04 November 2023

နွေဦးတော်လှန်ရေး - ၃၃

၂၀၂၃ ဇွန် ၂၄ ကွင်း စိန့်ဂျိမ်းဘုရားရှိခိုးကျောင်းမှာ ဆရာကြီးဇော်ဝေစိုး၊ ဝန်ကြီးဦးထင်လင်းအောင်၊ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့နဲ့ မြန်မာမိသားစုတွေ့ဆုံပွဲ ကျင်းပတယ်။ အဖေနဲ့အမေ သွားတယ်။ ကိုယ်ကတော့ အသိအန်ကယ်ကြီးရဲ့ အသုဘသွားတယ်။ heart attack ရပြီး ရုတ်တရတ်ဆုံးသွားတော့ သေခြင်းတရားဆိုဟာ ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီဆိုတာ ကိုယ်တွေ့ကြုံရတယ်။ နွေရာသီရောက်တိုင်း ရေကူးသင်ချင်နေတာ ခုမှပဲ လုပ်ချင်တာတွေ လုပ်မှပါပဲဆိုပြီး ရေကူးသွားသင်ဖြစ်တော့တယ်။

အရေးတော်ပုံအောင်ရမည်!

စန်းထွန်း

နိုဝင်ဘာ ၄၊ ၂၀၂၃။

No comments:

Post a Comment