19 June 2024

မုန့်ဖုတ်ခြင်း အနုပညာ..

ငှက်ပျောသီးတွေ ပိုနေလို့ အမေက ငှက်ပျောသီးကိတ်လုပ်တယ်။ အဖေက မုန့်ဖုတ်စက်ရှင်း၊ ကိုယ်က ကြီးကြပ်။ ဒုတိယအကြိမ် မုန့်ဖုတ်တာဆိုပေမဲ့ နည်းနည်းလေး ညှော်နံ့ထွက်တာနဲ့ သမီးရေ မီးများနေပြီလား မီးလျှော့ပါဦးနဲ့ တောသားမြို့တက် ဖြစ်နေကြတာ။ နာရီဝက် မကျက်သေးလို့ နောက်ထပ်နာရီဝက် ထပ်ဖုတ်။ မုန့်နံ့လေးမွှေးနေတာပဲ စားကြပါဦး။

Happy Juneteenth!

စန်းထွန်း

ဇွန် ၁၉၊ ၂၀၂၄။

1 comment:

  1. စားချင်စရာလေးပါ အချိန်များသွားလို့ မုန့်မျက်နှာပြင် အက်ကွဲသွားတာ...

    ချစ်တဲ့
    မိုးငွေ့

    ReplyDelete