၂၀၂၁ အောက်တိုဘာ ၃၁ တနင်္ဂနွေနေ့ နယူးယောက် အက်ပ်စတိတ် Terrytown မြို့ကနေ Ossini မြို့အထိ Old Croton Aqueduct trail အတိုင်း ၈ မိုင် လမ်းလျှောက်ဖြစ်တယ်။ တယ်ရီတောင်းဘူတာရုံကနေ ထရေးလမ်းဆီ တော်တော်လေး ဟိုက်နေအောင် တက်ရတယ်။ ထရေးလမ်းဆီ မရောက်သေးဘူး လူကတော်တော် မောနေပြီ။ ထရေးလမ်းရောက်တော့လည်း လမ်းအမှတ်အသားမတွေ့လို့ ဂူဂယ်မတ်၊ ဒေါင်းလာတဲ့ pdf မြေပုံ ၂ခုပေါင်းပြီး ရှာယူရတယ်။ လမ်းက တော်တော်လေးကြမ်းတယ် ဗွက်တွေနဲ့။ တနေရာနဲ့တနေရာ ဆက်တဲ့နေရာ အမှတ်အသားတွေ ရှာမတွေ့၊ တနေရာရောက်တော့ ထရေးလမ်းမတွေ့လို့ ပြထားတဲ့မြေပုံကို ဓာတ်ပုံရိုက် ဟိုဖက်ဖြစ်မယ် ဒီဖက်ဖြစ်မယ် ဝေခွဲမရဖြစ်နေတုန်း စက်ဘီးသမားက လမ်းညွှန်သွားတယ်။ ကားလမ်းမပေါ်တက်ပြီး ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရတယ်။ Ossini မြို့ ဘောလုံးကွင်းနား ဂူဂယ်မတ်မှာ ထရေးလမ်းမတွေ့လို့ ဒေါင်းလာတဲ့ pdf file ကို အကျယ်ချဲ့ပြီး ဓာတ်ပုံရိုက် ဝိုင်းဆီပို့။ ဝိုင်းဖုန်းက ဓာတ်ပုံနဲ့ ကိုယ့်ဖုန်းက ဂူဂယ်မတ်တိုက်ကြည့်ပြီး လမ်းရှာရတယ်။ Ossini မြို့က အမဲနဲ့ မက်ဆီကန်များတယ် တခြားအက်ပ်စတိတ်မြို့တွေလို မချမ်းသာဘူး ဘုရားရှိခိုးကျောင်းများတယ်။ ထရေးလမ်းက မဆိုးပေမဲ့ လမ်းမကောင်း ရှာဖွေရခက်လို့ နောက်ပြန်မလာဘူးလို့ ဆုံးဖြတ်ထားတယ်။
Happy Hiking!
ဒီဇင်ဘာ ၇၊ ၂၀၂၁။
No comments:
Post a Comment