23 September 2023

၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၄

၂၀၂၃ ဧပြီ ၁၆ ပန်ဆယ်ဗေးနီးယားပြည်နယ် Bethlehem မြို့က ပါချုပ်ကျောင်း သက်ကြီးပူဇော်ပွဲဆီ သွားလည်တယ်။ အိမ်ကနေ New York Penn Station ကို မြေအောက်ရထား တနာရီ၊ NJ Transit ရထားနဲ့ နယူးဂျာစီပြည်နယ် Edison ဘူတာကို တနာရီ၊ အက်ဒီဆင်ကနေ ပါချုပ်ကျောင်းကို တနာရီ သုံးနာရီစီးပြီးမှ ရောက်တယ်။ အဖေတို့က ကန်တော့ခံတွေဆိုတော့ လက်ဆောင်တွေ အများကြီးရတယ်။ ဟင်းတွေလည်း စားကောင်းတယ်။ မိတ်ဆွေတွေနဲ့ တွေ့ရလို့ ပျော်ပါတယ်။ နောက်နှစ်ရက်အကြာ လည်ပင်နာလို့ စစ်ကြည့်လိုက်တော့ ကိုဗစ်။ အဲဒီကျောင်းလာတဲ့သူ တော်တော်များများ ကိုဗစ်ဖြစ်ကြတယ်။ အဖေတို့က ရောက်ကတည်းက ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားတော့ လည်ပင်းနာ၊ လူကနည်းနည်း ပင်ပန်းတာလောက်ပဲဖြစ်တယ်။ တပတ်လောက် အပြင်မထွက်ဘူး။ ကိုဗစ် negative ပြတဲ့ အဖေက စျေးသွားဝယ်။ နောက်နှစ်ရက်အကြာ ကိုယ်တို့လည်း negative ဖြစ်။

Happy Traveling !

စန်းထွန်း

စက်တင်ဘာ ၂၂။ ၂၀၂၃။



No comments:

Post a Comment