အီဂျစ်သွားတောလား - ၃

၂၀၂၅ ဇန်နဝါရီ ၃ Black & White သဲကန္တာရ တညအိပ်ခရီး။ private tour မဟုတ်လို့ အိမ်ရှေ့ထိလာမခေါ်ဘူး။ Giza ရပ်ကွက် KFC ဆိုင်မှာ မနက် ၇ နာရီခွဲ သွားစောင့်ရမယ်။ Uber ကို မနက် ၆ နာရီခွဲမှာထားတာ ၁၅ မိနစ်နောက်ကျတယ်။ ကိုင်ရိုမြို့မှာ Uber ရပေမဲ့ credit card နဲ့ပေးလို့မရဘူး။ ငွေသားနဲ့ပေးရတယ်။ စုရပ်ကို မနက် ၇ နာရီခွဲရောက်ပေမဲ့ တိုးကားမရောက်သေးဘူး။ ကိုရီးယားတွေတစီး၊ စပိန်စကားပြောတဲ့ ၃ ယောက်ကတစီး၊ အိန္ဒိယစုံတွဲကတစီး အသီးသီးထွက်သွားကြပေမဲ့ ကိုယ်တို့တိုးကားတော့ ရောက်မလာဘူး။ ဖုန်းဆက်မေးကြည့်တော့ သောကြာနေ့ ဗလီမှာ ဘုရားဝတ်ပြုကြတဲ့နေ့၊ coptic ပွဲတော်ရှိလို့ လမ်းပိတ်နေလို့ပါတဲ့။ ၉ နာရီခွဲလောက်မှ ရောက်လာတယ် ၂ နာရီနီးပါးလောက် စောင့်လိုက်ရတယ်။ လမ်းတွေပိတ်နေတာ အကြာကြီးပဲ။ ဂတ်စ်ဆိုင်မှာ ရှူးပေါက်ဖို့ တန်းစီရတာအကြာကြီး။ မအောင့်နိုင်တဲ့မိန်းကလေးတွေ လူနည်းတဲ့ ယောကျာ်းလေးအိမ်သာမှာ သွားပေါက်ကြတယ်။ တို့ကားထဲက ဂျပန်အန်တီကြီး ယောကျာ်းလေးအိမ်သာ သွားပေါက်တယ်။ အိမ်သာစောင့်ရင်း စကားပြောကြတော့ တို့ရှေ့ကထွက်သွားတဲ့ကားက မြူတွေကျနေလို့ တနာရီလောက် ရပ်စောင့်ရတယ်တဲ့။ အဲ့ဒါကြောင့် ကိုယ်တို့ရှေ့ကထွက်သွားတဲ့ကားပေါ်က လူတွေနဲ့ အိမ်သာပြန်ဆုံတယ်။ အိမ်သာမှာ ချက်မရှိဘူး တယောက်ကို တံခါးပေါက်ကို ဆွဲထားပေးရတယ်။ တွေးထားတဲ့အတိုင်း စက္ကူမရှိဘူး အိတ်ထဲ စက္ကူ၊ လက်သန့်ဆေး၊ wipe tissue ဆောင်ရတယ်။ အီဂျစ်လူမျိုးတွေ အင်မတန်ဆေးလိပ်သောက်တယ်။ ကားနှစ်နာရီလောက်မောင်းပြီးရင် ဆေးလိပ်သောက်ဖို့ ဆယ်မိနစ်လောက်ရပ်တယ်။

