01 January 2020
နှုတ်ခမ်းနီ ရှာပုံတော် ...
အရင်တုန်းက အလှမပြင်ပေမဲ့ ၂၀၁၇ မှာတော့ ဘီဘီကရမ်ပါးပါးလိမ်း၊ မျက်ခုံးမွှေး၊ မျက်လုံးလိုင်နာဆွဲ၊ ပါးရိုးသွယ်အောင် brownzer ခြယ်၊ နှုတ်ခမ်းနီဆိုး အလှနည်းနည်း ပြင်တတ်လာတယ်။ နှုတ်ခမ်းနီဆိုးရတာကြိုက်တယ် ခက်တာက ရုံးရောက်လို့ မနက်စာစားပြီးတာနဲ့ နှုတ်ခမ်းနီပါ စားပစ်လိုက်သလားမသိဘူး နှုတ်ခမ်းနီက မရှိတော့ဘူး :) ။ အိတ်ထဲမှာ နှုတ်ခမ်းနီ၊ lip balm အမြဲဆောင်တယ်။ မကြီးက နှုတ်ခမ်းနီ တနေကုန်မပျက်အောင် နေတတ်စားတတ်တယ်။ မကြီးက Kyile နှုတ်ခမ်းနီကြိုက်တယ် တနေကုန်မပျက်လို့တဲ့။ ကိုယ်ကမကြိုက်ဘူး နှုတ်ခမ်းခြောက်လို့။ lip balm အရင်ဆိုးပြီးမှ ကိုင်လီနှုတ်ခမ်းနီ ထပ်ဆိုးရတယ်တဲ့။ ကိုင်လီကြိက်သူများကတော့ ကိုင်လီမှကိုင်လီတဲ့။ အရင်တုန်းက ရက်ဗလွန်၊ လိုရီရယ် နှုတ်ခမ်းနီဆိုးပေမဲ့ စတိတ်ရောက်တော့ ရှီဆေးဒိုး။ ဘော်ဘီဘရောင်း၊ ခု မတ် Mac ဆိုးတယ်။ ရုံးသွားရင် အရောင်ဖျော့ဖျော့ ဆိုးပေမဲ့ အပြင်သွားရင် နီတာလေးဆိုးတတ်တယ်။ ၂၀၁၈ မှာ ဝိုင်းက မွေးနေ့လက်ဆောင်အဖြစ် Russian Red နှုတ်ခမ်းနီ လက်ဆောင်ပေးတယ်။ တအားနီလွန်းလို့ ဓာတ်ပုံရိုက်တော့မှ ဆိုးတယ်။ ၂၀၁၉ နိုဝင်ဘာ ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ တောင်အမေရိကကို ခရီးသွားတော့ အဲ့ဒီနှုတ်ခမ်းနီဆိုးတဲ့အခါ ဝိုင်းက တအားနီတယ်တဲ့။ အံမယ်… သူလက်ဆောင်ပေးပြီးတော့ အင်း … သိတယ် အရောက်တောက်တောက် ဆိုးချင်လို့ ဓာတ်ပုံထဲမှာ ပေါ်ချင်လို့။ ဟန်ရဲ့ချန်နယ်နှုတ်ခမ်းနီကို ကြိုက်လို့ ဝိုင်းက ကိုယ့်မွေးနေ့လက်ဆောင်အဖြစ် ချန်နယ်နှုတ်ခမ်းနီ လက်ဆောင်ပေးမယ်တဲ့။ ရှေ့အပတ်စနေနေ့မှာတော့ ကိုယ်တို့နှုတ်ခမ်းနီ ရှာပုံတော် ထွက်ကြတယ်။ ချန်နယ်က Sephora မှာမရှိဘူး မေစီနဲ့ ဘလွန်းမွန်းဒေး လျော့ပင်းမောလ်မှာပဲရှိတယ်။ မေစီက ချန်နယ်ကောင်တာမှာ နှုတ်ခမ်းနီတွေကို ဆိုးကြည့်ကြတာ နှုတ်ခမ်းနီတွေသာ ကုန်ပါလေရော တခုမှမကြိုက်ဘူး။ ဆိုးကြည့်လိုက် တစ်ရှူးနဲ့ဖျက်လိုက်နဲ့ နှုတ်ခမ်းတွေနာလာတယ်။ ကြိုက်တဲ့နှစ်ခုကလည်း အရောင်က အတူတူလိုပဲ။ ကိုယ်ကတောင် အလှနည်းနည်း ပြင်သေးတယ်။ ဝိုင်းဆို အလှမပြင် ဓာတ်ပုံရိုက်တော့မှ သူ့နှုတ်ခမ်းနီထုတ်ဆိုး၊ ကိုယ့်နှုတ်ခမ်းနီ ကပ်ဆိုးတဲ့သူ။ အလှအပမကျွှမ်းကျင်တဲ့နှစ်ယောက် နှုတ်ခမ်းနီရှာပုံတော် ဖွင့်ကြတာ အတော်ရယ်ရတယ်။ အရောင်ထွက်တာတွေလည်း မခန့်မှန်းတတ်၊ ဘယ်အရောင်က ကိုယ်နဲ့လိုက်မှန်းမသိ၊ ဘာအရောင်လိုချင်မှန်းမသိ။ ဟမ်မလေး … နှုတ်ခမ်းနီရှာရတာ အင်မတန်ခက်တာပဲ တဆိုင်လုံးလည်းကုန်ပြီ တရောင်မှမကြိုက်။ အရောင်တွေ နှုတ်ခမ်းမှာထင်နေတော့ နဂိုအရောင်မထွက်တော့ဘူး။ အပေါ်တက်ပြီး ခဏနား အိမ်သာထဲမှာ နှုတ်ခမ်းနီတွေဖျက်ပြီး နောက်တခေါက် ချီတက်ကြပြန်တယ်။ ဒီတခါတော့ ကိုယ်ကြိုက်တယ်လို့ မှတ်ထားတဲ့ အရောင်တွေကို စမ်းကြည့်တယ်။ အသားဖြူတဲ့ ဝိုင်းက အသားရောင်ဖျော့ဖျော့ အရောင်တွေနဲ့လိုက်ပြီး ကိုယ်က အရောင်တောက်တောက်တွေနဲ့ လိုက်တယ်။ ပိုက်ဆံရှင်းတော့မယ်ဆိုတော့မှ ဝိုင်းရွေးထားတဲ့ matte နှုတ်ခမ်းခပ်စိုစိုဖြစ်စေတဲ့ဟာကိုကြိုက်လို့ ပြောင်းလိုက်တယ်။ ကိုယ်ကြိုက်တဲ့ဟာက ရောင်းကုန်နေတယ် နောက်တခုထပ်ရွေးတော့ ရောင်းကုန်နေပြန်တယ် တတိယတခုကျမှရတယ်။ ဟမ်မလေး … နှုတ်ခမ်းနီရှာရတာ မလွယ်လိုက်တာ။ နောက်နေ့ကျတော့ နှုတ်ခမ်းတွေ အဖတ်တွေကွာ နည်းနည်းတောင် ယောင်နေသလိုပဲ။ နှုတ်ခမ်းနီတွေ အများကြီးရှိပေမဲ့ ကိုယ်ကြိုက်တဲ့နှုတ်ခမ်းနီရဖို့ ရှာဖွေရတာ အင်မတန်ခက်တယ်လို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါ။
Happy New Year !!!
စန်းထွန်း
ဇန်နဝါရီ ၁၊ ၂၀၂၀။
ဆိုးထားတဲ့ နှုတ်ခမ်းနီက Mac's Russian Red
၂၀၁၉ နိုဝင်ဘာ၆ ဘိုလီးဗီးယားနိုင်ငံ La Paz မြို့နားက
အမြင့် ၅၄၀၀ မီတာ (၁၇,၇၁၆ ‌ပေ) မြင်င့်တဲ့ Chacaltaya သွားတဲ့လမ်း တနေရာ
3 comments:
    ReplyDelete
  2. စမ်းြကည့်မယ်...ေကျးဇူးပါ ညီမ ဆုြမတ်...
    ReplyDelete
  3. ဆုမြတ်မိုး said...
    နှုတ်ခမ်းနီကြိုက်မကြိုက်သတိမထားမိပေမယ့် အိတ်ထဲမယ်တော့ အနည်းဆုံး သုံးတောင့် လေးတောင့်လောက်ဆောင်တတ်တယ် ။ high end ဘရန်းတွေတော့ သိပ်မသုံးဖူးဘူး ။ ဥရောပ ဘရန်းထဲမှာတော့ Loreal, Estee Lauder , Revlon လာက်ပဲသုံးဖြစ်တယ် ။ အာရှဘရန်းထဲမှာတော့ Shiseido ကေိုးရီးယားဘရန်းထဲမှာတော့ Etude House ကို သုံးဖြစ်တယ် ။ Etude House, Dear my blooming lips talk ထဲက hot pinkဆိုတာလေးကို ကိုယ်နဲ့လိုက်သလိုခံစားရလို့ ။ ပြသနာက တာရှည်မခံတာ ။ ခုနောက်ပိုင်း instagram ဆယ်လီတွေ တအားညွှန်းကြတာနဲ့ ဖိလစ်ပိုင်က ထုတ်တဲ့ sunnies face ဆိုတာလေး သုံးဖြစ်တယ် ။ အွန်လိုင်းကပဲမှာရတယ် ။ စတိတ်မှာတောင်ရရင်ရမှာ ဈေးလည်းတန်ပြီး ကွာလတီလည်းကောင်းတယ် ။ တာရှည်လည်းခံတယ် ။ Estee lauder တို့ လောက် လွယ်လွယ်နဲ့ မပျက်ဘူး ။ အရောင်တွေကလည်း အညိုဆင်လေးတွေအတွက် ထုတ်ထားတာဆိုတော့ မိုက်တယ် ။ ညီမတော့ nude ကိုသိပ်မကြိုက်လို့ ၂ မျိူးလောက်စပ်ဆိုးတယ် ။ သူက FLUFFMATTE နှုတ်ခမ်းသားမြခောက်ဘူး ။ မိုက်တယ် စမ်းကြည့်အမ ။
    January 2, 2020 at 8:40 PM
    San San Htun said...
    စမျးွကည့ျမယျ...ကြေးဇူးပါ ညီမ ဆုွမတျ...
    January 5, 2020 at 7:05 PM
    ReplyDelete