10 August 2024

ကနေဒါသွား တောလား - ၅

၂၀၂၄ ဇှုလှိုင် ၁၄ တနင်္ဂနွေနေ့ Montreal မြို့က Olympic Center ဝင်လည်တယ်။ တောအုပ်ကြီးထဲရောက်သွားသလိုခံစားရတယ်။ ပင်ဂွင်းတွေနေတဲ့နေရာမှာ အေးစိမ့်နေလို့ မြန်မြန်လျှောက်ရတယ်။ ပြီးတော့ Montreal Botanic Garden ကိုသွားလည်တယ်။ ပန်းခြံကြီးက အကျယ်ကြီးပဲ Chinese garden နဲ့ Japanese garden လည်ခဲ့တယ်။ ဇွန်လနှင်းဆီပန်းတွေ ပွင့်တဲ့အချိန်ဆို အတော်လှမှာ။ ခုတောင်ပွင့်နေသေးတဲ့ နှင်းဆီအနည်းအကျဥ်းလေးတောင် အတော်လှတယ်။ မြောက်ပိုင်းပိုကျပြီး အေးလို့လားမသိဘူး ဒီဖက်ကပန်းကလေးတွေက အရောင်ပိုစုံပြီး ပိုလှသလိုပဲ အလာစကာမှာလိုပဲ။

Happy Traveling!

သြဂုတ် ၁၀၊ ၂၀၂၄။

No comments:

Post a Comment