နေ့လည်ဖက် Bedouin ရွာလေးမှာ နေ့လည်စာစားတယ် မစားနိုင်ဘူး။ Bedouin tea က mint ပါလို့ သောက်ရတာ ခံတွင်းရှင်းတယ်။ အီတလီလင်မယား၊ ၁၀ နှစ်အရွယ် သမီးလေး Elsa ၊ honeymoon တလထွက်လာတဲ့ ဟောင်ကောင်က လူငယ်လင်မယား၊ ဂျပန်အကိုကြီးနဲ့ ၁၀ နှစ်အရွယ်သားလေး၊ ဂျပန်အန်တီကြီး၊ ဂျာမန်အမကြီး၊ ကိုယ်တို့နှစ်ယောက်။ တိုရိုတာ 4 wheels ကား ၂စီးနဲ့ လူခွဲတမ်းချလိုက်တော့ ကိုယ်တို့က အီတလီမိသားစုနဲ့ကျတယ်။ ဝိုင်းက ဒရိုင်ဘာဘေးမှာထိုင်၊ အီတလီမိသားစုက အလယ်တန်း၊ ကိုယ်ကနောက်ဆုံးတန်းမှာ လက်ကေ့အိတ်တွေနဲ့ ထိုင်ခုံကနိမ့်လို့ ဒူးကွေးလို့မရဘူး။ လမ်းကကြမ်းတယ် ဝိုင်းဆိုရှေ့ဆုံးမှာထိုင်ပြီး ကားမူးနေတယ်။ Crystal တောင်မှာ ကျောက်တုံးလေးတွေ ကြည်လင်နေတာ ထူးဆန်းတယ်။ လက်ဆောင်ပေးဖို့ဆိုပြီး ကျောက်တုံးအကြည်လေးတွေ ကောက်လာတယ်။ White desert မှာ ကျောက်တုံးဖြူလေးတွေ ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်နေတာ အင်မတန်ထူးဆန်းတယ်။ Mother nature is amazing and beautiful။ Sand Dune သဲတောင်ပေါ်ကနေ စကိတ်ဘုတ်လေး လျောစီးကြတယ်။ လျောဆင်းသွားရင် လက်ခုပ်တီးလိုက်၊ ဘိုင်းခနဲပစ်လဲကျရင် ဝိုင်းရယ်ကြ။ သဲတောင်ပေါ်ကို မနည်းတက်ရတယ်။ ဝိုင်းက မစီးဘူး ထိခိုက်ဒဏ်ရာရမှာစိုးလို့။ ကလေး ၂ ယောက်ကတော့ အင်မတန်ပျော်ကြတာ။ ညအိပ်မဲ့နေရာကို ညနေ ၆ နာရီလောက်ရောက်ပြီး ရွက်ဖျင်တဲလေးတွေထိုးတယ်။ ချမ်းလို့မီးပုံဘေးဝိုင်းထိုင်ကြပြီး စကားတွေပြောကြတယ်။ ကြက်ဘာဘီကျူကင်တယ်။ ဗိုက်စာနေလို့ ညစာစားကောင်းတယ်။ အိမ်သာရှိလားမေးတော့ ရှိတယ်ဟိုးအပင်နောက်မှာ တံခါးပိတ်ဦးမယ်လို့နောက်တယ်။ အိမ်သာမရှိဘူး ချုံပုတ်နောက်မှပဲ ကိစ္စရှင်းရမှာ။ မအိပ်ခင် ချုံပုတ်နောက်သွား။

ဝိုင်းတို့ Siwa အိုအေစစ်သွားတော့ resort မှာတည်းခဲ့တာ အိမ်သာရှိတယ်။ Alexander The Great က ကိုင်ရိုမြို့ကို မသိမ်းခင် Siwa မှာရှိတဲ့ ဘုရားရှိခိုးကျောင်းဆီလာပြီး blessing ခံယူတယ်။ ကြမ်းတမ်းတဲ့ သဲကန္တာရကို ဖြတ်ကျော်ပြီး Siwa ဆီအရောက် ခရီးကြမ်းကြီး။ အဲ့ဒီ documentary film ကြည့်ပြီး Siwa သွားချင်နေတာ ဝိုင်းက ၅ ရက်လောက်ကြာတယ်။ တယောက်တည်းဆို ၆၀၀ - ၈၀၀ လောက်ကျမယ် မသွားနဲ့လို့ အကြံပေးတာနဲ့ မသွားဖြစ်ဘူး။ Siwa သွားတဲ့လမ်းလည်း တအားဆိုးတယ် ကားကခုန်လွန်းလို့ fibit tracker ကခြေလှမ်းပေါင်းသုံးသောင်း လျှောက်တယ်လို့ပြတယ်။ နီပေါနိုင်ငံ ပိုခရာမြို့သွားတုန်းက ကိုယ့် fibit က ခြေလှမ်းပေါင်းခြောက်သောင်း လျှောက်တယ်လို့ပြတယ်။ သဲကန္တာရမှာ ညဖက်အတော်အေးတယ်။ sleeping bag နဲ့ စောင်တထပ်နဲ့မို့ သိပ်မအေးဘူး။

Happy Traveling!

စန်းထွန်း

သြဂုတ် ၉၊ ၂၀၂၅။

https://www.viator.com/tours/Cairo/Egypt-Safari-White-Desert-and-Bahariya-Oasis-Tour-2-Days-1-Night/d782-107550P13

