05 November 2025

အီဂျစ်သွားတောလား - ၁၇

၂၀၂၅ ဇန်နဝါရီ ၁၃ တနင်္ဂလာနေ့ The Grand Egyptian Museum ပြီးတော့ Uber နဲ့ Citadel of Saladin သွားတယ်။ အနားလာပြီး စျေးရောင်းတဲ့သူတွေ၊ လိုက်ပြပေးမဲ့သူကို ရှောင်ရှား။ ဝင်ကြေးက ခရက်ဒစ်ကဒ်နဲ့ ပေးရတယ်။ ဘာသာရေးအဆောက်အဦးမို့လို့  ဖိနပ်ချွှတ်ရတယ်။ ဖိနပ်အပ်လို့ရတယ်လို့ အမူအယာပြနေလို့ ခေါင်းခါပြီး ငြင်းလိုက်တယ်။ ဗလီအတွင်းက လက်ရာတွေက အံ့မခန်း။ ကိုင်ရိုမြို့ကို အပေါ်စီးကနေ မြင်ရတယ်။ အီဂျစ်တွေကို ဓာတ်ပုံရိုက်ခိုင်းရင် ပိုက်ဆံတောင်းမှာစိုးလို့ ဘိုတယောက်၊ ဘိုမတယောက်ကို ဓာတ်ပုံရိုက်ခိုင်းတယ်။ ဘိုမက စကော့တလန်က ကလေး ၃ ယောက်အမေပေမဲ့ မော်ဒယ်လေးလိုလှတယ်။ ဘာမှမစားချင် အိမ်ပြန်ပြီး ဝိုင်းလက်ရာပဲစားတယ်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၅၊ ၂၀၂၅။

No comments:

Post a Comment