပို့ေပးပါစန္းထြန္းေရ...:)))
    အဲ့မွာေဆာင္းဝင္ျပီလား....အင္း...ဒီမွာေတာ့သိတဲ့အတိုင္း
    ပဲ...ေဆာင္းကိုေမ့ေတာင္ေနတာရယ္....၊စန္းထြန္းေရးမွ
    ျမန္မာျပည္ေဆာင္းကိုလြမ္းသြားတယ္ကြယ္....

    ReplyDelete
  5. ကုုိယ္လည္းျမန္မာျပည္ေဆာင္းရဲ ့ပဲြေစ်းတန္းက မုုန္ ့ေတြ နဲ ့စဥ့္အုုိးဆုုိင္ေတြကိုု လြမ္းတယ္။ ေျပာရင္းနဲ ့ေရမုုန္ ့ေတာင္လုုပ္စားခ်င္လာျပီ။
    အုုိင္အိုုရာ

    ReplyDelete
  6. တို႕ကခ်င္ျပည္နယ္မွာလည္း ေဆာင္းဆို သိပ္ေပ်ာ္ဖို႔ေကာင္းတာ
    လိေမၼာ္သီးေတြမ်ား ဝင္းဝါေနတာ
    ႏွင္းေလးေတြက ခုလို ျဖဴျဖဴေဖြးေဖြးမဟုတ္ေပမဲ႔ ဖြဲဖြဲေလးက်လို႕ေပါ႔။
    ရာသီထဲမွာ ေဆာင္းကို အၾကိဳက္ဆံုးမို႔ ဘယ္မွာျဖစ္ျဖစ္ ေပ်ာ္မယ္ ထင္ပါတယ္
    ခုလည္း ဒီမွာေတာ႔ ခ်မ္းေသးဘူး ၁၁လပိုင္းေလာက္မွ တအားေအးမွာ ေန႔ခင္းၾကီး အျပင္မထြက္ရင္ အိမ္ထဲမွာဂြမ္းေစာင္ျခံဳျပီး ေနရဦးမယ္
    ဘာဘဲျဖစ္ျဖစ္ ေပ်ာ္ပါတယ္

    ReplyDelete
  7. မဂၤလာပါရွင္။

    စာေတြ ဖတ္သြားပါတယ္။
    ဒီဘေလာဂ္ရဲ႕ တန္းပလိတ္ကိုလည္း အလြန္ႏွစ္သက္မိပါတယ္။

    ReplyDelete
  8. ရန္ကုန္ ေဆာင္းကို လြမ္းတယ္ စန္းထြန္းေရ အမွန္ပဲ ဒီမွာေတာ့ အထပ္ထပ္ဝတ္ရလို႕ စိတ္ညစ္လယ္ ...:)

    ReplyDelete
  9. ႏွင္းမက်ေသးဘူး..အဲဒါ ေဖေဖၚဝါရီတုန္းက ရိုက္ထားတာ...ႏိုဝင္ဘာလလယ္ကစၿပီး ႏွင္းထုက ၈လက္မအထက္တဲ့

    >>အိမ့္ခ်မ္းေၿမ ့
    template ေၿပာင္းမယ္လို ့ ၾကံစည္ေနတာ။ ၾကိ ုက္တာမေတြ ့ေသးလို ့။ ေမသိမ့္၊ ၿမတ္မြန္တို ့ရဲ ့ template ကို ၾကိ ုက္တာ အရမ္းပဲ။ template ၾကိ ုက္တယ္ဆိုလို ့ ေၿပာင္းေတာ့ဘူး... းD

    >>Angelhlaing
    ဟုတ္တယ္...အထပ္ထပ္ ဝတ္ရတာကို စိတ္ညစ္တယ္...အဝတ္ပံုၾကီးက်ေနတာပဲ...