Giza Pyramid
Bedouin ရိုးရာ နေ့လည်စာ
Bedouin ရိုးရာတဲအိမ်
White Desert

အီဂျစ်သွားတောလား - ၂

၂၀၂၅ ဇန်နဝါရီ ၂ Giza Pyramid တိုးဘွတ်ထားတယ်။ ဇန်နဝါရီ ၁ ညနေစောင်းအထိ ဘာမှအကြောင်းမပြန်လို့ တိုးကုမ္ပဏီကို ဖုန်းဆက်တော့ ညကျရင် ဒရိုင်ဘာနဲ့တိုးဂိုက်ဖုန်းနံပါတယ် ပေးမယ်တဲ့။ ည ၈ နာရီခွဲအထိ ဘာမတ်ဆေ့မှမရလို့ viator customer service ကိုလှမ်းပြော။ cancel လုပ်နေတုန်း မတ်ဆေ့ရတယ်။ မနက် ၃ နာရီ ဒရိုင်ဘာဆီက မတ်ဆေ့ပို့တယ် အိမ်လိပ်စာပေးပါတဲ့။ မနက် ၇ နာရီခွဲ ကားမလာသေးလို့ တိုးကုမ္ပဏီကိုဖုန်းဆက်တော့ ဒရိုင်ဘာရောက်နေပြီတဲ့။ ရှာတော့လည်းမတွေ့ နောက်နာရီဝက်လောက်မှ ရောက်လာတယ်။ အိမ်ရှေ့မဟုတ်ဘူး တခြားလမ်းဖက်မှာ ဝိုင်းထွက်ရှာတော့မှ ကားကိုတွေ့တယ်။ အီဂျစ်တွေ ဟိုင်းဝေးလမ်းမကြီးလည်း ဖြတ်ကူးတယ်။ အရှိန်ပြင်းပြင်းနဲ့ white lane လဲကျော်ဖြတ် မောင်းချင်သလိုမောင်းတယ်။ ဖုန်းပြောရင်း ကားမောင်းတယ် မတ်ဆေ့ရိုက်တယ်။ ဘုရားတပြီး စီးရတယ်။ ဒရိုင်ဘာက ကားလမ်းမှားပြီး ၂ ခါလောက်မှားနေလို့ တိုးဂိုက်ဆီကို နာရီဝက်လောက် နောက်ကျပြီးမှရောက်တယ်။ မနက် ၉ နာရီ Giza ရောက်တော့ တိုးရစ်တွေအများကြီး ရောက်နေပြီ။ တိုးဂိုက်က လက်မှတ်ဝယ်ပေးတယ်။ တဒေါ်လာနဲ့ လာရောင်းတဲ့စျေးသည်တွေဆီက ဘာမှမဝယ်တဲ့ တရာလောက်ဖြစ်သွားမယ်တဲ့။ အီဂျစ်သွားဖို့ youTube မှာကြည့်တော့ scammer အကြောင်းသိတယ်။ ခရစ်တော်မပေါ်မှီ လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင်မှာ တည်ဆောက်ခဲ့တဲ့ ပိရမစ်။ တီဗွီထဲမှာမြင်ရတဲ့ ပိရမစ်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရတော့မှ ပိုကြီးကျယ်ခမ်းနားတယ်။ ကျောက်တုံးအကြီးကြီးနဲ့ စနစ်တကျတည်ဆောက်ထားတဲ့ လူသားတို့ရဲ့ ညဏ်စွမ်းကို အံ့သြမိတယ်။ ပိရမစ်က အပြင်မှာပိုကြီးတယ်။ ဘုရင့်အုတ်ဂူထဲဝင်ဖို့ တနာရီလောက်ကြာမှာ ဖြစ်တဲ့အပြင် ပိုက်ဆံလဲပေးရမှာမို့ တိုးရစ်က မဝင်နဲ့တဲ့။

