03 September 2011
ဒီတခါ‌တော့...
Universal Studio Singapore(USS) ဖွင့်တော့  အရှေ့တောင်အာရှမှာ တခုတည်းသော ယူနီဗာဆယ်မို့လို့ တိုးရစ်တွေ လိမ့်ဝင်လာပါတယ်။ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ခရီးသွား ပတ်ကေ့စ်တွေ ရောင်းတဲ့ တို့ကုမ္ပဏီလည်း စီးပွားရေး သောင်းကျန်းကာ ခါတော်မှီ USS လက်မှတ်တွေ  ရောင်းတော့ အိုင်တီဌာနလည်း မနေသာ သက်ဆိုင်ရာ ပရောဂျက်တွေနဲ့ အလုပ်များရပေပြန်တာပေါ့။
USS အဝင် kiosk တွေမှာ လတ်မှတ်ကို စကန်ဖတ်ပြီး စစ်ပါတယ်။ အဲဒီအပိုင်းကို ရေးထားတာ နာ..ကွ…။ လတ်မှတ်ကို အွန်လိုင်းက ဝယ်တဲ့အခါ ခရက်ဒစ်ကတ်၊ ဒဲဘစ်ကတ်တွေနဲ့ ပိုက်ဆံပေးချေရတဲ့ အပိုင်းကို စန်းထွန်းများ ရေးတာလားလို့ သူငယ်ချင်းတွေက စိတ်ပူစွာ မေးလာပါတယ်။ စိတ်ပူလည်း ပူရှာပေမပေါ့။ AD ပရောဂျက်တုန်းက အလွယ်ဆုံး  delete လုပ်ရင် data တွေ ဖျက်ရမဲ့အစား မဖျက်ဘဲ နှစ်ခါ delete လုပ်မှ  ဖျက်အောင် လက်စွမ်းပြထားလို့လေ (အဲဒီလို တော်ချက်…)။ ပိုက်ဆံ ပိုမဖြတ်ဘူး စိတ်ချ ရဲရဲကြီး ယုံလိုက်စမ်းပါ။ အဲဒီအပိုင်းကို ရေးတာ နာ…မဟုတ်ဘူး team leader ။
တနေ့တော့ cancel လုပ်ထားတဲ့ ဘွတ်ကင်းတွေ ဝင်သွားတယ်ဆိုတော့ အဲဒီအပိုင်းရေးတဲ့ စန်းထွန်းတယောက် ခေါင်းနပန်း ကြီးသွားတာပေါ့။ လျှော်ဆို ဒွတ်ခပဲ။ လတ်မှတ်ကလည်း ဈေးကြီးတယ်လေ။ တစောင်ကို ၇၀ကျော်ကြီးများတောင်။ Leader ကြီးက လာမေးပါတယ်။ cancel လုပ်ထားတဲ့ ဘွတ်ကင်းတွေ စစ်ထားလားတဲ့။ နိုးလို့ သူပြောတဲ့အတိုင်း New နဲ့New Complete ပဲ စစ်ထားတာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒါရိုက်တာတွေ၊  အိုင်တီဒါရိုက်တာတွေကို ထုချေရပါတယ်။ customer တွေ အွန်လိုင်းကနေ လတ်မှတ်ဝယ်ပြီးတဲ့အခါ ပိုက်ဆံအခြေအနေ၊ဘွတ်ကင်းအခြေအနေတွေကို ကြည့်ပြီး RA(Reservation Officer)က customer တွေဆီကို လက်မှတ်လင့်ခ်ကို အီးမေးနဲ့ ပို့ပေးရပါတယ်။ customerတွေက ရလာတဲ့ လင့်ခ်ထဲက လတ်မှတ်ကို ပရင့်ထုတ်ပြီး USS ဆီ သွားရုံပဲ။
ခေါင်းဆောင်က “RA မပို့ဘဲ customer က ဘယ်နည်းနဲ့မှ လတ်မှတ်မရနိုင်ဘူး။ သူ့system က လုံးဝမမှားဘူး”လို့ ခေါင်းလေးတခါခါနဲ့ ငြင်းပါတယ် (ခေါင်းလေးတခါခါ လုပ်မှာပေါ့ သူက အိန္ဒိယနိုင်ငံသားကိုး …အိန္ဒိယနိုင်ငံသားတွေက စကားပြောရင် ခေါင်းလေး တခါခါ လည်လေးတလှုပ်လှုပ် ပြောလေ့ရှိပါတယ်။ တခါက ဇာခြည်ကျော်  ဆာဘီတာ(Sabita) ကို မုန့်ကျွှေးတော့ ဆာဘီတာက ခေါင်းလေးခါပါတယ်။ ငြင်းတယ် ထင်ပြီး မုန့်အသိမ်း ဆာဘီတာက လက်ကမ်းလာတော့ ဇာခြည်ကျော့်ခမျာ အလျင်အမြန် ပြန်ကွျှေးရတာပေါ့။ သူတို့ ဓလေ့က ခေါင်းခါတာက yes တဲ့။ ဆာဘီတာကို တို့တွေ ပေးထားတဲ့ နာမည်ပြောင်က "စားပြီးသား " တဲ့  …း) )။
အဲ ပြောနေရင်း ဘယ်နားရောက်သွားပါလိမ့် စန်းထွန်းကလည်း “ဝုတ်ပါတယ်…ဝုတ်ပါတယ်..”လို့ ခေါင်းညိတ်ပြီး အပီထောက်ခံပါတယ်။ အမှန်က RAကလည်း ဘွတ်ကင်းကို မစစ်ဘဲ လတ်မှတ်လင့်ခ်ကို customer ဆီ ပို့ပေးတာ မှားသလို စန်းထွန်းကလည်း ဘွတ်ကင်အခြေအနေကို New ၊New Complete သာမက Cancel၊ Cancel Complete၊ Payment Status တို့ကို စစ်ဖို့လိုတာပါ။ ဒါ့ကြောင့်လည်း ဆော့ဝဲတွေကို customer လက်ထဲ မအပ်ခင် tester တွေက ဖြစ်နိုင်ချေရှိတဲ့ အမှားတွေနဲ့ စမ်းသပ်ရတာမို့လို့ tester တို့ရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးပါ ပါတယ်။