    ReplyDelete
  10. Anonymous said...
    I love the winter especially while snowing. I still remember going out for a walk just to feel the touch of snow.
    Mon Petit Avatar
    September 6, 2011 at 2:05 AM
    စံပယ်ချို said...
    ဖားဖမ်းခဲ့တာဘယ်နှစ်ကောင်ရလဲ
    မစားဖူးလို့ပေးပါဦးနော်
    သူကအေးတဲ့အကြောင်းစာတမ်းပြုစုနေတော့
    တောင်ကြီးကိုလွမ်းနေရပါပြီနော်
    မကြာခင်သီတင်းကျွတ်မယ်ပြီးရင်တန်ဆောင်တိုင်
    လာတော့မယ်...အတွေးနဲ့တောင်ကြီးကိုသွားရအောင်
    နော်...လာခဲ့ပါ..
    ချစ်ခင်တဲ့ jas
    September 6, 2011 at 3:52 AM
    ဟန်ကြည် said...
    ဒီမှာတော့ မိုးတွေရွာလို့ကောင်းတုန်း၊ ကွေးလို့ကောင်းနေတုန်းပဲ ရှိသေးတယ်...မိုးအေးအေးနဲ့ ချိုးကွေးကွေးနေရတာ အင်မတန်ဇိမ်ရှိတာမို့...စန်းထွန်းလည်း ဆောင်းအေးအေးမှာ မိကျောင်းကွေးကွေးနေလိုက်ရင် အဆင်ပြေမယ်ထင်ရဲ့...နှင်းတွေဖွေးဖွေးလှုပ်နေတာကတေတော့လှပါရဲ့ဗျာ...တစ်ပတ်လောက်နေလို့ နှင်းတွေအရည်ပျော်ကုန်ရင် ဗွက်ရေတွေဖြစ်ကုန်တာတော့ စိတ်ညစ်စရာ ကောင်းမယ်ထင်ပါရဲ့...
    September 6, 2011 at 7:53 AM
    ညိမ်းနိုင် said...
    ဖားရရင် ဒီဘက်ပို့ပေးပါစန်းထွန်းရေ...:)))
    အဲ့မှာဆောင်းဝင်ပြီလား....အင်း...ဒီမှာတော့သိတဲ့အတိုင်း
    ပဲ...ဆောင်းကိုမေ့တောင်နေတာရယ်....၊စန်းထွန်းရေးမှ
    မြန်မာပြည်ဆောင်းကိုလွမ်းသွားတယ်ကွယ်....
    September 6, 2011 at 10:34 AM
    Iora said...
    ကိုယ်လည်းမြန်မာပြည်ဆောင်းရဲ့ပွဲဈေးတန်းက မုန့်တွေ နဲ့စဉ့်အိုးဆိုင်တွေကို လွမ်းတယ်။ ပြောရင်းနဲ့ရေမုန့်တောင်လုပ်စားချင်လာပြီ။
    အိုင်အိုရာ
    September 6, 2011 at 7:44 PM
    ချော(အစိမ်းရောင်လွင်ပြင်) said...
    တို့ကချင်ပြည်နယ်မှာလည်း ဆောင်းဆို သိပ်ပျော်ဖို့ကောင်းတာ
    လိမ္မော်သီးတွေများ ဝင်းဝါနေတာ
    နှင်းလေးတွေက ခုလို ဖြူဖြူဖွေးဖွေးမဟုတ်ပေမဲ့ ဖွဲဖွဲလေးကျလို့ပေါ့။
    ရာသီထဲမှာ ဆောင်းကို အကြိုက်ဆုံးမို့ ဘယ်မှာဖြစ်ဖြစ် ပျော်မယ် ထင်ပါတယ်
    ခုလည်း ဒီမှာတော့ ချမ်းသေးဘူး ၁၁လပိုင်းလောက်မှ တအားအေးမှာ နေ့ခင်းကြီး အပြင်မထွက်ရင် အိမ်ထဲမှာဂွမ်းစောင်ခြုံပြီး နေရဦးမယ်
    ဘာဘဲဖြစ်ဖြစ် ပျော်ပါတယ်
    September 7, 2011 at 2:40 AM
    အိမ့်ချမ်းမြေ့ said...
    မင်္ဂလာပါရှင်။

    စာတွေ ဖတ်သွားပါတယ်။
    ဒီဘလောဂ်ရဲ့ တန်းပလိတ်ကိုလည်း အလွန်နှစ်သက်မိပါတယ်။
    September 7, 2011 at 7:39 PM
    Angelhlaing(May everybody be happy and healthy! said...
    ရန်ကုန် ဆောင်းကို လွမ်းတယ် စန်းထွန်းရေ အမှန်ပဲ ဒီမှာတော့ အထပ်ထပ်ဝတ်ရလို့ စိတ်ညစ်လယ် ...:)
    September 8, 2011 at 5:19 AM
    San San Htun said...
    နှင်းမကျသေးဘူး..အဲဒါ ဖေဖေါ်ဝါရီတုန်းက ရိုက်ထားတာ...နိုဝင်ဘာလလယ်ကစပြီး နှင်းထုက ၈လက်မအထက်တဲ့

    >>အိမ့်ချမ်းမြေ့
    template ပြောင်းမယ်လို့ ကြံစည်နေတာ။ ကြိ ုက်တာမတွေ့သေးလို့။ မေသိမ့်၊ မြတ်မွန်တို့ရဲ့ template ကို ကြိ ုက်တာ အရမ်းပဲ။ template ကြိ ုက်တယ်ဆိုလို့ ပြောင်းတော့ဘူး... းD

    >>Angelhlaing
    ဟုတ်တယ်...အထပ်ထပ် ဝတ်ရတာကို စိတ်ညစ်တယ်...အဝတ်ပုံကြီးကျနေတာပဲ...
    September 8, 2011 at 8:50 PM

    ReplyDelete