၂၀၂၁ နိုဝင်ဘာ ၁၄ တနင်္ဂနွေနေ့ နယူးယောက်ပြည်နယ် Upstate ဖက်က Bronx River Pathway ထရေးလမ်းမှာ ၇ မိုင် လမ်းလျှောက်ဖြစ်တယ်။ မက်ဟန်တန်ကနေ မြောက်ဖက် ဘာဖဲလိုး Buffalo၊ ကနေဒါနယ်စပ်နားအထိ မိုင် ၇၀၀ ကျော်ရှည်တဲ့ Empire State Trail ကို ရထားနဲ့သွားလို့ရမဲ့နေရာတွေကို ရှာဖွေရင်းတွေ့တာ။ Grand Central ကနေ Metro North ရထားစီး Bronxville ဘူတာမှာဆင်း ထရေးလမ်းက ဘူတာနဲ့နီးနီးလေး။ ရထားရဲ့ဟိုဖက်ခြမ်းကို ဘယ်လိုကူးရမလဲ ဂူဂယ်မတ်ကြည့်ရှာဖွေ ဘေးပတ်ပတ်လည်ကို ပြူးပြဲကြည့် ဝိုင်းက မြေအောက်လမ်းကို ရှာဖွေတွေ့ရှိသွားတယ်။ ဘရောင်းမြစ်ကသေးသေးလေး မြစ်ဘေးတလျှောက် ထရေးလမ်းလေးက သာယာလိုက်တာ လမ်းလျှောက်တဲ့သူ၊ အပြေးလေ့ကျင့်တဲ့သူတွေနဲ့။ ဟိုင်းဝေးလမ်းမကြီးရှိလို့ ဆူညံပေမဲ့ တော်တော်သာယာအေးချမ်းတယ်။ မုန့်စားလိုက်၊ စကားပြောလိုက်၊ နားလိုက်နဲ့ Scarsdale ရောက်တော့ ၂ နာရီ။ မြေပုံမှာ လမ်းမရှိပေမဲ့ ဝိုင်းက အန်တီတယောက်ကို မေးကြည့်လိုက်တော့ အသစ်ဖောက်ထားတာ Hartsdale အထိ တဆက်တည်း ၂ မိုင်တဲ့။ ရထားလက်မှတ်က Scarsdale အထိပဲ ဝယ်ထားတာ။ Scarsdale ကနေ Hartsdale အထိထရေးလမ်းက အလှဆုံးပဲ။ သစ်ရွက်တွေက လှလွန်းလို့ ဓာတ်ပုံတွေအများကြီး ရိုက်တယ်။ အိုင်ဖုန်း 7 Plus အစုတ်လေးနဲ့တောင် ဒီလောက်လှတာ အိုင်ဖုန်းအသစ်ဆိုရင် ဘယ်လောက်တောင် လှမလဲမသိဘူး။ ဒီလိုအချိန်ဆို ဖုန်းအသစ်လိုချင်တယ်။ Hartsdale ရောက်တော့ Scarsdale အထိ လက်မှတ်ထပ်ဝယ်။ လက်မှတ်နှစ်စောင်ပေးလို့ ရထားလက်မှတ်စစ်တဲ့သူက ကြောင်တောင်တောင် ဖြစ်သွားတယ်။ ငါတို့ Scarsdale အထိလျှောက်မယ်ဆိုပြီး လက်မှတ်ဝယ်လာတာ တဘူတာပိုလျှောက်မိလို့ ထပ်ဝယ်ရတာလို့ ရှင်းပြရတယ်။
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၈၊ ၂၀၂၁။
18 December 2021
Bronx River Pathway - 1 …
11 December 2021
Empire State Trail - 3
၂၀၂၁ နိုဝင်ဘာ ၆ စနေနေ့ ဂရမ်းစမ်ထရမ်ဘူတာကနေ မနက် ၈ ၄၅ ရထားနဲ့ နှစ်နာရီစီးပြီးတဲ့အခါ ဂိတ်ဆုံးက Poughkeepsie။ ရထားတစီးလုံး လူအပြည့်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ Cold Springs မှာ လူတော်တော် ဆင်းသွားတယ် Bear Mountain မှာလည်း လူအပြည့်နေမှပဲ။ Poughkeepsie ကို ၂၀၁၈ နွေရာသီတုန်းက ရောက်ဖူးတယ်။ အဲ့ဒီတုန်းကWalkaway Over Hudson တံတားကိုဖြတ် နယူးဂျာဆီဖက်ခြမ်းကနေ နောက်တံတားတခုကိုဖြတ်ပြီး တပတ်လမ်းလျှောက်ဖူးတယ်။ အချိန်ပိုနေသေးလို့ အနီးအနားက Estate ကို Uber နဲ့ သွားကြတယ်။ မော့ဆက်တီထွင်ခဲ့သူ နေတဲ့အိမ်တဲ့ ဓာတ်ပုံရိုက်ခွင့် မရှိဘူး။ အင်ပါယာစတိတ်ထရေးလမ်းက နယူးယောက်ပြည်နယ်နဲ့ နယူးဂျာဆီပြည်နယ်ကြားက Walkaway Over Hudson တံတား။ တံတားပေါ်မှာ လူတွေအများကြီး တံတားအစအဆုံးတောင် နှစ်မိုင်လောက် လျှောက်ရတယ်။ နယူးဂျာဆီဖက်ခြမ်းကို ရွေးလိုက်တယ်။ Hudson Valley Rail Trail တဲ့ စက်ဘီးစီးတဲ့လူများတယ်။ လမ်းကဖြောင့်ဖြူးနေပြီး လူနေအိမ်တွေကြားထဲ ဖြတ်သွားပေမဲ့ တောအုပ်ထဲရောက်သွားသလိုပဲ။ အရင်အပတ် Old Critib Aqueduct ထရေးမှာတုန်းက trail connection ရောက်တိုင်း လမ်းရှာရလို့ အတော်စိတ်ပင်ပန်းရတယ်။ ခုတော့ လမ်းကဖြောင့်တန်း လမ်းမှားစရာလည်းမရှိလို့ စိတ်မပင်ပန်း လမ်းကလည်း ဖြူးနေလို့ မပင်ပန်းဘူး။ သယ်လာတာတွေစား ညောင်းလာရင်နား စကားတွေပြော နေ့လည်တနာရီခွဲဆို ရောက်တဲ့နေရာကနေပြန်လှည့် ရထားဘူတာဖက်ဆီ ပြန်ကြတယ်။ စံချိန်သစ် ၁၁ မိုင် လမ်းလျှောက်ဖြစ်တယ်။ ဂျွှန်လတုန်းက ၃ မိုင် တနာရီလောက် လမ်းလျှောက်တာနဲ့ ခြေထောက်ကနာတယ်။ ခုတော့ ၈ မိုင်လောက်မှ ခြေထောက်ကနာလာပြီး ခဏနားပြန်လျှောက် ၁၁ မိုင် လျှောက်နိုင်ပြီ။ ကိုယ်တို့ ချီလီနိုင်ငံက Torres de Pine မှာ ဟိုက်ကင်းထွက်ဖို့ ရယ်ဒီဖြစ်ပြီကွ။ အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်ကို ဆားခါးထည့်ပြီး ရေနွေးလေးနဲ့စိမ်။ ဂျပန်ခြေထောက် detox လုပ်တဲ့ဆေးထုပ်ကို ခြေဖဝါးကပ်ပြီး ခြေအိတ်စွပ်ပြီး အိပ်ယာဝင်။ ဟိုက်ကင်းထွက်တဲ့နေ့ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။
https://empiretrail.ny.gov/poughkeepsie-albany/lloyd-new-paltz
Happy Hiking!
စန်းထွန်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၁။
07 December 2021
Old Croton Aqueduct Trail …
၂၀၂၁ အောက်တိုဘာ ၃၁ တနင်္ဂနွေနေ့ နယူးယောက် အက်ပ်စတိတ် Terrytown မြို့ကနေ Ossini မြို့အထိ Old Croton Aqueduct trail အတိုင်း ၈ မိုင် လမ်းလျှောက်ဖြစ်တယ်။ တယ်ရီတောင်းဘူတာရုံကနေ ထရေးလမ်းဆီ တော်တော်လေး ဟိုက်နေအောင် တက်ရတယ်။ ထရေးလမ်းဆီ မရောက်သေးဘူး လူကတော်တော် မောနေပြီ။ ထရေးလမ်းရောက်တော့လည်း လမ်းအမှတ်အသားမတွေ့လို့ ဂူဂယ်မတ်၊ ဒေါင်းလာတဲ့ pdf မြေပုံ ၂ခုပေါင်းပြီး ရှာယူရတယ်။ လမ်းက တော်တော်လေးကြမ်းတယ် ဗွက်တွေနဲ့။ တနေရာနဲ့တနေရာ ဆက်တဲ့နေရာ အမှတ်အသားတွေ ရှာမတွေ့၊ တနေရာရောက်တော့ ထရေးလမ်းမတွေ့လို့ ပြထားတဲ့မြေပုံကို ဓာတ်ပုံရိုက် ဟိုဖက်ဖြစ်မယ် ဒီဖက်ဖြစ်မယ် ဝေခွဲမရဖြစ်နေတုန်း စက်ဘီးသမားက လမ်းညွှန်သွားတယ်။ ကားလမ်းမပေါ်တက်ပြီး ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရတယ်။ Ossini မြို့ ဘောလုံးကွင်းနား ဂူဂယ်မတ်မှာ ထရေးလမ်းမတွေ့လို့ ဒေါင်းလာတဲ့ pdf file ကို အကျယ်ချဲ့ပြီး ဓာတ်ပုံရိုက် ဝိုင်းဆီပို့။ ဝိုင်းဖုန်းက ဓာတ်ပုံနဲ့ ကိုယ့်ဖုန်းက ဂူဂယ်မတ်တိုက်ကြည့်ပြီး လမ်းရှာရတယ်။ Ossini မြို့က အမဲနဲ့ မက်ဆီကန်များတယ် တခြားအက်ပ်စတိတ်မြို့တွေလို မချမ်းသာဘူး ဘုရားရှိခိုးကျောင်းများတယ်။ ထရေးလမ်းက မဆိုးပေမဲ့ လမ်းမကောင်း ရှာဖွေရခက်လို့ နောက်ပြန်မလာဘူးလို့ ဆုံးဖြတ်ထားတယ်။
Happy Hiking!
ဒီဇင်ဘာ ၇၊ ၂၀၂၁။