အီဂျစ်တွေက နောက်ဘဝကို ယုံကြည်တယ်။ သေပြီး နောက်ဘဝမှာ ရှင်သန်ထမြောက်ဖို့ အလောင်းကို အသေအချာထုတ်ပိုးတယ် မံမီလုပ်တယ်ပေါ့။ အတွင်းကအူကလီစာတွေနှုတ်ပြီး နှလုံးတခုထဲပြန်ထည့်တယ်။ ပိရမစ်မှာ စတိုခန်း၊ ယစ်ပူဇော်ခန်းတွေပါတယ်။ ပန်းချီပန်းပုလက်ရာတွေ အင်မတန်ဆန်းကြယ်တယ်။ ပိုချမ်းသာတဲ့သူက ပိရမစ်ပိုကြီးကြီး လက်ရာအမြောက်ဆုံး ပန်းချီပန်းပုတွေနဲ့ အလှဆင်တယ်။ တိုးထဲမှာ သစ်ကုလားအုတ်စီးတာပါပေမဲ့ တိရစ္ဆာန်တွေကို နှိက်စက်နေတာမြင်ရတော့ မစီးတော့ဘူး။ ဝိုင်းတို့ရုံးကတယောက် သစ်ကုလားအုတ်စီးတာ ဒေါ်လာ ၁၀၀ - ၂၀၀ ပေးလိုက်ရတယ်။ တိုးထဲမှာ>all-terrain vehicle (ATV) စီးရတာပါပေမဲ့ မစီးတော့ဘူး။ခြ​ေင်္သတပိုင်း၊ လူတပိုင်း Sphinx ကိုနတ်ထင်နေတာ မဟုတ်ဘူး။ Sphinxကို အနမ်းပေးတဲ့ပုံရိုက်ကြတယ်။ ဓာတ်ပုံရိုက်ပေးခ ပိုက်ဆံတောင်းတယ်။ အိမ်သာထဲမှာ သန့်ရှင်းရေးအမျိုးသမီးက တစ်ရှူးလက်ပေးရင်း ပိုက်ဆံတောင်းတယ်။ ဝန်ဆောင်မှုလို့တောင် မသတ်မှတ်တဲ့အရာကို ဝန်ဆောင်မှုတောင်းတယ်။ တယောက်တည်းဆိုတော့ စျေးရောင်းတဲ့သူတွေက ဝိုင်းလာရင် တိုးဂိုက်က တားတယ်။ နေ့လည်စာ မစားနိုင်ဘူး။ နှမ်းပျစ်ချည်နဲ့တူတဲ့ဟာ၊ ခရမ်းသီးကို ခရမ်းချည်သီးနဲ့ ချက်တာတာ၊ ပေါင်မုန့်တော့ မဆိုးဘူး။ ရေနွေးတခွက်မှာသောက်တာ အီဂျစ်ပေါင် ၁၀၀ (၂ ဒေါ်လာ) တောင်းတယ်။ papyrus အပင်ကို အပြားလေးတွေခြစ် ရေစိမ်၊ ပြီးရင် စက်နဲ့ကြိတ် အရေညှစ်။ အဲ့ဒီအပြားလေးတွေနဲ့ ပန်းကားချပ်လုပ် ပန်းချီဆွဲထားတာ အင်မတန်လှတယ်။ တချို့ပန်းချီကားတွေကို မီးပိတ်လိုက်ရင် တမျိုးမြင်ရတယ်။ ဆိုင်က hibiscus ဖျော်ရည်တိုက်တယ် ချဥ်ပြုံးပြုံးလေး သောက်လို့ကောင်းတယ်။ ဒေသခံတွေ သဘောကောင်းကြတယ်။ အမွှေးနံ့သာ၊ ရတနာလုပ်တဲ့ဆိုင်တွေ လိုက်ပြတယ်။ ကော်ဇောလုပ်တာ အင်မတန်လက်ရာမြောက်တယ်။ ချည်မှားမှာစိုးလို့ တနေ့ ၃ နာရီပဲလုပ်ရတယ်။ အီဂျစ်လူငယ်လေးတွေ အသားဖြူဖြူ မျက်ခုံးမျက်လုံးလှလှလေးတွေနဲ့ အင်မတန်ချောကြတယ်။ တိုးဂိုက်က အရင်ဆင်းသွားလို့ နှစ်ယောက်စာတစ်ဖ်ပေးလိုက်တယ်။ အိမ်နားဆင်းခါနီးကြတော့ သူ့ကိုတစ်ဖ်မပေးဘူးလားတဲ့။ နှစ်ယောက်စာအတွက် ပေးထားတယ်လို့ ပြောတာလဲ အင်္ဂလိပ်လိုနားမလည်။ google translate နဲ့ ရိုက်ပြီးပြော၊ တိုးကုမ္ပဏီကိုလှမ်းပြော။ နောက်တခါကျရင် တယောက်ချင်းစီ သပ်သပ်စီပေးရတယ်။ အီဂျစ်စံတော်ချိန် အချိန်မတိကျ၊ တစ်ဖ်တောင်းတာ အမေရိကန်တွေထက်ဆိုးတယ်။

Happy Traveling!

စန်းထွန်း

သြဂုတ် ၈၊ ၂၀၂၅။

https://www.viator.com/tours/Cairo/special-tour-to-visit-Sphinx-Giza-Pyramids-and-Saqqara-Pyramids/d782-128688P16

papyrus အပင်နဲ့ ပန်းချီကားဖန်တီးတယ်
နေ့လည်စာ
ကော်ဇောတွေ အင်မတန်လက်ရာမြောက်တယ်

Coptic Cairo

၂၀၂၅ ဇန်နဝါရီ ၂ Cotpic Cairo ဖက်သွားလည်ရင်း Sony ZV-1 II Vlog camera နဲ့ရိုက်ထားတားတွေပါ။ ဓာတ်ပုံအများစုကတော့ အိုင်ဖုန်းနဲ့ရိုက်တာပါ။

Happy Traveling!

စန်းထွန်း

ဇှုလှိုင် ၃၀၊ ၂၀၂၅။

ဘာဘီလုံခံတပ်
The Hanging Church
Greek Orthodox Church