ကိုယ့်အမှားကို   ခုံခံကာကွယ်ခြင်းကလည်း လူသားပီသခြင်း တမျိုးပေမလား …းD။ ပြီးတော့မှ ဆရာတပည့်နှစ်ယောက်သား တိတ်တိတ်လေး ဘွတ်ကင်းအခြေအနေအားလုံး စစ်တာကို ထပ်ထည့်လိုက်တယ်။ အမြဲမတည့်တဲ့ တို့နှစ်ယောက် ဒီတခါတော့ တည့်နေပုံများ ပြောပါတယ်။
 (ညာဖက် ၂ယောက်မြောက် အင်္ကျီအဖြူရောင် ဝတ်ထားတဲ့ အနက်နုရောင် အသားအရေပိုင်ရှင် နှုတ်ခမ်းမွှေးကားကားကြီးက အချစ်ဆုံး leaderကြီး..)
စန်းထွန်း
စက်တင်ဘာ ၃၊ ၂၀၁၁။
8 comments:
  1. ကိုကိုမောင်(ပန်းရနံ့)September 3, 2011 at 9:48 PM
    ခင်မင်လျှက်
    ReplyDelete
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. ဘုရားဘုရား... :D.. စန်းထွန်းတို့ လုပ်ချလိုက်ပုံ...များ... :P..
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  4. စန်းထွန်းတို့ တယ်လည်း လူပီသပါလား....:)
    ReplyDelete
  5. မိန်းကလေးအားလုံးထဲကဘယ်တစ်ယောက်
    အချောဆုံးလဲ??????
    အဲတာ စန်းထွန်းပဲ....
    ReplyDelete
  6. ဟန်ကြည်September 4, 2011 at 8:30 AM
    ReplyDelete
  7. ပုံတွေထဲမှာ စန်းထွန်းကိုရှာရင်း လည်နေတယ် ဘူလေးများဖြစ်မလဲလို့ပေါ့ ....:):)
    ReplyDelete
  8. ကိုကိုမောင်(ပန်းရနံ့) said...
    ဒီပုံအတိုင်းဆို နောက်လဲ တည့်ဦးမှာပါ။ း))
    ခင်မင်လျှက်
    September 3, 2011 at 9:48 PM
    mstint said...
    လုပ်ငန်းအကြောင်းလေးတွေ ဗဟုသုတရတယ်။ အခက်အခဲနဲ့ကြုံမှ လုပ်ငန်းမှာ ရင့်ကျက်တာမို့ အရာအားလုံး အေးချမ်းစွာနဲ့ ဖြေရှင်းနိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    September 4, 2011 at 12:21 AM
    နေဝသန် said...
    ဘုရားဘုရား... :D.. စန်းထွန်းတို့ လုပ်ချလိုက်ပုံ...များ... :P..
    ခင်မင်လျက်
    နေဝသန်
    September 4, 2011 at 12:28 AM
    ညိမ်းနိုင် said...
    စန်းထွန်းတို့ တယ်လည်း လူပီသပါလား....:)
    စင်ကာပူမှာတော့ တွေ့လိုက်ရင်လူပီသတဲ့လူတွေချည်းပဲ
    ဗျနော်...၊ဆိုတော့ ကိုယ်တွေလည်း လူပီသမှဖြစ်မှာ....။
    ဒါကြောင့် ကျွန်တော်လည်း သိပ်လူပီသတာကလား....:)))
    September 4, 2011 at 12:42 AM
    စံပယ်ချို said...
    မိန်းကလေးအားလုံးထဲကဘယ်တစ်ယောက်
    အချောဆုံးလဲ??????
    အဲတာ စန်းထွန်းပဲ....
    September 4, 2011 at 2:08 AM
    ဟန်ကြည် said...
    အလိုလေး...အဖြူတစ်စက် အနက်တစ်ရာပါလား ကွယ်တို့ရယ်...ဘယ်တစ်ယောက်က စန်းထွန်းပါလိမ့်...သွားလေးတွေပေါ်အောင် ပြုံးပြနေတဲ့ တစ်ယောက်လားမသိးးး)))
    September 4, 2011 at 8:30 AM
    Angelhlaing(May everybody be happy and healthy! said...
    ပုံတွေထဲမှာ စန်းထွန်းကိုရှာရင်း လည်နေတယ် ဘူလေးများဖြစ်မလဲလို့ပေါ့ ....:):)
    September 5, 2011 at 2:32 PM
    ReplyDelete